01/08/2026
နိုင်ငံတကာ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ရေးမှာ အကြီးမားဆုံး အလွဲတစ်ခုကတော့ "သင်္ဘောလိုင်း (Shipping Line)" နဲ့ "ကုန်စည်ပို့ဆောင်ရေး အကျိုးဆောင် (Freight Forwarder)" တို့ဟာ အလုပ်တစ်ခုတည်းကို လုပ်ကြတယ်လို့ ထင်မှတ်နေကြခြင်းဖြစ်ပါတယ်။
သူတို့ လုပ်ဆောင်ချက် မတူကြပါ။
Shipping Line (သင်္ဘောလိုင်း) ဆိုတာ Container တွေကို ဆိပ်ကမ်း A ကနေ ဆိပ်ကမ်း B ထိ ရေလမ်းကြောင်းအတိုင်း ရွှေ့ပြောင်းပေးတာဖြစ်ပါတယ်။
Freight Forwarder (ကုန်စည်ပို့ဆောင်ရေး အကျိုးဆောင်) ဆိုတာကတော့ အဲဒီရေလမ်းကြောင်း ခရီးစဉ်မစမီ၊ သွားနေစဉ်နှင့် သွားပြီးနောက်ပိုင်း ဖြစ်စဉ်တစ်ခုလုံးကို စီမံခန့်ခွဲပေးတာဖြစ်ပါတယ်။
အဲဒါတွေမှာ ဘာတွေပါဝင်လဲဆိုရင် -
-သင့်တော်သည့် သင်္ဘောကို စာရင်းသွင်း ကြိုတင် (Booking) လုပ်ခြင်း
- အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းဆောင်ရွက်ခြင်း (Customs Coordination )
-ကုန်းတွင်း ကားဖြင့် သယ်ယူပို့ဆောင်ခြင်း (Inland trucking)
-စာရွက်စာတမ်းဆိုင်ရာများ လုပ်ဆောင်ခြင်း (Documentation)
-ကုန်ပစ္စည်း လမ်းကြောင်းကြည့်ရှုစစ်ဆေးခြင်း (Cargo Trucking )
-မမျှော်လင့်ဘဲ ကြန့်ကြာမှုများကို ဖြေရှင်းပေးခြင်း (Solving Unexpected Delay)
ဒီလိုမျိုး စဉ်းစားကြည့်ပါ -
-သင်္ဘောလိုင်းက သင့်ကုန်ပစ္စည်းကို သယ်ယူပို့ဆောင်ပေးသည်။
-Freight Forwarder က သင့် ကုန်စည်စီးဆင်းမှု ကွင်းဆက် (Supply Chain ) အဆင်ပြေပြေ လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးသည်။
-စီးပွားရေးလုပ်ငန်း တော်တော်များများအတွက် စိန်ခေါ်မှုက သင်္ဘောတစ်စီး ရှာဖွေဖို့ မဟုတ်ပါဘူး — ခရီးစဉ်ရဲ့ အဆင့်တိုင်းကို ချောမွေ့အောင် ပေါင်းစပ်ညှိနှိုင်းဖို့ဖြစ်ပါတယ်။
သင်ကော ဘယ်အရာကို ပိုတန်ဖိုးထားမလဲ - အနိမ့်ဆုံး ပင်လယ်ရေကြောင်း ရေယာဉ်ခ နှုန်းထားလား၊ သို့မဟုတ် ကုန်ပစ္စည်းပို့ဆောင်မှု တစ်ခုလုံးကို စီမံခန့်ခွဲပေးမည့် Logistics Partner Company လား ?
📸 ဒုတိယပုံ (Infographic အချက်အလက် ဘာသာပြန်)
FREIGHT FORWARDER VS SHIPPING LINE
ကွာခြားချက်ကို သင်သိပါသလား။
🔹 FREIGHT FORWARDER (ကုန်စည်ပို့ဆောင်ရေး အကျိုးဆောင်)
Freight Forwarder ဆိုသည်မှာ သင့်ကုန်ပစ္စည်းကို စတင်ထွက်ခွာသည့်နေရာမှ ဆိုက်ရောက်မည့်နေရာအထိ စီမံကိန်းဆွဲပေးပြီး စီမံခန့်ခွဲပေးသည့် Logistics ကျွမ်းကျင်သူ ဖြစ်သည်။
📅 Freight Booking: သင်္ဘောလိုင်းများနှင့် ကုန်စည်ပို့ဆောင်ရန် ဘွတ်ကင်လုပ်ပေးခြင်း
📄 Documentation Support: စာရွက်စာတမ်း ကူညီဆောင်ရွက်ပေးခြင်း
👮♂️ Customs Clearance Coordination: အကောက်ခွန် ရှင်းလင်းရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း
🚚 Inland Transportation Arrangement: ကုန်းတွင်း သယ်ယူပို့ဆောင်ရေး စီစဉ်ပေးခြင်း
📍 Cargo Tracking & Updates: ကုန်ပစ္စည်း ရောက်ရှိရာနေရာအား စောင့်ကြည့်ခြင်းနှင့် သတင်းအချက်အလက် ပေးခြင်း
💰 Cost Optimization & Best Solutions: ကုန်ကျစရိတ် သက်သာစေရန်နှင့် အကောင်းဆုံး နည်းလမ်းများ ရှာဖွေပေးခြင်း
🍊 SHIPPING LINE (သင်္ဘောလိုင်း)
Shipping Line ဆိုသည်မှာ သင်္ဘောများကို ပိုင်ဆိုင် သို့မဟုတ် မောင်းနှင်ပြေးဆွဲပြီး ဆိပ်ကမ်းတစ်ခုမှ အခြားဆိပ်ကမ်းတစ်ခုသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရန် တာဝန်ရှိသည်။
🚢 Owns & Operates Vessels: သင်္ဘောများကို ကိုယ်ပိုင်ပိုင်ဆိုင်ပြီး မောင်းနှင်ပြေးဆွဲခြင်း
📦 Provides Ocean Freight Services: ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှု ဝန်ဆောင်မှု ပေးခြင်း
📍 Follows Fixed Routes & Schedules: ပုံသေ လမ်းကြောင်းနှင့် အချိန်ဇယားများအတိုင်း ပြေးဆွဲခြင်း
🏗️ Handles Cargo at Origin & Destination Ports: စတင်ထွက်ခွာဆိပ်ကမ်း နှင့် ဆိုက်ရောက်ဆိပ်ကမ်းများတွင် ကုန်ပစ္စည်းများ ကိုင်တွယ်ဆောင်ရွက်ခြင်း
🛡️ Ensures Safe & Timely Delivery: ဘေးကင်းပြီး အချိန်ကိုက် ပို့ဆောင်နိုင်ရေး သေချာစေခြင်း❓
အမှန်တကယ် ပို့ဆောင်သူ (Exporter) အနေဖြင့် မည်သည်ကို ရွေးချယ်သင့်သနည်း။
to Roger Tian
မှဘာသာပြန်ကူးယူဖော်ပြပေးပါသည်