တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

  • Home
  • Myanmar
  • Yangon
  • တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ဗုဒ္ဓဂယာဘုရားဖူးခရီးစဥ်​တွေ ​စီစဥ်​ပေး​နေပါပြီရှင်

အသက်၈၂ နှစ်အရွယ်ရှိတဲ့ ဘဘကြီး ဦးသန့်စင်ရဲ့ ဘုရားဖူးအမှတ်တရ​လေး​တွေပါရှင် ... ဘဘကြီးရဲ့ အိမ်က​နေ မုန့်​တွေအများကြီး ထည့်...
29/04/2026

အသက်၈၂ နှစ်အရွယ်ရှိတဲ့ ဘဘကြီး ဦးသန့်စင်ရဲ့ ဘုရားဖူးအမှတ်တရ​လေး​တွေပါရှင် ...

ဘဘကြီးရဲ့ အိမ်က​နေ မုန့်​တွေအများကြီး ထည့်​ပေးလာတယ်။ အသက်ကြီးတဲ့ ဘဘကြီး တစ်​ယောက်ထဲ ထည့်​ပေးရတာမို့၊ ပထမဆုံး ခရီးစဥ်ဖြစ်လို့ အစားအ​သောက် အဆင်မ​ပြေမှာ စိတ်ပူကြတယ်တဲ့။ ပြီး​တော့ အသက်ရွယ်ကြီးရင့်သူမို့ ခဏခဏ ဗိုက်ဆာမှာစိုးတဲ့အတွက် ​မေတ္တာစာ​​လေးတွေ​ပေါ့။

တကယ်တမ်း ခရီးသွားရတဲ့အခါ တိုးဒီက ​ကျွေးတဲ့ မုန့်​တွေ​၊ အချိုရည်၊ ​ရေသန့်တွေတောင် ကုန်​အောင် မစားနိုင်၊ မ​သောက်နိုင်ဘူး (အိတ်ကြီးနဲ့အပြည့်ပဲ) 😁

ဘဘ​ပြောစကား​လေး
" သိင်္ဂီလှိိုင်နဲ့သာသွား
ရဲရဲကြီး အာမခံတယ်" တဲ့ 😇
(ပီတိဖြစ်ရပါတယ် ဘဘကြီး​ရေ)

မြန်မာပြည်က ပါလာသမျှ မုန့်​တွေလဲ ဂယာမှ၊ အကုန် လှူခဲ့ရတယ်။ ကုသိုလ် တဆင့်တိုးတာ​ပေါ့ ဘဘရယ်လို့ 🥰

အပြန် ကံစမ်းမဲ​​ဖောက်​တော့လဲ
ကံထူးသူမို့
ဘူမိဖသဘုရား ရုပ်ပွား​တော်
ပင့်​ဆောင်ခွင့်ရတယ် 🙏

လမ်းခရီးတ​လျှောက်
ဖျားနားကင်းစွာ
စိတ်ချမ်းသာစွာ
ကုသိုလ်ယူနိုင်ဖို့
​စောင့်​ရှောက်​ပေးခွင့်ရလို့
ဝမ်းသာမိပါတယ်ရှင့် 🥰

ဘဘကြီး အသက်ရှည်ပါ​​စေ 🌿

စိတ်ချမ်းသာပြီး ပါရမီးထူးရပါ​စေလို့ ဆန္ဒပြုပါတယ်ရှင် ...

🙏🙏🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#ခရီးစဥ်များစုံစမ်းနိုင်ပါသည်
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905

29/04/2026

ဘဝရဲ့အနှစ်သာရခရီးစဥ် ...

စိတ်ချမ်းသာပြီး ပါရမီးထူရစေဖို့
ဆန္ဒပြုပါတယ်ရှင် ...

🪷🙏🪷🙏🪷🙏🪷🙏🪷🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#ခရီးစဥ်များစုံစမ်းနိုင်ပါသည်
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905

 #သစ္စာရွှေစည်ဆရာတော်ကြီး ကိုသွား​ရောက် ဖူး​မြော်ရင်း သင်္ကန်းကပ်လှူ နဝကမ္မလှူကားဆီ-၅ဂါလံ လှူပါတယ်🙏🙏🙏ဆရာ​တော်ကြီး သက်ရှည...
21/04/2026

#သစ္စာရွှေစည်ဆရာတော်ကြီး ကိုသွား​ရောက် ဖူး​မြော်ရင်း
သင်္ကန်းကပ်လှူ
နဝကမ္မလှူ
ကားဆီ-၅ဂါလံ လှူပါတယ်🙏🙏🙏

ဆရာ​တော်ကြီး သက်ရှည် ကျန်းမာ စိတ်ချမ်းသာစွာ သာသနာပြုနိုင်ပါ​စေ​ကြောင်း တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ မှ ဆု​မွန်​ကောင်း​တောင်းအပ်ပါသည်ဘုရား 🌿🙏🌿

#နှစ်ဦးကုသိုလ်

 #နှစ်ဆန်းတစ်ရက်နေ့ကုသိုလ်​ပါ​မောက္ခချုပ်ဆရာ​တော်ကြီးထံ သွား​​ရောက်ဖူး​မြော် ကြည်ညိုပါတယ်။ဘုရားပန်းလှူပါတယ်။တိုက်အုပ်ဆရာ...
21/04/2026

#နှစ်ဆန်းတစ်ရက်နေ့ကုသိုလ်

​ပါ​မောက္ခချုပ်ဆရာ​တော်ကြီးထံ သွား​​ရောက်ဖူး​မြော် ကြည်ညိုပါတယ်။
ဘုရားပန်းလှူပါတယ်။
တိုက်အုပ်ဆရာ​တော်ကို နဝကမ္မ လှူဒါန်းပါတယ် 🪷🙏🪷

ဆရာ​​တော်ဘုရားကြီးရဲ့
နိုင်ငံတကာနှစ်သစ်ကူး
#နှစ်ဦးမေတ္တာပို့သလွှာ

🪷🙏🪷

(၁) သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။

(၂)မေတ္တာရေချမ်း၊ သွန်းကာဖြန်း၊ ငြိမ်းချမ်းကြပါစေ။

(၃) သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒ၊ ပြည့်ပါစေ။

#ပါမောက္ခချုပ်ဆရာတော်
#အောင်ချမ်းသာရွာ
#ဓမ္မသဟာယသာသနစင်တာ
#ပြင်ဦးလွင်မြို့

 #သင်္ကြန်တွင်းအလှူ ​ရွှေရင်​တွေ ​အေး​စေဖို့​ရွှေရင်​အေး လှူပါတယ် သီလရှင် စာသင်တိုက်​လေးမှာ ဗုဒ္ဓစာ​ပေ​တွေကို သင်အံ​လေ့က...
21/04/2026

#သင်္ကြန်တွင်းအလှူ

​ရွှေရင်​တွေ ​အေး​စေဖို့
​ရွှေရင်​အေး လှူပါတယ်

သီလရှင် စာသင်တိုက်​လေးမှာ ဗုဒ္ဓစာ​ပေ​တွေကို သင်အံ​လေ့ကျင့်​နေကြတဲ့ သီလရှင်ဆရာ​လေး အပါး ၆၀ ​ကျော်အတွက် နဝကမ္မနဲ့ ​ရွှေရင်​အေး လှူဒါန်းဖြစ်ပါတယ်ရှင်

🪷🙏🪷🙏🪷🙏🪷🙏🪷🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️​​ရွှေရင်​​အေး​စေတဲ့ နှစ်သစ် ဖြစ်ပါ​စေ​ကြောင်း တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ မှ ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#ခရီးစဥ်များစုံစမ်းနိုင်ပါသည်

09444222523,09777250050,09695311905

21/04/2026

#နှစ်သစ်မေတ္တာပို့🌿🙏🌿
ဗြဟ္မာ နတ်လူ
သတ္တဝါဟူသမျှတို့သည်
​ဘေးရန်ကင်းကွာ
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါ​စေ ...
🌿🙏🌿🙏🌿🙏

ဆရာ​တော်ကြီး နှစ်သက်​​တော်မူ​သော အင်မတန်အဓိပ္ပါယ်ရှိ​သော ​မေတ္တာပို့​လေး ဖြစ်ပါတယ် ...
🌿🙏🌿🙏🌿🙏

သာဓု သာဓု သာဓုပါဘုရား

#သစ္စာရွှေစည်ဆရာတော်

09/04/2026

#ဝေသာလီပြည်
#အာနန္ဒာစေတီ
#အသောကကျောက်တိုင်

ရတနသုတ် ရွတ်ဖတ်ပူ​ဇော်ပြီး ​မေတ္တာပို့ အမျှ​ဝေ ကုသိုလ်ယူ​​နေကြတဲ့ ဆရာ​တော် သံဃာ​တော်ကြီးများနှင့် ဧည့်သည်​တော်များ 🥰

စိတ်ချမ်းသာပြီး
#ပါရမီးထူရစေဖို့
ဆန္ဒပြုပါတယ်

🪷🙏🪷🙏🪷🙏🪷🙏🪷🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#ခရီးစဥ်များစုံစမ်းနိုင်ပါသည်
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905

06/04/2026

#ဗာရာဏသီဓါတ်တော်တိုက်🙏

ဓါတ်​တော်ထည့်ခဲ့တဲ့ ကျုတ်ကို ဦး​ခေါင်း​ပေါ်တင်ပြီး ပူ​ဇော်ခွင့် ရကြပါတယ်။ ပြီး​တော့ လက်ယာရစ် ပူ​ဇော်ပါတယ်။ ​ဗောဓိ​ညောင်ပင်မှာ ဆု​တောင်း ​မေတ္တာပို့ကြပါတယ်။ ​ညောင်ရွက်​တွေ ​ကောက်ခဲ့ကြပါတယ် (ရဖို့မလွယ်ဘူးဆိုတာ ​ရောက်ဖူးသူတိုင်း သိကြပါတယ်) 🥰

စိတ်ချမ်းသာပြီး
#ပါရမီးထူရစေဖို့
အစွမ်းကုန် ဖြည့်ဆည်း​ပေးပါတယ်

🪷🙏🪷🙏🪷🙏🪷🙏🪷🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#ခရီးစဥ်များစုံစမ်းနိုင်ပါသည်
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905

ပြုံး​ပျော်ကြည်နူး ကုသိုလ်ထူးကြည်နူရတဲ့ အလှူ​​တော်🪷🙏🪷 #ခရီးစဥ်အောင်ပွဲ  #အမှတ်တရလက်ဆောင် #ဗလာမပါကံစမ်းမဲ 🥰🥰ဆရာ​တော် သံဃာ...
05/04/2026

ပြုံး​ပျော်ကြည်နူး ကုသိုလ်ထူး
ကြည်နူရတဲ့ အလှူ​​တော်🪷🙏🪷

#ခရီးစဥ်အောင်ပွဲ
#အမှတ်တရလက်ဆောင်
#ဗလာမပါကံစမ်းမဲ 🥰🥰

ဆရာ​တော် သံဃာ​တော်မြတ်များနဲ့ ဧည့်သည်​တော်များအတွက် ​အမှတ်တရခရီးစဥ်​လေးဖြစ်​စေဖို့ အဖက်ဖက်က ​ပြည့်စုံ​အောင် စီမံ​ပေးဖြစ်ပါတယ်
🪷🙏🪷🙏🪷🙏🪷🙏🪷🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#ခရီးစဥ်များစုံစမ်းနိုင်ပါသည်
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905

05/04/2026

#ခရီးစဥ်အောင်ပွဲ
#အမှတ်တရလက်ဆောင်
#ဗလာမပါကံစမ်းမဲ 🥰🥰

ဆရာ​တော် သံဃာ​တော်မြတ်များနဲ့ ဧည့်သည်​တော်များအတွက် ​အမှတ်တရခရီးစဥ်​လေးဖြစ်​စေဖို့ အဖက်ဖက်က ​ပြည့်စုံ​အောင် စီမံ​ပေးဖြစ်ပါတယ်
🪷🙏🪷🙏🪷🙏🪷🙏🪷🙏

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#ခရီးစဥ်များစုံစမ်းနိုင်ပါသည်
တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့

09444222523,09777250050,09695311905

 #ကုသိနာရုံ (Kushinagar)သို့တစ်ခေါက်ကုသိနာရုံရှိ ပရိနီဗ္ဗာန​စေတီ နှင့် ပရိနိဗ္ဗာန်ကျောင်းတော်သည် ဗုဒ္ဓဘာသာဝင်တွေအတွက် အလ...
04/04/2026

#ကုသိနာရုံ (Kushinagar)သို့တစ်ခေါက်

ကုသိနာရုံရှိ ပရိနီဗ္ဗာန​စေတီ နှင့် ပရိနိဗ္ဗာန်ကျောင်းတော်သည် ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်ပင် သံဝေဂရစရာကောင်းပြီးအထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်ပါတယ်။ သံဝေဇနိယလေးဌာနတွင် တစ်ခုအပါအဝင်လဲဖြစ်ပါတယ်။

ဘုရားရှင်သည် သက်တော် (၈ဝ)တွင်
ဝေသာလီမြို့၌ အာယုင်္သခါရကိုလွှတ်တော်မူပြီးနောက် ဘဏ္ဍရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့၊ ပါဝါပြည်များသို့ အစဉ်အတိုင်း ကြွတော်မူခဲ့ပြီး ပါဝါပြည်၌ စုန္ဒပန်းထိမ်သည် ကပ်လှူသောဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူခဲ့သည်။

ထို့နောက်မြတ်စွာဘုရားသခင်သည် သွေးဝမ်းသွန်ရောဂါကို ပြင်းပြစွာခံစားနေရလျက်ပင် ပရိနိဗ္ဗာန်စံဝင်ဖို့ ပါဝါပြည်ကနေ တစ်လှမ်းခြင်းကြွတော်မူကာ လမ်းခရီးတွင် (၂၅)ကြိမ်တိုင်တိုင် ရပ်နား၍ ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တွင်းသို့ တပည့်သံဃာများ ခြံရံလျက် ဆိုက်ရောက်ခဲ့ပါသည်။

ထိုဥယျာဉ်တွင်းမှာပင် နောက်ဆုံးသာဝကဖြစ်တဲ့ သုဘဒ္ဒပရဗိုဇ်ကို ချေချွတ်တော်မူခဲ့ကာ တရားထူးရစေပြီး သာဝကအပေါင်းတို့အား နောက်ဆုံးဩဝါဒစကားပေးတော်မူခဲ့ပါတယ်။ ထိုည၏အလွန် မိုးသောက်ယံမှာပဲမလ္လာမင်းတို့ ခင်းကျင်းထားအပ်သောအင်ကြင်းပင်အစုံတို့၏အကြား သလွန်ညောင်စောင်းပေါ်၌ ဈာန်သမာပတ်ကို့ကို အပြန်ပြန်အလှန်လှန် ဝင်စားပြီးသည်၏နောက်၌ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တဲ့ နေရာဖြစ်ပါတယ်။

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ “သဗ္ဗဇီဝိတံ မရဏ ပရိယောသာနံ”-ဆိုသည့် တရားဒေသနာတော်အတိုင်း ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တာပဲဖြစ်ပါတယ်။

(ကုသိနာရုံက ယခုလက်ရှိ အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်မှာရှိပါတယ်။)

ထို့နောက် ကုသိနာရုံစေတီတော်ရဲ့ ရှေ့မှာရှိတဲ့ ပရိနိဗ္ဗာန်ကျောင်းတော် (Temple) ထဲမှာ အလွန်ထူးခြားတဲ့ လွမ်းဆွတ်စရာအပြည့် ဖူးမြင်ရသူတို့ရဲ့ စိတ်နှလုံးကို ယူကျုံးသိမ်းပိုက်ပြီး ကြည်နူးခြင်း ပျော်ရွှင်ခြင်းတည်ကြည်ခြင်း ထို့နောက် တသသလွမ်းဆွမ်းပြီး ဝမ်းနည်းခြင်း တရားသံဝေဂပွါးစေခြင်းတို့နှင့် ပြည့်နှက်နေတဲ့ ပြည့်နှက်စေတဲ့ ထူးခြားတဲ့ လျောင်းတော်မူရုပ်ပွားတော်ကြီး တစ်ဆူကိုလဲ ဖူးတွေ့နိုင်ပါတယ်။

အရွယ်အစားအားဖြင့် အလျား ၆.၁ မီတာ (၂၀ ပေ) ခန့်ရှိပါတယ်။ ထိုရုပ်ပွါးတော်ကြီးကို တစ်ခဲနက်သော သဲကျောက် (Chunar Sandstone) ကို ထုဆစ်ထားပြီး ရွှေချပူဇော်ထားပါတယ်။

ရုပ်ပွါးတော်ရဲ့ထူးခြားချက်မှာတော့ ရုပ်ပွားတော်ဟာ မြောက်ဘက်သို့ ဦးခေါင်းပြုပြီး လက်ယာဘက် နံစောင်းဖြင့် လျောင်းစက်နေတဲ့ ပုံစံပဲ (ပရိနိဗ္ဗာန်ပြုဟန်) ဖြစ်ပါတယ်။

ဘုရားဖူးများအတွက် ထူးခြားချက်များကိုပြောပြလိုပါတယ်။ ကုသိနာရုံကို ရောက်တဲ့အခါ အောက်ပါအချက်တွေကို သတိထားကြည့်ရှုနိုင်ပါတယ် ရုပ်ပွားတော်ကို ခြေရင်းကကြည့်ရင် ဝမ်းနည်းနေတဲ့ပုံ၊ အလယ်ကကြည့်ရင် တရားကျနေတဲ့ပုံ၊ ဦးခေါင်းရင်းကကြည့်ရင် ငြိမ်းချမ်းနေတဲ့ပုံ ဆိုပြီး ရှုထောင့်အလိုက် ကွဲပြားပါတယ်။

တိုက်တွန်းစရာတစ်ခုလဲရှိပါတယ်
ဒီနေရာကိုရောက်ရင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ခုနှစ်နေ့ဘုရားရှိခိုးထဲက ပရိနိဗ္ဗာန်စံတော်မူသောနေ့လင်္ကာကို ရွတ်ဆိုပူဇော်ပြီး ဘုရားရှင်းကို မှန်းဆကြည်ညိုပူဇော်စေချင်ပါတယ်။ အချိန်ရလျှင် ဝိပသနာ တရားထိုင်ခြင်းဖြင့် သံ​ဝေဂယူ ပူ​ဇော်​စေချင်ပါတယ်။ (ဦးချ သင်္ကန်းကပ်ရုံမျှ မ​ကျေနပ်သင့်)

ထို့အပြင် ကုသိနာရုံဟာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်တွေကို ဒေါဏပုဏ္ဏားက နိုင်ငံပေါင်း (၈) နိုင်ငံကို ခွဲဝေပေးခဲ့တဲ့ သမိုင်းဝင်နေရာလည်း ဖြစ်ပါတယ်။

သမိုင်းအဆိုအရ ဒီရုပ်ပွားတော်ကို အေဒီ ၅ ရာစု (ဂုတ္တခေတ်) မှာ ဟရိဗလ အမည်ရှိ ရဟန်းတစ်ပါးက လှူဒါန်းခဲ့တာဖြစ်ပြီး ဆရာတော် ဦးဝိနယက ၁၈၇၆ ခုနှစ်မှာ ပြန်လည်တူးဖော်တွေ့ရှိခဲ့ပါတယ်။

ထိုပရိနိဗ္ဗာန်ကျောင်းတော် (Temple)ရဲ့ အနောက်ဘက်ကပ်လျက်မှာ တည်ရှိတာကတော့ ပရိနိဗ္ဗာန်စေတီတော်ကြီး (Parinirvana Stupa)ဖြစ်ပါတယ်။ စေတီကိုတည်ထားပူဇော်ခဲ့တာကတော့ မူလက အသောကမင်းကြီး တည်ထားခဲ့တာဖြစ်ပြီး နောက်ပိုင်း မင်းဆက်အသီးသီးက ထပ်မံပြုပြင်ခဲ့ကြပါတယ်။

စေတီတော်ကို ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှရှေးဟောင်းသုတေသနပညာရှင် A.C.L. Carlleyle က ပြန်လည်ဖော်ထုတ်ပြန်လည်ပြုပြင်ခဲ့ပါတယ်။ လက်ရှိမြင်တွေ့ရတဲ့ ပုံစံဟာ ၁၉၅၆ ခုနှစ် ဗုဒ္ဓသာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အိန္ဒိယအစိုးရက ပြန်လည်မွမ်းမံထားတာဖြစ်ပါတယ်။

စေတီတော်ကို တူးဖော်စဉ်က အတွင်းမှာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်များ ကိန်းဝပ်နေတဲ့ ကြေးသေတ္တာငယ်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ထိုနဲ့ မနီးမဝေးမှာတော့ မာထာကုမ္မာ ဘုရား (Matha Kuar Shrine) အရှင်အာနန္ဒာ ရေကြည်တော်ဆက်သရာအထိမ်းအမှတ်နေရာကိုဖူးတွေ့ရမှာပဲ ဖြစ်ပါတယ်။

ပရိနိဗ္ဗာန်စေတီတော်နဲ့ မနီးမဝေးမှာ ရှိပါတယ်။ ထိုအနီးရှိ ကကုဓာမြစ်မှာလဲဘုရားရှင်နောက်ဆုံး ရေသုံးသပ်တော်မူသော မြစ်ဖြစ်သည်။ ထို့အပြင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်မစံမီ နောက်ဆုံးအကြိမ် သောက်တော်ရေသုံးဆောင်တော်မူခဲ့ပြီး တရားဟောကြားခဲ့တဲ့နေရာလဲဖြစ်ပါတယ်။ ထိုနေရာမှာ (၁၀) ပေခန့် မြင့်တဲ့ ကျောက်ဆစ်ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ်ပါတယ်။

ဒီနေရာဟာလဲ အလွန်သံဝေဂယူစရာကောင်းပါတယ်။ လူသုံးပါးတို့၏သခင် ဘုရားရှင်သော်မှ ရူပကာယရဲ့ နှိပ်စက်တဲ့ ဒဏ်ကိုခံစားရသေးတာမို့ သာမန်ပုထုဇဉ်တို့အဖို့ ဆိုဖွယ်ရာမရှိ ဒုက္ခအတိဆိုတာ သံဝေဂယူကာ တရားနှလုံးသွင်း ဆင်ခြင်သင့်လှပါတယ်။ ဆင်ခြင်နှလုံးသွင်းပြီးတော့လဲ မိမိသန္တာန်မှာ လောဘစတဲ့အကုသိုလ်တရားတို့ကို ပါးလျအောင် ကုသိုလ်တရားတို့ပွါးတိုးအောင် ပြုလုပ်အားထုတ်သင့်ပါတယ်။

ထို့နောက် ပရိနိဗ္ဗာန်ကျောင်းတော်ကနေ ၁.၅ ကီလိုမီတာခန့် အကွာမှာရှိတဲ့ (Ramabhar Stupa) ရာမဘာစေတီ ဟာလည်း အလွန်အရေးကြီးပါတယ်။ အင်္ဂါရစေတီတော်လို့လဲခေါ်ပါတယ်။ ထိုစေတီတော်သည် မြတ်စွာဘုရားရှင်ရဲ့ ရုပ်ကလပ်တော်ကို မီးသင်္ဂြိုဟ်ခဲ့တဲ့နေရာ (Cremation Stupa) ဖြစ်ပါတယ်။ မလ္လာမင်းတို့ရဲ့ မကုဋဗန္ဓန စေတီတော်လို့လည်း ခေါ်ပါတယ်။

ဒီနေရာမှာလဲ
ပရိနိဗ္ဗာန်စံတော်မူတဲ့နေရာမှာလိုပဲ
တိုက်တွန်းစရာတစ်ခုလဲရှိပါတယ်
လယ်တီဆရာတော်ဘုရားကြီးရဲ့
ခုနှစ်နေ့ဘုရားရှိခိုးထဲက
တေဇောဓာတ်ကျွမ်းလောင်တော်မူသောနေ့လင်္ကာကို ရွတ်ဆိုပူဇော်ပြီး ဘုရားရှင်းကို မှန်းဆကြည်ညိုပူဇော်စေချင်ပါတယ်။

ယခုလက်ရှိမှာတော့ ကြီးမားတဲ့
အုတ်ကုန်းကြီးတစ်ခုအဖြစ် တွေ့မြင်နိုင်ပြီး ငြိမ်သက်အေးချမ်းတဲ့ ဥယျာဉ်ထဲမှာ တည်ရှိပါတယ်။ ဖြစ်ခြင်းပျက်ခြင်းတို့၏သဘောကို နှလုံးသွင်းကာ သံဝေဂပွားများစရာ ကောင်းလှပါတယ်။

တေဇောဓာတ်ကျွမ်းလောင်တော်မူပြီး ကြွင်းကျန်ရစ်တဲ့ဘုရားရှင်၏ ဓာတ်တော်တွေကိုတော့ ဒေါဏပုဏ္ဏားကြီးက ရှစ်ပြည်ထောင်မင်းတို့အား အညီအမျှ ခွဲဝေပေးခဲ့သောနေရာကတော့ ထိုစေတီနှင့် မနီးမဝေးမှာပဲဖြစ်ပါတယ်။ ရုပ်ပွါးတော်တစ်ဆူလဲ ပူဇော်ထားပါတယ် ဆိုတာကို တင်ပြရင်းဖြင့် သိမှတ်မိသမျှကို ထပ်ဆင့်ပြန်လည်မျှဝေရင်း ဓမ္မဒါနပြုလိုက်ပါတယ်။

ဤဓမ္မဒါနကုသိုလ်ကြောင့်

ကိုယ်ဆင်းရဲခြင်း ဖြစ်နေ ကြုံနေကြသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း

စိတ်ဆင်းရဲခြင်း ဖြစ်နေ ကြုံနေကြသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း

ကိုယ် စိတ်နှစ်ပါး ပင်ပန်းဆင်းရဲခြင်း
ဖြစ်နေကြ ကြုံနေကြရသော
ပုဂ္ဂိုလ်တို့သည်လည်းကောင်း

ကျန်းမာရွှင်လန်း ဘေးမသန်းဘဲ
ရွှင်လန်းကြည်သာ၍ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာရှိကြပါစေ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

သာဓု သာဓု သာဓု 🪷🙏🪷

Tour De Myanmar
Travels & Tour Co,Ltd
လိုင်စင်အမှတ်-TO(YGN)0012
ရုံးချုပ်-အမှတ်(၁၀၉)၊စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်မြို့
ရုံးခွဲ-အမှတ်(၃၃၂)၊နှီးဘုရားလမ်း၊
ရပ်ကွက်ကြီး(၁၇)၊ပြင်ဦးလွင်မြို့

⚜️ခရီးစဥ်လိုက်ပါသော ရဟန်းရှင်လူအ​ပေါင်းတို့အား ဂါရဝတရား ​ရှေ့ထား၍ နိဗ္ဗာန်၏အ​ထောက်အပံ့​ကောင်း ဖြစ်ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏😊🍀

#သိင်္ဂီလှိုင်ဦးဆောင်သော
#ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့

#တိုးဒီနဲ့GOပြီ


ဗုဒ္ဓဂယာခရီးစဥ်များစုံစမ်းနိုင်သည်
09444222523,09777250050,09779999147

Address

109, 1st Floor, Sinohdan Street
Yangon
11141

Alerts

Be the first to know and let us send you an email when တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တိုးဒီနဲ့ GO ပြီ။ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့:

Share