NAKZ GROUP CO., LTD.

NAKZ GROUP CO., LTD. Apple Products Distribution
(271)

ဒီနှစ် iPhone အသစ်တွေအကုန်နီးပါး eSIM ဖြစ်သွားပါပြီ 📱iPhone Air က တစ်ကမ္ဘာလုံး Region အားလုံးမှာ Dual eSIM : eSim + eSim...
11/09/2025

ဒီနှစ် iPhone အသစ်တွေအကုန်နီးပါး eSIM ဖြစ်သွားပါပြီ 📱

iPhone Air က တစ်ကမ္ဘာလုံး Region အားလုံးမှာ Dual eSIM : eSim + eSim ဖြစ်သွားမယ်။ သူ့မှာ Physical sim card အတွက် SIM tray မပါတော့ဘူး။

iPhone 17, iPhone 17 Pro, iPhone 17 Pro Max စတဲ့မော်ဒယ် တွေအားလုံးရဲ့
USA, Bahrain, Canada, Guam, Japan, Kuwait, Mexico, Oman, Qatar, Saudi Arabia, United Arab Emirates, US Virgin Islands Regions တို့မှာ
📲 Dual eSim : eSim+eSim

Europe, Asia, နဲ့ တခြားနိုင်ငံတွေရဲ့ Regions တွေမှာ
📎 1 nano SIM : Physical SIM + eSim

China region တစ်ခုတည်းမှာပဲ
🖇️ Dual nano SIM : Physical SIM + Physical SIM

အရင် 2024 models တွေနဲ့မတူတာက Dual nano SIM ကို Hong Kong, Macau & China regions တွေမှာရခဲ့ပေမယ့်
ဒီနှစ် 2025 ရဲ့ iPhone 17 Series တွေမှာ Hong Kong (ZA/A) နဲ့ Macau (ZA/A) က တခြား regions တွေအတိုင်း 1 nano SIM : Physical SIM + eSim ဖြစ်သွားပြီး China (CH/A) region တစ်ခုသာ Dual nano SIM : Physical SIM + Physical SIM ရတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးအများဆုံး iPhone Region ဖြစ်တဲ့ Singapore ရဲ့ Region code က ZP/A မှ X/A သို့ ပြောင်းလဲသွားပါပြီ။
ZP/A region ပဲသုံးချင်သူများ အတွက် Thailand, Malaysia နှင့် Taiwan တွင် ZP/A ရရှိနိုင်မှာဖြစ်ပါတယ်။
ယနေ့ခေတ် 📱 Smartphone တွေရဲ့ အရွေ့က eSim ဖက်ကိုပဲ ကူးပြောင်းလာတာကြောင့် နောက်နှစ်အနည်းငယ်အတွင်း
iPhone လို flagship smartphone အားလုံး 📲 eSim တွေပဲဖြစ်လာနိုင်ပါတယ်။



နှစ်သစ်သင်္ကြန်မှာ 💦🌼🇲🇲 မြန်မာပြည်သူအပေါင်း ပျော်ရွှင်သော၊ အေးချမ်းသော၊ ကျန်းမာသော၊ ချမ်သာသော နေ့ရက်တိုင်းဖြင့်သာ တွေ့ကြ...
14/04/2025

နှစ်သစ်သင်္ကြန်မှာ 💦🌼🇲🇲 မြန်မာပြည်သူအပေါင်း ပျော်ရွှင်သော၊ အေးချမ်းသော၊ ကျန်းမာသော၊ ချမ်သာသော နေ့ရက်တိုင်းဖြင့်သာ တွေ့ကြုံစံစားနိုင်ပါစေကြောင်း။
မကြာသေးမီက စစ်ကိုင်းငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သောဆုံးရှုံးမှု့များမှ
ပိုကောင်းသောအနာဂတ်ဆီသို့ ချမ်းသာစွာပြန်လည်ထူထောင်နိုင်ဖို့ တောင်းဆုပြု့အပ်ပါတယ်ခင်ဗျာ။ 🕊💙

iPhone တွေမှာ “Assembled in China” ပဲမြင်ရမှာမဟုတ်တော့ပါဘူး။ “Assembled in India” တွေလည်း များလာပါပြီ။ Apple က အရင်လို တ...
03/11/2024

iPhone တွေမှာ “Assembled in China” ပဲမြင်ရမှာမဟုတ်တော့ပါဘူး။ “Assembled in India” တွေလည်း များလာပါပြီ။ Apple က အရင်လို တရုတ်မှာဘဲ iPhone အများစုကို မထုတ်လုပ်တော့ပါဘူး။ Apple က iPhone 16 Pro မော်ဒယ်တွေနဲ့ iPhone 16 ရိုးရိုးမော်ဒယ်တွေကို အိန္ဒိယမှာ ထုတ်လုပ်နေပါပြီ။ India နိုင်ငံအတွက် Part No. Region Code က (HN/A) ပါ။ နောက်ပိုင်း မြန်မာနိင်ငံအတွင်းကိုလည်း India region code ဖြစ်တဲ့ HN/A Part No. ပါတဲ့ iPhone တွေလည်း ဝင်လာနိုင်ပါတယ်။
MacMagazine ရဲ့သတင်းအရ iPhone 16 ကို ဘရာဇီး, တရုတ် နဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေမှာ ထုပ်လုပ်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ လူမှု့ကွန်ရက် Weibo ပေါ်မှာဖော်ပြခဲ့တဲ့သတင်းတစ်ခုအရ iPhone 16 Pro box ကိုပိတ်တဲ့ seal နေရာမှာ ကျနော်တို့ ပုံမှန်မြင်ကျမဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံကို ဖော်ပြထားပါတယ်။ အဲဒါကတော့ “Assembled in India” ဆိုတာပါ။ iPhone Pro မော်ဒယ်အတွက် အိန္ဒိယမှာ ပထမဆုံးထုတ်လုပ်တာပဲဖြစ်ပါ။
ပြီးခဲ့တဲ့လက MoneyControl ဆိုတဲ့ media တစ်ခုကနေ Apple ဟာ အိန္ဒိယမှာ Foxconn နဲ့ပူးပေါင်းပြီး iPhone 16 Pro နဲ့ iPhone 16 Pro Max မော်ဒယ်တွေကို ထုတ်လုပ်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်က Bloomberg ရဲ့ Mark Gurman ကလည်း အလားတူ ဒီသတင်းမျိုးထုတ်ပြန်ခဲ့ပါသေးတယ်။ Apple နဲ့ Pegatron, Tata Group တို့ရဲ့ ပူးပေါင်းခြင်းက အိန္ဒိယရဲ့ အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းကိုလည်း အထောက်အကူဖြစ်စေမှာပါ။

ပြီးခဲ့တဲ့နှစ်က Apple က iPhone 15 နဲ့ iPhone 15 Plus မော်ဒယ်တွေကို တရုတ်နဲ့ အိန္ဒိယမှာ ပြိုင်တူထုတ်လုပ်ခဲ့ပြီး အဲဒါဟာ အိန္ဒိယအတွက် ပထမဦးဆုံးပါ။ ဒေသတွင်းအခြားနိုင်ငံများမှာ iPhones ထုတ်လုပ်ခြင်းဖြင့် အခွန်လျော့ချပြီး တရုတ်နိုင်ငံကပေါ်မှာ လွန်စွာမှီခိုနေရမှု့လျော့နည်းဖို့ Apple ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ထိုအပြင် Apple က ဗီယက်နမ်နဲ့ ဘရာဇီးမှာလည်း ထုတ်လုပ်မယ့် စက်ရုံများလည်းရှိပါတယ်။
ထို့အပြင် ဒေသတွင်းနိုင်ငံများမှာ ဖြန့်ခွဲပြီးထုတ်လုပ်ခြင်းက Apple အနေနဲ့ iPhone အသစ်များကို နိုင်ငံပေါင်းစုံသို့ ပိုမြန်မြန်တင်ပို့နိုင်စေမှာပါ။ အရင်နှစ်တွေက iPhone မော်ဒန်အသစ် စတင်ရောင်းချဖို့ အချိန် ၁လဝန်းကျင်ယူခဲ့ရတဲ့ ဘရာဇီးမှာ ယခုနှစ် အမေရိကန်မှာ စတင်ရောင်းချတာနဲ့ တစ်ပတ်ခြားပြီး ဘရာဇီးမှာ ဝယ်ယူနိုင်ပါပြီ 📱📦🚀

iPhone Region Code (Country code) ဆိုတာ ဘာလဲသိပြီးပြီလား? Region codes တွေက iPhone ရဲ ရောင်းချရာ နိုင်ငံ/ဒေသ ကွာခြားမှု့...
21/10/2024

iPhone Region Code (Country code) ဆိုတာ ဘာလဲသိပြီးပြီလား?

Region codes တွေက iPhone ရဲ ရောင်းချရာ နိုင်ငံ/ဒေသ ကွာခြားမှု့အပေါ်လိုက်ပြီး device တူညီပေမယ့် region ကွဲရင် power adapter, packaging language နဲ့ အချို့ features များကိုခွဲခြားဖို့ သတ်မှတ်ချက်တစ်ခုပါ။ Software features တွေ၊ တချို့ functions တွေက ကိုယ်ဝယ်ခဲ့နေရာရတဲ့ iPhone region code အပေါ်လိုက်ပြီး ကွဲပြားသွားလေ့ရှိပါတယ်။ iPhone ကို ရောင်းချတဲ့နိုင်ငံတွေရဲ့ ဥပဒေသတ်မှတ်ချက်များအရ မဖြစ်မနေလိုက်နာဖို့ region ခွဲရခြင်းဖြစ်ပါတယ်။ Region code တွေအရ ဘယ် iPhone မှာတော့ ဘာရတယ် ဘာမရဘူးဆိုတာ iPhone မဝယ်ခင် သိထားရတာပေါ့။

မြန်မာပြည်ဈေးကွက်ထဲကို ဝင်လာနိုင်သော ကမ္ဘာ့နိုင်ငံတစ်ချို့ရဲ့ update အဖြစ်ဆုံး iPhone 16 Series, iPhone 16 Pro Series တို့ရဲ့ region code တွေက -
Philippine ZP/A
Thailand ZP/A
Singapore ZP/A
Malaysia ZP/A
Taiwan ZP/A
Vietnam VN/A
Korea KH/A
Japan J/A
India HN/A
New Zealand X/A
Australia X/A
England ( UK ) QN/A
Brazil BE/A
Canada VC/A
China CH/A
Spain QL/A
Switzerland QL/A
Italy QL/A
UAE AE/A
Germany ZD/A
Belgium ZD/A
Austria ZD/A
Mexico E/A
USA LL/A
Hong Kong 🇭🇰 ZA/A
Macau 🇲🇴 ZA/A

*အခြားသိချင်တဲ့ Region Code တွေရှိရင် မန့်ထဲမှာ မေးသွားလို့ရတယ်နော်!!
(တချို့ website တွေပေါ်မှာပြထားတဲ့ iPhone region codes တွေက update မဖြစ်တော့တဲ့အတွက် အပေါ်မှာပြထားတဲ့ တချို့ region code တွေနဲ့ လွဲနေပါလိမ့်မယ်။)

🇺🇸 USA Region LL/A, 🇨🇦 Canada Region VC/A တို့ရဲ့ iPhone တိုင်းက eSim + eSim ဖြစ်ပြီး Apple Intelligence စသုံးနိုင်ပြီပဲဖြစ်ပါတယ်။

🇭🇰 Hong Kong Region ZA/A ရဲ့ iPhone တိုင်းက Physical Dual SIM ဖြစ်ပြီး Apple Intelligence ကို နိုင်ငံတကာနည်းတူ သုံးနိုင်မှာဖြစ်ပါတယ်။ ZA/A region code ပါတဲ့ iPhone တိုင်းနဲ့ Apple iCloud ရဲ့ country / region မှာ Hong Kong ထားထားတဲ့ iPhone တိုင်း ရရှိနိုင်မှာပါ။

🇨🇳 China Region CH/A ရဲ့ iPhone တိုင်းက Physical Dual SIM ဖြစ်ပေမယ့် Apple Intelligence ရမှာ မဟုတ်ပါဘူး။ တရုတ်ပြည်ကြီးအပြင်မှာ ဝယ်ယူထားတဲ့ iPhone လည်း Apple Account တရုတ်နိုင်ငံ Region မှာ ရှိနေတဲ့အခါ မည်သည့် supported languages မဆို အသုံးပြုလို့ မရသေးပါဘူး။

🌍 European Union အတွင်း Region တွေရဲ့ iPhone တိုင်းက Physical SIM + eSim ဖြစ်ပြီး Apple Intelligence အသုံးမပြုနိုင်သေးပါဘူး၊ ကိုယ့် Apple iCloud ရဲ့ country / region ကလည်း EU Region ထဲမှာ ရှိနေရင် မရပေမယ့်၊ EU ပြင်ပမှာဆို supported language ဖြစ်တဲ့ English (US) နဲ့ အခြား languages ရွေးထားရင်တော့ သုံးနိုင်မှာပါ။
တခုရှိတာက French, German, Italian language တွေက EU ထဲမှာပါပေမယ့် EU region ထဲ ကိုယ့် Apple iCloud country / region ကို Set မလုပ်ထားရင်၊ EU region ထဲမှာ မဟုတ်ရင် သုံးလို့ရမှာပါ။

🌐 ကျန်ကမ္ဘာ့နိုင်ငံအားလုံးရဲ့ iPhone တွေက Physical SIM + eSim အဖြစ်ရရှိမှာပါ။

🇯🇵 Japan Region J/A ရဲ့ iPhone တွေက အရင်လို ဓာတ်ပုံရိုက်တဲ့အခါ shutter sound မထွက်အောင် Silent လုပ်မရတာမျိုး မရှိတော့ပါဘူး။ Japan region iPhone တွေလည်း တခြားနိုင်ငံတွေနည်းတူ အသံမထွက်ဘဲ camera ရိုက်လို့ရပါပြီ။ Apple Intelligence လည်းရမှာဖြစ်ပါတယ်။

Apple Event March 2022 ရဲ့ live မှီလိုက်လား? Apple fans တွေအတွက် မမှီလို့ မသိလိုက်မဖြစ်ရလေအောင် မကြည့်လိုက်ရတဲ့သူတွေအတွက...
09/03/2022

Apple Event March 2022 ရဲ့ live မှီလိုက်လား? Apple fans တွေအတွက် မမှီလို့ မသိလိုက်မဖြစ်ရလေအောင် မကြည့်လိုက်ရတဲ့သူတွေအတွက် Event ရဲ့ အကျဥ်းချုပ် Highlights တွေ ထုတ်ထားပါတယ်. ဆက်ကြည့်လိုက်ရအောင်...

- M1 Ultra chip အသစ် -
● M1 chip family ရဲ့ ၄ဆက်မြှောက် chip အသစ်ဖြစ်ပြီး performance မှာ M1 chip တွေအားလုံးထဲ ထိပ်ဆုံးဖြစ်ပါတယ်
● System on a chip (SoC) မှာ 20-core CPU, 64-core GPU, and 32-core Neural Engine
● ဖွဲ့စည်းတည်ဆောက်ပုံအရ M1 Max chips ၂ခုကို ဆက်ထားတဲ့ပုံစံဖြစ်တာကြောင့် အရင်က အမြန်ဆုံးခဲ့ဖြစ်တဲ့ M1 Max ထက်တောင် ပိုမြန်ဆန်ပြီး performance ပိုကောင်းနေမှာပါ

- Mac Studio အသစ် -
● M1 Ultra chip အသစ်နဲ့ ထွက်ရှိလာတဲ့ Mac Studio အသစ် (M1 Max ဒါမှမဟုတ် M1 Ultra နဲ့ပါ ရရှိနိုင်မှာဖြစ်ပါတယ်)
● ဒီဇိုင်းမှာ Mac mini နဲ့ဆင်တူပြီး အလျားအနံ 7.7 inches စီရှိပြီး အမြှင့် 3.7 inches ရှိမယ့် desktop computer
● Heavy workload တွေ run တာကြာလာတဲ့အမျှ အပူမြှင့်မားအောင်နဲ့ performance မထိခိုက်အောင် အသံငြိမ်နေမယ့် double-sided blowers system အသစ်နဲ့ cool down လုပ်နိုင်မယ်
● Thunderbolt 4 ports ၄ခု၊ 10Gb Ethernet port ၁ခု၊ USB-A ports ၂ခု၊ HDMI ၁ခု၊ Pro audio jack ၁ခု၊ USB-C ports ၂ခုနဲ့ SD card slot ၁ခုတို့ ပါဝင်မှာပါ

- Studio Display အသစ် -
● 27-inch 5K Retina screen ဖြစ်ပြီး 14.7 million pixels ကျော်ပါဝင်မှာပါ
● We**am အတွက် 12MP Ultra Wide camera with Center Stage
● Speakers အတွက် high-fidelity six-speaker sound system with spatial audio
● iMac 2021 နဲ့ဆင်တူတဲ့ Aluminum ဒီဇိုင်းနဲ့ 30 degrees အထိ display ကို အပေါ်အောက်ချိန်လို့ရနိုင်မယ်
● Studio Display ရဲ့ features တွေအားလုံးကို A13 Bionic chip နဲ့ထိန်းချုပ်မှာဖြစ်ပါတယ်

- iPad Air 5th Generation (2022) အသစ် -
● M1 chip ပါဝင်မှာကြောင့် performance မှာ အရင်ထက်ပိုကောင်းလာမယ်
● Ultra Wide front camera အသစ်မှာ Center Stage ပါဝင်မယ်
● 5G Connectivity ပါဝင်တာမို့ transfer speeds ၂ဆ ပိုမြန်မယ်
● ဒီဇိုင်းမှာ အရင် model အတိုင်းပဲ 10.9-inch Liquid Retina display နဲ့ ရွေးချယ်စရာ space gray, starlight, pink, purple, blue စတဲ့ အရောင် ၅မျိုးနဲ့ ထွက်ရှိထားပါတယ်

- iPhone SE အသစ် -
● A15 Bionic chip ပါဝင်မှာဖြစ်ပါတယ်
● 5G Connectivity ပါဝင်တာမို့ downloads, uploads, streaming speeds တွေ အရင်ထက် ပိုမြန်မယ်
● Camera capabilities မှာ Smart HDR 4, Photographic Styles, and Deep Fusion တို့ပါဝင်မယ်
● ဒီဇိုင်းမှာ အရင် model အတိုင်းပဲ 4.7-inch Display နဲ့ ရွေးချယ်စရာ midnight, starlight, and (PRODUCT)RED စတဲ့ အရောင် ၃မျိုးနဲ့ ထွက်ရှိထားပါတယ်

- iPhone 13 lineup ရဲ့ အရောင်အသစ် -
● iPhone 13 Series အတွက် Green အရောင် color အသစ်
● iPhone 13 Pro Series အတွက် Alpine Green အရောင် color အသစ်

NAKZ GROUP CO., LTD ဟာ Apple Products များကို မြန်မာနိုင်ငံတဝန်းလုံးသို့ အကျယ်ပြန့်ဆုံး တင်သွင်းလျက်ရှိသော Trading company တစ်ခုဖြစ်ပါတယ်။

NAKZ GROUP
🏬 No 221, Room 10/11, 13th Floor, Sule Pagoda Road, Sule Square Office and Shopping Mall, Kyauktada Township.
📲 01 925 5155
📩 [email protected]

ရွှင်လန်းကျန်းမာမယ့် နှစ်သစ် ၂၀၂၁ အတွက်... 🎊🗓🌟 Happy New Year 2020 🌟အခုအချိန်ကစပြီး နှစ်သစ်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ရောဂ...
31/12/2020

ရွှင်လန်းကျန်းမာမယ့် နှစ်သစ် ၂၀၂၁ အတွက်... 🎊🗓
🌟 Happy New Year 2020 🌟
အခုအချိန်ကစပြီး နှစ်သစ်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ရောဂါကင်းဝေးပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖို့နဲ့ အလုပ်အကိုင်စီးပွားများတိုးတက်စေဖို့ ကျွန်တော်တို့ NAKZ မှဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျာ။

Address

No 221 , #13-10/11 Sule Pagoda Road , Sule Square Office And Shopping Mall, Kyauktada Township
Yangon
11181

Alerts

Be the first to know and let us send you an email when NAKZ GROUP CO., LTD. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NAKZ GROUP CO., LTD.:

Share