Traveler

Traveler " ကျွန်ုပ်တို့နှင့်အတူ ခရီးတွေကိုစတင်ပါ " Travel Service’s , Eco Tour Agency , Campground

15/04/2026

ကကွက်အလန်းများနဲ့ Travelers များ 🥰
Gawyingyi Explore အမှတ်တရတွေ


🌊 ဂေါ်ရင်ဂျီ - Adventure ခရီးနဲ့ပတ်သက်ပြီး "အမေး - အဖြေ?" 🏝မင်္ဂလာပါ Traveler တို့ရေ… 🤗🌊‌ ကျွန်တော်တို့ Traveler ကနေ Gaw...
20/03/2026

🌊 ဂေါ်ရင်ဂျီ - Adventure ခရီးနဲ့ပတ်သက်ပြီး "အမေး - အဖြေ?" 🏝
မင်္ဂလာပါ Traveler တို့ရေ… 🤗
🌊‌ ကျွန်တော်တို့ Traveler ကနေ Gawyingyi Adventure Program လေးကို စီစဉ်ရာမှာ မေးခွန်းတွေအများကြီး လာမေးကြပါတယ်။ ဒီမေးခွန်းတွေကို အခုလိုဖြေပေးရခြင်းက ကျွန်တော်တို့ရဲ့ ခရီးကို ပါဝင်ဖို့ စဉ်းစားရာမှာ လွယ်ကူစေဖို့ နှင့် ခရီးအမျိုးအစားကို နားလည်စေဖို့ ရည်ရွယ်ပါတယ်။ တချို့အမေးတွေကတော့ ပျော်ရွှင်စေဖို့ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။
🌊‌ မေး - ကားနဲ့လား... လေယာဉ်နဲ့လား?
ဖြေ - ‌‌ဂေါ်ရင်ဂျီခရီးစဉ်ဟာ လေယာဉ်နဲ့သွားမရပါဘူး.. လေယာဉ်လည်းမရှိပါဘူး။ ကားနဲ့တောင် လမ်းအတော်ကြမ်းတာဖြစ်ပါတယ်။ (ပုသိမ်ပဲလေယာဉ်ရှိပါမယ်)
🌊‌ မေး - ဟိုတယ်နဲ့တည်းရမှာလား?
ဖြေ - ကျွန်တော်တို့ ယူထားတဲ့စျေးနှုန်းက ဟိုတယ်စျေးမဟုတ်ပါဘူး။ ဟိုတယ်စျေးနှုန်းတွေဟာ အနိမ့်ဆုံး ၂သိန်းခွဲလောက်ကနေစရှိတတ်ကြပါတယ်။
🌊‌ မေး - Tent နဲ့ပဲတည်းရမှာလား?
ဖြေ - Traveler အနေနဲ့ ဘန်ဂလိုရော Camping ချဖို့ Tent ရောစီစဉ်ပေးထားပါတယ်။ ဘာလို့ (၂)မျိုးကိုထားပေးထားတာလဲဆိုရင် ပိုပြီး ပျော်ရအောင်လို့ပါ။ အဲ့တော့ ဘန်ဂလိုမှာလည်းနေပါ..ပျင်းရင် tentလေးနဲ့ ညဖက်မှာ ခဏနားကြည့်ပါ။
🌊‌ မေး - ဘယ်ကားနဲ့သွားမှာလဲ? ကားလမ်းကြမ်းလား?
ဖြေ - ပြောစရာမလိုအောင်ကို ‌ငရုတ်ကောင်းလမ်းဟာ ကြမ်းပါတယ်။ ကိုယ်ပိုင်ကားတွေပြန်လာရင် အောက်ပိုင်းပြင်ဖို့သေချာပါတယ်။ ရက်ကြာကြာနေတာမို့ Express နဲ့ပဲသွားမှာဖြစ်ပါတယ်။
🌊‌ မေး - အေးဆေးနေချင်တာ။ ဟိုတယ်လေးမှာနေလိုက် ကမ်းခြေဆင်းလိုက်!
ဖြေ - ချောင်းသာ၊ငွေဆောင်သွားကြပါ.. ဂေါ်ရင်ဂျီဟာ adventure ကိုကြိုက်သူတွေအတွက် အရိုင်းဆန်တဲ့အလှအပတွေနဲ့မို့ သဘာဝကို ကြိုက်သူတွေအတွက် ကောင်းပါတယ်။ သာမန် အေးဆေးနေချင်သူတွေအတွက် မသင့်တော်ဘူးမြင်ပါတယ်။
🌊‌ မေး - မိသားစုလိုက် join လို့ရလား? တစ်ယောက်တည်းရောရလား? မိန်းကလေးတွေ safe ဖြစ်လား?
ဖြေ - အကုန် join လို့ရပါတယ်။ Adventure ကိုကြိုက်ဖို့တော့လိုပါတယ်။ မိန်းကလေးတွေအတွက်လည်း Safe ဖြစ်ပါတယ်။ ဂေါ်ရင်ဂျီမှာ ဘယ်သူမှ ဟော့ဟော့ရမ်းရမ်းမရှိပါဘူး.. လူလည်းမရှုပ်ပါဘူး။
🌊‌ မေး - ဘာလို့စျေးမတင်ထားတာလဲ?
ဖြေ - စျေးတင်ရုံနဲ့ပြီးသွားတာ မဟုတ်သလို Post rule အရလည်း စျေးနှုန်းပါလို့ အခန့်မသင့်ရင် FBကအပြစ်ပေးပါတယ်။ CB မှာ ဘာတွေပါတယ်။ အကုန်ရှင်းပြ ပြောပြပါတယ်။ တချို့ post မှာ comment တွေတွေ့နေရလို့ပါ။ စိတ်ဝင်စားလို့ လာမေးရင် အကုန်သေချာပြောပြပေးပါတယ်။
🌊‌ မေး - ဘာနဲ့စားရမှာလဲ? ဘာကျွေးမှာလဲ?
ဖြေ - ပင်လယ်ကမ်းခြေသွားတာဖြစ်တဲ့အတွက် ကျိန်းသေ ပင်လယ်စာမစားချင်လည်းစားရမှာပါ။ ဝက်တွေ ကြက်တွေစားချင်လို့မရပါဘူး။စားမယ်လို့လည်းမထင်ပါဘူး။ အဲ့တော့ ချက်ပို့မှာမှာမို့ ဟင်း+အရည်သောက်+အသုတ်+အကြော်အလှော်+ငပိတို့စရာ ရှယ်ပါပဲ အဝဗိုက်ကားအောင်စားကြရမှာပါ။
🌊‌ မေး - တပတ်လုံးကျွန်းမှာပဲလား?
ဖြေ - ကျွန်းပေါ်မှာ သွားစရာတွေမှပုံလို့ပါ။ ခရီးက ‌ဂေါ်ရင်ဂျီကျွန်းသွားတာမို့ ကျွန်းနဲ့ပတ်သက်တဲ့နေရာတွေ အကုန်သွားလို့ရတာသွားကြမှာပါ။ အခြားမြို့တွေသွားမရပါဘူး။
🌊‌ မေး - ဘယ်အသက်အရွယ်မဆိုပါဝင်လို့ရလား?
ဖြေ - ဟုတ်ရပါတယ်။ ဒီခရီးကလမ်းသာကြမ်းတာ အေးဆေးလူကြီး၊ကလေး အကုန်ပါဝင်လို့ရပါတယ်။ လမ်းကြမ်းတာကို အဆင်ပြေရင်ပေါ့။
🏝 ကဲ ဒီလောက်ဆို အမေးတွေအတွက် အဖြေတွေရပြီ မြင်ပါတယ်။ ဒါတောင် တချို့ပေါက်ပေါက်ရှာရှာမေးခွန်းတွေ ထပ်မထည့်ထားပါဘူး။ ဉပမာ - ဘယ်သူနဲ့အိပ်ရမှာလဲ? ဆိုတာမျိုး မေးစရာကိုမလိုတဲ့ မေးခွန်းမျိုးတွေပါ၊ ကျားသပ်သပ်မသပ်သပ် သီးသန့်ပဲပေါ့ခင်ဗျ။ ဒီလိုပဲ solo တွေတည်းသလို အေးဆေး ဘော်ဒါတွေလို တည်းခိုကြတာပါ။
ကျွန်းပေါ်မှာ ဘာတွေလုပ်မှာလဲသိချင်ရင် ဒီPost လေးကို ဖတ်ပါ။ - https://web.facebook.com/share/p/1L3p1gVibC/
🌊 ကဲ ဘာလိုသေးလဲ? အဲ့တော့ သင်ဟာ... စွန့်စားခရီးနဲ့ Camping လုပ်ပြီး Stary Night ကြည့် သဘာဝကျကျ Chill လုပ်ချင်သူဆိုမှ လာJoin ကြည့်ပါ ပျော်ဖို့ကောင်းတဲ့ အစီအစဉ်ပါ.. (solo တွေအတွက် ပိုသင့်တော်ပါတယ်...)
📢ဒီဂေါ်ရင်ဂျီခရီးက လူဦးရေ (၁၂)ယောက်သာ လက်ခံပြီး အေးဆေး သဘာဝထဲတိုးဝင်မှာမို့ အမြန်ဆုံးစာရင်းသွင်းပေးဖို့တော့ လိုအပ်ပါတယ်...☎ အသေးစိတ်သိရှိလိုပါက...📝 09254868997 သို့ ဆက်သွယ်နိုင်သလို Traveler Page Chat Box မှ တစ်ဆင့်အသေးစိတ် ဆက်သွယ်စုံစမ်းစာရင်း ပေးသွင်းနိုင်ပါတယ်။
📍ထပ်မံပြီးတော့လဲ Traveler မှ ခရီးစဉ်အသစ်များနဲ့ Promotion အစီအစဉ်များ အခြားသော ခရီးနဲ့ဆိုင်တဲ့ ဗဟုသုတများတင်ပြပေးသွားမှာဖြစ်လို့ Page လေးကို Like & See Frist လုပ်ထားပေးဖို့မမေ့ပါနဲ့နော်
" ကဲ...Traveler အတူ သဘာဝတရားကြီးထဲတိုးဝင်းရင်း ချစ်သူခင်သူများနှင့်အတူ ထာဝရလက်တွဲနိုင်ဖို့ နွေးထွေးစွာဖိတ်ခေါ်ပါတယ်"
Team Traveler
" Your Journey Starts Here "
#သဘာဝခရီးသွား #အမေးအဖြေ

🌊 ဂေါ်ရင်ဂျီကျွန်းကို Traveler နဲ့အတူဘာသွားလုပ်ကြမလဲ? 🏝မင်္ဂလာပါ Traveler တို့ရေ… 🤗🌊‌ ဒီနွေရာသီမှာ Traveler နဲ့အတူ ဂေါ်ရ...
09/03/2026

🌊 ဂေါ်ရင်ဂျီကျွန်းကို Traveler နဲ့အတူဘာသွားလုပ်ကြမလဲ? 🏝
မင်္ဂလာပါ Traveler တို့ရေ… 🤗
🌊‌ ဒီနွေရာသီမှာ Traveler နဲ့အတူ ဂေါ်ရင်ဂျီကျွန်းကို ခြေဆန့်ကြမယ့် အမျိုးတို့အတွက် ကျွန်တော်တို့နဲ့ ခရီးသွားသူအမျိုးတို့အနေနဲ့ ဘာတွေလုပ်ကြမလဲဆိုတာ ပြောပြပေးပါရစေ။
🌊 ဒီနေရာမှာ ကြိုသတိပေးချင်တာ ကျွန်တော်တို့ Traveler ဟာ Luxuary သွားတဲ့အဖွဲ့မဟုတ်ပါဘူး။ ဂေါ်ရင်ဂျီကိုကျွန်တော်တို့နဲ့ပါဝင်မယ်ဆိုသူတွေအနေနဲ့ ချောင်းသာ၊ ငွေဆောင်သွားကြတဲ့ပုံစံလို မထင်ကြပါနဲ့။ ဟိုတယ်မှာလည်း တည်းမှာမဟုတ်သလို ဂေါ်ရင်ဂျီကျွန်းဟာ ဟိုတယ်နည်းနည်းပဲရှိပြီး စျေးလည်းကြီးပါတယ်။ အိုကေ ဒါကျွန်တော်တို့နဲ့လိုက်ဖို့ စုံစမ်းမယ်ဆိုသူတွေကို ကြိုအသိပေးထားတာဖြစ်ပါတယ်။
🌊 ဒီတော့ကျွန်းပေါ်မှာ ကျွန်တော်တို့ Traveler အဖွဲ့သားတွေဘာတွေလုပ်ကြမှာလဲ?
✅ Camping ချမယ်။ ဘန်ဂလိုလည်းထားပေးထားမယ်။
✅ ငါးမျှားမယ်.. ရလာတာလေးတွေ အပျော်သ‌ဘောကင်စားမယ်။ မရရင်တော့ ဝယ်စားမယ်..ဟဲဟဲ
✅ Snorkeling လုပ်ရင်း ရေအောက်ငါး‌လေးတွေ သန္တာကျောက်တန်းတွေကြည့်မယ်
✅ ညဖက် ပင်လယ်လှိုင်းသံလေးနဲ့အတူ မီးပုံလေးဖိုရင်း စုဖွဲ့စကားပြောမယ်.. မုန့်တွေစားကြမယ်။
✅ ကျွန်းပေါ်မှာ အရမ်းလှတဲ့ သဘာဝကျောက်တန်းတွေနဲ့ ဓာတ်ဖမ်းမယ်။
✅ ကျွန်းရဲ့လူအရောက်အပေါက်နည်းတဲ့နေရာလေးတွေကို လမ်းလျှောက်ကြမယ်။
🌊 ကဲ ဘာလိုသေးလဲ? အဲ့တော့ ကြိုက်ရာရွေး သင်ဟာ..အေးဆေးနေချင်တယ် ဟိုတယ်ထဲနေ အစားလေးမှာ ကမ်းခြေလေးဆင်းလိုသူဆိုရင် ကျွန်တော်တို့ကို မရွေးပါနဲ့.... စွန့်စားခရီးနဲ့ Camping လုပ်ပြီး Stary Night ကြည့် သဘာဝကျကျ Chill လုပ်ချင်သူဆိုမှTraveler နဲ့သွားကြည့်ပါ..
📢ဒီဂေါ်ရင်ဂျီခရီးက လူဦးရေ (၁၂)ယောက်သာ လက်ခံပြီး အေးဆေး သဘာဝထဲတိုးဝင်မှာမို့ အမြန်ဆုံးစာရင်းသွင်းပေးဖို့တော့ လိုအပ်ပါတယ်...☎ အသေးစိတ်သိရှိလိုပါက...📝 09254868997 သို့ ဆက်သွယ်နိုင်သလို Traveler Page Chat Box မှ တစ်ဆင့်အသေးစိတ် ဆက်သွယ်စုံစမ်းစာရင်း ပေးသွင်းနိုင်ပါတယ်။
📍ထပ်မံပြီးတော့လဲ Traveler မှ ခရီးစဉ်အသစ်များနဲ့ Promotion အစီအစဉ်များ အခြားသော ခရီးနဲ့ဆိုင်တဲ့ ဗဟုသုတများတင်ပြပေးသွားမှာဖြစ်လို့ Page လေးကို Like & See Frist လုပ်ထားပေးဖို့မမေ့ပါနဲ့နော်
" ကဲ...Traveler အတူ သဘာဝတရားကြီးထဲတိုးဝင်းရင်း ချစ်သူခင်သူများနှင့်အတူ ထာဝရလက်တွဲနိုင်ဖို့ နွေးထွေးစွာဖိတ်ခေါ်ပါတယ်"
Team Traveler
" Your Journey Starts Here "
#သဘာဝခရီးသွား

🌊 နွေရာသီ ဂေါ်ရင်ဂျီ ခရီးလေး ပြန်လာပါပြီ 🔔🔔🔔မင်္ဂလာပါ ခရီးချစ်သူတို့ရေ…🤗နွေရာသီအလှ သဘာဝတရားများနဲ့ ဂေါ်ရင်ဂျီ ဆိုတဲ့ 🏝🌊⛵...
05/03/2026

🌊 နွေရာသီ ဂေါ်ရင်ဂျီ ခရီးလေး ပြန်လာပါပြီ 🔔🔔🔔
မင်္ဂလာပါ ခရီးချစ်သူတို့ရေ…🤗
နွေရာသီအလှ သဘာဝတရားများနဲ့ ဂေါ်ရင်ဂျီ ဆိုတဲ့ 🏝🌊⛵️....
ဂေါ်ရန်ဂျီးကျွန်း 4ညအိပ် 5ရက် ခရီးစဉ်လေးကို Traveler Myanmar မှ 🧲Early Bird 5% Discount အထူးအစီအစဉ်တွေနဲ့ အောက်ပါလအလိုက် ခရီးချစ်သူများအတွက် စီစဉ်ပေးထားပါတယ်…🏝✨💛
🌊ခရီးစဉ် - ၁ : မတ်လ ၂၆ သွား ၃၀ ရက်နေ့ပြန်‌ရောက်
🌊ခရီးစဉ် - ၂ : ဧပြီလ ၁၂ သွား ၁၇ ရက်နေ့ပြန်‌ရောက် (သင်္ကြန်အထူးအစီအစဉ်)
🌊ခရီးစဉ် - ၃ : မေလ ၂၂ သွား ၂၆ ရက်နေ့ပြန်‌ရောက်
✅ ပါဝင်မဲ့ ဝန်ဆောင်မှုတွေကတော့…
၁) နေရာထိုင်ခင်း ( Hotel Type မဟုတ်ပါဘူး ဘန်ဂလိုတွေနဲ့ဖြစ်ပြီး Tent ပါထားပေးထားမှာဖြစ်ပါတယ်)
၂) အသွားအပြန်ကားခ ( YGN - NYG --- YGN Express )
၃) ဒေသထွက် ပင်လယ်စာအစားအသောက်( မနက်စာ ၊ နေ့လည်စာ ၊ ညစာ ) (ကားသွားစဉ်မပါပါ)
၄) ကျွန်းလည်ပတ်ဖို့ စက်လှေ၊ ဆိုင်ကယ်၊ ကားခ
၅) Snorkelling အတွက် လိုအပ်သောပစ္စည်းများ
၆) ခရီးဦးဆောင်သူနှင့် ဒေသခံလမ်းပြ
၇) အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု
၈) ခရီးသွားအာမခံ တို့ပါဝင်ပေးထားမှာဖြစ်ပါတယ်။ (ဓာတ်ပုံရိုက်တာကတော့ထည့်မပြောတော့ဘူးနော..)
➖➖➖➖➖➖➖➖➖➖➖
📢ဒီဂေါ်ရင်ဂျီခရီးလေးက လူဦးရေ (၁၂)ယောက်သာ လက်ခံပြီး အေးဆေး သဘာဝထဲတိုးဝင်မှာမို့ အမြန်ဆုံးစာရင်းသွင်းပေးဖို့ လိုအပ်ပါတယ်။
☎ အသေးစိတ်သိရှိလိုပါက...📝
09254868997 သို့ ဆက်သွယ်နိုင်သလို Traveler Page Chat Box မှ တစ်ဆင့်အသေးစိတ် ဆက်သွယ်စုံစမ်းစာရင်း ပေးသွင်းနိုင်ပါတယ်။
📍ထပ်မံပြီးတော့လဲ Traveler မှ ခရီးစဉ်အသစ်များနဲ့ Promotion အစီအစဉ်များ အခြားသော ခရီးနဲ့ဆိုင်တဲ့ ဗဟုသုတများတင်ပြပေးသွားမှာဖြစ်လို့ Page လေးကို Like & See Frist လုပ်ထားပေးဖို့မမေ့ပါနဲ့နော်
" ကဲ...Traveler အတူ သဘာဝတရားကြီးထဲတိုးဝင်းရင်း ချစ်သူခင်သူများနှင့်အတူ ထာဝရလက်တွဲနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်...🥰"
Traveler
" Your Journey Starts Here "
#သဘာဝခရီးသွား

25/11/2025

VLOG A DAY IN Traveler Myanmar

" အကြောင်းပြချက်မရှိပဲ ခရီးသွားပါ "

16/08/2024

Morning Vibe In Cambodia 🇰🇭

စိတ် လွင်ပြင် | စိတ်၏ စေရာ……💛Instagram Instagram.com/travelermm
17/06/2023

စိတ် လွင်ပြင် | စိတ်၏ စေရာ…


💛Instagram Instagram.com/travelermm

Freedom careless beach days are my favorite 🌊🐠⛱🏖🐚
06/06/2023

Freedom careless beach days are my favorite 🌊🐠⛱🏖🐚

ကမ္ဘာပေါ်ရှိရေပေါ်မြို့အကြောင်း❓❓❓❓❓-ရေပေါ်မြို့ဆိုတာနဲ့အင်းလေးကိုပြေးမြင်ကြပါတယ်။🇮🇹-ဟုတ်ပါတယ်၊သူဟာအင်းလေးလိုပဲကမ္ဘာလှည်...
05/06/2023

ကမ္ဘာပေါ်ရှိရေပေါ်မြို့အကြောင်း❓❓❓❓❓

-ရေပေါ်မြို့ဆိုတာနဲ့အင်းလေးကိုပြေးမြင်ကြပါတယ်။🇮🇹

-ဟုတ်ပါတယ်၊သူဟာအင်းလေးလိုပဲကမ္ဘာလှည့်ခရီးသည်အမြောက်အများကိုပိုင်ဆိုင်ထားတဲ့မြို့တစ်မြို့ပါ။

-📹📹📹📹F4ဇာတ်ကားမှာပါတဲ့ဇာတ်ဝင်ခန်းတစ်ခုဟာလဲအဲ့နေရာမှာပဲရိုက်ထားတာပါ။

-သူထူးခြားချက်ကမြို့ကိုလှေဖြင့်လည်ပတ်လို့ရတာပဲ
ဖြစ်ပါတယ်⛵🛥🚤

-ကျွန်တော်ပြောခဲ့တာအချက်တွေပါတဲ့အရမ်းလှတဲ့ရေပေါ်မြို့ကဘာဖြစ်မယ်လို့ထင်လဲ။❓❓❓

-သူကတော့အီတလီနိုင်ငံ🇮🇹ရဲ့မြို့တော်တစ်ခုဖြစ်တဲ့Veniceမြို့တော်ပဲဖြစ်ပါတယ်🌆🏙🌃

-Veniceမြို့ဟာအီတလီနိုင်ငံရဲ့မြို့တော်🌇တစ်ခုဖြစ်သလို၊ဧရိယာအားဖြင့်🏙414.6kmsquare ကျယ်ဝန်းပါတယ်။

-ဟုတ်ကဲ့ပါVeniceမြို့ကိုတော့ရေပေါ်မြို့🛥🚢၊မျက်နှာဖုံးမြို့၊တံတားမြို့နှင့်ဥမင်မြို့များရယ်လို့လူသိများပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Traveler posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Traveler:

Shortcuts

Share

Category