10/09/2023
ထိုင်းနိုင်ငံသားများသည် ဆိုက်ရောက်ဗီဇာ၊ ခရီးသွားဗီဇာဖြင့် မြန်မာသို့ လာရောက်သည့်အခါ ငွေသား နှင့် အပြန်လက်မှတ် ပြသရန် လိုအပ်မည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနေ ပြောရေးဆိုရေး တာဝန်ခံ Kanchana Patarachoke က သောကြာနေ့ (စက်တင်ဘာ၈)တွင် ပြောကြားသည်။ မြန်မာအာဏာပိုင်တို့ထံမှ အတည်ပြုချက် တောင်းခံထားဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အောက်ပါအချက်များ လိုက်နာဆောင်ရွက်ရန် ၎င်းက တိုက်တွန်းသည်။
•နေထိုင်မည့်ကာလအရ လုံလောက်သော နိုင်ငံခြားငွေ၊ ပြည်ပခရီးသွားသည် ငွေသား $1,000 ပြသရန် လိုအပ်
• ရက်စွဲ၊ အချိန်၊ ယာဉ်အမျိုးအစား ဖော်ပြထားသည့် အပြန်လက်မှတ်
• မြန်မာမှာ နေထိုင်စဉ် တည်းခိုမည့် ဟိုတယ်၊ အခြားတည်းခိုသည့်နေရာအတွက် အခန်းရယူထားပြီးဖြစ်ကြောင်း အထောက်အထား
• Covid-19 အတွက် ကျန်းမာရေး အာမခံ သို့မဟုတ် မြန်မာအာမခံလုပ်ငန်း (www.mminsurance.gov.mm) မှ အတည်ပြု သတ်မှတ်ထားသည့် အာမခံ အစီအစဉ်
အဆိုပါ လိုအပ်ချက်အသစ်သည် နိုင်ငံခြားသားများကို call-centre လူလိမ်ဂိုဏ်းများက မြန်မာနိုင်ငံအတွင်းသို့ လှည့်ဖြားခြင်းမှ တားဆီးရန် စီမံချက်အသစ်တစ်ခုဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ခန့်မှန်းပြောကြားသည်။
မြန်မာနိုင်ငံအစိုးရထံမှ နောက်ဆုံးဘိတ် ထုတ်ပြန်ချက် အချက်အလက်များ ရရှိသည်နှင့်တပြိုင်နက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ပေးမည်ဟု ၎င်းက ပြောသည်။
Source thenationthailand
In Myanmar, the Insurance business started in 1826. After the first Anglo-Myanmar War, the Europeans started to do their businesses in Myanmar and foreign Insurance Companies began to operate in Myanmar in order to provide insurance covers for those businesses.