21/04/2026
သင်္ကြန်ပြီးပေမဲ့ ခရီးသွားချင်စိတ်က မပြီးသေးဘူးဆိုတဲ့သူတွေအတွက်... ✈️🌴]
သင်္ကြန်ပိတ်ရက်တုန်းက လူတွေများလို့ အိမ်မှာပဲ အေးအေးလူလူ နားနေလိုက်ရတဲ့သူတွေရှိလားဟင်? ဒါမှမဟုတ် ပိတ်ရက်ကြီးမှာ ခရီးသွားရတာ လူပင်ပန်းလို့ အခုမှ တကယ်နားရမယ့် ခရီးတစ်ခုကို စဉ်းစားနေပြီလား?
အခုလို ပူအိုက်တဲ့ ရာသီဥတုမှာ စိတ်ရောလူရော အပန်းပြေစေမယ့် ပြည်တွင်းခရီးစဉ် (၃) ခုကို လမ်းညွှန်ပေးပါရစေရှင်။ ✨
၁။ တောင်ပေါ်မြို့လေးမှာ အေးအေးလူလူ နားချင်ရင် - ပြင်ဦးလွင် 🌸
နွေအပူဒဏ်ကို ရှောင်ရှားဖို့ဆိုရင် ပြင်ဦးလွင်က အမြဲတမ်း Number 1 ပါပဲ။ ပန်းရနံ့တွေနဲ့ အေးမြတဲ့ လေပြည်ကို ခံစားရင်း ကော်ဖီလေးတစ်ခွက်နဲ့ Chill လို့ရသလို၊ မိသားစုနဲ့အတူ အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲမှာ လမ်းလျှောက်ရတာကလည်း တကယ်ကို စိတ်ကြည်နူးစရာပါ။
၂။ ပင်လယ်လေညင်းနဲ့ ကျွန်းစုတွေရဲ့ အလှ - မြိတ် 🌊
ပင်လယ်ကမ်းခြေ သွားချင်သူတွေအတွက် အခုချိန်မှာ မြိတ်ဘက်က တကယ်ကို သာယာလှပနေပါတယ်ရှင်။ လှပတဲ့ ကျွန်းစုတွေဆီ လှေစီးရင်း ရေကူးမလား၊ လတ်ဆတ်တဲ့ ပင်လယ်စာတွေကို အဝစားမလား... စိတ်ကြိုက် အနားယူလို့ရတဲ့ နေရာလေးပါ။
၃။ ယဉ်ကျေးမှုအငွေ့အသက်တွေကြား စိတ်အေးချင်ရင် - ပုဂံ 🌅
"ပုဂံကို ဘယ်အချိန်သွားသွား မရိုးဘူး" ဆိုတဲ့အတိုင်းပါပဲ။ ညနေစောင်း ရှုခင်းကြည့်ရင်း စိတ်အေးလက်အေး ဘုရားဖူးရတာကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး Re-charge လုပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
အပေါ်က ခရီးစဉ်တွေအပြင် မိမိသွားချင်တဲ့ တခြားပြည်တွင်းခရီးစဉ် အတွက် လေယာဉ်လက်မှတ်တွေကို -
✅ စျေးနှုန်း အသင့်တင့်ဆုံးနဲ့
✅ ဝန်ဆောင်မှု အမြန်ဆုံး ရရှိဖို့အတွက်အခုပဲ 09789963653 ကို စုံစမ်းမေးမြန်းလိုက်ပါနော်။ ✈️
📞 09 789963653 ကိုဖြစ်စေ
အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။