Milestone Travels

Milestone Travels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Milestone Travels, Travel Service, Yangon.

၂၀၂၅ ခုနစ် ဇန်နဝါရီလကစပီး ထိုင်းဗီဇာများကို e-Visa ဖြင့် ပြောင်းလဲသတ်မှတ် ။
12/12/2024

၂၀၂၅ ခုနစ် ဇန်နဝါရီလကစပီး ထိုင်းဗီဇာများကို e-Visa ဖြင့် ပြောင်းလဲသတ်မှတ် ။

🚩American Dream for 2026 🚩🔺2026 DV Program စတင်လျောက်ထားလိုရပါပီနော် ....👉လျောက်ထားနိုင်မည့် အချိန်ကာလ ✅02 Oct 2024 မှ 0...
04/10/2024

🚩American Dream for 2026 🚩

🔺2026 DV Program စတင်လျောက်ထားလိုရပါပီနော် ....

👉လျောက်ထားနိုင်မည့် အချိန်ကာလ

✅02 Oct 2024 မှ 05 Nov 2024 ထိ

🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸

🌏 အမေရိကားမှာ အခြေချနေထိုင်ချင်ရင်တော့ တစ်နစ်မှ တစ်ကြိမ်သာ ဖွင့်လှစ်ပေးထားတဲ့ DV ( Diversity Visa )
ကံစမ်းဖို့ လိုအပ်ပါတယ်နော် ။

🏠အမေရိကားကို သွားချင်တဲ့ လူကြီးမင်းတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်ရေးမို့ အခုပဲဆက်သွယ်လိုက်ပါ။👨🏻‍💻👨🏻‍💻

✅လျှောက်ရင် ဘာတွေ လိုအပ်မလဲ ?

လိုအပ်ချက်တွေကတော့
အမည် - Name
မွေး​သက္ကရာဇ် - Date of Birth
မွေးရပ်ဇာတိမြို့ - Birth Place
နေထိုင်​သည့်လိပ်စာ - Address
လက်ရှိနေထိုင်သည့် နိုင်ငံ - Current Lived Country
အမြင့်ဆုံး ပညာအရည်အချင်း - Highest Education
ဖုန်းနံပါတ် - Contact Number
အီးမေးလ် - Email
အိမ်ထောင်ရေးအခြေအနေ - Marital Status
(Single/Married/Divorced/Windowed/Legally separated)
2" x 2" ကာလာဓာတ်ပုံ - Color Photo (Soft Copy)
(မျက်မှန်မတပ်​ရ၊ နောက်ခံအဖြူ၊ အရိပ်မပါရ)

ဇနီး(သို့)ခင်ပွန်း နှင့် ၂၁ နှစ်အောက် ကလေး ရှိပါက
✅အမည် - Name
✅မွေး​သက္ကရာဇ် - Date of Birth
✅မွေးရပ်ဇာတိမြို့ - Birth Place
✅2" x 2" ကာလာဓာတ်ပုံ - Color Photo
မှတ်ချက် - Passport ရှိလျှင် နာမည်စာလုံးပေါင်းစစ်ရန်ပေးပါရှင်။

Passport မလုပ်ရသေးရင်ရော ရလား ?

ဟုတ်ကဲ့ ။ ရပါတယ်ရှင် DV ကံစမ်းဖို့အတွက် passport မလိုပါဘူးရှင်။

အသေးစိတ် ထပ်မံစုံစမ်းချင်ရင်တော့ ကျွန်မတို့ MileStone Travel & Tour ရဲ့ Messanger မှာDV လို့ပေးပို့ပြီး မေးမြန်းလိုရသလို ….

📞ဖုန်းနဲ့ဆက်သွယ်ချင်ရင်တော့

☎️09- 769665093
☎️09-458165833 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

အိမ်မက်တွေ အကောင်ထည်ဖော်ဖို့ အခုပဲဆက်သွယ်လိုက်ပါ 🏙




🍂ဂျပန်နိုင်ငံရဲ့ရိုးရာအိမ်ငယ်လေးတွေရှိရာ ရှီရာကာဝါဂို 🍂-------------------------------------------ရှီရာကာဝါဂိုရွာငယ်လေးဟ...
02/10/2024

🍂ဂျပန်နိုင်ငံရဲ့ရိုးရာအိမ်ငယ်လေးတွေရှိရာ ရှီရာကာဝါဂို 🍂
-------------------------------------------
ရှီရာကာဝါဂိုရွာငယ်လေးဟာ ဂျပန်နိုင်ငံ ၊ Gifu စီရင်စုကျေးရွာမှာတည်ရှိပါတယ် ၊ ချစ်စရာရိုးရာအိမ်ငယ်လေးတွေနဲ့ လမ်းလေးတွေကြောင့် ခရီးသွားဧည်သည်ကြားမှာရေပန်းစားနေတာပါ၊ Gassho zukuri ပုံစံဖြင့်တည်ဆောက်ထားပြီး ၁၉၉၅ခုနစ်မှာ ကမ္ဘာအမွေအနှစ်အဖြစ် (UNESCO) သတ်မှတ်ခံထားရပါတယ် ။ ဆောင်းတွင်းမှာ တစ်ရွာလုံးနှင်းတွေဖုံးလွှမ်းနေပြီး အရမ်းလှပသလို အခုလိုအချိန်မှာဆိုရင်လဲ ရွာလေးက ပန်းပွင့်သေးသေးလေးတွေ ၊ အရောင်ပြောင်းရွက်လေးတွေ၊ တန်းစီနေတဲ့ရိုးရာအိမ်လေးတွေ ကွေ့ကောက်လမ်းလေးတွေ နဲ့ စျေးဆိုင်လေးတွေကြောင့် ချစ်စရာကောင်းနေတုန်းပါပဲ ။ အိမ်ခေါင်မိုးထူထူလေးတွေနဲ့တြိဂံပုံစံ အိမ်လေးတွေမှာ တည်းခိုရပြီး သာယာလှပတဲ့ရာသီဥတုနဲ့အတူ လေနုအေးလေးတွေကြောင့် မနက်ခင်းတိုင်းဟာ ကြည်နူးစရာအရမ်းကောင်းပါတယ် ။ ဂျပန်နိုင်ငံရဲ့ မြို့ကြီးပြကြီးတွေမှာ ရိုးရာအိမ်လေးတွေကို တွေ့ဖို့ခက်ခဲပါတယ် ။ ဒါကြောင့် ဂျပန်ကိုသွားလည်ရင်ဒီနေရာလေးကိုဝင်ရောက်လည်ပတ်ဖို့ မမေ့ပါနဲ့နော် ...

🍁🍁🍁နောက်ပီး နိုဝင်ဘာလဟာ Autumn ရာသီမို့ ပြန်လည်လွမ်းစွတ်ရင်း ပုံလေးတွေမျှဝေလိုက်ပါတယ် ... 🍁🍁🍁🍁🍁🍁🍁🍁🍁🍁

✈️ ထိုင်း အလည်ဗီဇာ ရက်၆၀ လျောက်ထားနိုင်ပါပီ ! ❌လူကိုယ်တိုင် လိုက်စရာမလို ❌တန်းစီစရာမလို ❌ရက်အကြာကြီးစောင့်စရာမလိုဘဲ 💯၃ရက...
02/10/2024

✈️ ထိုင်း အလည်ဗီဇာ ရက်၆၀ လျောက်ထားနိုင်ပါပီ !

❌လူကိုယ်တိုင် လိုက်စရာမလို

❌တန်းစီစရာမလို

❌ရက်အကြာကြီးစောင့်စရာမလိုဘဲ

💯၃ရက်တည်းနဲ့ ဗီဇာလုံးဝရရှိမှာဖြစ်ပါတယ် ..

👉လိုအပ်သောအချက်လက်များ

✅Passport စာအုပ်မူရင်း
✅2လက်မပတ်လည် နောက်ခံဖြူကာလာနဲ့ ၂ ပုံ
✅မှတ်ပုံတင် မိတူ
✅သန်ခေါင်စာရင်းမိတူ
✅ဘဏ်စာအုပ် နဲ့ ဘဏ် statement (၃လစာ) ဖြစ်ပါတယ် ။ ဘဏ်စာအုပ်သည် လျောက်ထားမည့်သူ အမည်ပေါက် ဖြစ်ရပါမည် ။

🙏နယ်ကcustomer ကြီးများလဲ ရန်ကုန်လာစရာမလို ဘဲ စာရွက်စာတမ်းများကို deli ပို့ပီး အလွယ်တကူ အမြန်ဆုံး လျောက်ထားနိုင်ပါတယိ ...

အသေးစိတ်အချက်လက်များ မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များကို 24 နာရီ ဆက်သွယ်နိင်ပါတယ်ရှင့် ! 🥰🙏

☎️📞Ph /Viber - 09-769665093
☎️📞Ph/Viber -09-458165833

🗺️ No.1074, Pstar St , Tharkayta .




#အမြန်

🗽အမေရိကားမှာရှိတဲ့ ကမ္ဘာကျော် လေဘာတီရုပ်ထုကြီးကို အမေရိကန်တွေထုဆစ်ခဲ့တာမဟုတ်ပါဘူး --------------------------------------...
01/10/2024

🗽အမေရိကားမှာရှိတဲ့ ကမ္ဘာကျော် လေဘာတီရုပ်ထုကြီးကို အမေရိကန်တွေထုဆစ်ခဲ့တာမဟုတ်ပါဘူး
----------------------------------------------

အမေရိကားလို ပြောလိုက်တာနဲ့ ဒီရုပ်ထုကြီးကိုပြေးမြင်မိမယ်ထင်ပါတယ်နော် ...

လေဘာတီရုပ်ထုကြီးကို ခရီးသွားဧည်သည်တော်တော်များများသိပင်မဲ့ ဧည်သည်များမသိသေးတဲ့အချက်ကတော့ ဒီရုပ်ထုကြီးကိုထုထစ်ခဲ့တာ အမေရိကန်တွေမဟုတ်ပါဘူး ။ ဒါကြောင့်အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့လေဘာတီရုပ်ထုကြီးရဲ့သမိုင်းကြောင်းကိုပြောပြပေးသွားမယ်နော် ....

လေဘာတီရုပ်ထုကြီးဟာ အမေရိကန်နိုင်ငံ ၊ နယူးယောက်ဆိပ်ကမ်းမှာရှိတဲ့ လေဘာတီကျွန်းပေါ်မှာတည်ရှိပါတယ် ။ အသက်ရူမှားလောက်အောင် လှပတဲ့ရူခင်းများနှင့်အတူ ကျွန်းပတ်လည်ကိုရေများဝန်းရံထားပါတယ် ။ လေဘာတီရုပ်ထုအောက်ခြေကနေ မီးတုတ်အထိ အမြင့်ပေ ၃၀၅ ပေနဲ့ ၆လက်မရှိပါတယ် ။ ဦးခေါင်းသရဖူရှိ အချောင်း၇ချောင်းကတော့ တိုက်ကြီး၇တိုက်ကိုကိုယ်စားပြုထားတာဖြစ်ပြီး တစ်ခုစီမှာ ၉ပေအရှည်ရှိပါတယ် ။ ၁၉၄၂ခုနစ်မှာ အမျိုးသားအမွေအနစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၊ ၁၉၈၄ ခုနစ်မှာတော့ ကမ္ဘာအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ် ။

ဟိုအရင်ခေတ်တုန်းက အမေရိကန်ဟာလွတ်လပ်ရေးမရရှိတဲ့အချိန် အဂ်လန်နိုင်ငံရဲ့ အုပ်ချုပ်မှုလက်အောက်မှာ ကျရောက်ခဲ့ကြပါတယ် ။ ဆင်းရဲဒုက္ခခံများစွာခံရပြီးနောက်ပိုင် ၁၇၇၆ခုနစ် ၊ ဇူလိုင်လ ၄ရက်နေ့မှာတော့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရရှိခဲ့ကြပါတယ် ။ လေဘာတီရုပ်ထုရဲ့ ညာဘက်မှာမီးထုပ်ကိုင်ထားပြီး ဘယ်ဘက်မှာတော့ ၂၃ပေကျော်ရှည်တဲ့ အပြားကိုင်ထားပြီး ထိုပေါ်မှာတော့ JULY IV MDCCLXXVlC (၁၇၇၆ခုနစ် ၊ ဇူလိုင်လ ၄ရက်နေ့)
အမေရိကန်တွေရဲ့လွတ်လပ်ရေးနေ့ကို ရေးထိုးထားတာဖြစ်ပါတယ် ။

လေဘာတီရုပ်ထုကြီးကို အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းနှစ်တရာပြည့် အထိမ်းအမှတ်အဖြစ်ပြင်သစ်က လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းပြုလုပ်သူမှာ ပြင်သစ်ဗိသုကာပညာရှင် Auguste Bartholdi ဖြစ်ပါတယ် ။ ထိုစိတ်ကူးကိုတော့ ရောမနတ်ဘုရားထံမှရရှိပြီး Libertas ဆိုတာကတော့ လွတ်လပ်ရေးနတ်ဘုရားမဖြစ်ပါတယ် ။ဒါကြောင့်မို ရုပ်ထု၏မျက်နှာကို Auguste's motherရဲ့ မျက်နှာနှင့်တူညီမည်ဟု ယုံကြည်ပြီး တူညီတဲ့လိုင်းများဖြင့်တည်ဆောက်ထားတာဖြစ်ပါတယ် ။ ဒါပင်မဲ့ ထိုတူညီကြောင်းကိုထောက်ပံပေးနိုင်တဲ့ အချက်အလက်တွေမရှိခဲ့ပါဘူး ။ တည်ဆောက်သူကတော့ အီဖယ်တာဝါကိုတည်ဆောက်သူ Gustave Eiffel ပဲဖြစ်ပါတယ် ။

လေဘာတီရုပ်ထုအစိတ်အပိုင်းအားလုံးကိုသဘ်ောဖြင့် အမေရိကားနိုင်ငံ နယူယောက်မြို့သို့သယ်ဆောင်ခဲ့ကြပြီး ၁၈၈၅ခုနစ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ် ။ရုပ်ထုရဲ့အောက်ခြေကိုတော့ ပြင်သစ်ကဆောက်လုပ်ထားတာမဟုတ်ဘဲ အမေရိကန်တွေကိုယ်တိုင်ဆောက်လုပ်ထားတာဖြစ်ပါတယ် ။ ထိုအချိန်က ငွေကြေးပိုင်းနဲ့ပတ်သက်ပြီး ကြပ်တည်းခဲ့ကြသော်လည်း ၊ အခြားရုပ်ထုများတွေမှတစ်ဆင့် စုစုပေါင်းအမေရိကန်ဒေါ်လာ 100000ကျော် အလှူငွေကောက်ခံရရှိခဲ့ပါတယ် ။ ထို့နောက် ရုပ်ထုပစိတ်အပိုင်းအားလုံးကို ပြန်လည်တပ်ဆင်ပြီး ၂၈ရက်အောက်တိုဘာလ၁၈၈၆ ခုနစ်မှာဖွင်လှစ်ခဲ့ကြပါတယ်။ ခြေထောက်အောက်ခြေမှာတော့ ချိုးဖျက်ထားတဲ့ချိန်းကြိုးရှိပါတယ် ။ ဒါဟာဖိနှိပ်မှု ညှင်းပန်းနှိပ်ဆက်မှုတေွကို ချိုးဖျက်တယ်ဆိုတဲ့အဓိပါယ်ပါ။

၁၉၁၆ခုနစ် ညသန်ခေါင်ယံ ရုပ်ထုအနီးနားရှိ Black Tomလိုခေါ်တဲ့ ကျွန်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုအကျိုးဆက်ကြောင့် မီးထုပ်ကိုင်ထားတဲ့လက်ဟာ ပျက်စီးခဲ့ပါတယ် ။ မီးတုပ်အဟောင်းကိုချွတ်ယူပြီး ကြေးနဲ့ဖန်တီးထားတဲ့ ၂၄ကာရက်ရှိတဲ့ရွှေသုတ်ထားတဲ့မီးထုပ်ကို အစားထိုးပြုပြင်ခဲ့ပြီး ၁၉၈၆ခုနစ်မှာပြန်လည်ဖွင်လှစ်ခဲ့ပါတယ် ။ အရင်က မီးထုပ်အတွင်းထိ ခရီးသွားဧည်သည်များဝင်ရောက်လည်ပတ်ခွင့်ပေးထားပင်မဲ့ ပြုပင်မွန်းမံပြီးတဲ့အချိန်မှာတော့ ဝင်ရောက်လည်ပတ်ခွင့် ပိတ်ထားတာယနေအချိန်ထိပဲဖြစ်ပါတယ် ။သို့ပင်မဲ့ ရုပ်ထုရဲ့သရဖူအတွင်းထိကိုတော့ ဝင်ရောက် လည်ပတ်ခွင့် ပေးထားပါတယ် ။အောက်ခြေမှာ ဓာတ်လှေကားရှိတယ်ဆိုပင်မဲ့ အတွင်းပိုင်းမှလေှကား ဖြင့်တက်မည်ဆိုပါက တက်ရောက်နိုင်ရန်စီစဥ်ထားပါတယ်။လှေကားထစ်ပေါင်း ၃၄၅ထစ်ရှိပြီး သရဖူထိပ်မှ လှပသောမြင်ကွင်းများကို ကြည့်ရှုခံစားနိုင်ပါတယ် ။

ဒီရုပ်ထုကြီးရဲ့ အဓိပ္ပါယ်ကတော့ သည်မြေသို့ဝင်ရောက်လာသူများသည်ငါ၏မီးအိမ်အလင်းကြောင့် နေွးထွေးမှုများရကာ ငြိမ်းချမ်းပါစေဖြစ်ပါသည်။

Address

Yangon
3

Opening Hours

Monday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Milestone Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category