14/08/2026
ပါဆယ်စီစစ်ရေး အချိန်ပိုင်း (Part-time) ဝန်ထမ်း အလိုရှိသည်
ညနေပိုင်း အချိန်ပိုင်းလုပ်ရင်း ဝင်ငွေ အပြင် လုပ်ငန်းခွင်အတွေ့အကြုံလိုချင်သူ လူငယ်များအတွက်
Union Express မှ ပါဆယ်စီစစ်ရေး အချိန်ပိုင်း (Part-time) ဝန်ထမ်းများခေါ်ယူနေပါပြီ။
( လုပ်ငန်း အတွေ့အကြုံ နှင့် ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ )
ရာထူးအမည်: ပါဆယ်စီစစ်ရေး အချိန်ပိုင်း ဝန်ထမ်း (Part-time Parcel Processing Staff)
လုပ်ခလစာ : ၃သိန်း ခွဲကျပ်
အလုပ်ချိန် : ညနေ ၄:၀၀ နာရီ မှ ည ၉:၀၀ နာရီအထိ
နားရက် : တပတ် တရက်နား ။
အလုပ်နေရာ : (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
လုပ်ငန်းအတွေ့အကြုံ: လုံးဝ (လုံးဝ) မလိုအပ်ပါ။ (လုပ်ငန်းစတင်တာနဲ့ လိုအပ်တာတွေကို အစအဆုံး Training ပေးသွားမှာ ဖြစ်လို့ လုပ်ငန်းအတွေ့အကြုံမရှိသူများလည်း စိတ်ချလက်ချ လျှောက်ထားနိုင်ပါတယ်။)
အသက် ၁၈ မှ ၃၀ အတွင်း
တောင်ဥက္ကလာနှင့်အနီးတဝိုက်နေထိုင်သူများ
အချိန်ပိုင်းဖြင့် ဝင်ငွေရှာလိုသူများ။
ရုံးချိန်/ ကျောင်းချိန် ပြင်ပ အချိန်ကို အကျိုးရှိရှိ အသုံးချလိုသူများ။
အလုပ်အတွေ့အကြုံအသစ် ရှာဖွေနေသူများနှင့် Logistics နယ်ပယ်ကို စိတ်ဝင်စားသူများ။
ပညာရည်အချင်းကန့်သတ်ချက်မရှိပဲ လုပ်ငန်းမှပေးအပ်ထားသောတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး စနစ်တကျလုပ်ကိုင်တတ်သူမည်သူမဆို လျှောက်ထားနိုင်သည်။
လျှောက်ထားလိုပါက
Viber Number 09 429 925 546 သို့မဟုတ် Facebook Messenger သို့ CV form ပေးပို့လျှောက်ထားနိုင်ပါသည်။