Union Express

Union Express Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Union Express, Cargo and freight company, No473B, Zaya 15St, South Okkalapa Township, Yangon.
(1)

12/2/2026 ( ပြည်ထောင်စုနေ့ ) နှင့် 16/2/2026 ( တရုတ်နှစ်သစ်ကူးနေ့ ) နှစ်ရက်တွင် Union Express ၏ ဝန်ဆောင်မှုများခေတ္တရပ်န...
10/02/2026

12/2/2026 ( ပြည်ထောင်စုနေ့ ) နှင့် 16/2/2026 ( တရုတ်နှစ်သစ်ကူးနေ့ ) နှစ်ရက်တွင် Union Express ၏ ဝန်ဆောင်မှုများခေတ္တရပ်နားမည်ဖြစ်ကြောင်းလေးစားစွာအသိပေးအကြောင်းကြားလိုက်ရပါသည်။♥️♥️♥️♥️♥️

လှိုင်သာယာ ၊ အင်းစိန် နှင့် မရမ်းကုန်း မြို့နယ်များအတွင်း ပစ္စည်းပို့ဆောင်ရန် Delivery Rider များအမြန်အလိုရှိပါသည်။( သမိ...
04/01/2026

လှိုင်သာယာ ၊ အင်းစိန် နှင့် မရမ်းကုန်း မြို့နယ်များအတွင်း ပစ္စည်းပို့ဆောင်ရန် Delivery Rider များအမြန်အလိုရှိပါသည်။

( သမိုင်းရုံးခွဲတွင်တာဝန်ထမ်းဆောင်ရန် )

- လှိုင်သာယာ ၊ အင်းစိန် နှင့် မရမ်းကုန်း မြို့နယ် ကျွမ်းကျင်သူများ ဦးစားပေးလျှောက်ထားနိုင်သည်။
( မြို့နယ် ၃ခုလုံးကို အလှည့်ကျသွားလာနိုင်ရမည်။)

*** Company မှ Battery စက်ဘီး အခမဲ့ ငှားရမ်းပေးမည် ***

Way တစ်ကြောင်း လျှင် ၁၀၀၀ ကျပ်
( သို့မဟုတ် )
အခြေခံလစာ + ကော်မရှင်
မိမိအဆင်ပြေရာရွေးချယ်ခံစားခွင့်ရှိမည်။

တစ်လလျှင်အနည်းဆုံး ၅သိန်း မှ ၇သိန်းကျော်ထိရရှိမည်။

တစ်ပတ်လျှင် တစ်ရက် နားရက်ရရှိမည်။

လျှောက်ထားလိုသူများအနေဖြင့်

- မှတ်ပုံတင်မူရင်းရှိရမည်။
- Viber အသုံးပြုနိုင်သော ကိုယ်ပိုင်ဖုန်းရှိရမည်။
- စက်ဘီးကျွမ်းကျင်စွာနင်းနိုင်ရမည်။
- ကျန်းမာရေးကောင်းမွန်၍ အပင်ပန်းခံနိုင်ရမည်။
- ချိုသာစွာ ပြောဆိုဆက်ဆံတတ်ရမည်။

လျှောက်ထားလိုပါက

Viber နံပါတ် 09 429 925 546 သို့မဟုတ် Facebook Messenger သို့ CV form ပေးပို့ လျှောက်ထားနိုင်ပါသည်။

ယနေ့ကျရောက်သော Christmas နေ့တွင် မိတ်ဆွေများအားလုံး ချစ်ခင်ရသူများနှင့်အတူ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်လေးများကိုပိုင်ဆိ...
25/12/2025

ယနေ့ကျရောက်သော Christmas နေ့တွင် မိတ်ဆွေများအားလုံး ချစ်ခင်ရသူများနှင့်အတူ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်လေးများကိုပိုင်ဆိုင်နိုင်ကြပါစေလို့ Union Express မှ Christmas ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ 🎄🎄🎄

မိတ်ဆွေ လုပ်ငန်းရှင်များခင်ဗျာ Union Express အနေဖြင့် အသက်သာဆုံးဈေးနှုန်းများဖြင့် ဝန်ဆောင်မှုပေးခဲ့သည်မှာ ၃နှစ် ကျော်လိ...
22/12/2025

မိတ်ဆွေ လုပ်ငန်းရှင်များခင်ဗျာ Union Express အနေဖြင့် အသက်သာဆုံးဈေးနှုန်းများဖြင့် ဝန်ဆောင်မှုပေးခဲ့သည်မှာ ၃နှစ် ကျော်လို့ ၄နှစ်ကာလထဲသို့ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။ အဆိုပါကာလများအတွင်း Union Express ကို ယုံကြည်စွာလက်တွဲလာခဲ့သော မိတ်ဆွေ လုပ်ငန်းရှင်များအား အထူးကျေးဇူးတင်ရှိကြောင်းဦးစွာပြောကြားပါရစေခင်ဗျာ။

ယခုအခါတွင် အဖက်ဖက်မှ မြင့်မားလာသော သယ်ယူပို့​ဆောင်ရေး ကုန်ကျမှုများကြောင့် ဝန်ဆောင်ခလေးများ အနည်းငယ် တိုးမြှင့်ကောက်ခံသွားမည်ကို နားလည်ပေးကြပါရန် လေးစားစွာအသိပေးအကြောင်းကြားလိုက်ရပါတယ်။

ဇန်နဝါရီ ၂ရက်နေ့ ၂၀၂၆ ခုနှစ် (2/1/2026) တွင်ကောက်ခံမည့် Pick Up ပစ္စည်းများမှစ၍ ပို့ဆောင်ခများကိုအောက်ပါနှုန်းထားများအတိုင်းကောက်ခံသွားမည်ဖြစ်ပါကြောင်းလေးစားစွာအသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Union Express အနေဖြင့် မိတ်ဆွေတို့ စိတ်မပျက်ရအောင်ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးဆောင်နိုင်ရန်စဥ်ဆက်မပြတ်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း သတင်းစကားပါးအပ်ပါတယ်ခင်ဗျာ။

သီတင်းကျွတ်အခါသမယ ရုံးပိတ်ရက်အဖြစ် အောက်တိုဘာလ ( ၅ ) ရက်နေ့ နှင့် ( ၆ ) ရက်နေ့တို့တွင် Union Express Delivery Service ၏ ...
03/10/2025

သီတင်းကျွတ်အခါသမယ ရုံးပိတ်ရက်အဖြစ် အောက်တိုဘာလ ( ၅ ) ရက်နေ့ နှင့် ( ၆ ) ရက်နေ့တို့တွင် Union Express Delivery Service ၏ ဝန်ဆောင်မှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်းလေးစားစွာ ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည် ခင်ဗျာ။ Union Express ၏ မိတ်ဖက် လုပ်ငန်းရှင်များ အားလုံး ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ် အခါသမယ လေးကို ချစ်ရသူများနှင့် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ။

🙏 🙏 🙏 🙏 🙏

Union Express Delivery Service တွင်တာဝန်ထမ်းဆောင်ရန်  Customer Service ( အမျိုးသမီး ) များအမြန်အလိုရှိပါသည်။ ( အင်တာဗျူး...
06/09/2025

Union Express Delivery Service တွင်တာဝန်ထမ်းဆောင်ရန် Customer Service ( အမျိုးသမီး ) များအမြန်အလိုရှိပါသည်။ ( အင်တာဗျူးအဆင်ပြေပါကချက်ချင်းခန့်ထားမည်ဖြစ်သည်။ )

လစာ - 400000 ks + ရက်မှန်ကြေး 20000 ks

အလုပ်ချိန် - မနက် ၉:၀၀ နာရီ မှ ညနေ ၅:၃၀ နာရီ
နားရက် - တစ်ပတ် တစ်ရက်
ရုံးနေရာ - တောင်ဥက္ကလာပမြို့နယ်

လုပ်ငန်းတာဝန်အကျဥ်းချုပ်

- Rider များ၏ ပစ္စည်းပို့ဆောင်မှု အခြေအနေများနှင့်ပတ်သက်၍ Online Shop များထံ အစီရင်ခံရန်
- နေ့စဥ် ပစ္စည်းနှင့် ငွေအဝင်အထွက်များကို စီစစ်အတည်ပြုပေးရန်
- Online Shop များမှ မေးမြန်းလာသော ပါဆယ် ပို့​ဆောင်မှုအခြေအနေများကို ‌ခြေရာခံပေးရန်
- Customer complaint များကို အလိုက်သင့်ဖြေရှင်းပေးရန်

လျှောက်ထားလိုသူများအနေဖြင့်

တက္ကသိုသ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
ကျောင်းကိစ္စကင်းရှင်းရမည်။
အသက် ၁၈ မှ ၃၀ ကြား ရှိသူဖြစ်ရမည် ။
အပြောအဆို ယဥ်ကျေးသိမ်မွေ့ရမည်။
Customer များအားစိတ်ရှည်စွာ ဝန်ဆောင်မှုပေးနိုင်ရမည်။
လုပ်ငန်းအတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။

လျှောက်ထားလိုပါက

Viber နံပါတ် 09 429 925 546 သို့မဟုတ် Facebook Messenger သို့ CV form ပေးပို့ လျှောက်ထားနိုင်ပါသည်။

တောင်ဥက္ကလာ/သင်္ဃန်းကျွန်း နှင့် မြို့ထဲ ( ပုဇွန်​တောင် ၊ ဗိုလ်တထောင် ၊ကျောက်တံတား ၊ ပန်းပဲတန်း ၊ လသာ ၊ လမ်းမတော် ၊ ဒဂုံ...
06/09/2025

တောင်ဥက္ကလာ/သင်္ဃန်းကျွန်း နှင့် မြို့ထဲ ( ပုဇွန်​တောင် ၊ ဗိုလ်တထောင် ၊ကျောက်တံတား ၊ ပန်းပဲတန်း ၊ လသာ ၊ လမ်းမတော် ၊ ဒဂုံ ) မြို့နယ်များအတွင်း ပစ္စည်းပို့ဆောင်ရန် Delivery Rider များအမြန်အလိုရှိပါသည်။

( တောင်ဥက္ကလာရုံးခွဲတွင်တာဝန်ထမ်းဆောင်ရန် )

- တောင်ဥက္ကလာ/သင်္ဃန်းကျွန်း နှင့် မြို့ထဲ ဧရိယာ ကျွမ်းကျင်သူများ ဦးစားပေးလျှောက်ထားနိုင်သည်။

*** Company မှ စက်ဘီး အခမဲ့ ငှားရမ်းပေးမည် ***

Way တစ်ကြောင်း လျှင် ၁၀၀၀ ကျပ်
( သို့မဟုတ် )
အခြေခံလစာ 250000 + Wayတစ်ကြောင်း 500ks

မိမိအဆင်ပြေရာရွေးချယ်ခံစားခွင့်ရှိမည်။

တစ်ပတ်လျှင် တစ်ရက် နားရက်ရရှိမည်။

လျှောက်ထားလိုသူများအနေဖြင့်

- မှတ်ပုံတင်မူရင်းရှိရမည်။
- Viber အသုံးပြုနိုင်သော ကိုယ်ပိုင်ဖုန်းရှိရမည်။
- စက်ဘီးကျွမ်းကျင်စွာနင်းနိုင်ရမည်။
- ကျန်းမာရေးကောင်းမွန်၍ အပင်ပန်းခံနိုင်ရမည်။
- ချိုသာစွာ ပြောဆိုဆက်ဆံတတ်ရမည်။

လျှောက်ထားလိုပါက

Viber နံပါတ် 09 429 925 546 သို့မဟုတ် Facebook Messenger သို့ CV form ပေးပို့ လျှောက်ထားနိုင်ပါသည်။

ဇူလိုင်လ၊ ၉ ရက်၊ ၂၀၂၅ ခုနှစ် တွင်ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် Union Express ၏ ဝန်ဆောင်မှုများအား ...
08/07/2025

ဇူလိုင်လ၊ ၉ ရက်၊ ၂၀၂၅ ခုနှစ် တွင်ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် Union Express ၏ ဝန်ဆောင်မှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း လေးစားစွာကြိုတင်အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။ 🙏🙏🙏

မေလ၊ ၁၁ ရက်၊ ၂၀၂၅ ခုနှစ် တွင်ကျရောက်သော ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်) တွင် Union Express ၏ ဝန်ဆောင်မှုများအား ခေတ...
09/05/2025

မေလ၊ ၁၁ ရက်၊ ၂၀၂၅ ခုနှစ် တွင်ကျရောက်သော ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်) တွင် Union Express ၏ ဝန်ဆောင်မှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း လေးစားစွာကြိုတင်အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။ 🙏🙏🙏

နှစ်သစ်ကူးရုံးပိတ်ရက်ကြေညာခြင်းဧပြီလ ၁၂ရက်နေ့ ( 12.4.25 ) မှ ဧပြီလ  ၂၀  ရက်နေ့ (20.4.25 ) ထိ မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရ...
04/04/2025

နှစ်သစ်ကူးရုံးပိတ်ရက်ကြေညာခြင်း

ဧပြီလ ၁၂ရက်နေ့ ( 12.4.25 ) မှ ဧပြီလ ၂၀ ရက်နေ့ (20.4.25 ) ထိ မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် Union Express ၏ ဝန်ဆောင်မှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။ (10.4.25) အထိကောက်ယူထား သောပစ္စည်းများကို ( 11.4.25 ) တွင်နောက်ဆုံးထားပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ပို့ဆောင်မရပဲကြန့်ကြာနေသောပစ္စည်းများနှင့် ( 11.4.25 ) တွင်ကောက်ယူထားသောပစ္စည်းများကို ရုံးပြန်ဖွင့်မည့်ရက် ( 21.4.25 ) တွင်စတင်၍ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။ မိတ်ဆွေများအားလုံး ချစ်ခင်ရသူများနှင့်အတူ ဘေးကင်းလုံခြုံသော နှစ်သစ်ကူးအခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Union Express မိသားစု မှ နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

❄️🎅🏼ရုံးပိတ်ရက် ကြေညာခြင်း🎅🏼❄️ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် ခရစ်စမတ်ပိတ်ရက်သတ်မှတ်မည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။ဒီဇင်...
23/12/2024

❄️🎅🏼ရုံးပိတ်ရက် ကြေညာခြင်း🎅🏼❄️

ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် ခရစ်စမတ်ပိတ်ရက်သတ်မှတ်မည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့အပ်နှံသော ပစ္စည်းများကို
ရုံးပြန်ဖွင့်မည့်ရက် ( ဒီဇင်ဘာလ၂၆ ရက်နေ့) တွင်
စတင်ပို့ဆောင်သွားမည်ဖြစ်ကြောင်း Union Express Delivery Services မိသားစုမှ လေးစားစွာ ပန်ကြားအပ်ပါသည်။

မိတ်ဆွေများအားလုံး ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် ကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ 🎄🎄☃️☃️

🪔 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင် 🪔ချစ်ခင်လေးစားတန်ဖိုးထားရပါသောချစ်မိတ်ဆွေများ အားလုံး ကိုယ်စိတ်နှလုံးကျန်းမာခ...
10/10/2024

🪔 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင် 🪔

ချစ်ခင်လေးစားတန်ဖိုးထားရပါသောချစ်မိတ်ဆွေများ အားလုံး ကိုယ်စိတ်နှလုံးကျန်းမာခြင်း၊
စိတ်ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ နှင့် ပြည့်စုံလျှက် ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍ အခက်ခဲဟူသမျှအောင်မြင်စွာကျော်လွှားနိုင်ပြီး🙏🏼

“ ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင် စီးပွါးလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွါးပြီး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဝင်ငွေများမှန်းထားတဲ့ Targetထိကျော်လွန်၍
ဒီထက်မက အလုပ်အကိုင်အဆင်ပြေချော့မွေ့ပါစေ” လို့
Union Express Delivery Service မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏🏼🙏🏼🙏🏼

Address

No473B, Zaya 15St, South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959440002171

Website

Alerts

Be the first to know and let us send you an email when Union Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Union Express:

Share