MYAT HTATE HTAR

MYAT HTATE HTAR Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYAT HTATE HTAR, Travel and transport, Yangon.

28/01/2023

မင်္ဂလာရှိသော ညချမ်းလေး ဖြစ်ပါစေလို့
မြတ်ထိပ်ထား ခရီးသွားဝန်ဆောင်မှုကနေ
ဆုမွန်ကောင်းတောင်း လိုက်ပါတယ်နော်

(ပုဂံ-မင်းနန်သူ) နန္ဒမညဘုရားမှ ဖွားတော်မူခန်းပန်းချီကားဒီကားမှာ ဘုရားလောင်းရယ်၊ အမျိုးသမီးနှစ်ဦးရယ် ပါတယ်။အမျိုးသမီးနှစ်...
30/12/2022

(ပုဂံ-မင်းနန်သူ) နန္ဒမညဘုရားမှ ဖွားတော်မူခန်းပန်းချီကား

ဒီကားမှာ ဘုရားလောင်းရယ်၊ အမျိုးသမီးနှစ်ဦးရယ် ပါတယ်။
အမျိုးသမီးနှစ်ဦးအနက် တစ်ဦးက မယ်တော်မာယာ။
နောက်တစ်ဦးက မိထွေးတော် ဂေါတမီ (?)။
မိထွေးတော်ဖြစ်ဖို့က ပိုများတယ်။ သာမန်ထက်ပိုပြီး ဝမ်းဗိုက်ပူနေတာက ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ကြောင်း ညွှန်းဆိုနေတယ်။

ဒီကားကို ကြည့်မိတိုင်း ဘာလို့ ဝမ်းဗိုက်နေရာမှာ ပူ/ဖောင်းနေရတာလဲ? မိထွေးတော်ဖြစ်ကြောင်း ပြောချင်တာများလား? တွေးမိတယ်။

ဗုဒ္ဓဝင်မှာ "မယ်တော်မာယာက ဘုရားလောင်းကို ဖွားမြင်ပြီးနောက် ရက်အနည်းငယ်အတွင်းမှာပဲ မိထွေးတော် ဂေါတမီက နန္ဒမင်းသားကို ဖွားမြင်တယ်" လို့ ဆိုတယ်။
မိဘတွေရှိရာ ဒေဝဒဟပြည်ကို ပြန်ပြီး မီးဖွားဖို့ ညီအမနှစ်ယောက် အတူတူ ခရီးထွက်ခဲ့ကြမှာပဲ။ နှစ်ယောက်လုံးကလည်း ကိုယ်ဝန်ဆောင်တွေ။ ဒါကို ပုဂံခေတ် နန္ဒမညဘုရား ပန်းချီဆရာက သူ့ကားမှာ ပြောပြနေတာ ဖြစ်မယ်။

ဒါပေမယ့် ငယ်ငယ်က နာမည်ကျော် ဆရာတော်တစ်ပါးက "အလောင်းတော် ဖွားမြင်ခန်းမှာ မယ်တော်မာယာရဲ့ ဘေးက အမျိုးသမီးဟာ မိထွေး‌တော် ဂေါတမီ မဟုတ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ မိထွေးတော်လည်း အဲဒီအချိန်မှာ ကိုယ်ဝန်အရင့်မာကြီးဖြစ်နေတယ်" လို့ ဟောတာ နာဖူးတယ်။ ဒီကားကို မကြည့်ဖူးသေး‌‌တော့ ထိုဆရာတော်ရဲ့ အာဘော်ကို သဘောကျမိ။ အခုတော့ ကိုယ်ဟာ နန္ဒမညဘုရား ပန်းချီဆရာရဲ့ အယူအဆကို ပိုကြိုက်သွားပြီ။ လက်တွေ့ဘဝမှာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခရီးသွားကြ/ လမ်းမှာတင် မီးဖွားကြတဲ့ သတင်းတွေ ရှိနေတာပဲမလား?

ပြီးတော့ ဒီကားမှာ မယ်တော်မာယာရဲ့ ခြေဟန် တစ်မျိုးတစ်မည်ဖြစ်နေတာကို အစက သတိမထားမိဘူး။ အောက်က စာကို ဖတ်မှ သတိပြုမိတော့တယ်။
------------------------------

"မင်းနံသူရွာ အနီးရှိ နန္ဒမည (အနန္တပညာ) ဘုရားတွင် ဖွားတော်မူခန်းကို အကွက်ကြီးကြီး ချဲ့၍ ရေးခြယ်ထားသည်။ (ပုံ-၅)။ နန္ဒမညဘုရားသည် အပယ်ရတနာနှင့် မြင်းကပါ ဂူပြောက်ကြီးဘုရားတို့ထက် နှစ်ပေါင်း ၁၀၀ ကျော်နှောင်း၏။ ဘုရား၏ ပမာဏမှာ အလွန်သေးငယ်သဖြင့် အတွင်း၌ ဂန္ဓကုဋိသာလျှင် ရှိ၍ ပတ်လည်စင်္ကြံဖြင့် တည်ထားခြင်း မဟုတ်ချေ။ သို့သော် မျက်နှာကြက်နှင့် နံရံ အားလုံးတို့တွင် ပန်းချီဆေးရေး အပြည့် ခြယ်လှယ်ထား၏။ ပန်းချီကားများတွင် တန္တရဆိုင်ရာ ကားများလည်း ပါဝင်လေသည်။"

"ဤပုံတွင် မယ်တော်မာယာနှင့် ပဇာပတိဂေါတမီတို့မှာ လက်စည်းလက်ကြပ်များ ဆင်မြန်းထား၏။ မယ်တော်မာယာ၏ မျက်နှာသွင်ပြင်မှာ ဂေါတမီ၏ မျက်နှာထက် ပို၍ ကုလားဆန်သည်။ ပန်းတမော့လက်ရာ ဖွားတော်မူခန်းတို့တွင် ခါးသေး၍ ရင်ဖြိုးသော်လည်း ဤပန်းချီကားတွင် ရင်သားကို ပေါ်လွင်အောင် ရေးဆွဲမထားချေ။ အမျိုးသမီးနှစ်ဦးလုံး၏ ကိုယ်နေဟန်ထားမှာ နွဲ့နှောင်းသော တြိဘင်္ဂခေါ် သုံးဆစ်ချိုး အနေအထား ဖြစ်သည်။ ဆင်မြန်းထားသော ခါးစည်းအဝတ်များကို အသေးစိတ် ခြယ်မှုန်းထားသည်မှာ နှစ်သက်ဖွယ်ရာ ဖြစ်ပေသည်။ မာယာ‌ဒေဝီ၏ ခါးစည်းတွင် ကြာပန်းများဖော်ထားရာ ကြာပွင့်တခုစီတိုင်းတွင် ပုံစံတမျိုးစီ ရေးခြယ်သဖြင့် အဆင်ကွဲပုံစံ ခုနစ်မျိုးမျှ တွေ့နိုင်လေသည်။ အမျိုးသမီးများ၏ ကိုယ်နေဟန်ထား အချိုးအဆစ် ပြေပြစ်ရုံမျှမက ပြော့ပျောင်းသော လက်ဟန်များကိုလည်း ရေးဆွဲထားသည်။ မာယာဒေဝီ၏ လက်ျာလက်သည် အင်ကြင်ကိုင်းကို ဆုတ်ကိုင်မထားသော်လည်း ကိုင်ထားဘိသကဲ့သို့ ထင်မြင်စေသော မုဒြာလက်ဟန် ရေးဆွဲထား၏။ လက်ဝဲလက်သည် အားအင်ယုတ်လျော့နေ၍ လက်ချောင်းကလေးများ ပြိုင်တူ တွဲလျားကျနေပုံ သရုပ်ဖော်ထား၏။ ပဇာပတိဂေါတမီ၏ လက်ျာလက်သည် အမတော်၏ ခါးကို ဖက်ထားဟန်မှာ ယခုခေတ် အနောက်တိုင်းပန်းချီ ရေးနည်းရေးဟန် စံချိန်နှင့် ကိုက်ညီသည်ဟုပင် ဆိုရပေမည်။ ခေတ်ပန်းချီတွင် အမျိုးသမီးလက်ပုံ ရေးဆွဲရာ၌ လက်သန်းသည် လက်သူကြွယ်နှင့် ကွာနေ၍ လက်သူကြွယ်နှင့် လက်ခလယ်တို့ ပူးကပ်နေမှ တင့်တယ်သည်ဟု အဆိုရှိသည်။ ဂေါတမီ၏ လက်ဟန်သည် ယခုခေတ် ပန်းချီနည်းနှင့် ကိုက်ညီသည်မှာ တိုက်ဆိုင်မှုပင် ဖြစ်လင့်ကစား လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့်ကပင် ပန်းချီဉာဏ် မည်မျှ မြင့်မားလှသည်ကို ထောက်ရှုနိုင်ပေသည်။ မာယာဒေဝီ၏ ခြေနှစ်ဖက်လုံးတွင် ခြေချောင်းကလေးများ အနေအထား ပြောင်းပြန်ဖြစ်နေသည်မှာ ပန်းချီဆရာ၏ ပမာဒလေခကြောင့်ဟု ယူဆရပေမည်။ ခြေနှစ်ဖက် ဆန့်တန်း၍ ရပ်နေဟန် မြင်ရသော်လည်း ပန်းချီဆရာအနေဖြင့် ခြေချိတ်၍ ရပ်နေဟန်သဘောထား၍ ရေးဆွဲလိုက်ခြင်းပေလောဟု တွေးဆရန် ရှိသည်။
နန္ဒမညဘုရားမှ ဤဖွားတော်မူခန်း ပန်းချီကားတွင် အဖြူရောင်ကို အတော်များများ ရောစပ်သုံးစွဲထားသဖြင့် ကားချပ်တခုလုံး အရောင်လွင်လျက် ရှိလေသည်။"

Ref: ရှေးရိုးမြန်မာပန်းချီ။ ရှေးဟောင်းသုတေသနဌာနခွဲ၊ ပြည်ထောင်စု ယဉ်ကျေးမှုဌာန။ စာ-၈-၉။

#နန္ဒမညဘုရား #ဖွားတော်မူခန်း

❝ စိတ်ညစ်ရင် ကုသိုလ်တရားနဲ့ပဲအာရုံပြောင်းလိုက်ပါ ❞════════════════အဆိုးလောကဓံကို ဘယ်သူမှ မကြုံချင်ကြဘူး..ဒီတော့ကြုံလာရင်...
16/08/2022

❝ စိတ်ညစ်ရင် ကုသိုလ်တရားနဲ့ပဲ
အာရုံပြောင်းလိုက်ပါ ❞
════════════════
အဆိုးလောကဓံကို
ဘယ်သူမှ မကြုံချင်ကြဘူး..
ဒီတော့ကြုံလာရင် စိတ်ညစ်မယ်..
ပုထုဇဉ်ပဲ ညစ်ပေါ့..

အေး ကိုယ့်စိတ်တိုင်းကျ
စိတ်ညစ်ပြီးရင်တော့
ကိုယ်လုပ်စရာရှိတာ
ဆက်လုပ်ကြဖို့ပဲ..

စိတ်ညစ်စရာလည်းညစ်
တစ်နေ့တာ ကိုယ်လုပ်စရာ
ရှိတာလည်းလုပ်ပေါ့..

အဓိကကတော့
စိတ်ညစ်စရာရှိပေမယ့်
တစ်နေ့တာ ကိုယ်လုပ်ရမယ့်
ဒါန သီလ ဘာဝနာဆိုတဲ့
ကုသိုလ်တရား အလုပ်လေးတွေ
ပျက်မသွားဖို့ပဲ အရေးကြီးတယ်နော်၊

ဒီတော့ စိတ်ညစ်တဲ့အခါ
အကောင်းဆုံးကတော့ ...
ကုသိုလ်တရားနဲ့ပဲ အာရုံပြောင်းလိုက်ပါ။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

🙏မြန်မာပြည်ကြီး ၂၀၂၂  မှာ 🙏အေးချမ်းတော့မည့်အကြောင်း မိုင်းဖုန်းဆရာတော်မှ မိန့်ကြားခြင်း၁၁ . ၉ . ၂၀၂၁မိုင်းကျတ်ဂူတွင် တရာ...
01/08/2022

🙏မြန်မာပြည်ကြီး ၂၀၂၂ မှာ 🙏
အေးချမ်းတော့မည့်အကြောင်း
မိုင်းဖုန်းဆရာတော်မှ မိန့်ကြားခြင်း
၁၁ . ၉ . ၂၀၂၁

မိုင်းကျတ်ဂူတွင်
တရားအားထုတ်နေသော
မိုင်းဖုန်းဆရာတော်မိန့်ကြားသည်မှာ

မြန်မာပြည်ကြီးသည်
၂၀၂၂ ခုနှစ် ၆ လပိုင်းမှစတင်ကာ
အရာရာဟာ အကောင်းဘက်သို့
ပြန်လည်ဦးတည်မည်။

ထိုအချိန်တွင်
ကပ်ရောဂါများလည်း ကင်းစင်မည်။
တိုင်းပြည် အေးချမ်းသာယာမည်။
ကောက်ပဲသီးနှံများ ပြန်လည်ဖြစ်ထွန်းမည်
တိုင်းပြည်စီးပွားရေး ပြန်လည်
ကောင်းမွန်လာမည်
ကပ်ကြီးသုံးပါးလည်း ရှောင်ခွာတော့မည်။

၂၀၂၃ နောက်ပိုင်းမှစ၍
မင်းပြောင်းမင်းလွဲ အကြိမ်ကြိမ်ဖြစ်ဦးမည်
မင်းသစ်တက်သူကတက် နန်းကျသူကကျ
မင်းဟောင်းတွေထဲက နတ်ရွာစံသူကစံနဲ့
တိမ်တောင်သဖွယ် မင်းရေးကျယ်စွာ
ရှုပ်ထွေးကြလိမ့်ဦးမည်။

၂၀၃၀ နောက်ပိုင်း
၂၀၅၀ ကြားကာလမှာတော့
ဘုန်းကံကြီးစွာ မင်းကောင်းရတနာ
မင်းခယောက်ကျားမြတ် တစ်ပါး
ပေါ်ထွန်းလာလိမ့်ဦးမည်။

ပြည်သူအများ ရင်ဝယ်သားကဲ့သို့
ကျောသားရင်သား မခွဲခြားပဲ
မင်းကျင့်တရားဆယ်ပါးနဲ့အညီ
အုပ်ချုပ်မည်။

ဘယ်စနစ်ဘယ်ဝါဒမှ မသုံးပဲ
ဗုဒ္ဓဝါဒနဲ့ အုပ်ချုပ်လိမ့်မည်။
တိုင်းပြည်တော်ကြီး သာယာဝပြောလိမ့်ဦးမည်
ကမ္ဘာအရပ်ရပ်က ထီးတစ်ရာမင်းတို့၏
ထိပ်ခေါင်ဖြစ်လိမ့်မည်။

တိုင်းပြည်သည် ဂျပန်ပြည်လိုတိုးတက်၍
သာသနာသည် နေတဆူထင်လင်းပြီး
ကမ္ဘာပြန့်ပွား၍ ကမ္ဘာ့သာသနာ့ထီးကြီး
ဆောင်းလိမ့်မည်။

ယခုအချိန်တွင်တော့
ဘုရား တရား သံဃာကိုသာ
အမြဲရှိခိုးပါ ၊ ရွတ်ဆိုပါ ၊
ကိုးကွယ်ကြပါ ဒကာတို့။
🙏🙏🙏🙏🙏

ကော်ပီယူလာပါသည်။

လိုအင်ဆန္ဒပြည့်ဝကြပါစေလို့ မြတ်ထိပ်ထားမြန်မာပြည်အနှံ့ဘုရားဖူးပို့ဆောင်ရေး ကနေ နှုတ်ခွန်းဆက်သပါတယ်နော်
01/08/2022

လိုအင်ဆန္ဒပြည့်ဝကြပါစေလို့ မြတ်ထိပ်ထားမြန်မာပြည်အနှံ့ဘုရားဖူးပို့ဆောင်ရေး ကနေ နှုတ်ခွန်းဆက်သပါတယ်နော်

Address

Yangon

Telephone

+959443147378

Website

Alerts

Be the first to know and let us send you an email when MYAT HTATE HTAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share