Rangoon Empire

Rangoon Empire Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rangoon Empire, Travel and transport, Yangon.

** Slow ချက် ချိန်တတ်ဖို့**=================July2024တချို့ Userတွေက စလိုးချက်တောင်မချိန်တတ်တာတွေရှိပါတယ်အလွယ်ဆုံးကိုပြော...
03/08/2024

** Slow ချက် ချိန်တတ်ဖို့**
=================
July2024

တချို့ Userတွေက စလိုးချက်တောင်မချိန်တတ်တာတွေရှိပါတယ်
အလွယ်ဆုံးကိုပြောပြပါ့မယ် ကိုယ်တိုင်ကလိဖို့ပေါ့
အရင်ဆုံးစက်နှိုးလိုက်ပါ စက်နိုးသွားတဲ့အခါ နံပါတ် 1စလိုးချက်နပ်ကို စက်မရပ်တဲ့ထိ တင်းပါ စက်သံနည်းနည်းမြန်တဲ့ထိပေါ့ နံပါတ် 1လို့ရေးထားတဲ့နပ်ပါ
များသောအားဖြင့် စပရင်ကိုပါ မြင်နေရတဲ့နပ်ပါ
ပြီးတဲ့အခါ နံပါတ်၂နပ်ကို အကုန်ကြပ်လိုက်ပါ ပြီးမှ ဖြည်းဖြည်းဆီပြန်လျော့ပေါ့
တစ်ပတ်ဝန်းကျင်လောက်မှာ စက်သံအမှန်ဆုံးနေရာကိုရောက်လာပါလေ့မယ်
ရိုးရိုးဘီးတွေမှာတော့ ဒီလိုပဲ စက်သံကိုမှန်းချိန်ရတာပေါ့
1နပ်ကိုတင်ထား စက်မြန်တဲ့ထိ ပြီးရင်2နပ်ကိုအဆုံးထိကြပ်လိုက် ဆုံးသွားတဲ့ချိန် စက်သံက ‌ဆီအင့်သလိုဖြစ်သွားမယ် ပြီးတဲ့အခါ 2နပ်ကိုဖြည်းဖြည်းဆီပြန်လျော့ စက်သံမှန်တဲ့ထိ တစ်ပတ်ဝန်းကျင်ပေါ့ ပြီးမှ 1နပ်ကို ကိုယ်လိုသလောက်အနှေးမြန်ချိန်ပါ
2နပ်ကိုအရမ်းကြပ်မိထားရင် ဆီစားတာတွေဖြစ်နိုင်တယ် အရမ်းလျော့ထားမိရင် မနက်ပိုင်းနှိုးရတာမလွယ်တာ အစမှာစက်လီဗာမပါတာ တွေဖြစ်တတ်ပါတယ်
1နပ်ကတော့ ကြပ်ရင်မြန်မယ် လျော့ရင်နှေးမယ် ဒါပါပဲ
အလွယ်ပြောရရင် 1က ဆီဂျက်
2ကလေဂျက်ပေါ့။

ကားဘက်ထရီ ချာဂျင်မဝင်ရင် ဘာဖြစ်မလဲ...ကားတစ်စီး မောင်းနှင်စဉ်  ကားဒတ်ချ်ဘုတ်မှာ ဘက်ထရီ icon ပုံလေး မီးနီလင်းပါတယ်။ ဘက်ထရီ...
20/07/2024

ကားဘက်ထရီ ချာဂျင်မဝင်ရင် ဘာဖြစ်မလဲ...

ကားတစ်စီး မောင်းနှင်စဉ် ကားဒတ်ချ်ဘုတ်မှာ ဘက်ထရီ icon ပုံလေး မီးနီလင်းပါတယ်။ ဘက်ထရီချာဂျင် မဝင်တော့ ကြောင်း သတိပေးတဲ့ မီးနီပါပဲ။ ဘက်ထရီ ချာဂျင်မဝင်ရင် ဘာဖြစ်မလဲ။ ဘက်ထရီအိုးထဲမှာ ရှိနေဆဲ ပါဝါက ဘယ်လောက် ကြာကြာ အသုံးခံမှာလဲ။ ချာဂျင် မဝင်ဘဲ ကားကို ဆက်မောင်းရင် ဘာဖြစ်မလဲ။
ကားမောင်းနေရင်း ဘက်ထရီချာဂျင် မရတော့ဘဲ ပြဿနာမျိုးကို ယာဉ်မောင်းသူတိုင်း ကြုံဖူးကြပါလိမ့်မယ်။ မြို့တွင်း ခရီးတိုလေးတွေ မောင်းနေရင်း ဒီလိုအခက်အခဲမျိုး ကြုံရတာ ပြဿနာ သိပ်မကြီးပေမဲ့ ခရီးဝေးသွားတဲ့ အခါမျိုးမှာ ဒီလိုမျိုး ချာဂျင်မဝင်ရင်တော့ လမ်းမှာ ဒုက္ခတွေ့နိုင်ပါတယ်။ ညအချိန် ကားမောင်းနေစဉ်မှာ ဒီလိုမျိုး ဒိုင်နမို ပြဿနာ၊ ချာဂျင် မဝင်တော့တဲ့ ပြဿနာက လမ်းပေါ်မှာ အရေးပေါ် ပြန်ပြင်လို့ မရခဲ့ရင်တော့ လမ်းပေါ်မှာပဲ ညအိပ်ရပါလိမ့်မယ်။ ဘက်ထ ရီချာဂျင် မဝင်တော့ရင် ခရီးအဝေးကြီးကို ဆက်မောင်းလို့ မရပါဘူး။ ဘက်ထရီထဲမှာ သိုလှောင်သိမ်းဆည်းထားတဲ့၊ လျှပ်စစ် ပါဝါအားတွေက ကြာကြာသုံးလို့ မရပါဘူး။
ဘက်ထရီချာဂျင် မဝင်တော့ရင် ကားစက်ချက်ချင်းရပ်ပြီး လမ်းဘေးအန္တရာယ်ကင်းတဲ့ နေရာမှာ ကားကို ရပ်ထားသင့်ပါ တယ်။ ယာဉ်လမ်းကြောင်းပေါ်မှာ ရှိနေရင် နောက်ကနေ ကားတစ်စီးစီးက ဝင်ဆောင့်မိနိုင်ပါတယ်။ ကားပျက်ကြောင်း တခြားကားသမားတွေ သိအောင် စုံမီးအချက်ပြထွန်းထားပါ။ ကားစက်ဖုံးလှန်ပြီး စစ်ဆေးပါ။ LED ဓါတ်မီးတစ်လက်တော့ လိုပါတယ်။ ဒိုင်နမိုပန်ကာ ကြိုးပြတ်ထွက်တာလား၊ ပန်ကာကြိုးစားပြီး ချောင်နေသလား၊ ပန်ကာကြိုး မူလီမြောင်းထဲက ပြုတ် ထွက်တာလား။ ဒိုင်နမိုဆော့ကတ်တွေ ချောင်နေသလား လွတ်နေသလား။ ဒိုင်မိုမိန်းငုတ်တိုင်မှာ နုတ်ခေါင်း (Nut) ချောင် နေသလား၊ အပူလွန်ကဲပြီး မိန်းကြိုး (ဝါယာ) ပြတ်ကျနေသလား စစ်ဆေးကြည့်ပါ။
ချာဂျင် မဝင်တော့တာ ချွတ်ယွင်းချက် အပြစ်တစ်ခုခုရှိနေလို့ပါ။ အလွယ်တကူ စစ်ဆေးလို့ ရနိုင်တဲ့ အားနည်းချက် ရှိသလား ရှာကြည့်ပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ချွတ်ယွင်းချက် ပြဿနာလေးတစ်ခုကြောင့် ဘက်ထရီချာဂျင် မဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဥပမာ-ဒိုင်နမိုဆော့ကတ်ချောင်ပြီး လွတ်နေတာမျိုးပါ။ ပန်ကာကြိုးချောင်ပြီး မူလီကနေ ပြုတ်ကျနေ တာမျိုးပါ။ ဒီလိုမျိုး အသေးအဖွဲလေးတွေကို စစ်ဆေးပြီး ပြုပြင်လိုက်ရင်လည်း ပြန်ကောင်းသွားတတ်ပါတယ်။
ဘက်ထရီခေါင်း ချောင်နေလျှင် ချာဂျင်မဝင်တာမျိုး ဖြစ်တတ်ပါတယ်။ ကားဆိုတာမျိုးက အမြဲတမ်း ရွေ့လျားနေတာ ဆိုတော့ အင်ဂျင်တုန်ခါမှုတွေ၊ လမ်းအဆောင့်ဒဏ်တွေကြောင့် ဘက်ထရီခေါင်းချောင်တာ၊ ဘက်ထရီကြိုး လွတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အားနည်းချက်ကလေးတွေ တစ်ခုမှရှာမတွေ့ရင်တော့ ဒိုင်နမိုထဲမှာ တစ်ခုခုဖြစ်နေလို့ပါပဲ။ ကာဗွန်တိုသွားတာလား၊ Filed ကွိုင်လောင်သွားတာလား၊ ဒိုင်အုပ်တွေ မကောင်းတာလား၊ ကတ်တောက် IC မကောင်း တာလား၊ ရိုတာထဲက ကွိုင်ကြိုးပြတ်ထွက်တာလား၊ ရိုတာထိပ်က ကြေးကွင်းတစ်ခြမ်းစားနေတာလား၊ ဒိုင်နမိုကြောင့် ဖြစ်တာမျိုးကို အသေးစိတ် စစ်ဆေးအပြစ်ရှာဖို့ ပြန်ပြုြုပင်ဖို့၊ ဒိုင်နမိုမော်တာဆားဗစ်ဆိုင်မှာ ပြသဖို့ လိုပါတယ်။
Alternator လို့ခေါ်တဲ့ AC/DC ဒိုင်နမိုဟာ ချာဂျင်အားသွင်းစနစ်မှာ အဓိကကျတဲ့အရာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးအတွက် လိုအပ်တဲ့ လျှပ်စစ်ပါဝါကို ဒိုင်နမိုကပဲ ထုတ်လုပ်ပေးပါတယ်။ အင်ဂျင်မိန်းမူလီနဲ့ ဒိုင်နမိုမူလီကို ပန်ကာကြိုး V-Belt နဲ့ ဆက်သွယ်ထားပါတယ်။ အင်ဂျင်လည်ပတ်အားကြောင့် ဒိုင်နမိုလည်ပြီး DC လျှပ်စစ် ထွက်တာပါ။ ဒိုင်နမိုဆိုတာ စက်မှု စွမ်းအင်ကို အသုံးချပြီး လျှပ်စစ်စွမ်းအင် ပြောင်းလဲပေးတဲ့အရာပါ။
Alternator က ထုတ်လုပ်ပေးတာ AC လျှပ်စစ် ဖြစ်ပါတယ်။ မော်တာကားမှာသုံးတဲ့ လျှပ်စစ် အမျိုးအစားက DC လျှပ်စစ် ဖြစ်ပါတယ်။ AC ကို DC ဖြစ်အောင် ဒိုင်အုပ်တွေ ပြောင်းပေးပါတယ်။ ကားလေးတွေမှာ 12 Volt သုံးပြီး ကုန်ကားကြီး၊ ဘတ်စစ်ကားကြီးတွေမှာတော့ 24 Volt ကိုသုံးပါတယ်။ ကားတွေမှာသုံးတဲ့ ဒိုင်နမိုမော်တောတွေကိုလည်း 12 Volt နဲ့ 24 Volt ဆိုပြီး ခွဲခြားထားပါတယ်။ ဒိုင်နမိုတစ်လုံး ထုတ်လုပ်ပေးတဲ့ ဗို့အားနဲ့ လျှပ်စီးကြောင်း အမ်ပီယာပမဏကို I.C ကတ်တောက်က ထိန်းချုပ်ပေးပါတယ်။ ဒိုင်နမိုကထုတ်လုပ်တဲ့ လ၊ျှပ်စစ်စွမ်းအင်ကို ကားတစ်စီးလုံး လျှပ်စစ်ပစ္စည်းတွေမှာ သုံးစွဲတဲ့အပြင် ဘက်ထရီကိုလည်း ချာဂျင်သွင်း ပါတယ်။
ကားတစ်စီးမှာ DC လျှပ်စစ်စွမ်းအား ပါဝါနဲ့ အားလုံးအလုပ်လုပ်တဲ့အတွက် ဘက်ထရီမှာ ပါဝါအား အပြည့်ရှိဖို့၊ အရေးကြီး ပါတယ်။ ဘက်ထရီ အားမရှိတာနဲ့ မနက်ပိုင်း ကားစက်နိုးရတာ ဒုက္ခရောက်ပါတယ်။ ချာဂျင်အားမဝင်တဲ့ ဘက်ထရီမှာ ပါဝါအား မရှိတာကြောင့် ကားစက်နိုးရတာ ခက်ခဲပါတယ်။ ဘက်ထရီကောင်းမှ မော်တာအားကောင်းပါတယ်။ ဘက်ထရီ Down သွားလို့၊ ကားတွန်းနိုးရတဲ့ ဒုက္ခတွေ ဘက်ထရီဆိုင်သွားပြီး ထောက်နိုးဘက်ထရီ သွားဌားရတဲ့ ဒုက္ခတွေ ဒါတွေက လွတ်ကင်းအောင် ကားဘက်ထရီကို ဂရုစိုက်ထိန်းသိမ်းရပါတယ်။ ကားသမားဆိုတာ ကိုယ်မောင်းတဲ့ကားကို ဂရုစိုက် ထိန်းသိမ်းရပါတယ်။
မနက်ပိုင်း ကားစက်နိုးတဲ့အချိန် ဘက်ထရီအားမရှိရင် (သို့မဟုတ်) မော်တာလည်တာ နှေးကွေးနေရင် ဘက်ထရီကို စစ်ဆေးဖို့ လိုပါတယ်။ ဘက်ထရီကို ချာဂျင်ဝင်အား ကောင်း/မကောင်း၊ အမ်ပီယာ တိုင်းကြည့်ဖို့ လိုပါတယ်။ ချာဂျင် အမ်ပီယာ ဘယ်လောက်ရှိသလဲသိဖို့ ဒိုင်နမိုဆားဗစ်ဆိုင်မှာ တိုင်းကြည့်လို့ရပါတယ်။
ဘက်ထရီ အားကောင်း/မကောင်း အလွယ်တကူ စစ်ဆေးလို့ရပါတယ်။ မီးကြီး ဖွင့်ကြည့်ပါ။ မီးအလင်းရောင် ပြင်းရမယ်။ ကားမီးကြီး အလင်းပြင်းအားကျနေမယ်၊ အရောင်မှိန်နေမယ်၊ ကားဟွန်းသံလည်း တိုးတိုးလေးပဲ ဖြစ်နေမယ်ဆိုရင်တော့ ဘက်ထရီဒေါင်း (Down) သွားတာ သေချာပါတယ်။ မော်တာမှာတစ်ခုခု ချွတ်ယွင်းချက် အပြစ်ရှိလို့ ဖြစ်ပါလိမ့်မယ်။ မော်တာ အာမေချာထိပ်က ကြေးစိတ်ခေါင်းတွေ စားနေတာလား၊ ကာဗွန်တိုနေတာလား၊ ဆိုလိုနွိုက် မကောင်းတာလား၊ ဘက်ထရီခေါင်း ဘက်ထရီကြိုးတွေ ချောင်ပြီး လွတ်နေသလား၊ မော်တာ ပြဿနာတွေ သိရအောင် မော်တာဆားဗစ် ပြင်ဆိုင်မှာ ဖြုတ်ဆေးပြီး လိုအပ်တာပြုပြင်ပါ။
ဘက်ထရီ အခြေအနေ ကောင်း/မကောင်း သေချာအောင် ဒစ်ဂျစ်တယ်မီတာနဲ့ ထောက်တိုင်းကြည့်နိုင်ပါတယ်။ ဗို့အား 12.66V အထက် ရှိနေရင် ဘက်ထရီမှာ အားအပြည့်ရှိပါတယ်။ 12.45V ဆိုရင်တော့ ဘက်ထရီထဲမှာ ပါဝါအား ၇၅ ရာခိုင်နှုန်းပဲ ကျန်ပါတယ်။ 12.24V မှာ ပြနေရင်တော့ ပါဝါအား ၅ဝ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ သုံးလို့ အဆင် မပြေတော့ပါဘူး။ ဘက်ထရီဆားဗစ်ဆိုင်ကို ပို့ပြီး အားပြန်သွင်းပါ။ မိုးရေ၊ အက်ဆစ်၊ ပါဝါ ဒီဂရီနဲ့ Level ကိုစစ်ဆေးပါ။
အားပြည့်နေတဲ့ ဘက်ထရီတစ်လုံးရဲ့ အက်ဆစ်ပြင်းအား ဒီဂရီက 1.280 ရှိရပါတယ်။ 1.220 အောက်ကို ဆင်းသွားရင်တော့ ဘက်ထရီ အားမရှိပါဘူး။ အားအပြည့်ရှိတဲ့ ဘက်ထရီဖြစ်မှ မော်တာဆွဲအား ကောင်းပါတယ်။ ကြာကြာလည်း အနိုးခံပါတယ်။ ကားဘက်ထရီတစ်လုံး အဓိက တာဝန်က ဝါယာရိန်းစနစ်တစ်ခုလုံးမှာ တည်ငြိမ်တဲ့ ဗို့အားရှိဖို့နဲ့ စက်ရပ်ထားတဲ့ အခြေအနေမှာလည်း သိုလောင်ထားတဲ့ လျှပ်စစ်ပါဝါအားတွေကို ကားတစ်စီးလုံးအတွက် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။
ကားဘက်ထရီတစ်လုံးရဲ့ သက်တမ်းဟာ ၂ နှစ်ကနေ ၄ နှစ်အထိ အသုံးခံပါတယ်။ ချာဂျင်အားသွင်းစနစ် ကောင်းပြီး ဘက်ထရီ ထိန်းသိမ်းရတာလည်း ဘက်ထရီသက်တမ်း ကြာကြာခံနိုင်ပါတယ်။ ဘက်ထရီ ထိန်းသိမ်းဖို့ ဒါတွေကို ဂရုစိုက်ပြီး လုပ်ဆောင်ပေးပါ။ ဒါမှသာ ဘက်ထရီသက်တမ်းပြည့် သုံးစွဲနိုင်မှာပါ။
(၁) ဘက်ထရီ ငုတ်တိုင်တွေ၊ ဘက်ထရီခေါင်းတွေ အမြဲ သန့်ရှင်းနေအောင်ထားပါ။ အက်ဆစ်ကြောင့် ဘက်ထရီခေါင်းနဲ့ ဘက်ထရီ ကြိုးထိပ်တွေမှာ ဆားပေါက်တတ်ပါတယ်။ ဘက်ထရီ ဆားပေါက်ရင် ဆော်ဒါရည်နဲ့ ဆေးပါ။ ရေနွေးပူပူနဲ့ လောင်းဆေးပါ။
(၂) ဘက်ထရီအိုးအတွင်း အက်ဆစ် level မကြာခဏ စစ်ဆေးပါ။ နွရောသီမှာ အက်ဆစ်ရည်တွေ ခန်းတတ်ပါ တယ်။ ဘက်ထရီ ပလိပ်ပြားတွေ ပေါ်နေအောင်အထိ အက်ဆစ် ည် ခန်းခြောက်တာမျိုး မဖြစ်ပါစေနဲ့။ ဘက် ထရီမိုးရေ ထပ်ဖြည့်ပေးပါ။
(၃) ဘက်ထရီအိုးခွံ ကွဲအက်ခြင်း၊ အဖုံးမလုံခြင်း၊ အက်ဆစ်ယိုစိမ့်ခြင်း ရှိ-မရှိ စစ်ဆေးပါ။
(၄) ဘက်ထရီချာဂျင် မှန်ပါစေ။ ချာဂျင်အမ်ပီယာ များလွန်းလျှင် ပွက်ပွက်ဆူလာတတ် ပါတယ်။ ဘက်ထရီကို ချာဂျင်သွင်းတဲ့ ဗို့အားက 13.8V ကနေ 14.3 V လောက်ပဲ ရှိသင့်ပါတယ်။
(၅) နောက်ဆုံး အိမ်အပြန် ကားသိမ်းချိန်မှာ ကားမီးတွေ၊ ခလုတ်တွေ အားလုံးကို ပိတ်ပြီးမှ ကားတံခါးကို ပိတ်ပါ။
(၆) ဘက်ထရီအိုးကို ဖမ်းထိန်းထားတဲ့ ဘရတ်ကတ်တွေ နတ်(Nut) တွေ တင်းကျပ်နေပါစေ။
(၇) ဘက်ထရီ အခန်းတိုင်းရဲ့ အက်ဆစ်ပြင်းအား သိပ်သည်းဆဟာ တူညီနေဖို့ လိုပါတယ်။ Cell တစ်ခန်းက အက်ဆစ်ပြင်းအားက ပျော့နေတာမျိုး ဖြစ်နေလို့ မရပါ။
(၈) ဘက်ထရီငုတ်နဲ့ ဘက်ထရီကေဘယ် lug ခေါင်းတွေ တင်းကျပ်နေဖို့ လိုပါတယ်။ ဘက်ထရီကြိုးတစ်စက Body Earth ကြိုးချပြီး ထိမိနေဖို့ လိုသလို ကျန်တစ်စ (မီးကြိုး) က မော်တာ ဆိုလိုနွိုက်ငုတ်မှာ ထိထိမိမိ တင်းကျပ်နေဖို့ လိုပါတယ်။
(၉) ဘက်ထထရီချာဂျင် ဝင်တာ မှန်ဖို့ လုပ်ငန်းသုံးကား၊ Taxi ဆိုရင် ၆လတစ်ကြိမ်လောက် ဒိုင်နမိုကို စစ်ဆေးသင့်ပါတယ်။ ကိုယ်ပိုင်ကားဆိုရင်တော့ အသုံးနည်းတာကြောင့် ၁နှစ်ခွဲ ၂နှစ်လောက်မှ တစ်ကြိမ် ဒိုင်နမိုကို ဆားဗစ်ဆင်လုပ်ပါ။
(၁၀) မိုးရေအက်ဆစ်ထပ် ထည့်စရာမလိုတဲ့ ထိန်းသိမ်းစရာမလိုတဲ့ Maintenance Free battery တစ်မျိုးလည်း ရှိပါတယ်။
(၁၁)ဘက်ထရီကို လက်အိတ်နှင့် ကိုင်တွယ်ပါ။ ဘက်ထရီမှာ ခဲသတ္တု အဓိက ဖြစ်တာကြောင့် ခဲဆိပ်သင့်တာကို ဂရုစိုက်ပါ။ ဘက်ထရီကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။
ဘက်ထရီအား ပြည့် / မပြည့် ဘက်ထရီကို ဝါယာကြိုးတစ်ချောင်းဖြင့် ငုတ်နှစ်ငုတ်ကို ထောက်ပြီး မီးခတ်ကြည့်ခြင်းမျိုး လုံးဝမလုပ်ပါနှင့်။ ဘက်ထရီအိုးကွဲတတ်သည်။ အားသွင်းထားသော ဘက်ထရီအိုးထဲတွင် ဟိုက်ဒြိုဂျင် ပေါက်ကွဲခြင်းဖြစ်ကာ ဘက်ထရီအိုးပါ ပေါက်ကွဲတတ်ပါတယ်။ ဘက်ထရီအိုးကွဲပြီး ပွင့်ထွက်တာနဲ့ အက်ဆစ်တွေ မျက်နှာကို စင်နိုင်ပါတယ်။ အန္တရာယ် မဖြစ်အောင် သတိထားပြီး ကိုင်တွယ်ပါ။ ဘက်ထရီ ထိန်းသိမ်းမှု ကောင်းပြီး ချာဂျင်အဝင်မှန်ပါက သင့်ကားဘက်ထရီဟာ အမြဲတမ်းအသင့် အနေအထားမှာ ရှိနေနိုင်မှာပါ။

မင်္ဂလာပါခင်ဗျာလူကြီးမင်းများကုမ္ပဏီသုံး/ရုံးသုံးအတွက် ဖယ်ရီပြေးဆွဲဖို့ဘဲ  လချုပ် or နှစ်ချုပ် ချုပ်မလား မသွားမဖြစ် ခရီး...
26/06/2024

မင်္ဂလာပါခင်ဗျာ

လူကြီးမင်းများ
ကုမ္ပဏီသုံး/ရုံးသုံးအတွက် ဖယ်ရီပြေးဆွဲဖို့ဘဲ
လချုပ် or နှစ်ချုပ် ချုပ်မလား

မသွားမဖြစ် ခရီးစဉ်တွေအတွက် အချိန်ပိုင်း/ရက်ပိုင်းငှားမလား။

Toyota hiace 10seatorsလေးရှိပါတယ်ခင်ဗျာ။
With driver /driver အပါနဲ့ဘဲရပါမယ်။
Ownerတိုက်ရိုက်မို့ ဈေးနူန်းချိုသာစွာဖြင့်
ကုမ္ပဏ္ဏီ/ဖယ်ရီ/လချုပ်နှင့်
ခရီးစဉ်များအတွက် အသေးစိတ် ဆွေးနွေးရန်
လိုအပ်ခဲ့ပါက အောက်ပါဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
လူကြီးမင်းများ အချိန်ကို လေးစား‌ ‌ေသာ အားဖြင့် အထက်ပါစာကို သေချာ ဖတ်ပေးစေလိုပါတယ် ခင်ဗျာ။
U Lwin Moe Oo📞
(09966170709)

ငွေဆောင်သွားမယ်ဆိုရင်ငွေဆောင်သွားမယ်ဆိုရင် သိသင့်တဲ့ info နဲ့ ဟိုတယ်များငွေဆောင်ထဲကိုစဝင်ပြီဆိုရင် လမ်းကြောင်းက ဘယ် ညာ က...
03/06/2024

ငွေဆောင်သွားမယ်ဆိုရင်ငွေဆောင်သွားမယ်ဆိုရင် သိသင့်တဲ့ info နဲ့ ဟိုတယ်များ

ငွေဆောင်ထဲကိုစဝင်ပြီဆိုရင် လမ်းကြောင်းက ဘယ် ညာ ကွဲသွားပါတယ်
ဘယ်ဘက် / တောင်ဘက် ကတော့ ဟိုတယ်ကြီးတွေပဲရှိပြီး
ညာဘက် / မြောက်ဘက်မှာက ဟိုတယ်ကြီး/လတ် အစုံနဲ့ စျေးဝယ်လို့ လက်ဆောင်ဝယ်လို့ကောင်းတဲ့ စျေးတန်းကြီးနဲ့ စားသောက်ဆိုင်အတန်းလိုက်ကြီးရှိပါတယ်

ဆိုတော့ အကြံပေးချင်တာက
ကိုယ်တိုင်လည်းကားမောင်းလာတယ်.. သွားရလာရအခက်အခဲမရှိရင် ဘယ်ဘက်မှာရှိတဲ့ဟိုတယ်တွေကိုစဉ်းစားလို့ရတယ်
~~~~~~~
ဘယ်ဘက်ကိုမှ ညစျေးနဲ့လည်းနီး စျေးတန်းနဲ့လည်းနီးတဲ့ လမ်းခွဲနားက စပြီး အစဉ်အတိုင်း အဝေးကြီးရောက်တဲ့ထိ ဟိုတယ်တွေကိုစဉ်ထားပေးပါမယ်

1- Eskala Hotel and Resorts
Beach Bar ရှိတယ် ၊ ဟိုတယ်မတည်းလည်းသွားလို့ရတယ်
ဟိုတယ် compound ကအကျယ်ကြီးနဲ့ အုန်းပင်တွေအများကြီး မိုက်တယ်၊ ရေကူးကန်လည်းကျယ်တယ်ပြောလို့ရ
Sea view bungalow နေခဲ့ အခန်းကျယ်တယ် ၊ espresso ☕️ ကော်ဖီဖျော်တဲ့ စက်လေးတောင်ထားပေးသေးတယ်

2- Grand Ngwe Saung Resort
3- Emerald Sea Resort
4- Yuzana Resort
5- Ria Resort
6- Yamonnar Oo Resort
7- Ocean Blue Hotel
8- Hotel ACE ( ချစ်သူများကျွန်း နဲ့အနီးဆုံး )
သူကလည်းကျယ်တယ် ၊ ဖွင့်တာတော့ တော်တော်ကြာပြီ

လမ်းမှာ တော်တော်မောင်း ရွာတွေဖြတ်ပြီးမှ ဆက်မှာက

9- Yacht Club & Resort
Surfing 🏄‍♀️ လုပ်လို့ရ ၊ သီးသန့်ဆန်

သူ့ထက်ဝေးတာတွေရှိသေးတယ်
Excel Hotel , K Resort , Hotel21

~~~~~~~

ဆိုတော့ လမ်းခွဲအလယ်တည်တည့်ပြန်လာတော့
ညာဘက်ကို လမ်းခွဲရဲ့အနီးဆုံးကစပြောမယ်

1- Sandy Bay Resort
နေရာကအကျယ်ကြီးမဟုတ်ဘူး၊ ဒါပေမယ့် နေရထိုင်ရအဆင်ပြေတယ် ကျစ်ကျစ်လျစ်လျစ်လေးပေါ့ ၊ infinity pool လိုလေးလည်းရှိ ၊ ထူးခြားတာက သူ့မွှေ့ယာတွေကအကောင်းစားသုံးထားလို့ ထက်အိကြိုမသိတာတောင် နူးနူးညံ့ညံ့လေးနဲ့အိစက်နေတဲ့ feeling လေးရလိုက်တယ်
Bungalow ဆိုပေမယ့် သူက တစ်လုံးကို ၄ ခန်းလောက်ဖွဲ့စည်းထားတယ်၊ ပင်လယ်ရေနဲ့ဝေးတယ်, အခန်းနည်းတယ် , FO ကတစ်ယောက်စကားပြောတာတော့ ချေမိုးနေရောပဲ

2- Hotel LUX
သူတို့ ထက်အိမှန်းမသိပဲ အေးဆေး၄ရက် နေခဲ့တာ service အရမ်းချီးကျူးမိ ၊ ကိုယ်ကပြန်ခါနီးကို diving သင်တန်းတက်နေတာမို့ အနီးဆုံးအဲ့မှာနေဖြစ်တာ တော်တော်အဆင်ပြေတယ်
သူက ၃ ထပ်တိုက်နဲ့ ၂ထပ်တိုက်နဲ့ အခန်းဖွဲ့စည်းထားတယ် ၊ bungalow ကရှိတော့ရှိ နည်းတယ်
အသင်းအဖွဲ့အစည်းတွေလာတာများ ၊ မီးကတော့ ၂၄ နာရီမပေးဘူး ညနေ၆-မနက်၆

3- Center Point
အပေါ်က၂ ခုနဲ့ယှဉ်ရင် ပိုခမ်းနားတယ် ၊ အခန်းတွေကလည်းအသစ်တွေ ၊ စျေးတွေကတော့မတိမ်းမယိမ်းတွေပါပဲ ၊ ထက်အိတော့ ၂ ထပ်က sea view နေခဲ့တယ် ၊ ရေချိုးခန်းတံခါးကဖွင့်ရင်ဘေစင်နဲ့တိုက်နေတော့ ပြန်ပိတ်ပြီးမှသုံးလို့ရ

4- The Village Resort
ဟိုတယ်အသစ်ပဲ ၊ သူက တိုက်ကြီးထဲမှာအခန်းတွေဖွဲ့ထားတယ် ၊ အသစ်မို့သပ်ရပ်သန့်ရှင်းပေါ့

စားသောက်ဆိုင်နဲ့စျေးတန်းကဒီမှာဆုံးပြီ

5- Sunny Paradise
နေရာအကျယ်ကြီးနဲ့ bungalow တွေအများကြီးနဲ့ မိုက်တယ်

6- Aureum Palace
7- BOB (Bay of Bengal)
နေရာကျယ် အခန်းများ
သူကတော့ မြောက်ဘက် ဘေးဆုံးမှာပဲ

ဘတ်ဂျက် 💲
လူငယ်တွေအတွက် ဘတ်ဂျက် Guest House တည်းချင်ရင် နိုင်ငံခြားသား backpackers တွေကြားနာမည်ကြီးတဲ့ Dream House မှာတည်း
သူက ငွေဆောင်မှကြိုဆိုပါ၏ ဆိုင်းဘုတ်အကျော်တင်လမ်းမပေါ်မှာ (ကမ်းခြေဘက်ကို သုံးဘီးနဲ့ပို့ပေးတဲ့ free service ရှိ)

ဆိုတော့ ဟိုတယ်တွေတော့တော်တော်စုံပြီ

🍲🍛🍜🍤
စားသောက်ဆိုင်တွေပြောမယ်
ဆိုင်စားအတော်ကောင်းတာက
-🍤Golden Myanmar (ရွှေမြန်မာ)
ကိုတံငါ ဟင်းရည်ဆိုတာသူတို့စခဲ့တာ ၊ အဲ့ဟင်းရည် အရမ်းကောင်း must try , ဂုံးခြောက်စပ်/ရေဘဝဲခြောက်စပ်လည်း must , ကျန်တာအဆင်ပြေသလိုမှာ အကုန်ကောင်း

-🍤Garden Breeze (ငွေဆောင်အဝင်ဝလမ်းထိပ်က)
သူ့ရဲ့ ကဏန်း/ကဏန်းပျော့ မဆလာ က ရှယ်ကြီး must try , ထက်အိတို့ ၃ ခါလောက်စားခဲ့တာ

-🍤M3 ဆိုင်ကအကြီးကြီး စျေးလည်းနည်းနည်းကြီး (ကားတွေတော့အမြဲများ ၊ ထက်အိတို့စားကြည့်တာ ပုံမှန်ပါပဲ အကြိုက်ကြီးထဲမပါ နောက်နေ့ထပ်လာစားမယ်ဆိုတဲ့ထဲပေါ့)

🏄‍♀️🤿🏄🏄‍♂️
Extra Tips:
-အေးဆေးနေချင်ရင် ကျွန်းတွေ နဲ့ night market ပဲသွား
-ငှက်ကျွန်း နဲ့ ကျွန်းလျားရှည် (boat နဲ့သွားရတာ ၂ ခုပဲ) သူတို့က၃ခုလို့ပြောလိမ့်မယ် လိပ်ကျွန်းဆိုပြီး အာ့က ကျွန်းလျားရှည်ရဲ့ထိပ်ကပုစိလေးကို နောက်တစ်ကျွန်းပုံစံပြောတာပဲ
-ချစ်သူများကျွန်းက ရေကျတဲ့အချိန်ကမ်းခြေကနေ လမ်းလျှောက်သွားရုံပဲ (ဘာမှတော့မရှိဘူး ၊ လှတယ် ရေသူမရုပ်တုကြီးရှိတယ်)
-မြွေကျွန်း လို့ ဘုရားသုံးဆူ တို့က ဝေးတယ် ၃၀ မိနစ်လောက်မောင်းရတယ်
-ဘုရားသုံးဆူမှာ ကျောက်ဖျာကြီးတွေပေါ်ထိုင်ပြီး sunset ကြည့်လို့ကောင်းတယ်
-ရေအောက်ငုံ့တဲ့ Scuba Diving 🤿 လည်း tryလို့ရ (M3 စားသောက်ဆိုင်ရဲ့ မျက်စောင်းထိုးမှာ Myanmar Dive Centre ရှိ)
-beach bar လည်းသွားလို့ရ (Eskala hotel ရဲ့ကမ်းခြေမှာ)



"ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ"⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွား...
23/05/2024

"ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ"

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ် ဝှီးတပ် မှန် / မမှန်
ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ် ။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။
အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

☑ ၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရ်ှဘုတ် ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ စျေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု မဝယ်ဘဲ kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။

သိသလောက် မှတ်သလောက် လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။


#ကားအငှား

လက်ရှိအချိန်မှာ လျှပ်စစ်စွမ်းအင်သုံးအီးဗီကားတွေ ထုတ်လုပ်မှုတိုးမြင့်လာတဲ့ကမ္ဘာကြီးမှာတိုယိုတာကတော့ ဟိုက်ဒရိုဂျင်စွမ်းအင်...
22/05/2024

လက်ရှိအချိန်မှာ လျှပ်စစ်စွမ်းအင်သုံး
အီးဗီကားတွေ ထုတ်လုပ်မှုတိုးမြင့်လာတဲ့ကမ္ဘာကြီးမှာ
တိုယိုတာကတော့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်တွေကိုတီထွင်လာခဲ့ပါပြီ။
လက်ရှိမှာတော့ ဓာတ်ဆီအင်ဂျင်တွေနဲ့မောင်ရတဲ့ကားတွေနဲ့
လျှပ်စစ်ကားတွေက ကျွန်တော်တို့သုံးနေကျ
သမာရိုးကျနည်းပညာတွေပဲဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ တိုယိုတာဘက်က
ဟိုက်ဒရိုဂျင်စွမ်းအင်ကိုပဲ လောင်စာအနေနဲ့သုံးဖို့
အသည်းအသန်တီထွင်နေကြပါတယ်။
ဒါဆိုရင် သူတို့တွေဘာလို့ဟိုက်ဒရိုဂျင်ကိုပဲ
ဦးတည်ပြီးတော့ တီထွင်နေကြတာလဲ?
ဒီဟိုက်ဒရိုဂျင်သုံးအင်ဂျင်ကရော
ဘယ်လိုအလုပ်လုပ်တာလဲဆိုတာမေးစရာရှိပါတယ်။
တိုယိုတာဟာ သာမန်လျှပ်စစ်ကားတွေနဲ့မတူဘဲ
ဟိုက်ဒရိုဂျင်စွမ်းအင်သုံး
Mirai (မက်ရိုင်း)ဆိုတဲ့ကားကို
၂၀၁၅ ခုနှစ်တုန်းက ထုတ်လုပ်တော့မယ်လို့ကြေငြာခဲ့ဖူးပြီး
အခုနှစ်မှာတော့ တကယ်ပဲထွက်ရှိလို့လာခဲ့ပါပြီ။
ဒီမှာထူးခြားတာက ဒီကားအသစ်မှာသုံးထားတဲ့
ဟိုက်ဒရိုဂျင်အင်ဂျင်မှာကြီးကြီးမားမား
အားသာချက်တွေရှိနေတာပဲ ဖြစ်ပါတယ်။
အဲဒါကတော့ ဒီဟိုက်ဒရိုဂျင်အင်ဂျင်သုံးထားတဲ့
ကားဟာ Carbon dioxide ကို
သုံးညနီးပါးထုတ်ပေးတဲ့ အချက်ပဲဖြစ်ပါတယ်။
နောက်တချက်က ဆီစားသက်သာစေပြီးတော့
သူဟာ လေထဲကအောက်ဆီဂျင်ကို
စွမ်းအင်အတွက် စားသုံးမှုကြောင့်
ဒီမှာ နိုက်ထရိုဂျင်ပါလျော့နည်းစေတာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီကားမှာသုံးထားတဲ့
ဟိုက်ဒရိုဂျင်အင်ဂျင်တွေဟာ
သမာရိုးကျအင်ဂျင်တွေထက်စာရင် မီးခိုးထုတ်လွှတ်မှုနည်းပါးပြီးတော့
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချပေးပါတယ်။
ဒီမှာ ဟိုက်ဒရိုဂျင်နဲ့ အင်ဂျင်တွေကို
ဘယ်လိုလည်ပတ်အောင်ပြုလုပ်ထားလဲဆိုရင်
ဒါရဲ့အဖြေက သူ့အင်ဂျင်ရဲ့ဒီဇိုင်းပဲဖြစ်ပါတယ်။
ဟုတ်ပါတယ် တိုယိုတာကုမ္မဏီဟာ
ဟိုက်ဒရိုဂျင်လောင်စာနဲ့အဆင်ပြေအောင်
အင်ဂျင်တွေကို အစအဆုံးအသေးစိတ်ပြုပြင်ပြောင်းလဲပစ်ခဲ့ပါတယ်။
ဥပမာ Toyota ရဲ့ GR Yaris (ရာရက်စ်) နှင့်
Gr Corolla (ခိုရိုလာ) ဆိုတဲ့ကားစီးရီးတွေမှာ
1.6 လီတာ,တာဘိုအားသွင်းနိုင်တဲ့
ဆလင်ဒါအင်ဂျင်မျိုးကို သူတို့ဟာ ပြောင်းထည့်ခဲ့ပါတယ်။
ပြီးတော့ ဖိအားမြင့်တဲ့ဟိုက်ဒရိုဂျင်ကိုသိုလှောင်နိုင်ဖို့အတွက်
ဆီတိုင်ကီကိုလည်းပိုအကြမ်းခံအောင်ပြုလုပ်ထားပါသေးတယ်။
ဆိုတော့ ဒီမှာအင်ဂျင်ပုံစံလည်းမတူတော့တဲ့အပြင်
လောင်စာနဲ့၊ အတွင်းပိုင်းအစိတ်အပိုင်းတွေက
တော်တော်လေးကွဲသွားပြီပဲဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက
ဒီမှာ ဟိုက်ဒရိုဂျင်က ဓာတ်ဆီတွေထက်
လောင်ကျွမ်းအားပိုမြန်ပြီးတော့ အင်ဂျင်ကိုမြန်မြန်အလုပ်လုပ်စေတာပါပဲ။
ဒါ့ကြောင့် ဒါဟာ မော်တော်ကားလောကအတွက်တော့
တော်တော်လေးအကျိုးရှိစေတဲ့ထုတ်လုပ်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာကကော?
လက်တွေ့မှာလည်း တိုယိုတာဟာ
သူ့ရဲ့ဟိုက်ဒရိုဂျင်သုံးကားတွေကို
ဆက်တိုက်မိတ်ဆက်နေပြီးတော့
ပတ်ဝန်းကျင်မှာလည်း ဒီနည်းပညာနဲ့ပက်သက်ပြီးတော့
တက်တက်ကြွကြွလုပ်ဆောင်နေလျှက်ရှိနေပြီး
Corolla Sport (ခိုရိုလာ) ဆိုတဲ့ ကားပြိုင်ပွဲတွေမှာ
ဟိုက်ဒရိုဂျင်စွမ်းအင်သုံး G16E အင်ဂျင်ကိုတပ်ဆင်ထားတဲ့ပြိုင်ကားဟာ
ပိုမိုက်တဲ့စွမ်းဆောင်ရည်တွေနဲ့သက်သေပြခဲ့ဖူးပါတယ်။
ဒီမှာတော့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်ကြောင့်
အဲ့ဒီပြိုင်ကားဟာ သာမန်ကားတွေထက် ပိုမြန်လာသလို၊
ပိုပြီးညက်ညောတဲ့စွမ်းအင်ကိုပေးစွမ်းတာကြောင့်
အခုလိုဟိုက်ဒရိုဂျင်လောင်စာဟာ
ပိုသုံးသင့်တဲ့စွမ်းအင်အရင်းအမြစ်တခုအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့မေးစရာရှိတာက
ဒီအင်ဂျင်တွေထုတ်လိုက်ရတဲ့
တိုယိုတာရဲ့အဓိကရည်မှန်းချက်ဘာလဲဆိုတာပါပဲ။
ဒီမှာ ဒါနဲ့ပတ်သတ်ပြီးပြောရရင် တိုယိုတာဟာ
ပိုကောင်းပြီးပိုညက်ညောတဲ့ အင်ဂျင်တစ်မျိုးကို တီထွင်လိုက်ရုံတင်မကပဲ
ဒါဟာ ရေရှည်မှာလူသုံးများတော့မယ့်
အနာဂတ်အင်ဂျင်တစ်ခုကိုတီထွက်လိုက်တာပဲ ဖြစ်ပါတယ်။
အခုလက်ရှိတိုရိုတာစီအီအိုရဲ့ပြောစကားအရ
2050 ခုနှစ်လောက်မှာ သူတို့ကားကုမ္မဏီရဲ့
ဒီတီထွင်မှုအသစ်တွေကို လူသုံးများလာဖို့မျှော်မှန်းထားပြီးတော့
ဒီခြေလှမ်းအသစ်မှာဟိုက်ဒရိုဂျင်အင်ဂျင်တွေဟာ
အရေးအကြီးဆုံးဇာတ်ကောင်တွေဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။
နောက်တချက်က ဒီဟိုက်ဒရိုဂျင်အင်ဂျင်တွေဟာ
တီထွင်မှုတခုထက်ပိုနေတာပဲ ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ဒါဟာ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့လေထုကို
လျော့ချပေးတဲ့အပြင် လူ့အဖွဲ့အစည်းအတွက်
အကျိုးဖြစ်စေတဲ့ဆန်းသစ်တီထွင်မှုတခုလည်း ဖြစ်နေတာကြောင့်ပါပဲ။
ဒီလိုအဘက်ဘက်ကနေပိုကောင်းအောင်ချဉ်းကပ်ထားတဲ့
တိုယိုတာဟာ လက်ရှိကားတွေကိုကျော်တက်ပြီးတော့
အကောင်းဆုံးလွှမ်းမိုးနိုင်လိမ့်မယ်လို့လည်း
ယုံကြည်နေတဲ့အပြင် လျှပ်စစ်ကားလုပ်ငန်းတွေပါ
ပိတ်သိမ်းသွားရမယ့်အထိပြုလုပ်နေတဲ့ပုံပါပဲ။
နောက်ထပ်လည်း ဒီဟိုက်ဒရိုဂျင်အင်ဂျင်တွေဟာ
ပတ်ဝန်းကျင်ကိုအကျိုးပြုစေတဲ့အပြင်၊
သမာရိုးကျအင်ဂျင်တွေနဲ့လည်းရင်းနှီးကျွမ်းဝင်မှုရှိတာကြောင့်
လူတိုင်းသုံးဖို့လွယ်တဲ့အနေအထားတစ်ခုဖြစ်တာကတစ်ကြောင်းနဲ့
လက်ရှိမှာ တိုယိုတာဟာ သမာရိုးကျကားလောကကို
စိန်ခေါ်လို့နေပြီးတော့ ရေရှည်မှာ
ဘယ်လိုကားမျိုးကိုလူတွေစိတ်ဝင်စားလာကြမလဲဆိုပြီးတော့
စောင့်ကြည့်အကဲဖြတ်နေကြလျှက်ရှိပါတယ်။
ဒါ့ကြောင့်ပရိတ်သတ်တို့ရော
ဒီလိုရေထည့်မောင်းလို့ရတဲ့ကားထွက်လာခဲ့ရင်
ဝယ်စီးဖြစ်မလားဆိုတာကို ပြောသွားခဲ့ကြပါဦးနော်။

သင့်ကားဘထ္ထရီအိုးကို သက်တမ်းတိုစေတဲ့ အကြောင်းအရင်းများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘထ္ထရီအိုးဆိုတာ ကျ...
10/05/2024

သင့်ကားဘထ္ထရီအိုးကို သက်တမ်းတိုစေတဲ့ အကြောင်းအရင်းများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘထ္ထရီအိုးဆိုတာ ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ ကားတိုင်းရဲ. မရှိမဖြစ်အရေးကြီးတဲ့ ပစ္စည်းတခုပါ

ကားဘထ္ထရီအိုးနဲ. အားသွင်းစနစ်မကောင်းရင် လမ်းခရီးမှာ
သွားရင်းလာရင်း ဘထ္ထရီအားကုန် ချက်မီးလင်း ကားစက်ထိုးရပ်တာတွေ ၊ ကားရပ်ထားပြီး ပြန်နှိုးမရတာတွေ ကြုံဖူးကြမှာပါ ။

ဒါပေမယ့် ကားဘထ္ထရီအိုးတလုံးကို ဘယ်လိုသက်တမ်းကြာရှည်အောင် သုံးစွဲရမယ် ၊
မထင်မှတ်ထားတဲ့ ဘယ်လိုအပြုအမူတွေက ကားဘထ္ထရီသက်တမ်း တိုစေတယ်ဆိုတာမျိုးတွေကို သိတဲ့သူနည်းပါလိမ့်မယ် ။

ဒီနေ.တော့
ကားဘထ္ထရီနဲ. ပတ်သတ်တဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို.ကို ဝေမျှချင်ပါတယ် ။

ကျနော်တို.လက်ရှိအိမ်စီးကား တက္ကစီအစရှိတဲ့ ကားလေးလောကမှာ ကားတိုင်းလိုလို မတူကွဲပြားတဲ့ ကားဘထ္ထရီ Brand တွေ အမျိုးအစားတွေကို အသုံးပြုနေကြပါတယ် ။

ဘထ္ထရီအိုးနာမည်တွေနဲ. ဘထ္ထရီအိုး အကြီးအသေး ဆိုက်အမျိုးမျိုးကွဲပြားပေမယ့် အဓိက အခြေခံတွေကတော့ တူညီပါတယ် ။

အဓိက တူညီတာတွေကတော့ 12 V DC အမျိုးအစားကို အသုံးပြုတာရယ် ၊
♂️အိုးစို ( Destilled water -မိုးရေ နဲ. အက်ဆစ် ပြန်လည်ဖြည့်တင်းပေးရတဲ့ အမျိုးအစား) ၊
♂️အိုးခြောက် (maintenance free) အမျိုးအစား သုံးတာရယ်ကတော့ ဘယ်ကားမဆိုတူညီပါတယ် ။

12V ကားဘထ္ထရီအိုးကို အခြေခံအားဖြင့် အပေါင်းငုတ် ( Positive Terminal ) ၊ အနှုတ်ငုတ် (Negative Terminal ) ရှိပြီး အခန်း 6 ခန်းနဲ.ဖွဲ.စည်းတည်ဆောက်ထားပါတယ် ။

အခန်း 1 ခန်းကို 2.1 V ရှိပါတယ်
အဲဒီအခန်း 6 ခန်းကို အပေါင်း( + ) နဲ. အနှုတ် ( _ ) Series ချိတ်ဆက်ထားခြင်းဖြင့် 12 V ရအောင်ဖန်တီးထားတာပါ ၊
အတိအကျဆိုရင်တော့ 12.6 V ရှိရပါမယ် ။

ကားမှာပါတဲ့ ဘထ္ထရီအိုးကို မှီခိုနေတဲ့ ကားရဲ. အခြားအရေးပါတဲ့ စနစ်တွေကတော့
🔹Starting System ဆိုတဲ့ Starter Motor ကိုလည်စေတဲ့ ကားစက်နှိုးစနစ်
🔹Lighting System ဆိုတဲ့ ကားရှေ.နောက် အချက်ပြ ၊ အတွင်းခန်းမီးစတဲ့ စနစ်
🔹Horn ဆိုတဲ့ ကားအချက်ပေး ဟွန်းစနစ်
🔹Air-Conditioning System ဆိုတဲ့ ကား အအေးပေးစနစ်
🔹Cooling System မှာပါတဲ့ Fan Motor တွေကို လည်စေတဲ့ စနစ်
🔹Audio System ဖြစ်တဲ့ TV , Radio နဲ. Sound Box တွေအသုံးပြုတဲ့စနစ်
🔹Security System ဖြစ်တဲ့ Power Window , Door Lock
ECU ( Engine Control Unit ) စတဲ့ ကားအတွက်အရေးကြီးတဲ့ စနစ်ပေါင်းများစွာ ကားဘထ္ထရီအိုးတလုံးပေါ်မှာ မှီခိုအသုံးပြုနေတာပါ ။

🔺ဘထ္ထရီအိုးပေါ်မှာ ရေးထားတဲ့ ကိန်းဂဏန်းတွေက ဘာတွေလဲ ?

ဟိုးအရင်ကားတွေမှာအသုံးပြုတဲ့ ဘထ္ထရီတွေကိုတော့ 60 အိုး 70 အိုး 100 အိုး အစရှိသဖြင့် ဘထ္ထရီအိုးရဲ. ဆိုက်အမျိုးအစားတွေကို ကားလောကထဲမှာ အရပ်ခေါ် ခေါ်ဝေါ်အသုံးပြုတတ်ကြပါတယ် ။

တကယ့်ဆိုလိုရင်းကတော့ 60 Ah , 70 Ah , 100 Ah ကိုဆိုလိုတာပါ ၊

Ah ဆိုတာ (Ampere-Hour) ဆိုလိုတာဖြစ်ပြီး တစ်နာရီအတွင်း ဘထ္ထရီအားကုန်သည်အထိ သုံးစွဲနိုင်တဲ့ (Current ) Ampere စီးဆင်းနိုင်မှုနှုန်းကို ဆိုလိုတာပါ ။

တနည်းအားဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်နိုင်စွမ်းအားကို ၀န်သုံးဆွဲနိုင်မှု ခံနိုင်ရည်အားကို ရည်ညွှန်းထားတာပါ ။

ဥပမာအားဖြင့် 60 Ah အိုးတလုံးဟာ 60 Ampere current ဆွဲတဲ့ ပစ္စည်းတခုခု (Load) တခုသုံးစွဲမယ်ဆိုရင် ဒီဘထ္ထရီအိုးကိုလုံး၀အားကုန်သည်အထိ 1 နာရီကြာအောင် သုံးစွဲနိုင်မယ်ဆိုလိုတဲ့ သဘောပါ ။

ဒီလိုိဆိုရင် 70 Ah , 100 Ah အစရှိသဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်မှု စွမ်းအားမြင့်လေလေ ၀န်ထမ်းနိုင်မှု ပိုမြင့်လာလေလေပါပဲ ။

အခုနောက်ပိုင်း ဘထ္ထရီအိုးတွေကိုတော့
46B24L
70D23L
80D23R
90D31L
115D31R အစရှိတဲ့ ကုဒ်နံပါတ်တွေနဲ. ဖော်ပြလာကြပါပြီ ၊

အဲ့ဒါတွေကရော ဘာကိုဆိုလိုသလဲဆိုရင်တော့
ဥပမာ 46 B 24 L ကိုပဲ ကြည့်လိုက်ရင်

ရှေ.ဆုံးမှာရှိတဲ့ 46 ဆိုတာက အဲ့ဘထ္ထရီအိုးရဲ. ဘထ္ထရီအားသိုလှောင်နိုင်စွမ်း Capacity ကိုဆိုလိုတာပါ ၊

B ဆိုတာကတော့ ဘထ္ထရီအိုးရဲ. အနံနဲ. အမြင့်အတွက် သတ်မှတ်ကုဒ်တခုပါ ၊

24 ဆိုတာကတော့ အဲ့ဒီဘထ္ထရီအိုးရဲ. အလျားဖြစ်ပြီး Cm (စင်တီမီတာ) နဲ.ဖော်ပြထားတာပါ ၊

L ကတော့ ဘထ္ထရီအိုးမှာရှိတဲ့ Negative Terminal ( _ ) အနှုတ်ငုတ်ကို ဘယ်ဖက်ခြမ်း ( Left ) မှာရှိတယ်လို.ဖော်ပြထားတာပါ ။

ခုနောက်ပိုင်း
ဘထ္ထရီအိုးတွေမှာ ဒီလို ကုဒ်နံပါတ်တွေနဲ. ဘထ္ထရီအိုးရဲ. ဆိုက်အရွယ်အစား ဘထ္ထရီအားသိုလှောင်နိုင်မှု ပမာဏ အပေါင်းအနှုတ်ခေါင်းတွေရဲ. တည်နေရာ တွေကို အတိအကျလာတာမို. တူညီတဲ့ ကုဒ်နံပါတ်အမျိုးအစားရှိတဲ့ ဘထ္ထရီအိုးမှသာ ကားမှာတပ်ဆင်အသုံးပြုလို. အဆင်ပြေမှာဖြစ်ပါတယ် ။

🔻🔻ကားဘထ္ထရီမကောင်းတော့ဘူးဆိုရင် သိသာစေတဲ့ အချက်တွေကတော့ ..

🔸ကားစက်စ နှိုးလိုက်ချိန်မှာ ဘထ္ထရီ၀ပ်ပြီး မှစက်နှိုးသွားမျိုး ၊
🔸Starter Motor က အီပြီးမှ နှိုးသွားတာမျိုးတွေဟာ ကားဘထ္ထရီကျလာပြီ ၊ ဘထ္ထရီမကောင်းတော့ဘူးဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တချက်ပါ ။

ကားကို မမောင်းဘဲ ရက်အတော်ကြာရပ်ထားပြီး ကားပြန်စက်နှိုးလို.မရတာမျိုးကလည်း ကားဘထ္ထရီသိပ်မကောင်းတော့ဘူးဆိုတာ ပြတဲ့အချက်ပါ ။

ကားမောင်းနေရင် အားလုံးအိုကေ ၊
ကားရပ်ပြီး ချက်ခြင်းပြန်နှိုးမရတော့ဘူး ၊
ဘထ္ထရီထောက်နှိုးမှရတယ်ဆိုတာမျိုးကလည်း ကားဘထ္ထရီမကောင်းတော့တဲ့ လက္ခဏာပါ ။

ဘထ္ထရီအိုးက ကားစက်နှိုးထားချိန် လိုအပ်တာထက် အပူချိန်မြင့်တာ ၊
ပူနေတာကလည်း ဘထ္ထရီအိုးမကောင်းတဲ့ လက္ခဏာပါ ။

ဘထ္ထရီအိုး ဗိုက်ပူလာတာ ၊ ဖောင်းလာတာမျိုးကလည်း ဘထ္ထရီအိုးမကောင်းတော့ဘူးဆိုတာကို ဖော်ပြနေတာပါ ။

နောက်တမျိုး ကားဘထ္ထရီကောင်းမကောင်း စစ်ဆေးနိုင်တာမျိုးကတော့

ပုံမှန် ဘထ္ထရီအိုးကောင်းတလုံး ရဲ. Voltage က 12.60 V လောက်ပျမ်းမျှရှိပြီး ၊
ကားစက်စစနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို.အား Voltage Drop က 11. V ကနေ 10. V ထိပဲဆင်းသွားပါတယ် ။
ဒါက အားပြည့်နေတဲ့ ဘထ္ထရီအိုးကောင်းတစ်လုံးအတွက်ပါ ။
ဒါကို Digital Multimeter နဲ.တိုင်းတာကြည့်ရပါတယ် ။
11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီ ဘထ္ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ် ။
သင့်ကား လမ်းမှာ ဘထ္ထရီ၀ပ်စရာ မရှိနိုင်ပါ ။

အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5 V လောက်ထိ ဗို.အားထိုးကျသွားတတ်ပါတယ် ။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင့် အသင့်အတင့်သုံးရပါတယ် ။
ပုံမှန်အားဖြင့် ဒီလောက်ဆို ဘထ္ထရီအိုးအားထိုးကျသွားတာ ဖြစ်ခဲပါတယ် ။

ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘထ္ထရီ ဗို.အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ၊ ခရီးသွားဖို. ဘယ်လိုမှ စိတ်မချရတော့ပါဘူး ၊

ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ၊ ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘထ္ထရီအားကျပြီး စက်ပြန်နှိုးလို.မရတဲ့ ပြဿနာနဲ. ကြုံ.တွေရနိုင်ပါတယ် ။

ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ. Voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ် ။

ကားစက်နှိုးထားပြီး ဘက်ထရီမှာ တိုင်းတာလိုက်လို. 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ. အားသွင်းစနစ်တခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို.လို.နေပါပြီခမျာ ။

❗ကားဘထ္ထရီအိုးသက်တမ်းတိုစေတဲ့ အပြုအမူတွေကတော့..

✴️1. ဘထ္ထရီ အပေါင်းအနှုတ်ခေါင်း ( Terminal ) တွေကို သေချာမကြပ်ထားတာပါ

ဒီလို ဘထ္ထရီခေါင်းတွေကို သေချာမကြပ်တည်းထားဘဲ ကားမောင်းနေတဲ့ သူတွေကို မကြာခဏတွေ.ရပါတယ် ၊
ကားဘထ္ထရီခေါင်းတွေကို သေချာမကြပ်တဲ့အတွက် ကားမှာရှိတဲ့ Electronic နဲ. Electrical ပစ္စည်းတွေကနေ ၀န်အားဆွဲတဲ့အခါမှာ ကားဘထ္ထရီအားဆွဲတချက် လွတ်တချက်မို. ဘထ္ထရီအိုးကို နာစေပါတယ် ။

ဘထ္ထရီအိုးကို ဒိုင်နမို ( alternator) ကနေ အားသွင်းတဲ့အခါမှာလည်း မိလိုက် လွတ်လိုက်ဖြစ်စေပါတယ် ။

ဒီလိုနဲ.ရက်ပေါင်းများစွာ အသုံးပြုလာတဲ့အခါမှာ ဘထ္ထရီအိုး ရဲ. Voltage တွေ Current တွေ မတည်ငြိမ်စေတော့ဘဲ ဘထ္ထရီအိုးကိုသက်တမ်းတိုစေပါတယ် ။

✴️2. ဘထ္ထရီအိုး အထိုင်သေချာမငြိမ်တာ

ကားဘက်ထရီအိုး အထိုင်ကို တည်ငြိမ်အောင်မထားတာ ၊
ဘထ္ထရီအိုးကို ရှေ.နောက် ဘယ်ညာ ယိမ်းထိုးစေတာ မျိုးကလည်း ဘထ္ထရီအိုးရဲ. အတွင်းပိုင်းပစ္စည်းတွေ အက်စစ်တွေကို မတည်ငြိမ်ဘဲ လှုပ်ရှားစေမို. ကားဘထ္ထရီသက်တမ်းကို တိုစေပါတယ် ။
ဒါကြောင့် ခုနောက်ပိုင်းကားတွေမှာဆိုရင် ကားဘထ္ထရီအိုးတည်ငြိမ်ဖို. ဘထ္ထရီအိုးအထိုင်တွေကို ချုပ်တန်းလေးတွေနဲ.တည်ငြိမ်အောင် ဖမ်းထားတာဖြစ်ပါတယ် ။

✴️3. ဘထ္ထရီအိုးအားကုန်အောင် ခဏခဏ သုံးမိတာ

တချို.ကားမောင်းတဲ့သူတွေရှိပါတယ် ၊ ကားရပ်ထားတဲ့အချိန် အတွင်းခန်းမီးတွေ ဖွင့်ထားခဲ့မိတာ ၊
Silent မီးတွေဖွင့်ထားခဲ့မိတာ ကားသော့ကို Acc မှာထားမိတာ ၊
တချို.ကားတွေမှာဆိုရင် Brake Switch တွေကပ်ပြီး ဘရိတ်မီးတွေလင်းနေတာမျိုးတွေကြောင့် ကားဘထ္ထရီကုန်သွားတာမျိုးတွေဖြစ်တတ်ပါတယ် ။
အဲ့လို ဘထ္ထရီ ခဏခဏကုန်အောင်သုံးမိတတ်တာတွေကြောင့်လည်း ကားဘထ္ထရီအိုးရဲ. သက်တမ်းကို တိုစေပါတယ် ။

✴️4. Starter Motor အကြီးတွေသုံးတာ

တချို. ကားဆရာတွေက ကားစက်နှိုးလို. လွယ်အောင်ဆိုပြီး မူရင်းပါလာတဲ့ Starter Motor တွေအစား မော်တာအကြီးစားတွေ ပြောင်းလဲသုံးစွဲတတ်ပါတယ် ။
ကားစက်နှိုးရတာ ပိုမြန်တယ် ၊ ပိုကောင်းတယ်ဆိုပြီး Start Motor တွေပြောင်းသုံးတာကြောင့်လည်း ဘထ္ထရီသက်တမ်းကို လိုတာထက်ပိုတိုစေပါတယ် ။

ဘာကြောင့်ဆိုရင် မူရင်းမော်တာတွေက Current ဆွဲတာ နည်းပြီး ၊ မလိုဘဲ အပိုတပ်ဆင်လိုက်တဲ့ မော်တာအကြီးတွေက Current တွေကို ဆောင့်ဆောင့်ဆွဲတာကြောင့် ကားဘထ္ထရီမြန်မြန်ပျက်ပြီး သက်တမ်းတိုစေတာပါ ။

✴️5. ကားစက်မနှိုးခင် မီးကြီးတွေဖွင့်တာ

တချို.ကားမောင်းတဲ့သူတွေမှာ အဲ့လိုအမူအကျင့်တွေရှိပါတယ် ၊
ကားပေါ်တက် စက်မနှိုးရသေးခင် ရှေ.မီးကြီးတွေဖွင့် တဲ့ အကျင့်တွေရှိပါတယ် ၊

အဲ့ဒါမျိုးက တခါတရံဆို ပြဿနာမရှိပေမယ့် အမြဲလိုလိုလုပ်တတ်တယ်ဆိုရင်တော့ ကားဘထ္ထရီကို ဒုက္ခပေးပြီး သက်တမ်းတိုစေပါတယ် ။

✴️6. ကားစက်မနှိုးထားဘဲ AC တွေ Fan တွေဖွင့်သုံးတာ

ဒါကတော့ တော်တော်များများဖြစ်တတ်ကြပါတယ် ၊ ကားစက်မနှိုးခင် အတွင်းခန်း Blower Fan တွေကိုဖွင့်ထားမိတာ ၊
အတွင်းပိုင်း Audio ပိုင်းတွေ ၊ အတွင်းခန်းမီးတွေကို ဖွင့်ထားမိတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို တိုစေတတ်ပါတယ် ။

✴️7. Alternator မကောင်းတာ

ဘထ္ထရီအားသွင်းစနစ်ဖြစ်တဲ့ Alternator တွေရဲ. ဘထ္ထရီအားသွင်းစနစ် Under Charge အားသွင်းဗိုစ့်အားနည်းတာ ၊
Over Charge အားသွင်းဗိုစ့်အားများတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို မြန်မြန်ကုန်ဆုံးစေပါတယ် ။

✴️8. Short ကျပြီး Load ဆွဲတာ

ကားဝါယာရိန်းစနစ် ဒါမှမဟုတ် Electrical နဲ.သက်ဆိုင်တဲ့ ပစ္စည်းတခုခုပျက်စီးယိုယွင်းပြီး ကားစက်သတ်ရပ်ထားချိန် Amp ( Current) ဆွဲနေတာကြောင့် နာရီပိုင်းလောက်ကားရပ်ထားပြီး ကားဘထ္ထရီအားကုန်တာမျိုးတွေကလည်း ကားဘထ္ထရီကို သက်တမ်းတိုစေတတ်ပါတယ် ။

ဒါမျိုးဖြစ်တယ်ဆိုရင်တော့ ဘထ္ထရီအိုးအသစ်လဲရုံနဲ.မရဘဲ Load ဆွဲနေတဲ့ ပြစ်ချက်ကို ရှာမှ ဘထ္ထရီပျက်စီးတာ ရပ်တန်.မယ်ဖြစ်ပါတယ် ။

ဒီအချက်တွေက
အမှတ်မထင်ပြုမူမိတတ်တဲ့ ကားဘထ္ထရီသက်တမ်းတိုစေတဲ့ အခြေခံအကြောင်းရင်းတွေပါ ။

ဒီအချက်တွေကို သတိထားမယ်ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့ ကားဘထ္ထရီသက်တမ်း ၁နှစ် အထိ အပျက်အစီးအယိုအယွင်းမရှိဘဲ ကြာရှည်ထိန်းထားနိုင်ပြီး သက်တမ်းပြည့်သည်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Rangoon Empire posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share