10/10/2026
#ကိုယ့်ဟာကိုယ်_ကယ်တင်ပါ
ကုသိုလ်အလုပ်၊ တရားအလုပ်
လုပ်ကြတယ်ဆိုတာ ကိုယ့်ဟာကိုယ်
ကယ်ဆယ်ရေးလုပ် နေတာပါ။
အကောင်းတရားတွေ ရအောင်
ကိုယ့်ဟာကိုယ် ဆယ်ယူနေတာ။
ဆင်းရဲတွင်းသို့ ကျရောက် မသွားရအောင်
ကိုယ့်ဟာကိုယ် ကယ်တင်နေတာ။
နေ့စဉ် ကုသိုလ်အလုပ်၊
တရားအလုပ်တွေ လုပ်ပြီးတော့
ကိုယ့်ဟာကိုယ် ကယ်ဆယ်ရေး လုပ်နေကြရမှာ။
ကယ်တင်ရှင်အစစ်က ကိုယ့်ဟာကိုယ်ပဲ
ဘဝကူး အခက်အခဲ အကြပ်အတည်း
အားလုံးကို ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းကြရမှာ။
ဘဝကူး အခက်အခဲ အကြပ်အတည်းဆိုတာ
လူတိုင်း ကြုံတွေ့ကြရဦးမှာ။
အရေးကြုံလာခါမှ "အဖေကယ်ပါ,
အမေကယ်ပါ " ထ လုပ်လို့ မရတော့ဘူး၊
အချိန်ရှိတုန်းလေး ကိုယ့်ဟာကိုယ်
ကယ်ဆယ်ရေး လုပ်ထားကြ။
#တိပိဋကဓရ_ယောဆရာတော်ကြီး 🙏🙏🙏