Hornbill Wings - ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ် အရောင်း၀န်ဆောင်မူ ဌာန

  • Home
  • Myanmar
  • Yangon
  • Hornbill Wings - ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ် အရောင်း၀န်ဆောင်မူ ဌာန

Hornbill Wings - ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ် အရောင်း၀န်ဆောင်မူ ဌာန " Customer Satisfaction Is Our Pleasure 🙏 "

26/07/2026

ကျနော့် ချစ်မိတ်ဆွေများကို လေဆိပ် Immigration ကနေမှ လှည့်ပြန်ခိုင်းခြင်းမျိုး မဖြစ်ရလေအောင်Hotel Booking information ဖြည့်ရာတွင် ဆောင်ရန်ရှောင်ရန်လေးများကို အောက်Video လေးနဲ့ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ
---------------------------------

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(Line,Viber)

☎️ +959766581337(RGN)

☎️ +959772217014(RGN)/(Viber)

#လေယာဥ်လက်မှတ်

ကြော်ညာလေး ခဏဝင်ပါရစေခင်ဗျာ 🚨ကျွန်တော်များ  HelpGoမှ တာဝန်ယူဆောင်ရွက်မူပေးသော ခွန်ထိုင်းဘဏ်အကောင့်ဖွင့်ခြင်းအလုပ်ကို ကျွ...
24/07/2026

ကြော်ညာလေး ခဏဝင်ပါရစေခင်ဗျာ 🚨

ကျွန်တော်များ HelpGoမှ တာဝန်ယူဆောင်ရွက်မူပေးသော ခွန်ထိုင်းဘဏ်အကောင့်ဖွင့်ခြင်းအလုပ်ကို ကျွန်တော့်မိတ် ဆွေများထံသို့ ဝန်ဆောင်မူပေးရန်အဆင်သင့်ရှိနေပါပြီခင်ဗျာ ခါပွန်ခ🙏

Contact No +66985647060 (Viber , Line)
+66956462127 (Viber , Line)

___________________________

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(Line,Viber)

☎️ +959766581337(RGN)

☎️ +959772217014(RGN),(Viber)

#လေယာဥ်လက်မှတ်

⁨⁨ပြည်ပပြန်ခရီးသည်များ ဖုန်းမှတ်ပုံမတင်ပါက အခွန်အပြင် ဒဏ်ငွေပါ ဆောင်ရမည်ဟု  ထုတ်ပြန်MizzimaEAEလေကြောင်းမှဝင်ရောက်လာသည့် ...
14/07/2026

⁨⁨ပြည်ပပြန်ခရီးသည်များ ဖုန်းမှတ်ပုံမတင်ပါက အခွန်အပြင် ဒဏ်ငွေပါ ဆောင်ရမည်ဟု ထုတ်ပြန်

MizzimaEAE

လေကြောင်းမှဝင်ရောက်လာသည့် နိုင်ငံတကာခရီးသည်များသည် ဆိုက်ရောက်ပြီး ရက် ၃၀ အတွင်း ပတ်စပို့မိတ္တူ၊ လေယာဉ်တက်ခွင့်လက်မှတ်နှင့် လေယာဉ်လက်မှတ်များ တင်ပြကာ စစ်အုပ်စု၏ ဗဟိုစက်ပစ္စည်းအထောက် အထားမှတ်ပုံတင်စနစ် (CEIR) တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက အခွန်အပြင် ဒဏ်ငွေပါ ဆောင်ရမည်ဖြစ်ကြောင်း စစ်အုပ်စုထိန်းချုပ်မီဒီယာက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါသတ်မှတ်ချက်ကို မတ်လက မှတ်ပုံတင်စနစ် စတင်ခဲ့သည့် CEIR နှင့် EIR စနစ်စီမံကိန်း ဦးဆောင်ကော်မ တီက ထုတ်ပြန်ခြင်းဖြစ်ပြီး နယ်စပ်ဂိတ်များနှင့် ရေလမ်းဆိပ်ကမ်းများမှ ဝင်ရောက်သူများအထိ စစ်အုပ်စုက တိုးချဲ့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်၏ တစိတ်တပိုင်းဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြသည်။

CEIR စနစ်သည် ဆင်းမ်ကတ် (SIM) သာမက ဖုန်းလိုင်းကွန်ရက် ချိတ်ဆက်အသုံးပြုမည့် လက်ကိုင်ဖုန်းတိုင်း၏ အပြည်ပြည်ဆိုင်ရာ မိုဘိုင်းစက်ပစ္စည်းအထောက်အထား (IMEI) နံပါတ်ကိုပါ မှတ်ပုံတင်ရန် လိုအပ်သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ကို ထိန်းချုပ်ထားသော မြန်မာစစ်အုပ်စုတပ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ခုခံမှုကို ရင်ဆိုင်နေရစဉ် ဆက်သွယ်ရေးအခြေခံအဆောက်အအုံအပေါ် ချုပ်ကိုင်မှု တဖြည်းဖြည်း တင်းကျပ်လာသည်။ မတ်လ ၃၁ ရက်မတိုင်မီ မြန်မာဆင်းမ်ကတ်ဖြင့် ချိတ်ဆက်အသုံးပြုနေသည့် ဖုန်းများကို ခွင့်ပြုချက်စာရင်းတွင် အလိုအလျောက် ထည့်သွင်းပေးခဲ့သော်လည်း သတ်မှတ်ရက်ကျော်လွန်သူများကို ရက် ၃၀ စောင့်ဆိုင်းကာလ သတ်မှတ်ပေးပြီးနောက် ဖုန်းလိုင်းပိတ်သိမ်းခြင်း၊ အခွန်နှင့် ဒဏ်ငွေတပ်ရိုက်ခြင်းများ ပြုလုပ်သည်။

ဖုန်းမှတ်ပုံတင်ရမည့်အပြင် ပြည်ပပြန်ခရီးသည်များအတွက် အခြားသတ်မှတ်ချက်တခုလည်း ရှိနေသည်။ ဇန်နဝါရီလတွင် စစ်အုပ်စု အလုပ်သမားဝန်ကြီးဌာနက ပြည်ပပြန်ရွှေ့ပြောင်းလုပ်သားများ အာဏာပိုင်ထံ ဆိုက်ရောက်သတင်းပို့ရန် ညွှန်ကြားခဲ့ရာ ယင်းသည် စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်စဉ် ပြည်ပရောက်လုပ်သားများကို စောင့်ကြည့်ရန်နှင့် အခွန်စည်းကြပ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ CEIR လုပ်ထုံးလုပ်နည်းသည် အဆိုပါလူဦးရေအတွက် စာရွက်စာတမ်းဝန်ထုပ်ဝန်ပိုး နောက်တထပ် တိုးလာစေခြင်းဖြစ်သည်။

ထားဝယ်တွင် မှတ်ပုံတင်မထားသော သို့မဟုတ် အခွန်မဆောင်ထားသော ဖုန်းလိုင်းများကို CEIR စနစ်ဖြင့် ဖြတ်တောက်ထားပြီး ဝန်ဆောင်မှုပြန်ဖွင့်ရန် အသုံးပြုသူများက အခွန်နှင့် ဝန်ဆောင်ခ ကျပ် ၁၀,၀၀၀ ခန့်အထိ ပေးဆောင်နေရကြောင်း လူ့အခွင့်အရေးအဖွဲ့ "အသံ" (Athan) ၏ လစဉ်စောင့်ကြည့်ချက်အရ သိရသည်။ ဤမူဝါဒသည် ပြည်ပဝယ်ဖုန်းများဖြင့် ပြန်လာသူများအပေါ် အဓိကသက်ရောက်မှုရှိပြီး ယခု လေဆိပ်လုပ်ထုံးလုပ်နည်းအသစ်သည်လည်း အဆိုပါလူအုပ်စုကို တိုက်ရိုက်ပစ်မှတ်ထားခြင်းဖြစ်ကြောင်း "အသံ" ၏ အချက်အလက်များက ဖော်ပြသည်။

ဒစ်ဂျစ်တယ်အခွင့်အရေး သုတေသနအဖွဲ့ ဖြစ်သော Myanmar Internet Project က အဆိုပါမှတ်ပုံတင်စနစ်သည် စစ်အုပ်စု၏ ထောက်လှမ်းစောင့်ကြည့်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သည်။ ဖုန်း၏ IMEI နံပါတ်ကို ဆင်းမ်ကတ်မှတ်ပုံတင်မှုနှင့် ချိတ်ဆက်ခြင်းဖြင့် အာဏာပိုင်များအနေဖြင့် ဖုန်းတည် နေရာကို ခြေရာခံနိုင်ပြီး အသုံးပြုသူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့်အပြင် အဆိုပါ အချက် အလက်စုဆောင်းမှု မှတဆင့် ဖုန်းများကို အဝေးမှ ပိတ်ပစ်ခြင်း သို့မဟုတ် ဆက်သွယ်ရေး ဖြတ်တောက်ခြင်းများ လုပ် ဆောင်နိုင်ကြောင်း အစီရင်ခံစာတွင် သတိပေးထားသည်။

မိုဘိုင်းဖုန်းအသုံးပြုသူများသည် ဖုန်းမှတ်ပုံတင်မှု အခြေအနေ စစ်ဆေးခြင်းနှင့် အခွန်ပေးဆောင်ခြင်းကို ceir.gov.mm ဝက်ဘ်ဆိုက် သို့မဟုတ် CEIR Call Center နံပါတ် ၁၅၇၇ နှင့် ၁၇၅၅ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း CEIR နှင့် EIR စနစ်စီမံကိန်း ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(LINE)

☎️ +959766581337(YGN)

☎️ +959772217014(Viber)

#လေယာဥ်လက်မှတ်

13/07/2026

ထိုင်းနိုင်ငံကိုမသွားခင် ၃ရက်အလိုမှာ ကြိုဖြည့်ထားရမည့် TDAC(Arrival Card)ဖြည့်နည်းလေးပါ Click👇👇👇

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(LINE)

☎️ +959766581337(YGN)

☎️ +959772217014(Viber)

#လေယာဥ်လက်မှတ်

Non-CDM ဝန်ထမ်းများ နိုင်ငံကူးလက်မှတ်များ ခိုးလုပ် ထားပါက ချက်ချင်းပြန်လည်အပ်နှံရန်နှင့်မအပ်နှံပါက စုံခုံဖွဲ့အရေးယူမည်ဟု...
11/07/2026

Non-CDM ဝန်ထမ်းများ နိုင်ငံကူးလက်မှတ်များ ခိုးလုပ် ထားပါက ချက်ချင်းပြန်လည်အပ်နှံရန်နှင့်မအပ်နှံပါက စုံခုံဖွဲ့အရေးယူမည်ဟု စစ်တပ်က အမိန့်ထုတ်၊ ဝန်ထမ်းများ၏ ခင်ပွန်း၊ဇနီး၊သားသမီးများ ပြည်ပထွက်ရန် နိုင်ငံကူးလက်မှတ် လျှောက်ထားမည်ဆိုပါက ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူရမည်

ဇူလိုင် ၁၁ ၊ ၂၀၂၆

Non-CDM ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနကို အသိပေးခြင်းမရှိဘဲ နိုင်ငံကူးလက်မှတ်များခိုးလုပ်ထားပါက ချက် ချင်း ပြန်လည်အပ်နှံရန်နှင့် မအပ်နှံပါက စုံခုံဖွဲ့အရေးယူမည်ဟု ဝန်ကြီးဌာနများအားလုံးတွင် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

Non-CDMဝန်ထမ်းများကို သာမန်နိုင်ငံကူးလက်မှတ် လျှောက် ထားခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ အမိန့်ထုတ်ပြန်ခဲ့သော်လည်း ဝန်ထမ်းများက နည်းလမ်းမျိုးစုံဖြင့် နိုင်ငံကူးလက်မှတ်များ ခိုးလုပ်ကြသဖြင့် မကြာခဏ ဆိုသလို ခိုးဝှက် လျှောက်ထား ရယူထားသော နိုင်ငံကူးလက်မှတ်များ ပြန်လည် အပ်နှံကြရန် အမိန့် ထုတ်လာကြောင်း၊ ယခုနှစ် ဇွန်လတွင်လည်း Non-CDM များ နိုင်ငံကူးလက်မှတ်များ လက်ဝယ်ရှိနေပါက ချက်ချင်းအပ်နှံရန် ညွှန်ကြား အမိန့်ပေးလာကြောင်း သိရှိရသည်။

"ဝန်ထမ်းတွေကို နိုင်ငံကူးလက်မှတ် အနီကိုင်ခွင့်မပြုဘူး။ ကိုယ့်ဟာကိုယ် ကိုယ့်အစီအစဉ်နဲ့ လျှောက် ထားရယူထားတယ်ဆိုရင်လည်း ပြန်အပ်ရမယ်။ မအပ်ရင် အရေးယူမယ်။ တကယ်လို့ ဝန်ကြီးဌာနက ဝန်ထမ်းတွေကို ပြည်ပစေလွှတ်မယ်ဆိုရင်လည်း ဝန်ထမ်းအတွက် အထူးနိုင်ငံကူးလက်မှတ်ထုတ်ပေးမယ်။ နိုင်ငံကူးလက်မှတ် ပြန်မအပ်ရင် စုံခုံဖွဲ့ အရေးယူမယ်လို့ ညွှန်ကြားတယ်"ဟု နေပြည်တော်ဝန်ထမ်း သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် Non-CDM ဝန်ထမ်းများ၏ ခင်ပွန်း၊ ဇနီး၊ သားသမီးများအနေဖြင့် ပြည်ပထွက်ခွာခြင်းနှင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနထံသို့ ခွင့်ပြုချက်ရယူ ရမည်ဖြစ်ကြောင်း သိရှိရသည်။

"သာမန်ဝန်ထမ်းတွေကစလို့ အရာရှိ၊ အရာခံတွေ အဆုံး ခင်ပွန်း ဇနီး၊ သားသမီး အကုန် ပြည်ပထွက်တာ နိုင်ငံကူးလက်မှတ်လျှောက်ထားရင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ပါမှ ရမယ်။ မပါရင် အရေးယူခံရမယ်ဆိုတာလည်း ထပ်ပြီး ညွှန်ကြားတယ်" ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်နှင့်ရဲများ၏ မိသားစုဝင်များကိုလည်း ပြည်ပထွက်ခွင့်နှင့် နိုင်ငံကူးလက်မှတ်ရယူမှုများ ခိုးကြောင်ခိုးဝှက် မလုပ်ဆောင်ရန် အထူးညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(LINE)

☎️ +959766581337(YGN)

☎️ +959772217014(Viber)

#လေယာဥ်လက်မှတ်

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများယာယီလက်မှတ်ဖြင့် သူဌေးပြောင်း ၊အလုပ်ပြောင်းနိုင်ပြီ ဇူလိုင်၁ရက်နေ့ မှစ၍ စတင်အကျုံးဝင်_...
10/07/2026

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများယာယီလက်မှတ်ဖြင့် သူဌေးပြောင်း ၊အလုပ်ပြောင်းနိုင်ပြီ ဇူလိုင်၁ရက်နေ့ မှစ၍ စတင်အကျုံးဝင်
________________________________________________
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဂျူလာဖန် က ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှုစနစ်ကို မြှင့်တင်လိုက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားများအတွက် စာရွက်စာတမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အခက်အခဲတွေကို လျှော့ချပေးလိုက်ပါတယ်။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရရှိဖို့ စောင့်ဆိုင်းနေရတဲ့ ကာ လအတွင်း အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်နိုင်စေဖို့အပြင်၊ အလုပ်ပြောင်းရွှေ့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကိုပါ ပိုမိုချောမွေ့စေဖို့ ရည်ရွယ်ပြီး ဒီစနစ်သစ်ကို စတင်လိုက်တာပါ။

ဝန်ကြီးရဲ့ ပြောကြားချက်အရ လုပ်ကိုင်ခွင့်ပြုကြောင်း ခွင့်ပြုချက်ရပြီးပေမယ့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အစစ် မရသေးတဲ့ကာလမှာ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ( Tor Ror 62) ကို အသုံးပြုနိုင်ဖို့ သတ်မှတ်ပေးထားပါတယ်။ ဒီယာယီ လက်မှတ်မှာ အလုပ်သမားရဲ့ ကိုယ်ရေး အချက်အလက်၊ နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ လုပ်ငန်းခွင်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးတွေအထိ ပါဝင်မှာဖြစ်ပြီး ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရှိကြောင်း သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်သစ်ကြောင့် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်ရပြီးသား အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ရာမှာ ကြားဖြတ် ရပ်တန့်သွားတာမျိုးမရှိဘဲ တရားဝင် ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်သလို၊ အလုပ်ရှင်တွေအတွက်လည်း အလုပ်သမားခန့်အပ်ခြင်း၊ အလုပ်ပြောင်းရွှေ့ခြင်း စတဲ့ လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုချောမွေ့သွားမှာပါ။ ဝန်ကြီးကတော့ ဒီဆောင်ရွက်ချက်ဟာ အစိုးရရဲ့ ဝန်ဆောင်မှုကို ပိုမိုထိရောက်စေပြီး စနစ်တကျရှိတဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုပုံစံကို ဖြစ်ပေါ်စေမယ်လို့ ဆိုထားပါတယ်။

ဒီကြေညာချက်ကို အလုပ်အကိုင်ရှာဖွေရေးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပြီး၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက စတင်အသက်ဝင်တာ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို လျှော့ချပြီး အလုပ်သမားနဲ့ အလုပ်ရှင် နှစ်ဖက်လုံးအတွက် ပိုမိုယုံကြည်စိတ်ချရတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေဖို့ ဦးတည်ဆောင်ရွက်နေတာဖြစ်ကြောင်း ဝန်ကြီးက ပြောကြားထားပါတယ်။

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(LINE)

☎️ +959766581337(YGN)

☎️ +959772217014(Viber)

#လေယာဥ်လက်မှတ်

09/07/2026

ထိုင်းနိုင်ငံမှာ အရေးကြုံရင် ဆက်သွယ်ရမည့် အသက်ကယ် ဖုန်းနံပါတ် (၄)မျိုး Pls Click the video below 👇

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်မေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို စုံစမ်းဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(LINE)

☎️ +959766581337(YGN)

☎️ +959772217014(viber)

#လေယာဥ်လက်မှတ်

ဒီတစ်ခေါက်တော့ ကိုယ်တိုင် TM30 တင်ချင်တဲ့ညီကိုမောင် နှမတွေအတွက် ဘယ်လိုလုပ်ရတာလဲဆိုတာဝေမျှပေးပါမယ်။အဓိကလိုအပ်တာကတော့ စာရွ...
07/07/2026

ဒီတစ်ခေါက်တော့ ကိုယ်တိုင် TM30 တင်ချင်တဲ့ညီကိုမောင် နှမတွေအတွက် ဘယ်လိုလုပ်ရတာလဲဆိုတာဝေမျှပေးပါမယ်။

အဓိကလိုအပ်တာကတော့ စာရွက်စာတမ်းပါ။ဘန်ကောက် မှာအိမ်ခြံမြေရင်းနှီးမြုပ်နှံထားတဲ့မြန်မာတွေလဲ တော်တော် များများရှိသလိုအိမ်ငှါးနေကြတဲ့ မြန်မာတွေလဲများပါတယ်

ကလေးကျောင်းကိစ္စ၊ အလည်အပတ်နဲ့ ဆေးကုသဖို့အပြင် တခြားတခြားသောအကြောင်းအမျိုးမျိုးတွေကြောင့်ဘန် ကောက်မှာရက်ရှည်နေရတာတွေပိုများလာပါပြီအမိနိုင်ငံ ကနေထွက်လာပြီဆိုတာနဲ့ နိုင်ငံရပ်ခြားမှာအရေးကြီးဆုံးက Visa ပါပဲ။

ဘယ် Visa နဲ့ပဲနေနေ ရက်ကြာမယ်ဆိုရင်မဖြစ်မ နေကြုံရမှာက TM30 Report လုပ်ဖို့ပါပဲ။ ဒီပို့စ်ကတော့ မြန်မာအိမ်ရှင်/အိမ်ဌါးတွေအတွက်TM30 တိုင်ဖို့လိုအပ်တာလေးတွေ သိရအောင်ပါ

TM30 ဆိုတာဘာလဲ❓

TM30 သည် နိုင်ငံခြားသားတစ်ယောက် အိမ်တစ်ခုတွင် နေထိုင်လာပါက 24 နာရီအတွင်း အိမ်ပိုင်ရှင် သို့မဟုတ် ဟိုတယ်က Royal Thai Immigration Bureau ကို report လုပ်ရသော စနစ် ဖြစ်ပါသည်။

ဘယ်သူက လုပ်ရမလဲ ❓

Condo / Apartment Owner
Landlord
Hotel
House owner
ဘယ်အချိန် လုပ်ရမလဲForeigner အသစ် check-in လာတဲ့အချိန်နိုင်ငံခြားသား travel ထွက်ပြီး ပြန်လာတဲ့အချိန်နေရာ အသစ် ပြောင်းတဲ့အချိန်

TM30 လုပ်နိုင်တဲ့နည်းလမ်းများ

✅ Online – Immigration website
✅ Mobile App – TM30 App
✅ Immigration Office ကိုကိုယ်တိုင် သွားပြီးလုပ်လိုလဲရပါတယ်။
အများစုကတော့ Immigration Websiteထဲသွားပြီး Online ကနေလုပ်ကြပါတယ်။Online ကနေReport လုပ်မယ်ဆိုရင် ဒီအဆင့်တွေအတိုင်းသွားရပါမယ်။

1️⃣ Website ကိုဝင်ပါ
Royal Thai Immigration Bureau ၏ TM30 website ကို ဝင်ပါ
👉 https://tm30.immigration.go.th⁠

2️⃣ Register (Account ဖွင့်)

Owner အနေနဲ့ Register လုပ်ရပါမယ်။လိုအပ်တဲ့ အချက် အလက်တွေကတော့
Owner name
Passport
Property address
Phone number
Email

3️⃣ Login ဝင်ပါAccount ဖွင့်ပြီးရင် Login ဝင်ပါ။

4️⃣ “Notification of residence” ကိုရွေးပါForeign tenant ရဲ့ အချက်အလက်တွေထည့်ပါ။

Passport number
Nationality
Check in date & Check out date
Address of residence
အဓိကလိုအပ်နဲ့စာရွက်စာတမ်းအနေနဲ့ကတော့ပိုင်ရှင်ရဲ့ Passport Bio Page
Title Deed ( ပိုင်ဆိုင်မှု့အထောက်အထား )
House Registration Book ( အိမ်လိပ်စာ )
အိမ်ရှင်အိမ်ဌါးစာချုပ်
ကိုယ်စားဆိုရင် ( POA )

စတာတွေကို Soft copy ယူထားပြီး Immigration Website မှာ Upload လုပ်ပေးရပါမယ်။ အိမ်ရှင်က ထိုင်းနိုင်ငံမှာရှိနေဖို့ တော့မလိုပါဘူး။

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်မေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို စုံစမ်းဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(LINE)

☎️ +959766581337(YGN)

☎️ +959772217014(viber)

#လေယာဥ်လက်မှတ်

နားလည်မှု မမှားစေရန်အတွက် တင်ပေးရခြင်းပါ‼️ဘတ်အသစ် (အလုပ်သမားမှတ်ပုံတင်သစ်) ရိုက်ပေးမည့်ကိစ္စ" ကို ပြောခြင်း မဟုတ်ပါ။ဤသတင...
07/07/2026

နားလည်မှု မမှားစေရန်အတွက် တင်ပေးရခြင်းပါ‼️

ဘတ်အသစ် (အလုပ်သမားမှတ်ပုံတင်သစ်) ရိုက်ပေးမည့်ကိစ္စ" ကို ပြောခြင်း မဟုတ်ပါ။

ဤသတင်းက အဓိကထား ပြောချင်သည့် အကြောင်းအရာမှာ လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများ၏ Work Permit (အလုပ်လုပ်ခွင့်ကတ်) လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များကို ယခင် စာအုပ်အပြာရောင် သုံးသည့်စနစ်မှ အွန်လိုင်းစနစ် (e-Work Permit) သို့ ပြောင်းလဲခြင်း နှင့် CI စင်တာများတွင် စာရွက်စာတမ်း ထုတ်ပေးမှု ပိုမိုမြန်ဆန်အောင် ပြုပြင်ပြောင်းလဲနေခြင်း အကြောင်း ဖြစ်သည်။

အဓိက အချက်ကြီး (၂) ချက်ကို မှတ်သားထားနိုင်ရန်

၁။ e-Work Permit အွန်လိုင်းစနစ်သစ် (အဓိကအချက်)စနစ်ပြောင်းလဲခြင်း - ယခင်က ကိုင်ဆောင်ခဲ့ရသည့် စာအုပ်အပြာရောင် (Work Permit) စနစ်ကို ဖျက်သိမ်းပြီး၊ စမတ်ကတ် သို့မဟုတ် အွန်လိုင်းစနစ် (e-Work Permit) သို့ အပြည့်အဝ ကူးပြောင်းနေခြင်း ဖြစ်သည်။လွယ်ကူမြန်ဆန်ခြင်း - အလုပ်ရှင်များသည် ရုံးများသို့ လူကိုယ်တိုင် သွားစရာမလိုဘဲ အွန်လိုင်းပေါ်မှတစ်ဆင့် ၂၄ နာရီပတ်လုံး အလုပ်သမားများအတွက် Work Permit လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက် ပြင်ဆင်ခြင်းများကို ပိုမိုပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

၂။ အွန်လိုင်းစနစ်သို့ ပြောင်းလဲခြင်းကြောင့် စာရွက်စာတမ်း အခက်အခဲများနှင့် ကြန့်ကြာမှုများကို လျှော့ချနိုင်ပြီး အလုပ်ရှင်၊ အလုပ်သမားနှင့် သက်ဆိုင်ရာ ဌာနများအကြား လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန် ချောမွေ့လာမည် ဖြစ်သည်။စနစ်ပြောင်းလဲမှု ကာလ - ယခင်စာအုပ်အပြာရောင် သက်တမ်းကုန်ဆုံးချိန် သို့မဟုတ် သတ်မှတ်ရက်မတိုင်မီ အွန်လိုင်းစနစ် (e-Work Permit) သို့ အပြီးသတ် ကူးပြောင်း လျှောက်ထားရမည်။ဒစ်ဂျစ်တယ်စနစ် အားသာချက် - မည်သည့်နေရာမှမဆို အင်တာနက် အသုံးပြု၍ သက်တမ်းတိုးခြင်း၊ အချက်အလက် ပြင်ဆင်ခြင်းနှင့် ကတ်ပြားထုတ်ယူခြင်းများကို စကင်ဖတ် (QR Code / Digital format) စနစ်ဖြင့် လွယ်ကူစွာ စစ်ဆေးနိုင်မည်

လာမည့် ဩဂုတ်လတွင် CI စင်တာများ၌ e-Work Permit အွန်လိုင်းစနစ်သစ်ကို ပြောင်းလဲအသုံးပြုပြီး အထောက်အထားကတ်အသစ်များ ထုတ်ပေးရန် မျှော်လင့်ထားကြောင်း အဓိက ပြောကြားလိုခြင်း ဖြစ်ပါသည်။

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(LINE)

☎️ +959766581337(YGN)

☎️ +959772217014(Viber)

#လေယာဥ်လက်မှတ်

မြန်မာ၊လာအိုနဲ့ဗီယီနမ် လုပ်သားများအတွက် ၁နှစ်သက် တမ်းထပ်တိုးပေးရန် ထိုင်းအစိုးရပြင်ဆင်နေ၂၀၂၇ ဒီဇင်ဘာထိ ဆက်လက် လုပ်ကိုင်န...
03/07/2026

မြန်မာ၊လာအိုနဲ့ဗီယီနမ် လုပ်သားများအတွက် ၁နှစ်သက် တမ်းထပ်တိုးပေးရန် ထိုင်းအစိုးရပြင်ဆင်နေ၂၀၂၇ ဒီဇင်ဘာထိ ဆက်လက် လုပ်ကိုင်နိုင်မည်
_____________________________________________

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လာအို၊ မြန်မာနဲ့ ဗီယက်နမ်ရွှေ့ပြောင်းလုပ်သားတွေအတွက်အလုပ်လုပ် ကိုင် ခွင့် သက်တမ်းကို နောက်ထပ် (၁) နှစ် ဆက်လက်
တိုးမြှင့်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနကပြင်ဆင်ဆောင် ရွက်နေပါတယ်။ ဒီအစီအစဉ်ဟာ လုပ်ငန်းခွင် လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင် ပြေချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။

ဒီနေ့ ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒကော်မတီ အစည်းအဝေးမှာ အလုပ်သမားဝန်ကြီး ကျူလာဖန် အမွန်ဝီဝပ်က ဦးဆောင်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ သက်တမ်းကုန်ဆုံးမယ့် လုပ်သားတွေကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ နောက်ထပ် ၁ နှစ် သက်တမ်းတိုးပေးဖို့ မူအားဖြင့် သဘောတူလိုက်တာဖြစ်ပါတယ်။

အခုလို သက်တမ်းတိုးပေးခြင်းက နိုင်ငံအတွင်းမှာရှိတဲ့ လုပ်သားအင်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်သားအင်အား လုံလောက်မှုရှိစေဖို့နဲ့ လုပ်ငန်းတွေ မရပ်တန့်သွားစေဖို့အတွက် အဓိကထား ရည်ရွယ်ပြီး လုပ်ဆောင်ပေးတာလို့ သိရပါတယ်။ အလုပ်အကိုင် ရှာဖွေရေးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ ပြောကြားချက်အရ ဒီအစီအစဉ်ကို အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြပြီး အတည်ပြုချက် ရယူရဦးမှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့က တရားဝင် အတည်ပြုပေးပြီးလို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က ကြေညာချက် ထုတ်ပြန်ပြီးမှသာ သက်တမ်းတိုးတဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် စတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ အနေနဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို စောင့်ကြည့်ကြဖို့နဲ့ အသေး စိတ် အချက်အလက်တွေကိုတော့ အချိန်နဲ့အမျှ ထပ်မံကြေညာပေးသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

✈️ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏

12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.

☎️ +66985647060(BKK)/(LINE)

☎️ +959766581337(YGN)

☎️ +959772217014(Viber)

#လေယာဥ်လက်မှတ်

Address

12/F On The 6th Floor, Hledan Road, Ward 3, Kamayut Township
Yangon
11041

Telephone

+959255408580

Website

Alerts

Be the first to know and let us send you an email when Hornbill Wings - ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ် အရောင်း၀န်ဆောင်မူ ဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hornbill Wings - ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ် အရောင်း၀န်ဆောင်မူ ဌာန:

Shortcuts

Share

Category