30/04/2026
*30.4.2026 Update
ချစ်ခင်ရပါသော ကာကာများရှင် 🙏🙏🙏
- စာရင်းဟောင်းများကို 98% ကျော်ထိ ပြုစုပြီး ငွေစာရင်းများကိုလည်း သက်ဆိုင်ရာ Account ထဲသို့ ဒီနေ့ ထည့်ပေးမှာ ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်။
- ကာကာများ အဆင်ပြေနိုင်ရန်အတွက် 8.4.2026 မှ စပြီး အပ်လိုက်သော ပစ္စည်းများအားလုံးကို ပို့ပြီးသည် ဖြစ်စေ၊ မပို့ရသေးသည်ဖြစ်စေ သင်္ကြန်ရက်အတွင်းတွင် ငွေများကို ကြိုတင်ရှင်းပေးထားပါတယ်ရှင်။ အကြောင်း အမျိုးမျိုးကြောင့် ပို့မရခဲ့သော ပစ္စည်းများနှင့် Application သစ်တွင် Tracking လိုက်လို့ရအောင် ထည့်ပေးထားသော ပစ္စည်းများအတွက် ကြိုရှင်းထားသော ငွေပမာဏကိုလည်း My Wallet ထဲမှ ပြန်လည် နှုတ်သွားမည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်။
- ဒီရက်ပိုင်းမှာ စာအဝင်နှင့် ဖုန်းအဝင် ပုံမှန်ထက် ပိုမိုများနေသောကြောင့် စာပြန်ခြင်းနှင့် ဖုန်းဖြေခြင်း ဝန်ဆောင်မှုများ ပုံမှန်ထက် ပိုမိုကြန့်ကြာသွားသည့်အတွက်လည်း တောင်းပန်ပါတယ်ရှင့်။
- ယခု ချိန်မှ စပြီး SAFE Delivery ၏ ဝန်ဆောင်မှု အားလုံး ပုံမှန်ပြန်လည်ဖြစ်သွားပြီ ဖြစ်ကြောင်းလည်း အကြောင်းကြားအပ်ပါတယ်ရှင်။
- ငွေထုတ်ခြင်းများကိုလည်း ပုံမှန်အားဖြင့် Gazetted Public Holidays တွင် ငွေလွှဲပေးခြင်း မရှိသော်လည်း ကာကာများ အဆင်ပြေနိုင်ရန် အတွက် 30.4.2026 နှင့် 1.5.2026 တွင် ငွေထုတ်များကို ပုံမှန် လွှဲပေးသွားမည် ဖြစ်ပါတယ်ရှင်။
- ဒီကာလအတွင်း SAFE Delivery ကို ယုံကြည်စိတ်ချပြီး စောင့်ဆိုင်းပေးခဲ့တဲ့ အတွက်လည်း SAFE Delivery မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🙏🙏🙏