16/03/2023
"Last-Mile Delivery" နှင့် "End-Mile Delivery" အသုံးအနှုန်းများကို မကြာခဏအပြန်အလှန်အသုံးပြုလေ့ရှိကြသော်လည်း အခြေအနေအပေါ် မူတည်၍ ၎င်းတို့၏ အနက်အဓိပ္ပါယ်များ မသိမသာ ကွဲပြားမှုများရှိနိုင်ပါသည်။
"Last-Mile Delivery" ဆိုသည်မှာ ယေဘူယျအားဖြင့် သယ်ယူပို့ဆောင်ရေး ဗဟိုဌာန သို့မဟုတ် ဖြန့်ဖြူးရေး ဌာန မှ ကုန်ပစ္စည်းများအား ၎င်းတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော လူနေအိမ် သို့မဟုတ် စီးပွားရေးလုပ်ငန်း တည်နေရာများ သို့ ကုန်ပစ္စည်းများ ပို့ဆောင်ခြင်းကို ရည်ညွှန်းပါသည်။
ဤကဲ့သို့ ကုန်ပစ္စည်းများသည် ရည်ရွယ်ထားသော လက်ခံသူထံသို့ ရောက်ရှိသည့် အဆင့်ကို Last-Mile Delivery လုပ်ငန်းစဉ်၏ အရေးကြီးဆုံး နောက်ဆုံးဒေါက်တိုင်အဖြစ် ယူဆလေ့ရှိကြသည်။
အခြားတဖက်တွင်လည်း "End-Mile Delivery" သည် ပုံမှန်အားဖြင့် အိမ်အရောက်ပို့ဆောင်ပေးခြင်း၊ ကုန်ပစ္စည်းများအား လာရောက်ကောက်ယူခြင်း (Pick-UP) နှင့် ပြန်အပ်ငွေ သို့မဟုတ် ပြန်အပ် ကုန်ပစ္စည်းများကို စီမံခန့်ခွဲခြင်း အစရှိသည်များကို End-Mile Delivery လုပ်ငန်းစဉ်များ၏ နောက်ဆုံးအဆင့်အဖြစ် ယူဆလေ့ရှိသည်။
ဤ "End-Mile Delivery" သည် "Last-Mile Delivery" လုပ်ငန်းစဉ် တခုလုံးကို လွှမ်းခြုံထားနိုင်သော်လည်း ကုန်ပစ္စည်းများကို ပို့ဆောင်ပြီးနောက် အခြားသော လုပ်ဆောင်မှုများစွာလည်း ပါဝင်နိုင်ပါသည်။
ထို့ကြောင့် "Last-Mile Delivery" နှင့် "End-Mile Delivery" ဝေါဟာရနှစ်ခုသည် ဆက်စပ်နေပြီး အပြန်အလှန်အားဖြင့် အသုံးပြုနိုင်သော်လည်း "Last-Mile Delivery" သည် ရုပ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းပို့ဆောင်မှုကိုသာ မကြာခဏ ရည်ညွှန်းလေ့ရှိပြီး၊ "End-Mile Delivery" သည် Delivery လုပ်ငန်းစဉ်၏ အဆုံးတွင်ဖြစ်ပေါ်လာသည့် ကျယ်ပြန့်သော အခြားလုပ်ဆောင်မှုများစွာကို လွှမ်းခြုံထားလေသည်။
DeliMe ရဲ့ End-Mile Delivery Solution တွေအကြောင်း ပိုမိုသိရှိနိုင်ရန်..
09 880 177456
[email protected]
"Last-mile delivery" and "end-mile delivery" are often used interchangeably, but there can be subtle differences in their meanings depending on the context.
In general, last-mile delivery refers to the transportation of goods from a transportation hub or distribution center to the final destination, which is usually a residential or commercial address. This final leg of the delivery process is often considered the most critical, as it is where the package reaches its intended recipient.
End-mile delivery, on the other hand, typically refers to the final stage of the delivery process, which includes activities such as doorstep delivery, package pickup, and returns management. This term can encompass the entire last mile of the delivery process, but may also include activities that take place after the package has been delivered.
So while the two terms are related and may be used interchangeably, last-mile delivery often refers to the physical transportation of goods, while end-mile delivery encompasses a broader range of activities that occur at the end of the delivery process.
Find out more about DeliMe's End-Mile Delivery solutions..
09 880 177456
[email protected]