08/06/2026
ကုမ္ပဏီ သူဌေးတစ်ဦးက သူ၏ အတွင်းရေးမှူးးကောင်မလေးကိုဖုန်းဆက်သည်။ နီလာရေ မနက်ဖြန် နိုင်ငံခြား ခရီးစဉ်သွားရမယ် တစ်ပတ်လောက်ကြာမှာမလို့ ခုကတည်းကပြင်ဆင်ထားပါ
နီလာက သူခင်ပွန်းသည် ယောက်ကျားကို ဖုန်းဆက်သည်။ မောင်ရေ မနက်ဖြန်နီလာ သူဌေးနဲ့ နိုင်ငံခြား ခရီးစဉ်သွားရတော့မှာမလို့ အဆင်ပြေသလိုသာ ချက်ပြုတ်စားသောက်ပါနော်
ခင်ပွန်းသည်ယောက်ကျားက သူနှင့်တိတ်တိတ်ပုန်းဖောက်ပြန်နေသော ခင်မာဆိုတဲ့ကျောင်းဆရာမလေးဆီဖုန်းဆက်သည်
ခင်ရေအိမ်ကဟာမကြီးမနက်ဖြန်နိုင်ငံခြားခရီးစဉ်တပတ်ကြာသွားမှာ ခင်အိမ်မှာလေးနေပေါတစ်ပတ်လောက်ချစ်လို့ရပြီသိလား
ထိုခါ ခင်မာဆိုသော ဆရာမလေးကသူတပည့်ပီတာကိုဖုန်းဆက်သည်
ပီတာရေ မနက်ဖြန်ကစပြီး ကျူရှင် တစ်ပတ်တိတိပိတ်တယ်သိလား မင်းလာစရာမလိုတော့ဘူး
ထိုခါပီတာက သူ့အဖိုးဆီဖုန်းဆက်သည်
ဖိုးဖိုး နက်ဖြန်ကစပြီးကျူရှင် တစ်ပတ်တောင်ပိတ်တာ သားကို အချိန်ပေးပြီး သားနဲ့လျာက်လည်ပေးပါဖိုးဖိုးရယ်
ထိုအခါ ဖိုးဖိုးက သူ့အတွင်းရေးမှူးးမလေးကို ဖုန်းဆက်သည် နီလာရေ မနက်ဖြန် မသွားဖြစ်တော့ဘူးသိလား မြေးလေးကိုအချိန်ပေးပြီး သူနဲ့နေရမှာမလို့ပါ
ထိုခါနီလာက ခင်ပွန်းသည်ယောက်ကျားကိုဖုန်းဆက်သည် မောင်ရေ နီလာ မသွားဖြစ်တော့ဘူးသိလား သူဌေးက သူမြေးကိုအခ်ျိန်ပေးတော့မှာတဲ့ ခုပဲအိမ်ပြန်လာမယ်
ခင်ပွန်းသည်ယောက်ကျားက သူ၏တိတ်တိတ်ပုန်း ဆရာမလး ခင်မာကိုဖုန်းဆက်သည်
ခင်မာရေ အိမ်ကဟာမကြီး မသွားဖြစ်တော့လို့မလာနဲ့တော့နော်
ခင်မာက ပီတာကုိဖုန်းဆက်သည်
ပီတာ မနက်ဖြန်ကျူ ရှင်မပိတ်တော့ဘူးသိလား မင်းအိမ်လာခဲ့
ပီတာက သူ့အဖိုးကိုဖုန်းဆက် သည်
ဖိုးဖိုးရေ မနက်ဖြန်ကျူ ရှင်မပိတ်တော့ဘူးတဲ့
ဖိုးဖိုးက သူအတွင်းရေးမှူးးမလေးကို ဖုန်းဆက်သည် ။ နီလာရေ မနက်ဖြန် နိုင်ငံခြားခရီးစဉ်သွားဖြစ်တယ်
နီလာက သူခင်ပွန်းသည်ယောက်ကျကိုဖုန်းဆက်သည် မောင်ရေမနက်ဖြန် သွားဖြစ်တယ်သိလား
ဂါးးးးးးးး
ကိုယ့်ဟာကိုယ် ဆက်စဉ်းစားပြီးသာ နေတော့
ကျွန်တော်ရေသောက်လိုက်ဦးမယ်ဗျာ....
🤣🤣🤣🤣🤣🤣🤣🤣🤣🤣😅