HRT Yangon Car Rental Group

HRT Yangon Car Rental Group 𝗛𝗮𝗽𝗽𝘆 𝗥𝗼𝗮𝗱 𝗧𝗿𝗶𝗽 𝗖𝗼.,𝗟𝘁𝗱. မြို့တွင်း / မြို့ပြင် ကားစီးလုံးငှား ဝန်ဆောင်မှု့

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ " သည် ဗုဒ္ဓဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ #ဝါဆို...
29/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ " သည် ဗုဒ္ဓဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
#ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့တွင် မိတ်ဟောင်း၊ မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး… လိုအင်ဆန္ဒများအားလုံးပြည့်ဝပြီး စီးပွါးလာဘ်လာဘများလည်း တိုးတက်ကြီးပွားကြပါစေကြောင်း HRT Yangon မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်…

HRT Yangon Car Rental Group
095072639
#ကားစီးလုံးငှါးဝန်ဆောင်မှု
#ကားအငှါးလုပ်ငန်း

📣 ခရီးသွားမိတ်ဆွေများအတွက် သတင်းကောင်း!📢 ရသေ့ပျံဂူ အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်အား 🚣‍♀️ 📌 ခရီးစဉ်အဆင်ပြေချောမွေ့စေရန် အွ...
18/07/2026

📣 ခရီးသွားမိတ်ဆွေများအတွက် သတင်းကောင်း!
📢 ရသေ့ပျံဂူ အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်အား 🚣‍♀️
📌 ခရီးစဉ်အဆင်ပြေချောမွေ့စေရန် အွန်လိုင်းမှ ကြိုတင် Booking ပြုလုပ်နိုင်ပါပြီ။

📞 Booking & Inquiry
👩 ဒေါ်လေးခင်ဦး – 09-792502850
👨 ဦးစံတင် – 09-786802544

✅ ခရီးစဉ်မတိုင်မီ ကြိုတင်ဘိုကင်ပြုလုပ်ထားခြင်းဖြင့်
🌿 အချိန်ကုန်သက်သာစေခြင်း
🚣‍♂️ ဝါးဖောင်စီးဝန်ဆောင်မှုကို အဆင်ပြေစွာ ရယူနိုင်ခြင်း
📅 မိမိစိတ်ကြိုက်ရက်စွဲအတွက် စီစဉ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

📍 ရသေ့ပျံဂူ (Yathaypyan Cave)
📍 အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်
📍 ဘားအံမြို့၊ ကရင်ပြည်နယ်

📢 ရသေ့ပျံဂူသို့ လာရောက်လည်ပတ်မယ့် မိသားစု၊ သူငယ်ချင်းများရှိရင် ဒီပို့စ်လေးကို Share ပေးပြီး အသိပေးလိုက်ပါ။ 🤝

💬 ခရီးစဉ်နှင့်ပတ်သက်ပြီး သိလိုသည်များရှိပါက Comment သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📲 Like • Comment • Share လုပ်ပေးခြင်းဖြင့် ကရင်ပြည်နယ်ရဲ့ လှပတဲ့ ခရီးသွားနေရာများကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်အောင် အတူလက်တွဲကူညီပေးကြပါဦး။ ❤️



HRT Yangon Car Rental Group
09-5072639
09-750048524
#ကားစီးလုံးငှါးဝန်ဆောင်မှု

Crd

💖 ခရီးစဉ်တိုင်း စိတ်အေးချမ်းသာယာဖို့ HRT Group ရဲ့ ပရီမီယံ ဝန်ဆောင်မှု 🛣️တစ်ခါတလေ ခရီးသွားဖို့စီစဉ်ရတာဟာ ခရီးထွက်ရတာထက် ...
05/06/2026

💖 ခရီးစဉ်တိုင်း စိတ်အေးချမ်းသာယာဖို့ HRT Group ရဲ့ ပရီမီယံ ဝန်ဆောင်မှု 🛣️

တစ်ခါတလေ ခရီးသွားဖို့စီစဉ်ရတာဟာ ခရီးထွက်ရတာထက် ပိုပင်ပန်းနေတတ်ပါတယ်။ 😕

ဒါပေမဲ့စိတ်မပူပါနဲ့! လူကြမင်းတို့ရဲ့ အပန်းဖြေခရီး၊ ဘုရားဖူးခရီး၊ Business ခရီးစဉ် ဒါမှမဟုတ် အခမ်းအနားသွားဖို့ ကိစ္စရပ်တိုင်းအတွက် ကားနဲ့ပတ်သက်တဲ့ စိတ်ပူပန်မှုအားလုံးကို HRT Yangon Car Rental Group ဆီသာ ပုံအပ်လိုက်ပါ။ 😎

✨HRT က လူကြီးမင်းတို့ကို ဘာတွေ ပြန်ပေးနိုင်မလဲ?

ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုဆိုတာ ကားတစ်စီးငှါးရုံသက်သက် မဟုတ်ပါဘူး။ ခရီးစဉ်တစ်လျှောက်လုံး သက်တောင့်သက်သာရှိမှု၊ လုံခြုံစိတ်ချရမှုနဲ့ ပျော်ရွှင်မှု အပြည့်အဝပေးစွမ်းမယ့် ဝန်ဆောင်မှုတစ်ခုပါ။

🔸ကားတွေကလည်း အမြဲတမ်း သန့်ရှင်းပြီး ကြံ့ခိုင်မှုကို အမြဲစစ်ဆေးထားပါတယ်။
🔸ခရီးသွားနေရင်း ပျင်းရိမှုကင်းစေဖို့ Full Round Air-con အေးအေး နဲ့ WiFi ကိုပါ အသုံးပြုနိုင်တယ်။
🔸ဘယ်နေရာပဲသွားသွား လမ်းကြောင်းကျွမ်းကျင်ပြီး လူကြီးမင်းတို့အပေါ် ဂရုစိုက်မှုအပြည့်ပေးမယ့် ယာဉ်မောင်းကို စိတ်ချယုံကြည်စွာဖြင့် အားကိုးနိုင်ပါတယ်။

💰 ဈေးနှုန်းကလည်း စိတ်ကျေနပ်မှု့ရစေရမယ်!

ယာဉ်မောင်းခ၊ ဆီဖိုး၊ လမ်းကြေး၊ တံတားကြေး တို့ကိုပါ အပြီးအစီးနှုန်းထားနဲ့ ငှါးရမ်းနိုင်တဲ့ အစီအစဉ်တွေ ရှိသလို၊ လိုအပ်ရင် ဈေးနှုန်းကိုပါ ညှိနှိုင်းတိုင်ပင် လို့ရပါတယ်။ နယ်ဝေးခရီးစဉ်များအတွက်လည်း အထူးသက်သာတဲ့ ဈေးနှုန်းတွေနဲ့ စီစဉ်ပေးပါတယ်။ 🥰

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က "လူကြီးမင်းတို့ရဲ့ စိတ်ကျေနပ်မှုသည်သာ ကျွန်တော်တို့ HRT Yangon Car Rental Group ၏ အမြတ် ဖြစ်ပါတယ်" ဆိုတာပါပဲ။

ကဲ... အခုပဲ ဖုန်းဆက်ပြီး စိတ်ကူးထဲက အမှတ်တရခရီးစဉ်လေးကို အကောင်အထည်ဖော်လိုက်ပါ!

☎️ HRT Yangon Car Rental Group သို့ စုံစမ်းမေးမြန်းရန်:
09-5072639,
09-750048524

‼️‼️ ကားများအားလုံး ယာဉ်မောင်းအပါဖြင့်သာ ငှားပါသည် ‼️‼️
✅ ကားပုံများမှာ အပြင်မှလက်ရှိကားပုံများသာဖြစ်ပါတယ် ✅
#မြန်မာ့ခရီးစဉ် #ကားအငှါးဝန်ဆောင်မှု #စိတ်ချရသောခရီး

20/05/2026

☔ ကဲ..မိုးရာသီ Promotion လေး လာပါပြီဗျာ 😱
🌧️🌧️ ဝဿန်ကာလ မိုးရာသီလည်း မကြာမှီရောက်ရှိလာတော့မှာဖြစ်လို့...
#မိုးရာသီဆို_နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက်တဲ့ ဘားအံခရီးစဉ်နှင့် ကမ်းခြေခရီးစဉ်များကို 5% Discount လေး ချပေးထားပါပြီနော် 😍

#အရင်နှစ်တွေလိုတော့ 10% Discount တော့ လက်ရှိ့ဆီဈေးအခြေအနေအရ 10% မလုပ်ပေးနိုင်တာကိုတော့ နားလည်ခွင့်လွှတ်ပေးပါခင်ဗျ 🙏

HRT Yangon Car Rental Group
Hotline: (+95)9 5072639
: (+95)9 740867547
Email: [email protected]
Address: 8/6/117, Bawga Park, 8 Ward, Nawaraat Zay, Shwepyithar.

#ဘားအံ
#ချောင်းသာ
#ငွေဆောင်
#ကားစီးလုံးငှါးလုပ်ငန်း

 #ကဆုန်လပြည့် ( ဗုဒ္ဓနေ့ )“ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ” မှတ်ရန်ကဆုန်လ ဆိုသလို ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ကဆု...
30/04/2026

#ကဆုန်လပြည့် ( ဗုဒ္ဓနေ့ )

“ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ” မှတ်ရန်ကဆုန်လ ဆိုသလို ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ

ကဆုန်လပြည့် နေ့ထူးနေ့မြတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ဖြစ်စဉ် (၅) ရပ်

✨ ဗျာဒိတ်တော် ခံယူသောနေ့
✨ ဖွား - ဖွားမြင်တော်မူသောနေ့
✨ ပွင့် - ဘုရားအဖြစ် ပွင့်တော်မူသောနေ့
✨ ဟော - ဗုဒ္ဓဝင်အကျဉ်း ဟောကြားသောနေ့
✨ စံ - ပရိနိဗ္ဗာန် စံဝင်တော်မူသောနေ့

စတဲ့ ထူးခြားချက်တွေကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

မြတ်စွာဘုရားရှင်ဟာ သဗ္ဗညုတရွှေဉာဏ်တော်ကိုရရှိဖို့ ဗောဓိညောင်ပင်ကို အမှီပြုပြီးတရားအားထုတ်ခဲ့တဲ့အတွက် နွေရာသီရဲ့အပူဆုံးအချိန် ကဆုန်လမှာကျရောက်သော ကဆုန်လပြည့်နေ့မှာ မြတ်စွာဘုရားတရားကျင့်ကြံအားထုတ်ရာ ဗောဓိညောင်ပင်ကြီး လန်းဆန်းနေစေဖို့ ညောင်‌ရေသွန်းပွဲကိုကျင်းပလေ့ရှိကြပါတယ်။

ဒါကြောင့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) မှာ ညောင်ရေသွန်းဖို့ မမေ့နဲ့နော် 🥰


#ကဆုန်လပြည့်
#ဗုဒ္ဓနေ့

✨မြန်မာသင်္ကြန်နှစ်သစ်အခါသမယမှာ✨မိတ်ဆွေများအားလုံးပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေကြောင်း HRT Yangon Car Rental Gr...
13/04/2026

✨မြန်မာသင်္ကြန်နှစ်သစ်အခါသမယမှာ✨

မိတ်ဆွေများအားလုံးပျော်ရွှင်ချမ်းမြေ့သော
နှစ်သစ်ဖြစ်ပါစေကြောင်း HRT Yangon Car Rental Group မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🏻

နှစ်သစ်မှာ ကံကောင်းခြင်းများ၊

စီးပွားရေးတိုးတက်မှုများ၊

ကျန်းမာ၊ချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း

ဆုတောင်းအပ်ပါတယ်🙏🏻

🌸 မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ 🌸


#အတာသကြန်
#မြန်မာ့နှစ်သစ်ကူးပွဲတော်

အင်ဂျင်ပါဝါပေါ် မူတည်ပြီး တစ်ပတ်အတွင်း ဝယ်ယူနိုင်မယ့် လီတာ အရေအတွက်နှင့် တစ်ပတ်အတွင်းထည့်နိုင်မည့် အကြိမ်ရေ သတ်မှတ်ချက်....
26/03/2026

အင်ဂျင်ပါဝါပေါ် မူတည်ပြီး တစ်ပတ်အတွင်း ဝယ်ယူနိုင်မယ့် လီတာ အရေအတွက်နှင့် တစ်ပတ်အတွင်းထည့်နိုင်မည့် အကြိမ်ရေ သတ်မှတ်ချက်...
HRT Yangon Car Rental Group
095072639

08/03/2026

ခရီးစဉ်တိုင်း ကျေနပ်စေမည် HRT...
HRT Yangon Car Rental Group
095072639

  Newsပုဂ္ဂလိပိုင်လောင်စာဆီသုံးယာဉ်များ စုံရက်များတွင် စုံနံပါတ်အက္ခရာ မရက်များတွင် မနံပါတ်အက္ခရာကားများသာ မောင်းနှင်ရမည...
03/03/2026

News
ပုဂ္ဂလိပိုင်လောင်စာဆီသုံးယာဉ်များ စုံရက်များတွင် စုံနံပါတ်အက္ခရာ မရက်များတွင် မနံပါတ်အက္ခရာကားများသာ မောင်းနှင်ရမည်

၃ မတ် ၂၀၂၆

အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ပြည်သူသို့ အသိပေးကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာအောက်ပါအတိုင်းဖြစ်ပါတယ်။

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

နေပြည်တော်၊ မတ်လ ၃ ရက်

၁။ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များသည် အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်-

(က) လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/----၊ 4A/---- စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 1A/----၊ 3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်။ (EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။)

(ခ) နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ အသုံးပြုနိုင်သည်။

(ဂ) စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသရွေ့ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

Credit

 #တပေါင်းလပြည့်နေ့  #မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့         #အဖေများနေ့ ၂၀၂၆ခုနှစ်၊ မတ်လ(၂)ရက်၊ တနင်္လာနေ့တွင် ကျရောက်သည...
02/03/2026

#တပေါင်းလပြည့်နေ့
#မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
#အဖေများနေ့
၂၀၂၆ခုနှစ်၊ မတ်လ(၂)ရက်၊ တနင်္လာနေ့တွင် ကျရောက်သည့် 🙏တပေါင်းလပြည့်🌕 နေ့ထူး၊ နေ့မြတ်အခါသမယ၌ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း
HRT Yangon Car Rental Group မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏🙏🙏

#တပေါင်းလပြည့် #အဖေများနေ့

Address

No 117, Bawga Park, ( 8 ) Quarter, Nawaraat Zay , Shwepyithar Township
Yangon

Telephone

+9595072639

Website

Alerts

Be the first to know and let us send you an email when HRT Yangon Car Rental Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HRT Yangon Car Rental Group:

Shortcuts

Share