24/01/2026
Warehouse ဆိုတာ ကုန်ပစ္စည်းတွေသိုလှောင်ရုံသာမက လုပ်ငန်းခွင်အတွင်းရှိဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကလည်း အရေးကြီးပါတယ်။
💁 ဒီနေ့မှာတော့ ဂိုဒေါင်အတွင်း ဘေးကင်းလုံခြုံဖို့အတွက် အခြေခံအကျဆုံးအချက် (၃) ချက်ကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။
🛡 ပစ္စည်းများကို စနစ်တကျဆင့်ခြင်း
- ဝန်ပိပြီး ပြိုကျတာမျိုးမဖြစ်အောင် အလေးချိန်များတဲ့ ပစ္စည်းတွေကို အောက်ခြေမှာထားရှိပြီး ပေါ့ပါးတဲ့ ပစ္စည်းတွေကိုသာ အပေါ်မှာတင်ရပါမယ်။
- ပစ္စည်းတွေကိုဆင့်တဲ့အခါ သတ်မှတ်ထားတဲ့ အမြင့်ထက် ပိုမဆင့်ပါနဲ့။
- Forklift မောင်းနှင်တဲ့ လမ်းကြောင်းနဲ့ လူသွားလမ်းကြောင်းတွေမှာ ပစ္စည်းတွေပြန့်ကျဲမနေအောင် အမြဲတမ်းရှင်းလင်းထားရပါမယ်။
မီးဘေးကာကွယ်ရေး🔥
- မီးသတ်ဆေးဘူးတွေကို မြင်သာတဲ့နေရာမှာ ထားပြီး သက်တမ်းရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမယ်။
- ဂိုဒေါင်အတွင်းရှိ မီးကြိုးများ၊ ခလုတ်များနှင့် လျှပ်စစ်ပစ္စည်းများကို ကျွမ်းကျင်သူနဲ့ ပုံမှန်စစ်ဆေးပြီး ဟောင်းနွမ်းနေပါကအမြန်လဲလှယ်ရပါမယ်။
- အရေးပေါ်ထွက်ပေါက်တွေမှာ ဘာပစ္စည်းမှပိတ်ဆို့မထားဘဲ အမြဲတမ်းအလွယ်တကူထွက်နိုင်အောင် ပြင်ဆင်ထားရပါမယ်။
ဝန်ထမ်းများဘေးကင်းရေး 👷♂️
- Safety Helmet, Safety Boots နဲ့ အလင်းပြန်အင်္ကျီတွေကို မဖြစ်မနေဝတ်ဆင်စေရပါမယ်။
- အန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ သတိပေးဆိုင်းဘုတ် တွေကို ရှင်းလင်းစွာ ကပ်ထားရပါမယ်။
Warehouse Management စနစ်ကျခြင်းကကုန်ပစ္စည်းများပျက်စီးမှုကို လျှော့ချပေးရုံသာမက မလိုလားအပ်တဲ့ မတော်တဆမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
💯 UMG Logistics နဲ့ဆို အစစအရာရာ စိတ်ချလိုက်ပါ 💯
Telegram channel link:
https://t.me/umglogisticsmyanmar
☎️ 09977835791
🌀 No. (589/592), Bo Aung Kyaw Street, Yangon- Pathein Highway Road, HlaingThayar Township, Yangon.