Thadar Wint Htal Logistics

Thadar Wint Htal Logistics -International Sea / Air Freight Forwarding
-Break Bulk / GC / Project Cargo
-Customs Clearance / Do

21/05/2026

Thadar Wint Htal Logistics ကလုပ်ငန်းရှင်ကြီးများအတွက် Business Partner အဖြစ်ရှိနေပါတယ်ဗျ 📢📢

✨Your success is our destination!!! 💪

https://vt.tiktok.com/ZSxD6UaKf/

သားသမီးတွေရဲ့ လိုအပ်ချက်တိုင်းကို အချိန်မီဖြည့်ဆည်းပေးဖို့ ဘယ်တော့မှ နောက်မကျတတ်တဲ့ အိမ်က "Manager" မိခင်များသို့...။ 🤱က...
10/05/2026

သားသမီးတွေရဲ့ လိုအပ်ချက်တိုင်းကို အချိန်မီဖြည့်ဆည်းပေးဖို့ ဘယ်တော့မှ နောက်မကျတတ်တဲ့ အိမ်က "Manager" မိခင်များသို့...။ 🤱

ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အမြန်ဆုံး မေတ္တာကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ အမေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေလို့ Thadar Wint Htal က ဆုတောင်းလိုက်ပါတယ်။
Happy Mother’s Day! 🚚📦❤️

08/05/2026

🚨MANAGER နဲ့ဝန်ထမ်းကောင်လေးအနည်းငယ်ပွတ်တိုက် မှုဖြစ်ပွား 🤭

01/05/2026

✨Thadar Wint Htal Logistics ရဲ့ operation team members တစ်ဦးချင်းစီရဲ့လုပ်ငန်းအကြောင်း📦

✨Your Success is Our Destination!! 💪

https://vt.tiktok.com/ZSxD6b7Ky/

ကမ္ဘာပေါ်က လုပ်ငန်းအသီးသီးမှာ နေရာပေါင်းစုံကနေ လုပ်ကိုင်နေကြတဲ့ အလုပ်သမားဝန်ထမ်းများအားလုံးရဲ့ လုပ်အားတွေကို တန်ဖိုးထားအ...
01/05/2026

ကမ္ဘာပေါ်က လုပ်ငန်းအသီးသီးမှာ နေရာပေါင်းစုံကနေ လုပ်ကိုင်နေကြတဲ့ အလုပ်သမားဝန်ထမ်းများအားလုံးရဲ့ လုပ်အားတွေကို တန်ဖိုးထားအသိအမှတ်ပြုရင်း ဒီနေ့ကျရောက်တဲ့ အလုပ်သမားနေ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။🔧🧰✊

🪷 ဗုဒ္ဓဘာသာဝင်များ၏ သုံးလောကထွတ်ထား ဂေါတမမြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားအဖြစ်သို့ ရောက်ရှိခြင်းန...
30/04/2026

🪷 ဗုဒ္ဓဘာသာဝင်များ၏ သုံးလောကထွတ်ထား ဂေါတမမြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားအဖြစ်သို့ ရောက်ရှိခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်ခြင်းဟူသော ထူးခြားသည့် ဖြစ်စဉ်လေးရပ်အား တစ်ရက်တည်းတွင် ဆုံကြုံခဲ့သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် ဗောဓိညောင်ပင်အား ရေစင်သွန်းလောင်း၍ ဘုရားရှင်၏ ဂုဏ်တော်များကို ကြည်ညိုပူဇော်လေ့ရှိကြပါသည်။
ယနေ့ကျရောက်သော ဤနေ့ထူးနေ့မြတ်မှစ၍ ဓမ္မမိတ်ဆွေအပေါင်း ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာရှိကြပါစေကြောင်း သဒ္ဒါဝင့်ထည်မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

ကုန်ပစ္စည်းတန်ဖိုးထက် Logistics စရိတ်က ပိုကြီးနေလို့ အမြတ်ငွေတွေ နည်းနေပြီလား? 💸ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတစ်ခုမှာ ပစ္...
27/04/2026

ကုန်ပစ္စည်းတန်ဖိုးထက် Logistics စရိတ်က ပိုကြီးနေလို့ အမြတ်ငွေတွေ နည်းနေပြီလား? 💸

ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတစ်ခုမှာ ပစ္စည်းဖိုးထက် မမြင်ရတဲ့ Logistics စရိတ်တွေက အမြတ်ကို မထင်ရင်မထင်သလို ဝါးမြိုသွားတတ်ပါတယ်။ ဒါတွေကို မသိဘဲ လုပ်နေရင်တော့ ငွေတွေက သဲထဲရေသွန်နေရသလိုပဲ ဖြစ်နေမှာပါ။

ဒါကြောင့် လုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ Logistics Cost ချွေတာနည်း (၅) ချက် ကို Thadar Wint Htal Logistics က ပြောပြပေးချင်ပါတယ်ရှင်။

⚠️ ၁။ ပစ္စည်းအလေးချိန်နဲ့ ထုထည်ကို စနစ်တကျ တွက်ချက်ပါ
ပစ္စည်းတင်တဲ့အခါ အလေးချိန် (Weight) တစ်ခုတည်း ကြည့်လို့မရပါဘူး။ နေရာယူမှု (CBM) ကို မတွက်ချက်ဘဲ သေချာ မထုပ်ပိုးမိရင် မလိုအပ်ဘဲ လေဖိုးတွေ နေရာဖိုးတွေ ပိုပေးနေရပါလိမ့်မယ်။

⚠️ ၂။ အချိန်မီ စာရင်းပေးဖို့ မမေ့ပါနဲ့
နောက်ဆုံးမိနစ်မှ အပြေးအလွှား ထလုပ်တာက သေချာစစ်ဆေးချိန်မရတဲ့အပြင် Freight Rate ကိုလည်း မြင့်တက်စေနိုင်လို့ အနည်းဆုံး တစ်ပတ်လောက် ကြိုတင်စီစဉ်ခြင်းက စရိတ်ပိုသက်သာစေမှာပါ။

⚠️ ၃။ ထုပ်ပိုးမှုပုံစံ မှန်ကန်ပါစေ
ဈေးသက်သာရင် ပြီးရောဆိုပြီး ထုပ်ပိုးမှု (Packaging) ကို လျှော့တွက်လိုက်ရင် လမ်းခရီးမှာ ပစ္စည်းပျက်စီးပြီး အစားထိုးပို့ဆောင်ခတွေ၊ လျော်ကြေးတွေနဲ့ စရိတ်ပိုတက်ပြီး အမြတ်ထက် အရှုံးက ပိုများသွားနိုင်ပါတယ်။

⚠️ ၄။ ကုန်သေတ္တာအတွင်း နေရာလွတ် မထားပါနဲ့
Container တစ်လုံးစာ မပြည့်ဘူးဆိုရင်တောင် နေရာလွတ်မကျန်အောင် စနစ်တကျ စီစဉ်တာ (Load Optimization) ဒါမှမဟုတ် စုပေါင်းပို့ဆောင်တာမျိုးက တစ်ယူနစ်ချင်းစီရဲ့ ကုန်ကျစရိတ်ကို အများကြီး လျှော့ချပေးပါတယ်။

⚠️ ၅။ ကျွမ်းကျင်သူနဲ့ အမြဲတိုင်ပင်ပါ
အကောက်ခွန် လုပ်ထုံးလုပ်နည်းကို သေချာမသိဘဲ လုပ်ရင် ဒဏ်ကြေး (Penalty) တွေ၊ ဆိပ်ကမ်းခ (Demurrage) တွေက ကိုယ့်အိတ်ကပ်စိုက်ရမဲ့ အခြေအနေမို့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး လက်တွဲလုပ်တာက Safe အဖြစ်ဆုံးပါပဲ။

Thadar Wint Htal Logistics ကတော့ လုပ်ငန်းရှင်ကြီးများရဲ့ ကုန်ပစ္စည်းတွေအတွက် အသက်သာဆုံး လမ်းကြောင်းကို ရှာဖွေပေးရုံတင်မကဘဲ၊ မလိုအပ်တဲ့ ဒဏ်ကြေးတွေနဲ့ အပိုကုန်ကျစရိတ်တွေ မရှိရအောင် တိကျစွာ စိစစ်ပြီး တာဝန်ယူ ဆောင်ရွက်ပေးပါတယ်ရှင်…

အပိုကုန်ကျစရိတ်တွေ သက်သာပြီး အမြတ်ငွေတွေ ပိုတိုးပွားစေမဲ့ Logistics ဝန်ဆောင်မှုကို လိုချင်ရင်တော့ Thadar Wint Htal Logistics နဲ့ အခုပဲ လက်တွဲလိုက်ပါနော်… 🤝

Your success is our destination!!!

24/04/2026

မင်္ဂလာပါ ဒီနေ့တော့ Thadar Wint Htal Logistics ကနေ CIF&FOBရဲ့ကွာခြားချက်ကိုရှင်းပြပေးသွားပါမယ်ခင်ဗျ ✨

✨Your Success is Our Destination!!💪

https://vt.tiktok.com/ZSxD6GpPc/

တစ်ခါတလေတော့လည်း ဒီလောက် အမြတ်ကျန်သင့်တာကို ဘာလို့ အမြတ်ငွေတွေက နည်းနေရတာလဲလို့ တွေးမိဖူးကြမှာပါ…🤔အဖြေကတော့ ရိုးရှင်းပါတ...
20/04/2026

တစ်ခါတလေတော့လည်း ဒီလောက် အမြတ်ကျန်သင့်တာကို ဘာလို့ အမြတ်ငွေတွေက နည်းနေရတာလဲလို့ တွေးမိဖူးကြမှာပါ…🤔

အဖြေကတော့ ရိုးရှင်းပါတယ်။ အမြတ်ငွေတွေကို Logistics ကုန်ကျစရိတ်ဆိုတဲ့ ယိုပေါက်လေးတွေကနေ ယိုဖိတ်နေလို့ပါပဲရှင်… 💸

Logistics ဆိုတာ ပစ္စည်းတစ်ခုကို ဟိုဘက်ကနေ ဒီဘက်ကို ပို့လိုက်ရုံလောက်ပဲလို့ ထင်နေမိရင်တော့ မှားသွားပါလိမ့်မယ်။

ပစ္စည်းတွေ လမ်းမှာ ပျက်စီးသွားလို့ အစားထိုးလိုက်ရတဲ့ အချိန်တွေ၊ "ဒီနေ့ ရောက်မယ်" လို့ ကတိပေးထားတာကို အချိန်မီ မရောက်လို့ နောက်ထပ် အော်ဒါတွေ လက်လွှတ်လိုက်ရတဲ့ အခါမျိုးတွေ...

ဒါတွေအားလုံးက လုပ်ငန်းရှင်ကြီးတို့ရဲ့ ငွေကြေးတွေအပြင် လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့ အချက်တွေပါ။

ပြီးတော့ ဆိပ်ကမ်းမှာ ပစ္စည်းပိတ်မိလို့ ပေးလိုက်ရတဲ့ ဒဏ်ကြေး (Demurrage) တွေ၊ မလိုဘဲ ပိုကုန်နေတဲ့ အခွန်အခတွေ... ဒါတွေက ကိုယ့်အိတ်ကပ်ထဲက ငွေတွေကို တဖြည်းဖြည်းချင်း စိုက်ထုတ်နေရတာနဲ့ အတူတူပါပဲ။

ဒီလိုမျိုး အပေါက်ရှာမရတဲ့ ယိုဖိတ်မှုတွေကို ဘယ်လိုဖြေရှင်းရမလဲ မသိရင် Thadar Wint Htal Logistics ရဲ့ ဝါရင့်ကျွမ်းကျင်ပညာရှင်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင်…

Thadar Wint Htal Logistics အနေနဲ့ ကုန်ပစ္စည်းတွေ အန္တရာယ်ကင်းကင်းနဲ့ အချိန်မှန်ရောက်အောင်၊ အပိုကုန်ကျစရိတ်တွေ မရှိအောင်၊ လူကြီးမင်းတို့ရဲ့ လုပ်ငန်းကို စိတ်အေးလက်အေးနဲ့ ဦးဆောင်နိုင်အောင် ဝါရင့်ကျွမ်းကျင်ပညာရှင်ကြီးတွေကိုယ်တိုင် အနီးကပ် တာဝန်ယူ ဆောင်ရွက်ပေးသွားမှာပါ…

အမြတ်ငွေတွေ ထပ်မယိုဖိတ်စေချင်တော့ဘူးဆိုရင်တော့ Thadar Wint Htal Logistics နဲ့ အခုပဲ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်…🤝

Your success is our destination!!!

"မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေ”တန်ခူးလရနံ့နှင့်အတူ အတာရေစင် ဖျန်းပက်လို့ နှစ်ဟောင်းမှ ...
17/04/2026

"မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေ”
တန်ခူးလရနံ့နှင့်အတူ အတာရေစင် ဖျန်းပက်လို့ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ကာ၊ နှစ်သစ်ဦးမှာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ။ ✨
ကိုယ်စိတ်နှစ်ဖြာ အေးမြကြည်လင်ပြီး လိုရာဆန္ဒဟူသမျှ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း “𝐓𝐡𝐚𝐝𝐚𝐫 𝐖𝐢𝐧𝐭 𝐇𝐭𝐚𝐥 𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 ” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ရှင့် 🙇🏻‍♀️
“မိဘဘိုးဘွားများကို ကန်တော့ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်”

#မြန်မာနှစ်ဆန်းတစ်ရက်နေ့

Cargo ကလည်း ပစ္စည်းပို့တာပဲ၊ Logistics ကလည်း ပစ္စည်းပို့တာပဲ၊ ဘာများ ကွာခြားလို့လဲ…?အမှန်တော့ ဒီနှစ်ခုကြားမှာ ကွာခြားချက...
13/04/2026

Cargo ကလည်း ပစ္စည်းပို့တာပဲ၊ Logistics ကလည်း ပစ္စည်းပို့တာပဲ၊ ဘာများ ကွာခြားလို့လဲ…?

အမှန်တော့ ဒီနှစ်ခုကြားမှာ ကွာခြားချက်က တော်တော်လေးများပါတယ်!!

ရိုးရိုးရှင်းရှင်း ပြောရရင် Cargo (သို့မဟုတ်) Shipment ဆိုတာက ပစ္စည်းတွေကို သင်္ဘော၊ လေယာဉ် ဒါမှမဟုတ် ကားပေါ်တင်ပြီး တစ်နေရာကနေ တစ်နေရာကို ပို့ဆောင်ပေးတဲ့ သယ်ယူပို့ဆောင်မှုလုပ်ငန်းစဉ်တစ်ခုကို ဆိုလိုတာပါ။ သူ့ရဲ့ အဓိက အလုပ်က ပစ္စည်းကို ပို့ပေးဖို့ပါပဲ။

ဒါပေမဲ့ Logistics ဆိုတာကတော့ ပစ္စည်းကို သယ်ပေးရုံတင် မဟုတ်ပါဘူး။ အဲဒီပစ္စည်းတွေ အချိန်မီ ရောက်ရှိဖို့၊ ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်ဖို့၊ အကောက်ခွန် ကိစ္စတွေ၊ သိုလှောင်မှုတွေနဲ့ စာရွက်စာတမ်းပိုင်းဆိုင်ရာတွေကိုပါ အစအဆုံး စီမံခန့်ခွဲပေးတဲ့ စနစ်တစ်ခုကို ဆိုလိုတာပါ။

ဒါကြောင့် တချို့လုပ်ငန်းတွေမှာ Cargo (သယ်ယူမှု) တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး စီမံခန့်ခွဲမှု (Logistics) အားနည်းနေရင် ပစ္စည်းရောက်ဖို့ နောက်ကျတာ၊ အပိုကုန်ကျစရိတ်တွေ တက်လာတာ၊ ဆိပ်ကမ်းမှာ စာရွက်စာတမ်း အမှားအယွင်းကြောင့် ပိတ်မိနေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါတွေက လုပ်ငန်းရှင်ကြီးတွေကို တကယ်ခေါင်းစားစေလို့ Logistics Service တွေဆိုတာကလည်း Solution တစ်ခုအဖြစ်ရှိနေကြတာပါ။

Thadar Wint Htal Logistics ကလည်း Logistics ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဝါရင့်ကျွမ်းကျင်ပညာရှင်ကြီးတွေကိုယ်တိုင် Solution တွေပေးနေတဲ့ Logistics Partner အဖြစ် အသင့်ရှိနေမှာဖြစ်လို့ အချိန်မရွေးတိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်…🥰

Your success is our destination!!!

Address

116, 40th Street (Lower Block), First Floor, Kyauktada Township
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959450031114

Alerts

Be the first to know and let us send you an email when Thadar Wint Htal Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thadar Wint Htal Logistics:

Share