ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့

  • Home
  • Myanmar
  • Yangon
  • ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့

ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့ +959250600607
+959790600607

📢 ခရီးသည်မေ့ကျန်ခဲ့သော ပစ္စည်းအား ပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်း💞💞💞📌 22-6-2026 ရက်နေ့တွင် PTA ID (036) ကိုကျော်ဝ...
24/06/2026

📢 ခရီးသည်မေ့ကျန်ခဲ့သော ပစ္စည်းအား ပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်း💞💞💞

📌 22-6-2026 ရက်နေ့တွင် PTA ID (036) ကိုကျော်ဝေလင်း Taxi ကို စမ်းချောင်းမြို့နယ်၊ တရုတ်ကျောင်းလမ်းမှ Time City သို့လက်တား ခရီးသည်တစ်ဦး ငှားရမ်းစီးနင်းခဲ့ပါသည်။👍👍

📌 ခရီးစဉ်ပြီးဆုံး၍ ကားပေါ်မှ ဆင်းသွားပြီးနောက် Camera နှင့်သက်ဆိုင်သော ဆက်စပ်ပစ္စည်းတစ်ခုကို Taxi နောက်ခန်းတွင် မေ့ကျန်ခဲ့ကြောင်း နောက်ထပ်တက်ရောက်စီးနင်းသည့် ခရီးသည်မှ တွေ့ရှိခဲ့ပြီး ကားဆရာထံသို့ အပ်နှံပေးခဲ့ပါသည်။👍👍

📌 ကားဆရာမှ ပစ္စည်းပိုင်ရှင်အား အမြန်ဆုံးရှာဖွေနိုင်ရန် ခရီးသည် တက်ရောက်စီးနင်းခဲ့သည့် နေရာသို့ ပြန်လည်သွားရောက် စုံစမ်းခဲ့သော်လည်း ပိုင်ရှင်အား မတွေ့ရှိခဲ့ပါ။🌧🌧🌧
📌 PTA အဖွဲ့၏ စည်းမျဉ်းအရ မေ့ကျန်ပစ္စည်းများကိုတွေ့ရှိသည်နှင့် ချက်ချင်း အဖွဲ့သို့ သတင်းပို့ရပါသည်။ ထို့ကြောင့် အဖွဲ့ဝင်များမှ Facebook ပေါ်တွင် မေ့ကျန်ပစ္စည်းနှင့်ပတ်သက်သော Post များကို ရှာဖွေစုံစမ်းခဲ့ရာ ပစ္စည်းပိုင်ရှင်၏ Post ကို တွေ့ရှိခဲ့ပြီး ဖုန်းဖြင့် ဆက်သွယ်ကာ ပစ္စည်းအား ပိုင်ရှင်ထံသို့ ကိုယ်တိုင်သွားရောက် ပြန်လည်ပေးအပ်နိုင်ခဲ့ပါသည်။🤝🤝

📌 ပိုင်ရှင်မှ ကျေးဇူးတင်သည့်အနေဖြင့် ဓာတ်ဆီဖိုး ပေးအပ်လိုသော်လည်း PTA အဖွဲ့ဝင်များက လက်မခံဘဲ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခွင့်သာ တောင်းခံခဲ့ပါသည်။👍👍

📌 PTA အဖွဲ့ဝင်များအနေဖြင့် ခရီးသည်များ၏ မေ့ကျန်ပစ္စည်းများကို ပိုင်ရှင်လက်ဝယ်သို့ ပြန်လည်ရောက်ရှိစေရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။👍👍
📌 ခရီးသည်များအနေဖြင့်လည်း Taxi ပေါ်မှမဆင်းမီ မိမိတို့၏ပစ္စည်းများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။🙏🙏

📌 PTA အဖွဲ့မှ ကားပေါ်တွင် မေ့ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံခဲ့သည့် မှတ်တမ်းများကို Page တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။👉👉

🙏 “ယုံကြည်မှုကို တန်ဖိုးထားပြီး ဝန်ဆောင်မှုပေးနေသော PTA Taxi မိသားစု”

ဆက်သွယ်ရန်☎
09250600607
09790600607

# PTA(Taxi Group)
Taxi Assotiation
#ကိုယ်ပိုင်taxiမောင်းသူများအဖွဲ့

🍀​"International School က ဆရာနှင့် ဆရာမတို့ရဲ့ ယုံကြည်မှုကို ရရှိခဲ့တဲ့ PTA Taxi Group" 🚖✨ 📌 ​ရန်ကင်း Skysuite Condo ကနေ...
20/06/2026

🍀​"International School က ဆရာနှင့် ဆရာမတို့ရဲ့ ယုံကြည်မှုကို ရရှိခဲ့တဲ့ PTA Taxi Group" 🚖✨

📌 ​ရန်ကင်း Skysuite Condo ကနေ Network International School ကို (၁) နှစ်ပတ်လုံး ပျက်ရက်မရှိ၊ အချိန်တိကျစွာနဲ့ အဆင်ပြေချောမွေ့အောင် ကြို/ပို့ ဝန်ဆောင်မှုပေးခဲ့ပြီးနောက်...ကျောင်းပိတ်လို့ အင်္ဂလန်သို့အပြန် လေဆိပ်မှာ ဆရာနှင့်ဆရာမတို့ဆီကနေ ရင်ထဲကလာတဲ့ အသိအမှတ်ပြု ကျေးဇူးတင်စကားလေး ကြားလိုက်ရပါတယ်။ 🥰

📌 ​" PTA အဖွဲ့ကို တကယ်ကျေးဇူးတင်ပါတယ်..." ဆိုတဲ့ မှတ်ချက်စကားလေးဟာ PTA (Taxi Group) ရဲ့ Founder တစ်ယောက်အနေနဲ့ အတိုင်းမသိ ဂုဏ်ယူမိသလို၊ ကျွန်တော်တို့ PTA အဖွဲ့သားအားလုံးအတွက်လည်း ရှေ့ဆက်ဖို့ အကောင်းဆုံး အားဆေးတစ်ခွက် ဖြစ်လာရပါတယ်။ 💊❤️

📌 ​နိုင်ငံခြားသား ဆရာနှင့်ဆရာမတွေရဲ့ စံနှုန်းအတိုင်း အချိန်တိကျမှု၊ ဘေးကင်းလုံခြုံမှုနဲ့ စိတ်ချရမှုကို အပြည့်အဝ တာဝန်ယူပေးခဲ့တာဟာ PTA အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကြောင့်ပဲ ဖြစ်ပါတယ်။😊😊

​🚖 လူကြီးမင်းတို့ရဲ့ နေ့စဉ်အော်ဒါများ၊ ကျောင်းကြိုပို့နှင့် လေဆိပ်အကြိုအပို့ ခရီးစဉ်များအတွက် စိတ်ချရတဲ့ အဖွဲ့အစည်းနဲ့ လက်တွဲချင်တယ်ဆိုရင်တော့ အုံနာ​ကြီးများကိုယ်တိုင်မောင်းတဲ့ PTA (Taxi Group) ကို သတိရလိုက်ပါခင်ဗျာ။👍👍

​📞 အသေးစိတ် စုံစမ်းမေးမြန်းရန် -09250600607 / 09790600607
PTA (taxi group)
Taxi Associations
#ကိုယ်ပိုင်Taxi မောင်းသူများအဖွဲ့

🍁 ​"ပြေးလမ်းပေါ်က အားဆေးတစ်ခွက်နှင့် လေးစားရပါသော ဘဝတူ Taxiဆရာတဦး "✍✍✍🕹 ခက်ခဲတဲ့အချိန်တွေမှာ မိမိနဲ့မသိကျွမ်းဘဲ ရဲရဲဝံ့...
18/06/2026

🍁 ​"ပြေးလမ်းပေါ်က အားဆေးတစ်ခွက်နှင့် လေးစားရပါသော ဘဝတူ Taxiဆရာတဦး "✍✍✍

🕹 ခက်ခဲတဲ့အချိန်တွေမှာ မိမိနဲ့မသိကျွမ်းဘဲ ရဲရဲဝံ့ဝံ့ ရပ်တည်ကူညီပေးခဲ့တဲ့ ဘဝတူ Taxi ဆရာတစ်ဦးနဲ့ PTA အဖွဲ့ဝင်တွေကို ရင်ထဲကလာတဲ့ ကျေးဇူးစကားနဲ့အတူ ဂုဏ်ပြုစကား ပါးပါရစေ။ 🙏🙏🙏

🕹 ​ပြီးခဲ့တဲ့ ၁၆-၆-၂၀၂၆ (အင်္ဂါနေ့) ည ၈ နာရီဝန်းကျင်က တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းနဲ့ ရတနာလမ်းမီးပွိုင့်မှာ ကျွန်တော် PTA (099) ယာဉ်နဲ့ ကုမ္ပဏီပိုင် လိုက်ထရက် (Light Truck) ကားတစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ လိုက်ထရက်ကားပေါ်မှာ အမျိုးသား ၃ ဦး ပါလာပြီး မောင်းနှင်သူမှာ မူးယစ်ရီဝေနေတဲ့အပြင် မောင်းပြေးဖို့ ကြိုးစားခဲ့ပါတယ်။🔗🔗🔗

🕹 ​အဲဒီအချိန်မှာ ကားမောင်းပြေးလို့မရအောင် ရှေ့ကနေ ရဲရဲဝံ့ဝံ့ ပိတ်ရပ်ပေးပြီး "မင်းမှားတာ မင်းတာဝန်ယူရမယ်" လို့ ပြတ်ပြတ်သားသား ပြောဆိုရပ်တည်ပေးခဲ့တဲ့ ဘဝတူ Taxi ဆရာတစ်ဦး ရှိခဲ့ပါတယ်။ သူမှန်ကိုယ်မှန် ပြောနေ၍ ယာဉ်ထိန်းရုံးသို့ သွားရောက် ဖြေရှင်းကြရတဲ့အခါမှာလည်း အဲဒီ Taxi ဆရာက သူ့မှာ ခရီးသည်ပါနေတဲ့ကြားကနေ "လိုအပ်ရင် သက်သေလိုက်ပေးမယ်" ဆိုပြီး ဖုန်းနံပါတ်ပါ ပေးခဲ့ပါတယ်။👍👍👍

🕹 ​ကျွန်တော်တို့ PTA ညီအကိုများမှ ဖြစ်စဉ်နေရာကို သတင်းကြားတာနဲ့ တစ်ပြိုင်နက် ရောက်ရှိလာကြတဲ့ PTA မှ ID (027)၊ (045)၊ (078)၊ (044)၊ (071)၊ (058)၊ (037)၊ (072)၊ (037)၊ (001)၊ (018)၊ (059) ညီအစ်ကိုများအားလုံးကလည်း ယာဉ်ထိန်းရုံးအထိ လိုက်ပါဝန်းရံပြီး စိတ်ခွန်အားပေး ကူညီခဲ့ကြပါတယ်။ စောစောက Taxi ဆရာကလည်း အဆင်ပြေရဲ့လားဆိုပြီး ဖုန်းလှမ်းဆက်ကာ စိတ်ပူပေးခဲ့ပါသေးတယ်။ 🤝🤝🤝

🕹 ​အထူးသဖြင့် ညဉ့်နက် သန်းခေါင် ည (၁) နာရီအထိ မိသားစုစိတ်ဖြင့် စောင့်ဆိုင်းကူညီပေးခဲ့ကြတဲ့ PTA ID (018)၊ (072)၊ (071)၊ (001) ညီအစ်ကိုများရဲ့ မိသားစုစိတ်ဓာတ်ကတော့ ဘယ်လိုမှ မေ့လို့မရနိုင်ပါဘူး။😊😊😊

🕹 ​မသိကျွမ်းဖူးပေမဲ့ မှန်ကန်မှုအတွက် ပြတ်ပြတ်သားသား ကူညီပေးခဲ့တဲ့ ဘဝတူ Taxi ဆရာကို ရိုသေစွာ ဦးညွတ်ကျေးဇူးတင်ပါတယ်။🙏🙏🙏

🕹 အခက်အခဲကြုံတိုင်း သွေးစည်းစွာ ဝန်းရံပေးတတ်တဲ့ အခုလို အဖွဲ့အစည်းမျိုးမှာ PTA အဖွဲ့ဝင်တစ်ဦး ဖြစ်ခွင့်ရတာ ကျွန်တော့်အတွက်တော့ "ပြေးလမ်းပေါ်က အားဆေးတစ်ခွက်" ပါပဲဗျာ။ 💪💪💪

​အားလုံးကို အစဉ်လေးစားလျက် -
PTA ID (099)
ကိုသော်တာရှိုင်း
Taxi Associations
#ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့

ဆရာစံလမ်း စိန်လျှံ ( Tea shop) မှာ PTA (063)မှ နံနက်စာ ဧည့်ခံပျော်ပျော်ပါးပါးဝါးတီဆွဲ🤩🤩🤩အချိန်ပေးနိုင်လျှင်နွေးထွေးတဲ့ P...
17/06/2026

ဆရာစံလမ်း စိန်လျှံ ( Tea shop) မှာ PTA (063)
မှ နံနက်စာ ဧည့်ခံ
ပျော်ပျော်ပါးပါး
ဝါးတီဆွဲ
🤩🤩🤩

အချိန်ပေးနိုင်လျှင်
နွေးထွေးတဲ့ PTA
ရင်ခွင်မှ ကြိုဆိုပါတယ်
😊😊😊

🍀 ဒီနေ့မနက်ခင်းလေးကို အမှတ်တရဖြစ်စေခဲ့တဲ့ ကိုယ်ချင်းစာစိတ်လေး✨️✨️✨️📌 ​ဒီနေ့ (၁၅.၆.၂၀၂၆) မနက် ၉ နာရီခွဲလောက်မှာ တောင်ဒဂုံ...
15/06/2026

🍀 ဒီနေ့မနက်ခင်းလေးကို အမှတ်တရဖြစ်စေခဲ့တဲ့ ကိုယ်ချင်းစာစိတ်လေး✨️✨️✨️

📌 ​ဒီနေ့ (၁၅.၆.၂၀၂၆) မနက် ၉ နာရီခွဲလောက်မှာ တောင်ဒဂုံကနေ ကမာကြည်လမ်းဆုံအထိ သားအမိနှစ်ယောက် ငှားရမ်းစီးနင်းခဲ့ပါတယ်။ သူတို့ဆင်းသွားပြီး နောက်အော်ဒါတစ်ခုမှာ ခရီးသည်အသစ် တက်လာတော့မှ အရင်ခရီးသည် သားအမိရဲ့ ဖုန်းကျန်ခဲ့မှန်း သိလိုက်ရတာပါ။🤷‍♂️🤷‍♂️🤷‍♂️
📌 ​သိသိချင်းပဲ သူတို့ဆင်းသွားခဲ့တဲ့နေရာကို ပြန်သွားကြည့်ပေမဲ့ မတွေ့တော့ပါ နောက်တစ်နာရီလောက်မှာ ဖုန်းဆက်လာတာနဲ့ သူတို့ကို စတင်ကြိုခဲ့တဲ့ အိမ်အရောက် ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့ပါတယ်။😊😊😊

📌 ​ခရီးသည်က ကျေးဇူးတင်လွန်းလို့ ဆီဖိုးပြန်ပေးပေမယ့်လည်း တစ်ဖက်လူရဲ့ စိုးရိမ်စိတ်ကို ကိုယ်ချင်းစာမိတာကြောင့် တစ်ကျပ်မှမယူဘဲ မေတ္တာနဲ့သာ ပြန်ပေးခဲ့ပါတယ်။ အမှတ်တရမှတ်တမ်းလေးဖြစ်အောင် ဓာတ်ပုံလေးပဲ ခွင့်တောင်းပြီး ရိုက်ခဲ့ပါတယ်ဗျာ။👍👍👍
📌 ​တစ်ဖက်လူ ဒုက္ခရောက်မယ့်အရေးကို ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးခွင့်ရခဲ့လို့ ဒီနေ့အတွက် ရင်ထဲမှာ တကယ်ကို ဝမ်းသာပီတိဖြစ်ရတဲ့ နေ့တစ်နေ့ပါပဲ။😊😊😊

PTA (018) ကိုရဲကျော်ပိုင်
# Private Taxi Associations
ကိုယ်ပိုင်taxiမောင်းသူများအဖွဲ့

ရင်ဘတ်ချင်းတူတဲ့ မိသားစုစိတ်ဓာတ်နဲ့ PTA ညီအစ်ကိုများ 🤝❤️​ဒီနေ့တော့ ကျွန်တော်သားကြီး PTA ID (017)၏ ကားလေး အင်ဂျင်ပိုင်းပတ...
14/06/2026

ရင်ဘတ်ချင်းတူတဲ့ မိသားစုစိတ်ဓာတ်နဲ့ PTA ညီအစ်ကိုများ 🤝❤️

​ဒီနေ့တော့ ကျွန်တော်သားကြီး PTA ID (017)၏ ကားလေး အင်ဂျင်ပိုင်းပတ်ကား ပြုပြင်ဖို့အတွက် တောင်ဥက္ကလာ၊ စက်မှု (၆) လမ်းက ဝပ်ရှော့မှာ အားလုံး စုစုစည်းစည်းနဲ့ ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြပါတယ်။
​လိုအပ်တဲ့ ပစ္စည်းများကိုလည်း PTA ညီအစ်ကိုတွေရဲ့ ကားနဲ့ပဲ အတူတူ သွားရောက်ဝယ်ယူပေးပြီး တက်ညီလက်ညီ ဝန်းရံပေးခဲ့ကြတယ်ပေါ့ဗျာ။

​ကျွန်တော်တို့ PTA အဖွဲ့ဆိုတာ... အဖွဲ့ဝင်အင်အားတွေ အများကြီးရှိဖို့ထက်၊ ရှိတဲ့သူတွေအားလုံးက "မိသားစု" လို ရင်ဘတ်ချင်းတူတူ၊ စိတ်ဓာတ်ချင်းတူတူနဲ့ တစ်ယောက်အခက်အခဲကို တစ်ယောက် ဖေးမကူညီတတ်ကြတာဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အင်အားပါပဲ။
​ကားပြင်နေစဥ် သန်လျင်က အိမ်အထိအပြန် လိုက်လံပို့ဆောင်ပေးခဲ့ကြပါသေးတယ်။
​အဖွဲ့ဝင်အင်အားထက် စိတ်ဓာတ်အင်အားကို ရှေ့တန်းတင်တဲ့ PTA မိသားစုဝင် တစ်ယောက်ဖြစ်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်ဗျာ။

PTA ID (017)
ကိုသားကြီး

🎉 အောင်ပွဲနဲ့ နှုတ်ဆက်ပွဲ သမိုင်းမှတ်တိုင်တစ်ခု... 🎉​ကျွန်တော်တို့ရဲ့ PTA (074) CNG ကားလေး ရောင်းချခြင်း အောင်ပွဲနဲ့ နှု...
11/06/2026

🎉 အောင်ပွဲနဲ့ နှုတ်ဆက်ပွဲ သမိုင်းမှတ်တိုင်တစ်ခု... 🎉

​ကျွန်တော်တို့ရဲ့ PTA (074) CNG ကားလေး ရောင်းချခြင်း အောင်ပွဲနဲ့ နှုတ်ဆက်ပွဲလေးကို (၄၃) ပြင်းပြင်း ညီအစ်ကိုများ စုံစုံလင်လင်နဲ့ တက်ရောက် ချီးမြှင့် အားပေးခဲ့ကြပါတယ်ခင်ဗျာ။ အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ပွဲလေးက တကယ်ကို
ပျော်ရွင်ခဲ့ရပါတယ်
​ပြီးတော့... ကျွန်တော်တို့ PTA ကို ယုံကြည်စိတ်ချပြီး သိန်း ၁၅၀၀ နဲ့ ဝယ်ယူအားပေးသွားတဲ့ ဝယ်သူကြီးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏✨

​ကားသစ်ကြီးနဲ့အတူ စီးပွားလက်လာဘ်များ ဒီထက်မက တိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🚙💰

PTA ( taxi group)
Private Taxi Associations
ကိုယ်ပိုင်taxiမောင်းသူများအဖွဲ့

"PTA ဆိုတာ အရေးကြုံရင် အမြဲအနားမှာ ရှိနေတဲ့ မိသားစုပါ ❤️"​ဒီနေ့ (၉.၆.၂၀၂၆) နံနက် (၉) နာရီအချိန်ခန့်က ကန်သာယာ Center အနီး...
09/06/2026

"PTA ဆိုတာ အရေးကြုံရင် အမြဲအနားမှာ ရှိနေတဲ့ မိသားစုပါ ❤️"
​ဒီနေ့ (၉.၆.၂၀၂၆) နံနက် (၉) နာရီအချိန်ခန့်က ကန်သာယာ Center အနီးမှာ ကျွန်တော်တို့ PTA အဖွဲ့ဝင် ID (071) ကိုလှခိုင်ရဲ့ ကား အော်တိုဝိုင်ယိုစိမ့်တဲ့ အခက်အခဲလေး ဖြစ်ပွားခဲ့ပါတယ်။
​သတင်း ရရခြင်းမှာပဲ နီးစပ်ရာ PTA ညီအကိုများဖြစ်ကြတဲ့ -
▪ ​🛠️ ID (052)
▪ ​🛠️ ID (044)
▪ ​🛠️ ID (047) နဲ့
▪ ​🛠️ Founder တို့မှ အချိန်နဲ့တပြေးညီ ချက်ချင်း သွားရောက်ဝန်းရံ ကူညီပေးခဲ့ကြပါတယ်။
​အခက်အခဲကြုံတိုင်း လက်တွဲမဖြုတ်တမ်း စည်းစည်းလုံးလုံးနဲ့ ကူညီပေးခဲ့ကြတဲ့ ညီအကိုများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပြီး လေးစားမိပါတယ်ဗျာ။ 🤝✨
ကိုလှခိုင်
PTA ID (071)

ညီနောင်များရဲ့ စည်းလုံးခြင်းနဲ့ နွေးထွေးတဲ့ တနင်္ဂနွေနေ့ဆုံဆည်းမှု👨‍👩‍👦👩‍❤️‍👨👫👬​ဒီနေ့ (၇.၆.၂၀၂၆) တနင်္ဂနွေနေ့ နေ့လယ် (၁:...
07/06/2026

ညီနောင်များရဲ့ စည်းလုံးခြင်းနဲ့ နွေးထွေးတဲ့ တနင်္ဂနွေနေ့ဆုံဆည်းမှု
👨‍👩‍👦👩‍❤️‍👨👫👬

​ဒီနေ့ (၇.၆.၂၀၂၆) တနင်္ဂနွေနေ့ နေ့လယ် (၁:၀၀) နာရီမှ (၃:၀၀) နာရီအတွင်းမှာ ကျွန်တော်တို့ PTA ညီအစ်ကိုများ ထုံးစံအတိုင်း သထုံလမ်းမှာ ပျော်ပျော်ပါးပါး ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။
​ဒီကနေ့ ဆုံစည်းမှုမှာတော့ ထူးခြားမှုအနေနဲ့ (၁၈) ကြိမ်မြောက် ဆုမဲကို ကံစမ်းမဲနှိုက်ခြင်းမပြုဘဲ၊ လက်ရှိ ကားပြင်ဆင်ရန် အမှန်တကယ် လိုအပ်နေသော PTA ID (044) ကိုဖြိုးဝေဝင်း ထံသို့ အားလုံးက ဝိုင်းဝန်းဖေးမတဲ့အနေနဲ့ လွှဲပြောင်းပေးအပ်ခဲ့ကြပါတယ်။
• ​PTA အဖွဲ့ရန်ပုံငွေ - ၅၀,၀၀၀ ကျပ်ပေး
• ​PTA နာယကကြီး ဦးကျော်ကျော် ID (000) မှ - ၁,၇၅၀,၀၀၀ ကျပ် ကျပ်တိတိကို နာယကကြီးကိုယ်တိုင် စေတနာရှေ့ထားပြီး ပေးအပ်ခဲ့ပါတယ်။
​အခုလို ဆုံတွေ့ရတဲ့ အချိန်လေးမှာ တစ်ပတ်တာ လမ်းပေါ်မှာ ကားမောင်းရင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကားပြင်ဆင်ရတဲ့ အခက်အခဲတွေကို အချင်းချင်း အကြံဉာဏ်ပေး ဖေးမတိုင်ပင်ခဲ့ကြသလို၊ တစ်ဦးချင်းစီရဲ့ မိသားစုရေးနဲ့ သားသမီးများရဲ့ ပညာရေးအကြောင်းများကိုပါ ရင်းရင်းနှီးနှီး စကားလက်ဆုံကျ ဖြစ်ခဲ့ကြပါတယ်။
​တစ်ဦးကိုတစ်ဦး ဖေးမကူညီတတ်တဲ့ နှလုံးသားချင်း တူညီကြလို့ပဲ PTA ဆိုတာ မိသားစုတစ်ခုလို ပိုမိုခိုင်မာလာတာ ဖြစ်ပါတယ်။ ရှေ့ဆက်ရမယ့် လမ်းခရီးတိုင်းမှာလည်း ဒီထက်မက စည်းလုံးစွာနဲ့ အတူတူ လျှောက်လှမ်းသွားကြပါဦးမယ်။

PTA ဆောင်ပုဒ်
မိသားစုအဖွဲ့မျိုးနေချင်
PTA ထဲဝင်
🤝🤝🤝

YGN ကားများ လိုင်စင်သက်တန်းတိုးလျှင် ပြစ်မှုကင်းရှင်းကြောင်း သက်သေခံစာရွက် တင်ပြရမည်ယာဉ်သက်တမ်းတိုးရန်အတွက် "ပြစ်မှုကင်း...
05/06/2026

YGN ကားများ လိုင်စင်သက်တန်းတိုးလျှင် ပြစ်မှုကင်းရှင်းကြောင်း သက်သေခံစာရွက် တင်ပြရမည်

ယာဉ်သက်တမ်းတိုးရန်အတွက် "ပြစ်မှုကင်းရှင်းကြောင်း" သက်သေခံစာရွက် ထုတ်ယူရမည့်နေရာများ

မိမိယာဉ်ကို သက်တမ်းတိုးမည်ဆိုပါက ပြစ်မှုကင်းရှင်းကြောင်း သက်သေခံအထောက်အထား (စာရွက်စာတမ်း) ကို အောက်ပါနေရာများတွင် ထုတ်ယူရပါမည်။

(၁) ပုဇွန်တောင်မြို့နယ်: အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ မှုခင်းစစ်ဆေးရေးဌာန။

(၂) ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးများရှိ One Stop Service များ:

မြင်သာ
အင်းစိန်
ဒဂုံတောင်
ရွာသာကြီး (ဒဂုံအရှေ့)
သန်လျင်

ထုတ်ပြန်သူ: ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ

Credit

Address

Yangon
Yangon
11161

Alerts

Be the first to know and let us send you an email when ကိုယ်ပိုင်Taxiမောင်းသူများအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share