ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း, Travel Service, Yangon.

🙏၂၀၂၆ ခုနှစ် မြန်မာတို့ရဲ့အတာကြူးတဲ့တန်ခူးလနှစ်သစ််ကူးမဟာသင်္ကြန်အခါသမယမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊အာရှ၏အလှပဆုံးဟိုက်ပါရ...
31/03/2026

🙏၂၀၂၆ ခုနှစ် မြန်မာတို့ရဲ့အတာကြူးတဲ့တန်ခူးလနှစ်သစ််ကူးမဟာသင်္ကြန်အခါသမယမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊အာရှ၏အလှပဆုံးဟိုက်ပါရေတံခွန်ခရီးစဉ်ကိုအတူတကွလိုက်ပါဖူးမြင် လေ့လာအပန်းဖြေနိုင်ကြရန်အတွက် လေးစားစွာဖိတ်မန္တက ပြုလိုက်ပါတယ်ခင်ဗျာ။
🙏ရှမ်းပြည်နယ်တောင်ပိုင်း-မောဦးမြေ၊ကလောမြို့၊မဟာမုနိနှီးဘုရားကြီး၊ကလောဘူတာ၊ကလောဈေး၊နာရီစင်၊အောင်ပန်း မြင်းမထိသဘာဝလိုဏ်ဂူ၊နန့်အွန်တောင်(ခ)ဗျိုက်တောင်၊သီခေါင်တောင်(view point)၊အင်းလေးကန်ဒေသ၊ဖောင်တော်ဦးရုပ်ရှင်တော်မြတ်(၅)ဆူ၊အလိုတော်ပေါက်စေတီ၊ရိုးရာ
ယက္ကန်းရုံ၊ငါးဖယ်ချောင်းရှေးဟောင်းကျောင်း၊တောင်ကြီးမြို့၊လောကချမ်းသာစူဠာမုနိစေတီတော်၊မြစိမ်းတောင်မဟာမုနိဘုရားကြီး၊အရိုးဂွင်းဆက်ဓာတ်တော်၊ရွှေဘုန်းပွင့်စေတီ၊ပတ္တမြားလိုဏ်ဂူ၊ရွှေမုဋ္ဌောဘုရားကြီး၊မွေတော်ကက္ကူဘုရားစေတီများ၊ဟိုပုံးမြို့၊ထမ့်ဆန်းလိုဏ်ဂူ၊ရွှေတိဂုံပုံတူစေတီ၊‌မယ်တော်ကျောင်း၊မိုင်းပွန်မြို့၊ပင်လုံမြို့၊ရွှေတိဂုံပုံတူစေတီ၊ပင်လုံစာချုပ် ချုပ်ဆိုရာအထိမ်းအမှတ်ဥယျာဉ်၊နမ့်စန်မြို့၊အာရှ၏အလှဆုံးဟိုက်ပါရေတံခွန်၊ပန်လင်းဆိုင်၊မိုင်းဖုန်းဆရာတော်ကြီးတည်ထားတော်မူခဲ့သော ဘုရားဖြူစေတီတော်ကြီး၊နှီးဘုရားရုပ်ပွားတော်၊ပင်းတယမြို့၊ပုန်းတလုပ်ကန်၊ရွှေဥမင်သဘာဝလိုဏ်ဂူ၊ကုံလုံသာသနာ့နယ်မြေ၊ကုံလုံဆရာတော်ကြီး၏ရုပ်ကလပ်တော်ထားရှိရာ စဉ့်ကျောင်းဂူဗိမ္မာန်၊ကံ့ကော်အောင်မြေ၊ဗူးသီးဘုရား၊ရွာငံ၊မိန်းမရဲသခင်မတောင်၊မြသပိတ်ရေပြာအိုင်နှင့် လမ်းဘုရားစုံလင်စွာ ပို့ဆောင်ပေးသွားမှာပါခင်ဗျာ။
ခရီးစဥ်ထွက်ရှိမယ့် ရက်မြတ်လေးကတော့
🕔၁၀.၄.၂၀၂၆ သောကြာနေ့ ညနေ(၅:၀၀)နာရီဘဲဖြစ်ပါတယ်ခင်ဗျာ။
🕔၁၇.၄.၂၀၂၆ သောကြာနေ့ ရန်ကုန်မြို့သို့ပြန်ရောက်မည်ဖြစ်ပါသည်ခင်ဗျာ။
ခရီးစဥ်အတွက်‌ပေးဆောင်ရမယ့်နှုံးထားလေးကတော့တစ်ဦးလျှင် 💸၆၀၀၀၀၀ ကျပ်ပါခင်ဗျာ။
🌟ဝန်ဆောင်မှုပေးသွားမှာကတော့....
👍 33,45,49seater Air-con လေအိတ်ကား၊
👍သင့်တင့်ကောင်းမွန်သောထမင်းဟင်းများဖြင့်ကျွေးမွေးခြင်း၊
👍နမ့်စန်မြို့(သို့)ဟိုက်ပါ guest house ကျသင့်ငွေ၊
👍တောင်ကြီးတောင်ပေါ်တန်း တောင်တက်ကားခ၊
👍ပင်းတယတောင်တက်ကားခ၊
👍အင်းလေးစက်လှေခ၊
👍 ရေသန့်ဗူး၊စနိုးတာဝါ၊
👍 ကျန်းမာရေးအတွက် အိမ်သုံးဆေးဝါးများ၊
👍ခရီးသွားအာမခံ၊
👍ကျွမ်းကျင်လမ်းကြောင်းတာဝန်ခံ။
ခရီးစဥ်အတွက် အသေးစိတ်သိရှိရန်နှင့်လိုက်ပါရန်အတွက်📱 09953332375 သို့ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
မိသားစု၊ကုမ္ပဏီ၊စက်ရုံ၊အဖွဲ့အစည်းများအတွက် သက်သာသောအထူးစျေးနှုံးများဖြင့် စီစဥ်ဆောင်ရွက်ပေးပါသည်။
ကျေးဇူးအထူးပါခင်ဗျာ။

မိုင်းဖုန်းဆရာတော်ကြီးသည် နေပြည်တော်မှ ရန်ကုန်သို့  (၂၄.၂.၂၀၂၆)ရက်တွင် ကြွရောက်လာပါမည်...မေတ္တာပို့ တရားပွဲ ပြင်ဆင်ထားရှ...
23/02/2026

မိုင်းဖုန်းဆရာတော်ကြီးသည်
နေပြည်တော်မှ ရန်ကုန်သို့
(၂၄.၂.၂၀၂၆)ရက်တွင် ကြွရောက်လာပါမည်...
မေတ္တာပို့ တရားပွဲ ပြင်ဆင်ထားရှိပါသည်...
#မိုင်းဖုန်း

မိုင်းဖုန်းဆရာတော်ဘုရား ၏ သာသနာပြုခရီးစဉ်🙏🏻🪷🙏🏻🪷🙏🏻🪷
05/02/2026

မိုင်းဖုန်းဆရာတော်ဘုရား ၏ သာသနာပြုခရီးစဉ်
🙏🏻🪷🙏🏻🪷🙏🏻🪷

အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးခန္ဓာဝန်ချသောနေ့မှ(၂၁)လပြည့်မြောက်သောနေ့မှာရုပ်ကလာပ်ကိုမှန်ခေါင်းတော်ထ...
02/02/2026

အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်
ဆရာတော်ဘုရားကြီးခန္ဓာဝန်ချသောနေ့မှ
(၂၁)လပြည့်မြောက်သောနေ့မှာရုပ်ကလာပ်ကိုမှန်ခေါင်းတော်ထဲသို့ပြောင်းရွှေ့ပူဇော်ခဲ့ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့မေတ္တာဓာတ်များဟာ
ယခင်လိုပဲဝေနေယျများကိုပေးဝေလျှက်ရှိပါ
တယ်၊

ခံယူနေသူများရရှိနေတာအမှန်ပါ.....

အားလုံးဘေးရန်ကင်းစင်ပြီး အေးချမ်းကြပါစေ။

Full moon 🌕 day🙏🙏🙏
01/02/2026

Full moon 🌕 day
🙏🙏🙏

ပဋ္ဌာန်းတစ်လ အဓိဌာန်ဝင်နည်း🏵🏵🏵🏵🏵🏵🏵🏵🏵တောင်းဆိုထားတဲ့အတွက် တင်ပေးလိုက်ပါတယ်ရှင့်🙏No.1(သြကာသ ကန်တော့ချိုး)*****************...
31/01/2026

ပဋ္ဌာန်းတစ်လ အဓိဌာန်ဝင်နည်း
🏵🏵🏵🏵🏵🏵🏵🏵🏵
တောင်းဆိုထားတဲ့အတွက် တင်ပေးလိုက်ပါတယ်ရှင့်🙏

No.1(သြကာသ ကန်တော့ချိုး)
************************
နမောတသရွတ်ဆို၍ဘုရားရှိခိုးပါ...
ငါးပါးသီလခံယူပါ...

No.2 (အဓိဋ္ဌာန်ပြုပါ)
*****************
ဘုရားတပည့်တော်သည်(စရွတ်သည့်နေ့)စ၍ နေ့စဉ်မပြတ် တစ်လတိတိပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပြီး
မြတ်စွာဘုရားကိုပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုပါသည်
အရှင်ဘုရား 🙏

ထိုကဲ့သို့ တစ်လအဓိဋ္ဌာန်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင်
ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကိုရွတ်ဖတ်ကာမြတ်စွာဘုရားအားပူဇော်ပါတော့မည်
အရှင်ဘုရား🙏

No.3(နတ်ပင့်)
************

No.4(မေတ္တာသုတ် ရွတ်ဆိုခြင်း)
************************

No.5(ခွင့်တောင်း)
***************

No.6(တရားနာဖိတ်)
****************

No.7(ဖယ်ရှား)
***********

No.8(ရွတ်ဖတ်)
*************
နမောတသသုံးကြိမ်ရွတ်ဆိုပါ။
ပစ္စယုဒ္ဒေသ အစချီ၍ ပဋ္ဌာန်းအကျဉ်းနှင့်တကွပဋ္ဌာန်းအကျယ်ကို အသံထွက်မှန်မှန်နှင့်ဖြည်းဖြည်းရွတ်ဖတ်ပါ...

No.9(ပြန်လည်ခေါ်ယူ)
*******************

No.10(မေတ္တာပို့ / အမျှဝေ)
***********************

No.11(နတ်ပို့)
*************

No.12(ဆုတောင်း)
***************
ယခုအခါတွင်ဘုရားတပည့်တော်မသည်တစ်လအဓိဋ္ဌာန်ရွတ်ဖတ်ပူဇော်ရာတွင်ယနေ့အဓိဋ္ဌာန်အဖြစ် မြတ်စွာဘုရားအားပူဇော်ပြီးပါပြီ 🙏

ဤသစ္စာစကားကြောင့်လည်းကောင်း

ဤပဋ္ဌာန်းဒေသနာတော်၏တန်ခိုးရှိန်စော်အာနုဘော်
တို့ကြောင့်လည်းကောင်း

ဤပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုရသောကောင်းမှုကုသိုလ် နာကြားရသောကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့် လည်းကောင်း

ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပီးတိုင်းတပည့်တော်နှင့်ထပ်တူထပ်မျှရစေဖို့ အမျှပေးဝေရတဲ့ ကောင်းမှူကုသိုလ်
ဝမ်းမြောက်နုမောသာဓုခေါ်ဆိုရတဲ့ကောင်းမှူကုသိုလ်တို့၏တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း

တပည့်တော်သည် (လိုရာဆုတခုထဲသာ တစ်လတိတိဆုတောင်းပါ)ပြည့်ရပါလို၏ဘုရား 🙏🙏🙏

#မှတ်ချက်
အဓိဋ္ဌာန်ဝင်သည့်ရက်များတွင်
သက်သက်လွတ်စားနိုင်လျှင်ပိုကောင်းပါတယ်...
ငါးပါးသီလလုံလျှင်လည်းပိုကောင်းပါတယ်...
အချိန်အတိအကျနေရာအတိအကျတွင်
ရွတ်နိုင်လျှင်ပိုကောင်းပါတယ်...
ဆုတခုမပြည့်မချင်းရွတ်လျှင်လည်းရပါသည်..
ကိုယ်ရွတ်ချင်သလောက်တစ်လပီးတစ်လရွတ်နိုင်ပါသည်..
ယုံယုံကြည်ကြည်ဖြင့်ပူဇော်ပေးပါ...

အကယ်လို့အဓိဌာန်မဝင်ပဲ
******************
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်မည်ဆိုပါလျှင်လည်း
No.2 နဲ့ No.12 ကိုသာဖြုတ်၍ဆိုရပါမယ်
ဒါမှသာပြီးပြည့်စုံသောပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း
ဖြစ်ပါလိမ့်မယ်ရှင့် 🙏

တလအဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်လိုသူမိတ်ဆွေများရှိရင် ပူဇော်နိုင်ဖို့ရာ ပြန်လည်ကူးယူဖော်ပြပါသည်....

မူရင်းရေးသားသူအား လေးစားစွာဖြင့်
ကုသိုလ်ယူမျှဝေပေးလိုက်ပါတယ်ရှင့်🙏


🙏🙏🙏
31/01/2026

🙏🙏🙏

ဓမ္မမိတ်ဆွေမိတ်ဟောင်းမိတ်သစ်များအားလုံး ကာယစိတ္တသုခနှစ်ဖြာဟုဆိုအပ်သော စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံက...
30/01/2026

ဓမ္မမိတ်ဆွေမိတ်ဟောင်းမိတ်သစ်များအားလုံး ကာယစိတ္တသုခနှစ်ဖြာဟုဆိုအပ်သော စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
၂၀၂၆ နှစ်သစ်မှာ မြတ်စွာဘုရားရှင်၏ ပါဒစက်တော်ရာနှစ်ဆူဖြစ်သော မန်းရွှေစက်တော် ဗုဒ္ဓ ခြေတော်ရာပူဇော်မှုပြုသည့် ဗုဒ္ဓပါဒပူဇနိယပွဲတော်သို့ အတူတကွလိုက်ပါဖူးမြင်ကြရန်အတွက် လေးစားစွာ ဖိတ်မန္တကပြုလိုက်ပါတယ်ခင်ဗျာ။
အောက်စက်တော်ရာ အထက်စက်တော်ရာ နှစ်ဆူနှင့်အတူ တွဲဘက်ပို့ဆောင်ပေးသွားမှာက မကွေးမြို့ စေတီအမွန်မြသလွန်၊မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီ၊နဂါးပွက်တောင်တော်မင်္ဂလာ၊လယ်ကိုင်းမြို့ဟောင်း စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတို့ကိုစုံလင်စွာ ပို့ဆောင်ပေးသွားမှာပါခင်ဗျာ။
ခရီးစဥ်ထွက်ရှိမယ့် ရက်မြတ်လေးကတော့ ၂၀.၂.၂၀၂၆ သောကြာနေ့ ညနေ(၅:၀၀)နာရီဘဲဖြစ်ပါတယ်ခင်ဗျာ။
၂၃.၂.၂၀၂၆ တနင်္လာနေ့ညနေ ရန်ကုန်မြို့သို့ပြန်ရောက်ပါမယ်ခင်ဗျာ။
ခရီးစဥ်အတွက်ကျသင့်တဲ့နှုံးထားလေးကတော့ တစ်ဦးလျှင် ၁၈၀၀၀၀ကျပ်ဘဲကျသင့်မှာပါခင်ဗျာ။
ဝန်ဆောင်မှုပေးသွားမှာကတော့....
👍 33,45,seater Air-con လေအိတ်ကား
👍သင့်တင့်ကောင်းမွန်သောထမင်းဟင်းများဖြင့်ကျွေးမွေးခြင်း
👍 မန်းချောင်းနံဘေးရှိ တည်းခန်းခ
👍 ရေသန့်ဗူး၊
👍 ကျန်းမာရေးအတွက် အိမ်သုံးဆေးဝါးများ
👍ကျွမ်းကျင်လမ်းကြောင်းတာဝန်ခံ။
ခရီးစဥ်အတွက် အသေးစိတ်သိရှိရန်နှင့်လိုက်ပါရန်အတွက်
09424455160
09953332375
သို့ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
မိသားစု၊ကုမ္ပဏီ၊စက်ရုံ၊အဖွဲ့အစည်းများအတွက် သက်သာ​ေသာအထူးစျေးနှုံးများဖြင့် စီစဥ်ဆောင်ရွက်ပေးပါသည်။
ကျေးဇူးအထူးပါခင်ဗျာ။

မိုင်းဖုန်းဆရာတော်ဘုရား ရှမ်းပြည်နယ်၊ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် သာသနာပြုခရီးစဉ်(၂-၂-၂၀၂၆) ရက်နေ့ မိုင်းဖုန်းမှစထ...
29/01/2026

မိုင်းဖုန်းဆရာတော်ဘုရား ရှမ်းပြည်နယ်၊ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် သာသနာပြုခရီးစဉ်

(၂-၂-၂၀၂၆) ရက်နေ့ မိုင်းဖုန်းမှစထွက်ပြီး မိုင်းပန်မြို့တွင် တစ်ည ကျိန်းမည် ။

(၃-၂-၂၀၂၆) ရက်နေ့ ကွန်ဟိန်းမြို့ကိုကြွရောက် မည်ဖြစ်ပြီး နှစ်ည ကျိန်းမည် ။

(၅-၂-၂၀၂၆) ရက်နေ့ ဝမ်ကျင်း မိုင်းနောင် တွင်ကြွရောက်မည်ဖြစ်ပြီး တစ်ည ကျိန်းမည် ။

(၆-၂-၂၀၂၆) ရက်နေ့ မိုင်းရှူးမြို့တွင်ကြွရောက်မည်ဖြစ်ပြီး တစ်ည ကျိန်းမည် ။

(၇-၂-၂၀၂၆) ရက်နေ့ တန့်ယန်းမြို့ကိုကြွရောက်မည်ဖြစ်ပြီး နှစ်ည ကျိန်းမည် ။

(၉-၂-၂၀၂၆) ရက်နေ့ ကျေးသီးမြို့ကိုကြွရောက်မည်ဖြစ်ပြီး တစ်ည ကျိန်းမည် ။

(၁၀-၂-၂၀၂၆) ရက်နေ့ မိုင်းကိုင်မြို့ကိုကြွရောက်မည်ဖြစ်ပြီး တစ်ည ကျိန်းမည် ။

(၁၁-၂-၂၀၂၆) ရက်နေ့ ပင်လုံမြို့ကိုကြွရောက်မည်ဖြစ်ပြီး တစ်ည ကျိန်းမည် ။

(၁၂-၂-၂၀၂၆) ရက်နေ့ တောင်ကြီးမြို့ကိုကြွရောက်မည်ဖြစ်ပြီး သုံးည ကျိန်းမည် ။

(၁၅-၂-၂၀၂၆) ရက်နေ့ မန္တလေးမြို့ကိုကြွရောက်မည်ဖြစ်ပြီး တစ်ည ကျိန်းမည် ။

(၁၆-၂-၂၀၂၆) ရက်နေ့ ပုဂံကိုကြွရောက်မည်ဖြစ်ပြီး တစ်ည ကျိန်းမည် ။

(၁၇-၂-၂၀၂၆) ရက်နေ့ နေပြည်တော် ကိုကြွရောက်မည်ဖြစ်ပြီး နှစ်ည ကျိန်းမည် ။

(၁၉-၂-၂၀၂၆) ရက်နေ့ ရန်ကုန် ကိုကြွရောက်မည်ဖြစ်ပြီး သုံးည ကျိန်းမည် ။

Photo #

14/10/2025

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category