11/06/2023
တစ်နေ့ကပေါ့ -
မြို့ထဲကို အလုပ်တစ်ခုနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားရင်း ဗိုက်ဆာလို့ နာရီကြည့်တော့ မွန်းလွဲ တစ်ချက်တီးပြီ အလုပ်ဇောနဲ့ စားချိန် လွန်နေပြီ။
ဒါနဲ့ ထမင်းဆိုင်ပတ်ရှာပေါ့ ဟော တွေ့ပြီ ဆိုင်ကြီး နာမည်ကလည်း ဟီးလို့ ဆိုင်ထဲဝင်တော့လည်း စားပွဲက အပြည့် စားပွဲကြီး တစ်စုံ တစ်စုံဆို လူဆယ်ယောက်စာ အကြီးကြီးတွေ ဒါပေ့မယ့် စားပွဲကြီးက ကြီးပေမယ့် တစ်ချို့စားပွဲက လူလေး ငါးယောက် တစ်ချို့ဆို နှစ်ယောက်တည်းရယ် မိသားစုလာစားတဲ့ပွဲကတော့အပြည့်ပေါ့ ဒါနဲ့ကိုယ်အထဲဝင် စားပွဲထိုးတစ်ယောက်/ဧည့်ကြို လိုလို ဘာလိုလို ကို ညီလေး စားပွဲ အလွတ်ရှိလား မေးတော့ ဟုတ်ကဲ့ဆရာ ခဏ စောင့်ပေးပါပေါ့ ကိုယ်လည်း စားပွဲတွေကြည့်လိုက် လုပ်နေတုန်း နောက်ထပ်လူကြီး နှစ်ယောက်ထပ်ရောက်လာတယ် လူကြီးဆိုလို့ အသက်က ငါးဆယ် ပတ်လည်တွေပါ ဟိုကြည့်ဒီကြည့်လုပ်ပြီး စောစောက တစ်ယောက်ကိုခေါ်ပြီး ညီလေး စားပွဲ ပေါင်းထိုင်လို့မရဘူးလားလို့မေးတော့ မရဘူး ဆရာ မေးပြီးပြီ ဟိုနားက လူကြီးဝိုင်းကတော့ပေါင်းလို့ရတယ် ဒါပေမယ့် ထိုင်ခုံလွတ်က နှစ်ခုံစားနေတဲ့ဧည့်သည်ကလည်းလူကြီးတွေဆိုတော့ နောက်ကလူကြီးနှစ်ယောက်ပဲ ပေးထိုင်လိုက်ပါမယ့်ဆိုတော့ ရတယ်ညီလို့ပြောလိုက်ပြီးလူကြီးတွေကိုပြုံးပြလိုက်တယ်ဆိုရင်ပဲ လူကြီး တစ်ယောက်က ကျေးဇူးပါတဲ့
သူတို့လည်းသွားရော ငါးယောက်ဝိုင်းက ထရော ကိုလည်းဝင်ထိုင် စားပွဲထိုးကိုခေါ် ရှင်းခိုင်းပေါ့ ဇာတ်လမ်းက အဲမှာစတာပဲ ရှေ့လူစားသမျှကို ဝန်ထမ်းက စားပွဲကို ဖြစ်သလို သုတ်ပြီးပုဂံတွေသိမ်းထွက်သွားရော သူငယ်ချင်းက ညစ်ပတ်တယ် မမှာတော့ဘူးပြန်မယ်တဲ့
မဟုတ်ဘူး သူငယ်ချင်း ဆိုင်ကညစ်ပတ်တာမဟုတ်ဘူး
ဝန်ထမ်းက စေတနာမပါတာ ပြောပြီး တစ်ရူးယူပြီး ကိုယ့်ဘာသာသုတ်လိုက်တယ် စားပွဲသန့်သွားရော မှာစရာမှာပြီး စားပေါ့ ။
သူငယ်ချင်းရေ ဒီလိုပဲ လူတွေပြောနေတဲ့ လောကကြီးကမတရားဘူးပြောနေကြတာဟာ တစ်ကယ်တော့ လောကကြီးထဲက လူတွေက မတရားတာပါကွာ