08/06/2020
English subtitle below:😉
ကလောကနေ အင်းလေးကို ပိုက်ဆံ30000နဲ့ Trekking လုပ်ကြတုန်းက🥳
တောထဲတောင်ထဲလမ်းတွေတော့ကိုယ်တွေလည်းလမ်းမကျွမ်း🤭
အဲ့တော့ ကလောကနေ
Jungle king Trekking service ကိုJoin ပြီး ကိုယ်နဲ့ ကိုယ့်ဧည့်သည် 7ယောက် နဲ့အတူတူ Trekking လုပ်ဖြစ်ခဲ့တာလေး... တကယ့် အမှတ်တရပဲ 💯
ကလောမှာ Trekking servicesတွေတော်တော်များပါတယ်...
ဒါပေမဲ့ ညီမကလောကနေ အင်းလေးကို နွေရာသီမှာရော..မိုးရာသီမှာရော..ဆောင်းမှာရော Trekking (3)ခါသွားခါသွားခဲ့ဖူးတယ်...
သူ့ရာသီဥတုနဲ့သူ အတွေ့အကြုံအပြောင်းအလဲလေးတွေသိချင်လို့ဆိုပြီး..🤩
(3)ခါစလုံးကလည်း Jungle King Trekking Servicesနဲ့ပဲသွားဖြစ်ခဲ့တာ...
ပထမဆုံးTrekkingမလိုက်ခင်ကတည်းက Trekking servicesတွေရဲ့ Reviewတွေကိုအရင်ဝင်ကြည့်ဖြစ်တော့
-Jungle King ရယ်
-Ever Smileဆိုတဲ့ Trekking serviceလည်းကောင်းတယ်...Highly Recommend မလို့ Jungle King နဲ့စသွားဖြစ်ခဲ့တာပါပဲရှင်🌚
တစ်ယောက်စာချင်းစီအတွက်ကို30000 ပေးခဲ့ရတယ်..
ဒါပေမဲ့ Trekking တစ်လျှောက်
Breakfast,Lunch,Dinner ကအစသူတို့ပဲစီစဉ်ပေးတာ...
Trekking ခဏနား..နေ့လည်စာစားတဲ့အိမ်မှာပါ တစ်ရေးအိပ်ခဲ့သေးတာကိုယ်တွေအဖွဲ့ဆို🤓😂
ကလောကနေ စစထွက်ချင်းတော့ ပျော်ရွင်မြူးတူးနေတာပါ ကျွန်မက 🤭
အံမယ် အတွေ့အကြုံအသစ်ပေါ့...🌚
1ညအိပ် 2ရက်ခရီးလေးပဲဆိုတော့ ကျောပိုးအိတ်သေးသေးလေးထဲ အဝတ်က3ထည်ထဲထည့်တာ...
ကျန်တာက မုန့်တွေ..စကင်းကဲTravel kitလေးတွေ..ရေမွှေးပုလင်းသေးသေးလေးလည်းပါသေးတယ်နော်🤣
-ခေါင်းကိုက်နေလား.. ဘယ်နားနာနေလဲ ?🤓ကျွန်မကျောပိုးအိတ်လေးထဲမှာ ဘာမီတွန်ကအစ Mixagrip အဆုံး...
-ပြီးတော့ Hand gel ,wet tissueအစုံပဲ 🤓
နောက်ဆုံး Aloe vera gelကအစ lotion အဆုံး အကုန်ပါတယ်..🥴
ကိုယ့်ဧည့်သည်တွေကတောင် ကိုယ့်ကျောပိုးအိတ်သေးသေးလေးကို လိုတရအိတ်ဆိုပဲ.. သူတို့လိုတာ မှန်သမျှ ဘယ်သူ့ဆီပါပါ မပါပါ ကိုယ့်ကိုသာမေး..ပါတယ် 🤣
ကလောကနေTrekking စထွက် ပြီး 4 နာရီလောက်ထိ
ကျောပိုးအိတ်ထဲကနှိုက်တိုင်းထွက်လာတဲ့မုန့်စားလိုက်..
သီချင်းလေးညည်းလိုက်နဲ့..
နေ့လည်တောင်တွေတစ်လုံးပြီး တစ်လုံးတက်ရမှ ငိုချင်သလိုလိုဖြစ်လာတာ 😂
တက်ရတဲ့တောင်ကလည်း (၉)လုံး
တောင်ကိုးလုံးTrekking !!!
ငါတော့ ဒီတောင်ကိုးလုံးကို ကျော်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေးရင်း..
လမ်းတွေလျှောက်ရင်းနဲ့ ညနေ 7နာရီလောက်ဘုန်းကြီးကျောင်းကိုရောက်လာပါလေရော..🥳
အဲ့အချိန် ကျောပိုးအိတ်ထဲက မုန့်လည်းထုတ်မစားနိုင်တော့ပါဘူးရှင်🤥
လူကပစ်လှဲပြီးပဲ အိပ်ပစ်ချင်တာ ချက်ချင်းကို 😆
ဘုန်းကြီးကျောင်းရောက်တော့ အိပ်ယာတွေရော..ညစာတွေပါအသင့်...ရေချိုးမယ်ကြံလိုက်ပါတယ်..
ခရီးသွားရာသီဆိုတော့ Trekking groupတွေအကုန်လာစုံပြီး လူပေါင်း 30 ကျော်လောက်ဖြစ်သွားတော့ ရေတောင်မနည်းလုချိုးရတယ်.. မီးကမရှိ..ဖယောင်းတိုင်နဲ့ အသက်ဆက်ရ🤣
အံမယ် ညစာစားပြီး local guide က ခွန်ဆန်လောတို့ နန်းဦးပြင်တို့ ပုံပြင်တွေပါ သူက English လိုပြောပြနေသေးတာ..
ကိုယ်ကတော့ ငုတ်တုတ်လေးထိုင်ငိုက်😂
တစ်လမ်းလုံးလည်း အဲ့local guideနဲ့ စကားအရမ်းပြောဖြစ်ဘူး.. ကိုယ်နဲ့တောင်မပြောရပါဘူး guide က..🥴
ကိုယ့်ဧည့်သည်တွေအမေးအမြန်းထူချက်.. အဲ့ထဲက ကောင်လေးတစ်ယောက်ကတော့ အမေးနိုင်ဆုံး!!! 🥴
ထိုင်ပါငိုချင်သွားမယ်ထင်တယ် ဟို Local guide 🤣
ကိုယ်ကအဲ့အချိန်လေးသက်သာတာလေ.. ဘာစကားမှပြောမနေဘူး 🤣နားပဲထောင်နေလိုက်တယ်..ဝွန်း!!🤓
ညစာစားပြီး ဘုန်းကြီးကျောင်းရှေ့မှာလည်း ဘီယာရောင်းတယ်တဲ့..
အဖွဲ့လိုက်ကြီးသွားဝယ်ကြတော့ သူတို့ပြောတဲ့စကားလည်းကိုယ်နားမလည်.. ကိုယ့်စကားလည်းသူတို့နားမလည်..
foreignersတွေကလာမေးသေး..ဟယ် သူတို့ပြောတာနင်နားမလည်ဘူးပေါ့တဲ့..🥴
ငါကဗမာစကားပဲနားလည်တာပါလို့ ပြန်ရှင်းခဲ့ရသေး🤣
နားမလည်တော့Guideကိုသွားပြန်ခေါ်ခဲ့ရသေးတာလည်းအမှတ်တရ 🌚
ပြီးတော့ လူ30 ကျော်စုပြီး မီးပုံပွဲပါလုပ်လိုက်သေး..
ရာသီဥတုကအေး..
ဘီယာလေးနဲ့..
ကိုယ့်ကျောပိုးအိတ်ထဲက ဆိတ်သားခြောက် အချောင်းလေးတွေထုတ်ပြီး ဝါးနေလိုက်တယ်😎
ခဏနေတော့ ကိုယ်လည်းသူတိူ့နားမှာထိုင်ရတာ နားငြီးလာလို့ အိပ်တော့မယ်လို့ လိမ်..
ပြီးတော့ ကင်မရာ ကိုင်ပြီး ဟိုချိန်ဒီချိန်စရိုက်တော့ ညဘက်ကောင်းကင်ကြီးကလည်းတော်တော်လေးလှတော့ ဒီပုံတွေထွက်လာတာပါပဲရှင်...🤩
လျှပ်စစ်မီးတွေသာရှိနေခဲ့ရင်..phလိုင်းတွေသာမိနေခဲ့ရင် ဒီပုံလေးရဖို့မသေချာ👀
တော်တော်ကြီးကို ပျော်စရာ ကောင်းခဲ့တာ.. သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကြီး သွားချင်မိသေးတယ် .ကလောကနေ အင်းလေးကိုလမ်းလျှောက်လို့ပြောလိုက်တာနဲ့တင် သူတို့က လိုက်မှာမဟုတ် 🤕
အင်းလေးကိုလည်းရောက်ရော..
Hostel ကိုCheck inမဝင်ခင်.. တွေးနေမိတာက ငါHostelရောက်ရင်ဘယ်အဝတ်သွားဝတ်ရမှာလဲဆိုပြီး🤣
လူကလည်းချွေးတလုံးလုံးနဲ့ဆိုတော့...လူကသာHostelရောက်တော့မယ်...ငါ့ရဲ့ ကျောပိုးအိတ်ကြီးက Hostelကိုရောက်ပါ့ဦးမလားဆိုပြီးတွေးပူခဲ့သေးတာ...
Hostelအထိ Guideကလိုက်ပို့ပေး..
ရောက်ရောက်ချင်း ညောင်ရွှေက Ostello Bello Hostelမှာ Check in ဝင်ခဲ့လိုက်ပါတယ်ရှင်🌚
ကလောကစထွက်ကတည်းက Booking.comကနေHostelကို တစ်ခါထဲကြိုBookingလုပ်ထားလိုက်တော့ အင်းလေးကိုရောက်တော့ Hostelရှာတာတို့ဘာတို့ အမောထပ်ဆို့စရာမလိုတော့ဘူးပေါ့!!
check in လည်းလုပ်ပြီးရော ကိုယ်တို့အဖွဲ့ရဲ့ ကျောပိုးအိတ်တွေရှိတဲ့ အခန်းကို Hostelကဝန်ထမ်းလေးကခေါ်သွားပေးတယ်...
ကိုယ့်အိတ်ကိုယ်သယ်ပြီး ကိုယ့်အခန်းထဲမှာကိုယ်အိပ်ပစ်လိုက်တာ.. မိုးချုပ်သွားတဲ့အထိပဲ🤣
အိပ်ယာကနိုးလာတော့.
ဟာ ငါလုပ်နိုင်ခဲ့ပြီဆိုပြီး ကိုယ့်ကိုက်ိုယ်အောင်နိုင်သူကြီးလို ပီတိတွေဖြာပြီး..ဂုဏ်ပြုတဲ့အနေနဲ့ ဘီယာတွေ...Mojitoတွေတစ်ဝကြီးသောက်ပြီး လူမှန်းမသိမူးလိုက်သေးတယ် 🥳🤭😂
အဲ့ဒီTrekking မှာဆုံခဲ့တဲ့ groupလေးနဲ့ပဲ အင်းလေးမှာလျှောက်သွားဖြစ်ခဲ့တယ်🤩
အကုန်လုံးကတော့ Trekking စထွက်လာတုန်းက တစ်ယောက်စီသီးသန့်ပဲ...
အင်းလေးလည်းရောက်ရော.. တကယ်အဖွဲ့ကျသွားပြီး လျှောက်လည်လည်း အဖွဲ့လိုက်..စားလည်းအဖွဲ့လိုက်..မူးလည်းအဖွဲ့လိုက်နဲ့..နောက်ဆုံးသူတို့ပြန်သွားမှ ကိုယ်တွေလည်းပြန်လာခဲ့တော့တာပဲ!!!
memoryလေးပြန်တက်လာလို့ သတိရမိသွားလို့ shareတာ🌚🤩
Trekking သွားချင်ရင် သူငယ်ချင်းတွေလိုက်စုမနေပါနဲ့တော့...
Trekking သွားနေတုန်း တစ်ယောက်နဲ့ တစ်ယောက်မသိဘဲ မိတ်ဆက်..စကားတွေပြောကျနဲ့...
နောက်ဆုံး Trekkingပြီးတော့ သူငယ်ချင်းအသစ်တွေပါထပ်ရလာတာကတော့အမှန်🥳
Here's about of 2 days and 1 night trekking from Kalaw to Inle Lake(Nyaung Shwe) what I did before !🤩
Most of the backpackers asked me like where should we go and how you prefer if we want to see more locals.
I highly recommend to do trekking from Kalaw to Inle lake(Nyaung Shwe) if you want to find more locals!
I already did this trekking for 3 times.
In summer,Rainy season and also in winter.Cause wanna get different experiences and weather conditions changes for three of those and I did it.
But I swear if you do in winter ,Thats will be cooler and better than doing at summer and rainy season. In summer be like lots of dry and that makes you a bit tired more.
If you being scared of muddy ,dont do it in rainy season cause thats will be like a little sh*tty too!🤣
Everythings green but I want you to be notice its mosquito season!🌚
So should be more careful and take mosquito sprays and some medicines what you need.To be Safe!!
And dont look up for wifi also on the way😒
And I saw mostly everyones busy with their cameras on trekking and they might be thinking was like can work on social media at trekking night but Nooooooo!🤭
Theres no electricity on the way!🌚
So take more camera batteries with you together thats all you can do. 100% impossible to charge on trekking.
So Take more camera batteries and stay away of regrets !😝
But no worries ! Thats totally enjoyable and you can check my photos first thats how cool !
I just described with photos below. Go and check it!😉
And I just joined with the 'Jungle King ' trekking service from Kalaw. The local guide from Jungle King , He was totally nice and responsible at all. So Highly recommend to Jungle King service!!
-Do a trekking ,Get more friends ! More fun and Enjoy!😉
Thank you 🙏