13/03/2022
မဂ်လာပါ....
ရန်ကုန် ကနေ စင်ကာပူ cargo flight နဲ့ fragile အကြောင်းလေး ပြောပြချင်လို့ပါ ။
ပုံမှန်တင်တဲ့ ပို့စ်တွေမှာ အတိုချုံ့ထည့်ရေးတတ်ပေမယ့် Fragile အကြောင်းသီးသန့်မရေးဖူးလို့ Admin သိသလောက်မျှဝေ ချင်လို့ပါ။
Admin တို့ COVID First wave မှာ international flight (Passenger Flights )တွေ ပိတ်သွားကတည်းက
Yangon -Singapore ကို cargo လုပ်ခဲ့ကြတာ General Cargo Type တွေပါ။ ယေဘုယျအားဖြင့် General cargo နဲ့ Special Cargo ဆိုပြီးရှိပါတယ်။ Adminတို့ တင်နေတဲ့ General Cargo ဆိုတာ လေယာဉ်ရဲ့ Cargo space နေရာမှာရော Passenger seat တွေမှာရော Space ရရင်
ရသလောက် ကုန်တွေကို စုပြီး တင်တဲ့ သဘောပါ။
🚫 အဲ့ဒီအတွက် အဓိကအားဖြင့်
လေယာဉ်ပေါက်ကွဲစေသောအရာ
🔋 battery တင်လို့မရပါ။🚫
❌လေယဉ်ပျံသန်းမှုစနစ်ကို အနှောက်အယှက်ဖြစ်စေသော Bluetooth ပါတဲ့ device
တွေ တင်လို့မရပါဘူး။ ❌
General Cargo ဆိုတော့ Special Cargo ထက်တော့ ကုန်တင်ခ အများကြီး သက်သာပါတယ်။ Special cargo ဆိုလျှင် Admin တို့ ခရီးသွားရင် Extra Kg ဝယ်ရတဲ့ kg ခလိုမျိုး 1kg USD 14 တို့ Custom Duty စတဲ့ Bla Bla ကုန်ကျစရိတ်တွေတက်လာမှာပါ။
General Cargo ဆိုတဲ့ အတွက် အားနဲချက်ကတော့ ဒီ Post ရဲ့ Admin ပြောချင်တဲ့ Subject ဖြစ်တဲ့ Fragile ကို ဂရုစိုက်မှု ကာကွယ်မှု အရမ်းနည်းတာကို တွေ့ရပါတယ်။
တချို့ customer တွေရဲ့ ပန်းချီကားလိုမျိုး အထိမခံတဲ့ ပစ္စည်းတွေကို Admin တို့ Fragile တို့ Handle with Care လိုမျိုးစာတွေ ကပ်ပေးလိုက်လဲ တခါတရံ ကျိုးလာတာမျိုးတွေ တွေ့ရပါတယ်။
ကိုယ့်ဘက်က ထုပ်ပိုးမှုကောင်းကောင်းလုပ်တာတောင်မှ ပျက်စီးကြေမွလွယ်တဲ့ Items တွေကို Risk ယူပြီး မပို့စေချင်ပါဘူး။
ပျက်စီးဆုံးရူံးမှုတွေ ရှိတဲ့ အခါ Admin တို့တွေ အစကနဦးပိုင်းတွေမှာ လျော်တာတွေ အစားထိုးပေးတာတွေ လုပ်ခဲ့ပါတယ်။ ရေရှည်အကြိမ်ရေစိပ်စိပ် ကြုံလာရတော့ ဒါဟာ General Cargo ဖြစ်တယ်ဆိုတာကို သတိပြုမိလာပါတယ်။ အဲ့အတွက် customers တွေကို မိမိပစ္စည်းမိမိတာဝန် ဆိုတာမျိုးတွေ Fragile နဲ့ ပက်သက်ပြီး ပြောလာရတာပါ။
Customersတွေအနေနဲ့ကလည်း ပါဆယ်လာပို့တုန်းက ဒါလေးကတော့ အဆင်မပြေဘူးနော် ကျိုးနိုင်တယ် ပဲ့နိုင်တယ် ဆိုပေမယ့် အရမ်းကို ပို့ချင်တဲ့ ဆန္ဒဇောနဲ့ ပို့ချလိုက်ကြတယ်။ စင်ကာပူလဲရောက်ရော ပဲ့လာတာလေးတွေ ကို ဓာတ်ပုံရိုက်ပို့လာတော့ Admin တို့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။
Customers တို့ အနေနဲ့ Fragile items များ ပို့မည်ဆိုပါက insurance ပါတဲ့ DHL လို service မျိုးနဲ့ ပို့ဖို့ အကြံပြုပါတယ် ကုန်ကျစရိတ်ကတော့ နှစ်ဆ-သုံးဆလောက် ဖြစ်သွားနိုင်ပါတယ်။
Fragile Item တွေကို လက်ခံပြီးမှ မိမိပစ္စည်း မိမိတာဝန် တို့ ကျိုးပျက်စီးလျှင် တာဝန်မယူပါတို့ မပြောချင်ပါဘူး
အဲ့ဒိအတွက် သေချာရွေးချယ်ပြီး အပ်နှံစေချင်ပါတယ်..
#မှော်ဘီ #စက်ာပူ