Thailand Anywhere ထိုင်းနိုင်ငံ အတွင်း ကားအငှား နှင့် ခရီးသွား ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Thailand Anywhere ထိုင်းနိုင်ငံ အတွင်း ကားအငှား နှင့် ခရီးသွား ဝန်ဆောင်မှု

Thailand Anywhere ထိုင်းနိုင်ငံ အတွင်း ကားအငှား နှင့် ခရီးသွား ဝန်ဆောင်မှု Thailand Anywhere ကို ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ +959972185129, +959250794945, +66950423254
(217)

29/07/2026

ခရီးသွားဧည့်သည်တော်တို့ရဲ့ အမှတ်တရဓာတ်ပုံများကို အမြဲတမ်းသိမ်းဆည်းထားနိုင်မယ့် Thailand Anywhere ရဲ့ Feature အသစ် "Memory Feature"

📷 ခရီးသွားရင်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဆိုတာ ရိုးရှင်းတဲ့ ပုံရိပ်အဖြစ်တင် မဟုတ်ဘဲ ဘဝရဲ့ အဖိုးတန်တဲ့ အမှတ်တရ မှတ်တိုင်များ ဖြစ်ကြပါတယ်။

📷 ဒါကြောင့်မို့လို့ ဒီအမှတ်တရတွေကို မပျောက်မပျက်ဘဲ အမြဲတမ်း သိမ်းဆည်းထားနိုင်ဖို့ ဒီ Feature အသစ်လေးကို ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

💰 ဒါတင်မကသေးဘဲ Thailand Anywhere နဲ့ Deal ယူထားတဲ့ ဧည့်သည်တော်များအနေနဲ့ Thailand Anywhere Website မှာ ဓာတ်ပုံ upload လုပ်ပြီး Facebook ပေါ် ပြန်လည် Share ပေးတာနဲ့ ကျပ် ၃ သောင်းဖိုး Promo Code ကို Sale Team ထံမှ ရယူနိုင်မယ့် Promotion အစီအစဉ်လည်း ရှိနေပါတယ်။

ဘယ်လိုပါဝင်ရမလဲဆိုတာကိုတော့ အောက်ပါ Video လေးထဲမှာ အသေးစိတ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်နော်။

👉 အခုပဲ Thailand Anywhere Website မှာ Post တင်၊ Facebook ပေါ် Share ပြီး ကျပ် ၃ သောင်းဖိုး Promo Code ကို လက်ဝယ်ရယူလိုက်ပါ။

ရက်နည်းနည်းနဲ့ ထိုင်းကို တန်အောင်လည်ချင်ရင် ဘန်ကောက် + ပတ္တရားကိုသာ ရွေး📆 မြန်မာပြည်ကနေ ထိုင်းကို လာလည်ချင်ပေမယ့် ရက်ရှည...
29/07/2026

ရက်နည်းနည်းနဲ့ ထိုင်းကို တန်အောင်လည်ချင်ရင် ဘန်ကောက် + ပတ္တရားကိုသာ ရွေး

📆 မြန်မာပြည်ကနေ ထိုင်းကို လာလည်ချင်ပေမယ့် ရက်ရှည် အဆင်မပြေဘူးလား?

✅ အချိန်တိုတိုနဲ့ အများကြီးလည်ချင်တယ်၊ အများကြီးပျော်ချင်တယ်ဆိုရင် ဘန်ကောက် + ပတ္တရား က အကောင်းဆုံးရွေးချယ်မှုပါ။

📍 ဒီမြို့နှစ်မြို့က သိပ်မဝေးတာကြောင့် ၂ ညအိပ် ၃ ရက်လောက်နဲ့ အေးအေးဆေးဆေး လည်ပတ်လို့ရပါတယ်။

❤️ ဘုရားဖူးလို့ရတယ်။ ပင်လယ်အပန်းဖြေလို့ရတယ်။ Show ကြည့်လို့ရတယ်။ Shopping လုပ်လို့ရတယ်။ Café လှလှထိုင်လို့ရတယ်။ Dinner Cruise စီးလို့ရတယ်။ Safari သွားလို့ရတယ်။

❤️ ဓာတ်ပုံရိုက်စရာ၊ လည်စရာ၊ စားစရာတွေ အရမ်းများတာကြောင့် ရက်တိုတိုနဲ့ အရမ်းတန်တဲ့ ခရီးစဉ်တစ်ခုပါ။

ဒီလို ရက်တိုတိုနဲ့ အစုံအလင်လည်ချင်သူတွေအတွက် Thailand Anywhere က (ဘန်ကောက် + ပတ္တရား) ၂ ညအိပ် ၃ ရက် အပန်းဖြေခရီးစဉ် ကို စီစဉ်ပေးထားပါတယ်။

ခရီးစဉ်အတွင်း

🏔️ တောင်နံရံပေါ် ထွင်းထုထားတဲ့ ကမ္ဘာကျော် Laser Buddha
🙏 ပတ္တရားရဲ့ အထင်ကရ Big Buddha
🏛️ အနုပညာမြောက် သစ်သားလက်ရာတွေနဲ့ Sanctuary of Truth
💃 ကမ္ဘာကျော် အကအလှတွေနဲ့ Alcazar Show
🐬 လင်းပိုင်ဖျော်ဖြေပွဲကြီး ဖြစ်တဲ့ Pattaya Dolphinarium
🍭 ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရမယ့် Great & Grand Sweet Destination
❄️ ရေခဲကမ္ဘာကြီး Frost Magical Ice Siam
🚢 ညအလှကို ညစာစားရင်း ခံစားဖို့ Chao Phraya Princess Dinner Cruise
🦁 တောရိုင်းတိရစ္ဆာန် တွေကို အနီးကပ်ကြည့်နိုင်တဲ့ Safari World စတဲ့ နာမည်ကြီးနေရာတွေကို လည်ပတ်နိုင်ပါတယ်။

✅ ဒါ့အပြင် Airport Pick-up / Drop-off၊ Hotel တည်းခိုမှုနဲ့ သွားလာရေးအစီအစဉ်တွေကိုပါ တစ်ခါတည်း စီစဉ်ပေးထားတာကြောင့် ခရီးစဉ်ကို စိတ်အေးလက်အေး အပြည့်အဝ ပျော်ရွှင်နိုင်ပါတယ်။

✅ Thailand Anywhere နဲ့ ခရီးထွက်မယ်ဆိုရင်တော့ တရားဝင်မှတ်ပုံတင်ထားတဲ့ ထိုင်း Tour Company ရဲ့ ဝန်ဆောင်မှု၊ အတွေ့အကြုံရှိတဲ့ ထိုင်းယာဉ်မောင်း၊ မြန်မာစကားပြော Coordinator တို့က ခရီးစဉ်အစကနေ အဆုံးထိ အနီးကပ် ကူညီပေးမှာဖြစ်လို့ စိတ်ချလက်ချ အပန်းဖြေခရီးထွက်နိုင်ပါတယ်။

နိုင်ငံခြားသားတွေအတွက် ဈေးအသက်သာဆုံး နိုင်ငံတစ်ခုဖြစ်လာတဲ့ ထိုင်းနိုင်ငံ🏆 Expat Insider 2026 by InterNations ရဲ့ စစ်တမ်း...
29/07/2026

နိုင်ငံခြားသားတွေအတွက် ဈေးအသက်သာဆုံး နိုင်ငံတစ်ခုဖြစ်လာတဲ့ ထိုင်းနိုင်ငံ

🏆 Expat Insider 2026 by InterNations ရဲ့ စစ်တမ်းအရ ထိုင်းနိုင်ငံဟာ နိုင်ငံခြားသားတွေ (Expats) အတွက် နေထိုင်စရိတ်အသက်သာဆုံး နိုင်ငံများ စာရင်းမှာ ကမ္ဘာ့အဆင့် (၂) ကို ရရှိခဲ့ပါတယ်။

✅ ဒီစစ်တမ်းမှာ နေထိုင်စရိတ်၊ နေ့စဉ်အသုံးစရိတ်၊ အိမ်ငှားခ၊ စားသောက်စရိတ်နဲ့ လူနေမှုကုန်ကျစရိတ် စတဲ့ အချက်အလက်တွေကို အခြေခံပြီး အဆင့်သတ်မှတ်ထားတာ ဖြစ်ပါတယ်။

✅ ထိုင်းနိုင်ငံဟာ ကုန်ကျစရိတ်သင့်တင့်ရုံသာမက အစားအသောက်ပေါများမှု၊ သယ်ယူပို့ဆောင်ရေးအဆင်ပြေမှု၊ ခရီးသွားစရာနေရာများပြားမှုနဲ့ လူနေမှုဘဝအဆင်ပြေတဲ့ ပတ်ဝန်းကျင်တွေကြောင့် ကမ္ဘာတစ်ဝန်းက နိုင်ငံခြားသားတွေ ရွေးချယ်နေထိုင်ချင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

✅ Expat Insider 2026 စာရင်းအရ အဆင့် (၁) မှာ Panama ရှိပြီး ထိုင်းနိုင်ငံက အဆင့် (၂)၊ Mexico က အဆင့် (၃) အသီးသီး ရရှိထားပါတယ်။

ငါးပြတိုက်ဆိုတာ ဘဝမှာ တစ်ခါလောက်တော့ သွားလည်ဖူးသင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။Aquarium ဆိုတာ ငါးတွေကိုပဲ သွားကြည့်တဲ့နေရာ...
29/07/2026

ငါးပြတိုက်ဆိုတာ ဘဝမှာ တစ်ခါလောက်တော့ သွားလည်ဖူးသင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

Aquarium ဆိုတာ ငါးတွေကိုပဲ သွားကြည့်တဲ့နေရာ မဟုတ်ပါဘူး။

✅ ရေအောက်ကမ္ဘာရဲ့ သတ္တဝါတွေကို အနီးကပ်လေ့လာနိုင်သလို၊ ဗဟုသုတအသစ်တွေ ရရှိနိုင်ပြီး မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် ချစ်ရသူနဲ့အတူ အမှတ်တရအချိန်တွေ ဖန်တီးနိုင်တဲ့ Attraction တစ်ခုလည်း ဖြစ်ပါတယ်။

✅ ထိုင်းနိုင်ငံမှာ Aquarium လည်ချင်တယ်ဆိုရင် Bangkok၊ Pattaya၊ Phuket နဲ့ Chiang Mai မြို့တွေမှာ လူသိများတဲ့ နာမည်ကြီး ငါးပြတိုက်တွေ ရှိပါတယ်။

🦈 SEA LIFE Bangkok Ocean World (Bangkok)

🔹 Bangkok ရဲ့ Siam Paragon အောက်ထပ်မှာရှိတဲ့ SEA LIFE Bangkok Ocean World က ထိုင်းနိုင်ငံရဲ့ လူသိအများဆုံး Aquarium ဖြစ်ပါတယ်။

🔹 ဒီမှာတော့ Shark Tunnel၊ Penguin Zone၊ Jellyfish Zone၊ Rainforest Area နဲ့ Coral Reef အပါအဝင် ပင်လယ်သတ္တဝါမျိုးစုံကို တွေ့နိုင်ပါတယ်။

🔹 Glass Bottom Boat စီးတာ၊ Shark Feeding Show ကြည့်တာလို Activities တွေလည်း ရှိတာကြောင့် လူကြီးရော ကလေးပါ သဘောကျတဲ့ Aquarium တစ်ခုပါ။

🌊 Underwater World Pattaya (Pattaya)

🔹 Pattaya ကို အပင်လယ်ကမ်းခြေကြောင့်ပဲ လူသိများတယ်လို့ ထင်ရပေမယ့် Underwater World Pattaya ကလည်း မလွတ်သင့်တဲ့ Attraction တစ်ခုပါ။

🔹 Shark၊ Stingray၊ Giant Grouper နဲ့ Tropical Fish မျိုးစုံကို ခေါင်းပေါ်ကနေ ကူးခတ်နေတာတွေ့ရပြီး ရေအောက်ထဲ တကယ်ရောက်နေသလို ခံစားရပါတယ်။

🐟 Aquaria Phuket (Phuket)

🔹 Phuket မှာရှိတဲ့ Aquaria Phuket က ထိုင်းနိုင်ငံရဲ့ အကြီးဆုံး Aquarium တွေထဲက တစ်ခုဖြစ်ပြီး ခေတ်မီတဲ့ ဒီဇိုင်းနဲ့ ပြသထားတာကြောင့် လူငယ်တွေ အထူးနှစ်သက်ကြပါတယ်။

🔹 Shark၊ Penguin၊ Otter၊ Stingray နဲ့ Jellyfish တွေအပြင် အဏ္ဏဝါသတ္တဝါ ထောင်ပေါင်းများစွာကို ကြည့်ရှုနိုင်ပါတယ်။

🔹 အလင်းအမှောင်နဲ့ အလှဆင်ထားတဲ့ ပြခန်းတွေ၊ Photo Spot လှလှတွေကြောင့် Aquarium လည်ရင်း အမှတ်တရဓာတ်ပုံတွေလည်း အများကြီး ရိုက်ယူနိုင်ပါတယ်။

🐢 Chiang Mai Zoo Aquarium (Chiang Mai)

🔹 ချင်းမိုင် မှာလည်း Aquarium ကောင်းကောင်းတစ်ခု ရှိပါတယ်။ Chiang Mai Zoo Aquarium က Chiang Mai Zoo အတွင်းမှာရှိပြီး Zoo နဲ့ Aquarium ကို တစ်ရက်တည်း အတူလည်နိုင်တာက အားသာချက်ပါ။

🔹 Freshwater Fish၊ Marine Fish နဲ့ Underwater Tunnel တို့ကို တစ်နေရာတည်းမှာ တွေ့နိုင်ပြီး ကလေးတွေအတွက် ဗဟုသုတရသလို လူကြီးတွေအတွက်လည်း အေးအေးဆေးဆေး လည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

✅ Thailand Anywhere မှာတော့ ဒီလို ငါးပြတိုက်တွေ အပါအဝင် ထိုင်းနိုင်ငံအနှံ့က Attraction လက်မှတ်များကို သက်သာတဲ့ဈေးနှုန်းနဲ့ Booking ပြုလုပ်နိုင်ပါတယ်။

✅ ဒါ့အပြင် Hotel Booking၊ Car Rental၊ Airport Transfer၊ Private Van Tour နဲ့ အခြားခရီးသွားဝန်ဆောင်မှုမျိုးစုံကိုလည်း တစ်နေရာတည်းမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။

ဘန်ကောက်ရဲ့ အလှ နဲ့ အငွေ့အသက်စစ်စစ် ကို ဒီမှာတည်းမှ သေချာခံစားလိုက်ရတယ်Chatrium Hotel Riverside Bangkok က Chao Phraya မြ...
29/07/2026

ဘန်ကောက်ရဲ့ အလှ နဲ့ အငွေ့အသက်စစ်စစ် ကို ဒီမှာတည်းမှ သေချာခံစားလိုက်ရတယ်

Chatrium Hotel Riverside Bangkok က Chao Phraya မြစ်ကမ်းနားမှာ တည်ရှိတာကြောင့် ဘန်ကောက်မြို့တော်ရဲ့ ရှင်သန်လှုပ်ရှားမှုကို သေချာမြင်တွေ့ခွင့်ရမှာပါ။

🚤 Cruise တွေ ဖြတ်သန်းသွားတာကို ကော်ဖီသောက်ရင်း ကြည့်လို့ရတယ်။

🌅 နေဝင်ချိန်မှာ Chao Phraya မြစ်ကမ်းရဲ့ အလှကို ခံစားလို့ရတယ်။

🏙️ ညဘက်ရောက်ရင် Bangkok ရဲ့ အလင်းရောင်တွေနဲ့ အသက်ဝင်နေတဲ့ မြို့ပြအလှကို အနီးကပ် မြင်တွေ့နိုင်တယ်။

ဒါကြောင့် ဒီမှာတည်းတာက Hotel မှာ အနားယူတာထက် Bangkok ကို ပိုပြီး နီးနီးကပ်ကပ် ခံစားရတဲ့ အတွေ့အကြုံ ကို ပေးပါတယ်။

🛏️ အခန်းတွေကလည်း ကျယ်ဝန်းပြီး River View အခန်းအများစုက Balcony ပါဝင်တာကြောင့် အခန်းထဲမှာပဲ အနားယူနေချင်တဲ့သူတွေအတွက်လည်း သင့်တော်ပြီး...

🏊 မြစ်ကို မျက်နှာမူထားတဲ့ Outdoor Swimming Pool
💪 ကျယ်ဝန်းပြီး အဆင့်အတန်းမြင့်တဲ့ Fitness Center
🍽️ အရသာကောင်းပြီး စုံလင်တဲ့ Riverside Restaurant
🛥️ သွားရေးလာရေးအတွက် Shuttle Boat Service

စတဲ့ Facilities တွေလည်း ပြည့်ပြည့်စုံစုံ ပါဝင်တာကြောင့် Bangkok ကို အေးအေးဆေးဆေး လည်ချင်သူတွေအတွက် အရမ်းလိုက်ဖက်တဲ့ Hotel တစ်ခုပါ။

✅ Bangkok ကို လာလည်တဲ့ ခရီးစဉ်မှာ နေရာတွေကိုပဲ မကြည့်ဘဲ မြို့ရဲ့ အငွေ့အသက်ကိုပါ ခံစားချင်တယ်ဆိုရင် Chatrium Hotel Riverside Bangkok က မမေ့သင့်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

✅ Thailand Anywhere မှာတော့ Chatrium Hotel Riverside Bangkok အပါအဝင် Thailand နိုင်ငံအနှံ့ Hotel မျိုးစုံကို သက်သာတဲ့ဈေးနှုန်းနဲ့ Booking ပြုလုပ်နိုင်ပြီး လူကြီးမင်းတို့ လိုအပ်သမျှကိုလည်း အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနေပါတယ်။

ထိုင်းရောက် ရွှေမြန်မာတွေ ကုသိုလ်ယူနိုင်ဖို့ ဘန်ကောက် ၁ ရက်တာ ဘုရား (၉) ဆူ ခရီးစဉ်💛 ထိုင်းမှာ အလုပ်လုပ်နေရင်း ဘုရားလည်း ...
28/07/2026

ထိုင်းရောက် ရွှေမြန်မာတွေ ကုသိုလ်ယူနိုင်ဖို့ ဘန်ကောက် ၁ ရက်တာ ဘုရား (၉) ဆူ ခရီးစဉ်

💛 ထိုင်းမှာ အလုပ်လုပ်နေရင်း ဘုရားလည်း ဖူးချင်တယ်၊ ဒါပေမယ့် အလုပ်ပိတ်ရက်က တစ်ရက်ပဲရှိတယ် ဆိုရင် ဒီခရီးစဉ်လေး ရှိပါတယ်။

Thailand Anywhere က ထိုင်းရောက် ရွှေမြန်မာတွေ အချိန်အများကြီး ပေးစရာမလိုတဲ့ ဘန်ကောက်ရဲ့ အထင်ကရ တန်ခိုးကြီးဘုရား (၉) ဆူ ကို တစ်ရက်တည်းနဲ့ ဖူးမြော်နိုင်မယ့် ခရီးစဉ်ကို စီစဉ်ပေးထားပါတယ်။

💛 မိုးရွာရွာ၊ နေပူပူ ကားနဲ့ သက်သက်သာသာ သွားရောက်ဖူးမြော်ရတာမို့ ခရီးစဉ်တစ်လျှောက် စိတ်အေးလက်အေး ကုသိုလ်ယူနိုင်ပါတယ်။

🙏 ဖူးမြော်ရမယ့် တန်ခိုးကြီးဘုရား (၉) ဆူ

1️⃣ Wat Phra Kaew (မြဘုရား)
ထိုင်းနိုင်ငံရဲ့ အမြင့်မြတ်ဆုံး တော်ဝင်ဘုရားကျောင်းတော်ဖြစ်ပြီး မြဘုရားရုပ်ပွားတော်ကို ဖူးမြော်နိုင်ပါတယ်။

2️⃣ Wat Rakhang
အောင်မြင်မှု၊ ကျော်ကြားမှုနဲ့ သတင်းကောင်းတွေ ရရှိဖို့ ဒေသခံတွေလည်း အမြဲလာရောက် ဆုတောင်းကြတဲ့ ဘုရားပါ။

3️⃣ Wat Arun (အရုဏ်ဦးဘုရား)
ကြွေပြားအလှဆင် လက်ရာတွေနဲ့ ဘန်ကောက်ရဲ့ အထင်ကရ Landmark တစ်ခုအဖြစ် ကျော်ကြားပါတယ်။

4️⃣ Wat Kalayanamit
ဧရာမ Luang Pho To ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖူးမြော်နိုင်တဲ့ Chao Phraya မြစ်ကမ်းနားက သမိုင်းဝင်ဘုရားပါ။

5️⃣ Wat Pho
ကမ္ဘာကျော် ၄၆ မီတာရှည် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိတဲ့ ဘန်ကောက်ရဲ့ အထင်ကရ ဘုရားတစ်ဆူ ဖြစ်ပါတယ်။

6️⃣ Wat Suthat
လက်ရာမြောက်တဲ့ နံရံဆေးရေးပန်းချီတွေနဲ့ ထိုင်းနိုင်ငံရဲ့ အလှပဆုံး တော်ဝင်ကျောင်းတော်တွေထဲက တစ်ခုပါ။

7️⃣ Wat Saket (ရွှေတောင်ကုန်းဘုရား)
ရွှေရောင်စေတီတော်ကို ဖူးမြော်ရင်း ဘန်ကောက်မြို့ရဲ့ Skyline အလှကို အပေါ်စီးက ကြည့်ရှုနိုင်ပါတယ်။

8️⃣ Wat Chana Songkhram
အောင်နိုင်ခြင်းနဲ့ အန္တရာယ်ကင်းရှင်းခြင်းကို ကိုယ်စားပြုတာကြောင့် ဒေသခံတွေလည်း အမြဲလာရောက် ဆုတောင်းကြတဲ့ ဘုရားပါ။

9️⃣ Wat Bowonniwet Vihara
ထိုင်းဘုရင်အဆက်ဆက် ရဟန်းဝတ်ခဲ့ဖူးတဲ့ ထိုင်းဗုဒ္ဓဘာသာရဲ့ အရေးပါတဲ့ တော်ဝင်ကျောင်းတော် ဖြစ်ပါတယ်။

🙏 အလုပ်ပိတ်ရက်လေးတစ်ရက်မှာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲဖြစ်ဖြစ် စိတ်အေးချမ်းချမ်း ကုသိုလ်ယူချင်တယ်ဆိုရင် ဒီခရီးစဉ်လေးက အရမ်းသင့်တော်ပါတယ်။

🚗 Saloon, SUV, Van စတဲ့ ကားအမျိုးအစားတွေကို လူဦးရေအလိုက် ရွေးချယ်နိုင်ပြီး အတွေ့အကြုံရှိတဲ့ တရားဝင် လိုင်စင်ရ ကျွမ်းကျင်ယာဉ်မောင်း ခန့်ထားတာကြောင့် စိတ်ချလက်ချ ဘုရားဖူးထွက်နိုင်ပါတယ်။

တစ်ခါတလေ ကလေးတွေထက် လူကြီးတွေက ပိုပြီး အပန်းဖြေဖို့ လိုပါတယ်။‼️ အရွယ်ရောက်လာတဲ့ ဘဝမှာ စိတ်ဖိစီးမှုတွေ၊ တာဝန်တွေ၊ အလုပ်တွ...
28/07/2026

တစ်ခါတလေ ကလေးတွေထက် လူကြီးတွေက ပိုပြီး အပန်းဖြေဖို့ လိုပါတယ်။

‼️ အရွယ်ရောက်လာတဲ့ ဘဝမှာ စိတ်ဖိစီးမှုတွေ၊ တာဝန်တွေ၊ အလုပ်တွေနဲ့ ပင်ပန်းနေကြရတာ သာမန်ဖြစ်စဉ်တစ်ခု ဖြစ်လာပါပြီ။

‼️ တစ်နေ့ပြီးတစ်နေ့ အလုပ်တွေလုပ်ရင်း၊ ငွေနောက်လိုက်ရင်း၊ ကိုယ့်ကိုယ်ကို အပန်းဖြေဖို့တောင် မေ့နေတတ်ကြပါတယ်။

Dream World Bangkok ကတော့ အသက်ဘယ်လောက်ပဲရှိရှိ တစ်နေ့တာလုံး ကလေးတစ်ယောက်လို ရယ်မောပျော်ရွှင်နိုင်တဲ့ သုခဘုံ ကြီးဖြစ်ပြီး ဘာတွေရှိလဲဆိုရင်တော့...

🎢 Sky Coaster – အမြန်နှုန်းမြင့် Roller Coaster ကို စီးရင်း စိတ်လှုပ်ရှားစရာ အတွေ့အကြုံကို ခံစားနိုင်ပါတယ်။

🚢 Viking Ship – အမြင့်ကြီးထိ လွှဲယမ်းတဲ့ သင်္ဘောပေါ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို တွေ့ကြုံနိုင်ပါတယ်။

🌪️ Hurricane – လှည့်ပတ်ရင်း အရှိန်အဟုန်နဲ့ ပျံဝဲနေသလို ခံစားရတဲ့ Ride တစ်ခုပါ။

❄️ Snow Town – Bangkok ရဲ့ ပူတဲ့ရာသီဥတုကြားမှာ နှင်းတွေကြား လမ်းလျှောက်ရင်း အေးမြတဲ့ အငွေ့အသက်ကို ခံစားနိုင်ပါတယ်။

🏰 Fantasy Land – Fairy Tale ကမ္ဘာထဲကို ရောက်သွားသလို ရောင်စုံရဲတိုက်တွေနဲ့ လှပတဲ့ Photo Spot တွေကို တွေ့မြင်နိုင်ပါတယ်။

🌍 Dream Garden – ကမ္ဘာကျော်အထင်ကရ အဆောက်အဦးအသေးစားတွေကြားမှာ အမှတ်တရဓာတ်ပုံလှလှတွေ ရိုက်ကူးနိုင်ပါတယ်။

💦 Water Fun – ရေကစားစရာ Ride မျိုးစုံနဲ့ တစ်နေ့လုံး အေးအေးမြမြ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးနိုင်ပါတယ်။

🚗 Go-Kart – Go-Kart မောင်းရင်း ပြိုင်ကားမောင်းတဲ့ အတွေ့အကြုံကို စမ်းသပ်နိုင်ပါတယ်။

🎭 Hollywood Action Show – စတန့်ပြကွက်တွေ၊ အထူးပြုလုပ်ချက်တွေနဲ့ ရုပ်ရှင်တစ်ကားကြည့်နေရသလို ဖျော်ဖြေမှုကို ခံစားနိုင်ပါတယ်။

🐾 Animal Show – ချစ်စရာတိရစ္ဆာန်လေးတွေရဲ့ ဉာဏ်ရည်ထက်မြက်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ရှုနိုင်ပါတယ်။

🚠 Cable Car – Theme Park တစ်ခုလုံးရဲ့ ရှုခင်းကို အမြင့်ကနေ အေးအေးဆေးဆေး ကြည့်ရှုခံစားနိုင်ပါတယ်။

📸 Photo Spots – ပန်းဥယျာဉ်တွေ၊ ရောင်စုံအဆောက်အဦးတွေနဲ့ ဘယ်နေရာရောက်ရောက် အမှတ်တရဓာတ်ပုံလှလှတွေ ရိုက်ယူနိုင်ပါတယ်။

ဒီနေရာက ကလေးတွေအတွက်ပဲ မဟုတ်ပါဘူး။

❤️ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ချစ်ရသူနဲ့ပဲဖြစ်ဖြစ် တစ်နေ့တာလောက်တော့ စိတ်ဖိစီးမှုတွေကို ခဏထားခဲ့ပြီး ပျော်ရွှင်မှုကို ပြန်ရှာဖို့ အကောင်းဆုံးနေရာတစ်ခုပါ။

တစ်နေ့ပြီးတစ်နေ့ တာဝန်တွေအတွက်ပဲ အသက်ရှင်နေတာ မဟုတ်ပဲ

✅ ကိုယ့်အတွက်လည်း ရယ်မောခွင့်ရှိပါတယ်။
✅ ကိုယ့်အတွက်လည်း အပန်းဖြေခွင့်ရှိပါတယ်။
✅ ပျော်ရွှင်ရမယ့် နေ့တစ်နေ့ကိုလည်း ပိုင်ဆိုင်ခွင့်ရှိပါတယ်။

🎟️ Dream World ကို သွားလည်ချင်တယ်ဆိုရင်တော့ Thailand Anywhere ကနေ Booking လုပ်ထားတာက ပိုအဆင်ပြေပါတယ်။

🎟️ Walk-in ဝယ်တဲ့ဈေးထက် သက်သာတဲ့နှုန်းထားနဲ့ Ticket တွေကို ရရှိနိုင်သလို၊ လက်မှတ်ကိုလည်း ကြိုတင်အာမခံထားနိုင်တာကြောင့် ရောက်တဲ့နေ့မှာ စိတ်ချလက်ချ ဝင်ရောက်လည်ပတ်နိုင်ပါတယ်။

Bangkok ကိုရောက်ပြီး Hua Hin နဲ့ Khao Yai မရောက်သေးရင် ထိုင်းကို တကယ်မရောက်သေးဘူး🏙️ ထိုင်းဆိုတာ ပြောလိုက်ရင် Bangkok ရဲ့...
28/07/2026

Bangkok ကိုရောက်ပြီး Hua Hin နဲ့ Khao Yai မရောက်သေးရင် ထိုင်းကို တကယ်မရောက်သေးဘူး

🏙️ ထိုင်းဆိုတာ ပြောလိုက်ရင် Bangkok ရဲ့ Shopping Mall တွေ၊ Street Food တွေ၊ Night Market တွေကိုပဲ လူအများစုက အရင်တွေးမိကြပါတယ်။

📍 ဒါပေမယ့် ဘန်ကောက် ကနေ နာရီပိုင်းလောက် ကားမောင်းလိုက်ရုံနဲ့ လုံးဝမတူတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားနိုင်တဲ့ ပင်လယ်လေညှင်းတွေနဲ့ "ဟွာဟင်း" နဲ့ ဥရောပကျေးလက်မြို့လေးလို "ခေါင်ရိုင်" ရှိပါတယ်။

ဒီ ၄ ည ၅ ရက် ခရီးစဉ်လေးကတော့ ထိုင်းနိုင်ငံရဲ့ မတူညီတဲ့ အငွေ့အသက် (၃) မျိုးကို တစ်ခေါက်တည်း ခံစားနိုင်အောင် စီစဉ်ထားတဲ့ Tour လေးပါ။

✈️ Day 1 – Bangkok ရဲ့ ပျော်စရာတွေက စတင်ပါပြီ

လေဆိပ်ကို ရောက်တာနဲ့ ခရီးစဉ်ကို စတင်မှာဖြစ်ပြီး ပထမဆုံး သွားရောက်မယ့်နေရာကတော့ Bangkok ရဲ့ နာမည်ကြီး Siam Amazing Park ပါ။

🎢 Roller Coaster တွေ စီးမယ်...
🤽 Water Park ထဲမှာ ရေဆော့မယ်...
🏹 Adventure Game မျိုးစုံကို စိတ်ကြိုက် ဆော့ကစားရင်း တစ်နေ့တာကို အပြည့်အဝ ပျော်ရွှင်နိုင်ပါတယ်။

🍽️ နေ့လယ်စာကိုလည်း Park အတွင်းမှာ Buffet သုံးဆောင်ရမှာ ဖြစ်ပါတယ်။

ညနေရောက်ရင်တော့ Bangkok ရဲ့ လူကြိုက်အများဆုံး Night Market တွေထဲက တစ်ခုဖြစ်တဲ့ Jodd Fair Night Market ကို ဆက်သွားပါမယ်။

🌊 Day 2 – Hua Hin ကို ခရီးဆက်ကြမယ်

ဒီနေ့ကတော့ Bangkok ကနေ Hua Hin ကို ခရီးဆက်မယ့်နေ့ပါ။ လမ်းမှာ မဖြစ်မနေ ဝင်ရောက်လည်ပတ်ရမယ့် Damnoen Saduak Floating Market ကို အရင်သွားပါမယ်။

🚤 လှေစီးရင်း ရေပေါ်ဈေးရဲ့ အငွေ့အသက်ကို ခံစားမယ်...
🛍️ ဒေသထွက် အမှတ်တရပစ္စည်းလေးတွေ ဝယ်ယူမယ်...
🍍 Local Food လေးတွေ မြည်းစမ်းရင်း ထိုင်းရိုးရာဈေးရဲ့ အလှကို ခံစားနိုင်ပါတယ်။

✅ အဲ့ဒီနောက်မှာတော့ Siam Venezia ကို ဆက်သွားပါမယ်။
✅ ဆက်လက်ပြီး Swiss Sheep Farm ကို သွားရောက်လည်ပတ်ပြီး
✅ ညနေရောက်ရင်တော့ Hua Hin Night Market ကို ရောက်မှာပါ။

🌿 Day 3 – Khao Yai ရဲ့ သဘာဝအလှကို စတင်ခံစားမယ်

ဒီနေ့မှာတော့ Hua Hin ကနေ Khao Yai ကို ခရီးဆက်မှာ ဖြစ်ပြီး မထွက်ခင် Hua Hin ရဲ့ နာမည်ကြီးနေရာတွေကို အရင်လည်ပတ်ပါမယ်။

☕ Memory House Café မှာ အေးအေးဆေးဆေး အနားယူမယ်...
🚉 သမိုင်းဝင် Hua Hin Railway Station ကို လည်ပတ်မယ်...
🍽️ နေ့လယ်စာ သုံးဆောင်ပြီးနောက် Khao Yai ရဲ့ အထင်ကရ Primo Piazza ကို ဆက်သွားပါမယ်။

🏰 ဥရောပကျေးလက်မြို့လေးကို ရောက်သွားသလို ခံစားမယ်...
🌳 လှပတဲ့ ရှုခင်းတွေနဲ့ အေးမြတဲ့ ရာသီဥတုကို ခံစားမယ်...
📷 Khao Yai ရဲ့ အလှဆုံးနေရာတစ်ခုမှာ အမှတ်တရတွေ ဖန်တီးနိုင်ပါတယ်။

🌸 Day 4 – Bangkok ကို ပြန်ပြီး မမေ့နိုင်တဲ့ Cruise Night

Khao Yai မှာ နိုးထပြီးနောက် Bangkok ကို ပြန်မယ့် ခရီးစဉ်ကို စတင်ပါမယ်။

📍 နာမည်ကြီး Hokkaido Flower Park ကိုသွားပြီး တန်ခိုးကြီး Nakhon Nayok ရဲ့ Wat Maniwong ကို သွားရောက်ဖူးမြော်မယ်။

ဒီနေ့ရဲ့ Highlight ကတော့ နေ့လယ်စာ သုံးဆောင်ပြီး Bangkok ကို ပြန်ရောက်တဲ့ ညပိုင်းမှာ စတင်ပါတယ်။

🛳️ Viva Alangka Cruise ကို စီးမယ်...
🍽️ Buffet Dinner သုံးဆောင်မယ်...
🎶 Live Music နားထောင်ရင်း Chao Phraya မြစ်ပေါ်က Bangkok ရဲ့ ညရှုခင်းတွေကို အေးအေးဆေးဆေး ခံစားရမှာ ဖြစ်ပါတယ်။

🛍️ Day 5 – Shopping လည်း ထွက်မယ်၊ အမှတ်တရတွေလည်း ယူသွားမယ်

နောက်ဆုံးနေ့မှာတော့ Bangkok ရဲ့ နာမည်ကြီး Attraction နှစ်ခုကို သွားရောက်လည်ပတ်ပါမယ်။

🐠 SEA LIFE Bangkok Ocean World မှာ ပင်လယ်ရေအောက်ကမ္ဘာကို အနီးကပ် ကြည့်ရှုမယ်...
⭐ Madame Tussauds မှာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ဖယောင်းရုပ်တုတွေနဲ့ ဓာတ်ပုံလှလှ ရိုက်ကူးနိုင်ပါတယ်။

အဲ့ဒီနောက် Platinum Fashion Mall ကို ဆက်သွားပါမယ်။

🛍️ Fashion Item လေးတွေ Shopping ထွက်မယ်...
🍽️ နေ့လယ်စာ သုံးဆောင်မယ်...
✈️ အမှတ်တရတွေအပြည့်နဲ့ Airport ကို ပြန်လည်ပို့ဆောင်ပေးရင်း ဒီ ၄ ည ၅ ရက် ခရီးစဉ်လေးကို အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

ဒီလို အတွေ့အကြုံမျိုးစုံကို တခေါက်တည်းနဲ့ ခံစားချင်ရင် Thailand Anywhere နဲ့အတူ စိတ်ချလက်ချ ခရီးထွက်လိုက်ပါ

🩷 ဒီ Bangkok – Hua Hin – Khao Yai (၄ ည ၅ ရက်) ခရီးစဉ်လေးကတော့ မြို့ကြီးရဲ့ အသက်ဝင်မှု၊ ပင်လယ်ရဲ့ အေးချမ်းမှုနဲ့ သဘာဝရဲ့ စိမ်းလန်းမှုကို တစ်ခရီးတည်းမှာ အပြည့်အဝ ခံစားနိုင်မယ့် Tour လေးပါ။

🩷 Thailand Anywhere နဲ့ ခရီးထွက်မယ်ဆိုရင်တော့ တရားဝင်မှတ်ပုံတင်ထားတဲ့ ထိုင်း Tour Company ရဲ့ ဝန်ဆောင်မှု၊ အတွေ့အကြုံရှိတဲ့ ထိုင်းယာဉ်မောင်း၊ မြန်မာစကားပြော Coordinator တို့က ခရီးစဉ်အစကနေ အဆုံးထိ အနီးကပ် ကူညီပေးမှာဖြစ်လို့ စိတ်ချလက်ချ အပန်းဖြေခရီးထွက်နိုင်ပါတယ်။

🩷 မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ချစ်ရသူနဲ့ပဲဖြစ်ဖြစ်... အမှတ်တရကောင်းတွေ ပြည့်နေမယ့် ထိုင်းခရီးစဉ်တစ်ခုကို ဖန်တီးချင်တယ်ဆိုရင် Thailand Anywhere က အကောင်းဆုံး ခရီးဖော်ဖြစ်ပေးဖို့ အသင့်ရှိနေပါတယ်။

photo crd to original uploaders


ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့ ဟာ ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း အတွက် မွေးနေ့ရက်မြတ် အထိမ်းအမှတ်နေ့ ဖြစ်ပါတ...
28/07/2026

ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့ ဟာ ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း အတွက် မွေးနေ့ရက်မြတ် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။

ဒီနေ့ဟာ ထိုင်းပြည်သူပြည်သားများအတွက် အရေးပါပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သလို၊ နိုင်ငံတစ်ဝန်းမှာလည်း ဂုဏ်ပြုအခမ်းအနားများ၊ ကုသိုလ်ကောင်းမှုများနဲ့ ဘုရင်မင်းမြတ်အား လေးစားဂုဏ်ပြုခြင်းများကို ကျင်းပလေ့ရှိကြပါတယ်။

ဤမင်္ဂလာရှိသော အခါသမယတွင် ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်၍ ကျန်းမာချမ်းသာပါစေကြောင်း၊ ထိုင်းနိုင်ငံနှင့် ထိုင်းပြည်သူပြည်သားများအတွက် ငြိမ်းချမ်းသာယာဝပြောမှုများ အစဉ်တိုးတက်ပါစေကြောင်း Thailand Anywhere မိသားစုမှ ရိုသေလေးမြတ်စွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လူဖြစ်တဲ့ခဏ တည်းဖူးသွားသင့်တဲ့ ဘန်ကောက်က ကြယ်ငါးပွင့် ဟိုတယ်များခရီးတစ်ခေါက်မှာ အမှတ်တရဖြစ်စေတာက လည်ခဲ့တဲ့နေရာတွေချည်းပဲ...
28/07/2026

လူဖြစ်တဲ့ခဏ တည်းဖူးသွားသင့်တဲ့ ဘန်ကောက်က ကြယ်ငါးပွင့် ဟိုတယ်များ

ခရီးတစ်ခေါက်မှာ အမှတ်တရဖြစ်စေတာက လည်ခဲ့တဲ့နေရာတွေချည်းပဲ မဟုတ်ပါဘူး။

🏨 တစ်နေ့တာလုံး အပြင်မှာ လည်ပတ်ပြီး ပင်ပန်းလာတဲ့အချိန်၊ ဟိုတယ်တံခါးကို ဖွင့်ဝင်လိုက်တာနဲ့ ရလာတဲ့ ခံစားချက်ကလည်း ခရီးစဉ်တစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

🌊 ကျောက်ဖုရား မြစ်ကြီးကို အခန်းပြတင်းပေါက်ကနေ ကြည့်ရတာ...
🏊 Infinity Pool ထဲမှာ မြို့ပြကို အပေါ်စီးက ငေးရင်း အနားယူရတာ...
🍽️ အရသာကောင်းတဲ့ Breakfast နဲ့ နေ့သစ်ကို စတင်ရတာ...
🌙 ညဘက် မြို့တော်ရဲ့ မီးရောင်စုံတွေကြား Rooftop Restaurant မှာ Dinner စားရတာ...

ဒီလို အခိုက်အတန့်တွေက ဓာတ်ပုံတစ်ပုံထက် ပိုပြီး ကြာကြာမှတ်မိနေတတ်ပါတယ်။

🏨 Bangkok ကတော့ အာရှရဲ့ Luxury Hotel အများဆုံးရှိတဲ့ မြို့တွေထဲက တစ်မြို့ဖြစ်ပြီး ကမ္ဘာကျော်တွေတောင် လာတည်းကြတဲ့ ကမ္ဘာ့အဆင့်မီ World-Class 5-Star Hotel တွေ အများကြီးရှိပါတယ်။

🏨 ဒီနေ့တော့ "လူဖြစ်တဲ့ခဏ တစ်ခါလောက်တော့ တည်းဖူးသွားသင့်တဲ့ ဘန်ကောက်က ကြယ်ငါးပွင့် ဟိုတယ်များ" ကို စုစည်းပေးထားပါတယ်။

1️⃣ ကမ္ဘာ့နံပါတ် 1 အကောင်းဆုံး ဖြစ်ခဲ့ဖူးတဲ့ Capella Bangkok

2024 ခုနှစ် The World's 50 Best Hotels မှာ ကမ္ဘာ့နံပါတ် 1 အဖြစ် ရွေးချယ်ခံခဲ့ရပြီး Asia ရဲ့ အကောင်းဆုံးဟိုတယ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

Chao Phraya မြစ်ကမ်းဘေးက အခန်းတိုင်းနီးပါး River View ရရှိပြီး "Culturist" လို့ခေါ်တဲ့ အထူးဧည့်သည်ဝန်ဆောင်မှုက တခြားဟိုတယ်တွေနဲ့ ကွာခြားစေတဲ့ အချက်ပါ။

2️⃣ Bangkok ရဲ့ သမိုင်းအရှည်ဆုံး Mandarin Oriental Bangkok

၁၈၇၆ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Bangkok ရဲ့ အထင်ကရဟိုတယ်ဖြစ်ပြီး နှစ်ပေါင်း ၁၅၀ နီးပါး Luxury Hospitality ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

ကမ္ဘာကျော်စာရေးဆရာတွေ၊ နိုင်ငံခေါင်းဆောင်တွေနဲ့ တော်ဝင်မိသားစုဝင်တွေ တည်းခိုခဲ့ဖူးတဲ့ သမိုင်းဝင် Hotel တစ်ခုပါ။

3️⃣ ကမ္ဘာ့အကောင်းဆုံးဟိုတယ် 14 ခုထဲမှာ ပါဝင်တဲ့ Four Seasons Bangkok

2024 The World's 50 Best Hotels မှာ နံပါတ် (၁၄) အထိ ရပ်တည်ခဲ့တဲ့ Bangkok ရဲ့ ဂုဏ်ယူစရာ Luxury Hotel ဖြစ်ပါတယ်။

မြို့လယ်မှာရှိပေမယ့် Resort တစ်ခုလို ကျယ်ဝန်းတဲ့ Riverfront Landscape၊ Infinity Pool နဲ့ Michelin အဆင့် Dining Experience တွေကြောင့် Hotel ထဲက မထွက်ချင်လောက်အောင် ဆွဲဆောင်မှုရှိပါတယ်။

4️⃣ ကမ္ဘာကျော်တွေ အများဆုံးတည်းတဲ့ The Siam Hotel

2024 The World's 50 Best Hotels စာရင်းမှာ ပါဝင်ခဲ့တဲ့ Boutique Luxury Hotel ဖြစ်ပြီး အခန်းအရေအတွက် အနည်းငယ်သာထားတဲ့အတွက် Privacy ကို အလွန်ဦးစားပေးပါတယ်။

ပြတိုက်ကြီး တစ်ခုလို အနုပညာလက်ရာတွေနဲ့ အလှဆင်ထားတဲ့ Design ကြောင့် Bangkok မှာ Experience အထူးခြားဆုံး Hotel တွေထဲက တစ်ခုလို့ သတ်မှတ်ခံရပါတယ်။

5️⃣ Luxury Shopping ကို ဦးစားပေးထားတဲ့ Park Hyatt Bangkok

Bangkok ရဲ့ အဆင့်မြင့်ဆုံး Shopping Mall ဖြစ်တဲ့ Central Embassy နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Luxury Hotel ဖြစ်ပါတယ်။

BTS Ploenchit Station နဲ့လည်း လွယ်ကူစွာ သွားလာနိုင်တာကြောင့် Shopping၊ Fine Dining နဲ့ City Lifestyle ကို တစ်နေရာတည်းမှာ အပြည့်အဝ ခံစားနိုင်ပါတယ်။

6️⃣ လက်အုပ်ချီထားသလို ထူးခြားတဲ့ ဒီဇိုင်းနဲ့ Rosewood Bangkok

Rosewood Bangkok ရဲ့ အဆောက်အဦးကို ထိုင်းရိုးရာ 🙏 လက်အုပ်ချီပုံကနေ Inspiration ယူပြီး တည်ဆောက်ထားတာကြောင့် Bangkok ရဲ့ Iconic Architecture တွေထဲက တစ်ခုဖြစ်ပါတယ်။

BTS Ploenchit နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အတွက် Luxury နဲ့ Convenience ကို တစ်ပြိုင်နက်တည်း ရရှိနိုင်ပါတယ်။

7️⃣ ကိုယ်ပိုင် သင်္ဘော နဲ့ ပို့ဆောင်ပေးတဲ့ The Peninsula Bangkok

Bangkok မှာ ကိုယ်ပိုင် River Shuttle Boat Service ကို နေ့စဉ် ပြေးဆွဲပေးတဲ့ အထင်ကရ Luxury Hotel တွေထဲက တစ်ခုဖြစ်ပါတယ်။

ဟိုတယ်ကနေ Boat နဲ့ ICONSIAM၊ BTS Saphan Taksin ဘက်ကို သက်တောင့်သက်သာ သွားနိုင်တာက တခြားဟိုတယ်တွေမှာ ရှားပါးတဲ့ Experience တစ်ခုပါ။

8️⃣ Michelin Key ရရှိထားတဲ့ Waldorf Astoria Bangkok

Bangkok ရဲ့ အဆင့်မြင့် Luxury Hotel တွေထဲမှာ Michelin Key ရရှိထားတဲ့ Hotel ဖြစ်ပြီး Hospitality အရည်အသွေးကို နိုင်ငံတကာက အသိအမှတ်ပြုထားပါတယ်။

Rooftop Infinity Pool၊ Peacock Alley နဲ့ Fine Dining Experience တွေကြောင့် Romantic Stay နဲ့ Special Occasion တွေအတွက် အမြဲတမ်း ထိပ်တန်းရွေးချယ်မှု ဖြစ်နေပါတယ်။

✅ လူတိုင်း နေ့တိုင်း 5-Star Hotel မှာ တည်းဖို့ မလိုပါဘူး။ ဒါပေမယ့် ဘဝမှာ တစ်ခါလောက်တော့ ဒီလို Hotel မျိုးမှာ တည်းဖူးသွားဖို့ ထိုက်တန်ပါတယ်။

✔️ Thailand Anywhere မှာတော့ Bangkok ရဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေကို Walk-In ဈေးနှုန်းနဲ့ တခြား Online Booking Platform တွေထက် ပိုသက်သာတဲ့ အထူးအခွင့်အရေးများ နဲ့ Booking ပြုလုပ်နိုင်ပါတယ်။

✔️ ဒါတင်မကဘဲ ကိုယ့်ရဲ့ Budget၊ ခရီးစဉ်၊ အခန်းအမျိုးအစား၊ View၊ Breakfast ပါဝင်မှု၊ Honeymoon၊ Anniversary၊ Family Trip စတဲ့ လိုအပ်ချက်တိုင်းကို အခြေခံပြီး Personalized & Customized Service နဲ့ အသင့်တော်ဆုံး Hotel ကို ရွေးချယ်ပေးပါတယ်။

✔️ ခရီးမထွက်ခင် စုံစမ်းချင်တာတွေ၊ Booking ပြီးနောက် ပြောင်းလဲချင်တာတွေ၊ အရေးပေါ် လိုအပ်ချက်တွေ ရှိလာရင်လည်း အချိန်နဲ့တစ်ပြေးညီ ကူညီဖြေရှင်းပေးတဲ့ Team ရှိတာကြောင့် စိတ်အေးချမ်းစွာ တည်းခိုနိုင်ပါတယ်။

✔️ Luxury Experience တစ်ခုကို ပိုတန်ဖိုးရှိတဲ့ ဈေးနှုန်း၊ ပိုနွေးထွေးတဲ့ ဝန်ဆောင်မှုနဲ့ စတင်ချင်တယ်ဆိုရင်တော့ Thailand Anywhere က သင့်အတွက် အကောင်းဆုံး ခရီးသွားအဖော် ဖြစ်ပါတယ်။

Address

143/50 หมู่ အမှတ်-၃၉၊ အခန်း (၁၀၁-မြေညီ)၊ United Condo၊ အလံပြဘုရာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Yangon
11081

Alerts

Be the first to know and let us send you an email when Thailand Anywhere ထိုင်းနိုင်ငံ အတွင်း ကားအငှား နှင့် ခရီးသွား ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category