28/09/2021
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
သွားရောက် ဖူးမြော် ကြည်ညိုလိုသူများအတွက်...
လမ်းညွှန်ပါရှင့်...🙏
ရန်ကုန် မှ မနက်အစော ၄ နာရီခွဲခန့်
စထွက်လာသင့်ပါတယ်...
မန္တလေးသို့ မရောက်မီ
စစ်ကိုင်းအမရပူရ အဝိုင်းလမ်းခွဲ မှ
စစ်ကိုင်းဘက်သို့ သွားရပါမယ်...
စစ်ကိုင်းတံတားကျော်ပြီး
မြို့ဝင်ကြေး လမ်းကြေးပေးဆောင်ပြီး
အဝိုင်းပတ်လမ်းအတိုင်းလာရင်
စစ်ကိုင်း မုံရွာ ရွှေဘိုကားလမ်းသို့အရောက်...
" မနောဖြူ "မြန်မာထမင်းဆိုင်"
(ရွာထောင်တွင်) ထမင်း
ဝင်စားသင့်ပါတယ်...
(လမ်းတလျှောက်ထမင်းဆိုင်များ
မဖွင့်ကြပါ)
စစ်ကိုင်းတိုင်း ၏
ညမထွက်ရအမိန့် 6:00 နာရီ ဖြစ်၍...
ညအိပ်တည်းခိုမည့်
နတ်တလူတောရစခန်းသို့
6:00 မထိုးခင် စောစီးစွာ
ရောက်ဖို့လိုပါတယ်...
စစ်ကိုင်းမှတဆင့် ရွှေဘိုသို့
(72) မိုင်ခရီးရှိပါတယ်...
ရွှေဘိုမြို့အဝင်မုဒ်ဦး လှမ်းမြင်ရချိန်... ရွှေဘိုမြို့တွင်းသို့မဝင်ဘဲ
ညာဘက် ရွှေဘိုမြို့ရှောင်လမ်းအတိုင်း မောင်းလာပြီး လမ်းဆုံးရင်
ညာဘက် ရွှေဘို ကျောက်မြောင်းလမ်းအတိုင်း အနည်းငယ်မောင်းလာလျှင်
ရွှေဘို~မြစ်ကြီးနားလမ်းဆုံသို့
ရောက်ပါမယ်...
ရွှေဘို~မြစ်ကြီးနား လမ်းအတိုင်း
(25) မိုင်ခန့် မောင်းရပါတယ်...
မိုးအရမ်းရွာလျှင် ဤလမ်းတလျှောက်
လမ်းရေကျော် သုံးနေရာခန့်ရှိနေ၍
အောက်ပိုင်းနိမ့် စလွန်းကားသေးများ
အဆင်မပြေနိုင်ပါ...
ရေကြည်ဦး ရွာရောက်လျှင်
ထမင်းဆိုင်တန်းကလေးများအနီး
နတ်တလူသာသနာပြုစခမ်း
မုခ်ဦးကြီးဆီသို့ ရောက်ပါပြီ...
မန္တလေး~စစ်ကိုင်း~ရွှေဘို၂ နာရီ
ရွှေဘို~မြစ်ကြီးနားလမ်းအတိုင်း မိနစ် ၄၀ ခန့်
လမ်းဘယ်ဘက် မုဉ်ဦးကြီးမြင်ရင်
မြေလမ်း ၇ မိနစ်ခန့်ဝင်ရင်
မင်းဘိသိတ်ခံဘုရား
နတ်တလူတရားစခန်းသို့
ဦးတိုက်ရောက်ပါမယ်...
ရုံးကလူကြီးတွေ ခွင့်တိုင်ပါ
အဲဒီ မှာ ညအိပ်ရပါမယ်...
(အိပ်ယာ စောင် ခြင်ထောင် ယူသွားသင့်ပါတယ်)
မုခ်ဦးအတိုင်း အတွင်းသို့ ဝင်ရာလမ်းသည်
မိုးသည်းထန်စွာရွာလျှင်
လမ်းအနိမ့်ပိုင်း သုံးနေရာခန့်
ရေကျော်နေသဖြင့် အောက်ပိုင်းနိမ့်သော
စလွန်းကားသေးများအဆင်မပြေနိုင်ပါ...
ဆရာတော်ဘုရားကြီး
တည်ထားကိုးကွယ်သော
မင်းဘိတ်သိတ်ခံဘုရားစေတီ လည်း ကျောင်းပရဝဏ်အတွင်းတည်ရှိပါတယ်...
ဆရာတော်ဖူးဧည့်သည်များကို
ညစာထမင်း ဟင်းများဖြင့်
ကျွေးမွေးလှူဒါန်းပါတယ်...
နံနက်စောစော
ဆရာတော်ဘုရားကြီး သီတင်းသုံးရာ
ဉေယျဓာမ်တောရသို့
နံနက် ၄ နာရီ လောက် ထပြီးသွားကြရပါမည်...
ညအိပ်တည်းခိုရာ
နတ်တလူတောရစခမ်းမှ
ဉေယျဓာမ်တောရ သို့
၄၅ မိနစ်လောက် ကားနဲ့
သွားရပါတယ်...
နတ်တလူတောရမုခ်ဦးမှအထွက်
ဘယ်ဘက်သို့ (မြစ်ကြီးနားဘက်)
ရွှေဘို~မြစ်ကြီးနား လမ်းအတိုင်း
(၇) မိနစ်ခန့် ကားမောင်းလာရင်း
ဇီးကုန်း~မလယ်လမ်းဆုံ အထိ ရောက်ရင်...
သကြားစက် (ဘယ်သို့) မလည်(ညာသို့) လမ်းဆုံ
ရောက်ပါမယ်...
မလည်လမ်းအတိုင်း...၂၀ မိနစ်ခန့် သွားပြီး
မြေမွန်
စကျင်ရွာတွေ ကျော်ပြီးရင်
ဈေးဆိုင်လေးတွေရှိတဲ့နေရာ
ညာဘက်ကို မြေလမ်းအကျယ်ကြီး
၇ မိနစ်ခန့် ချိုးဝင်လိုက်ရင်
ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူသော... ဉေယျဓမ်တောရကျောင်းသို့ ရောက်ပါတယ်...ရှင့်
ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူသော
ဉေယျဓာမ်တောရကျောင်းတိုက်၏
ကျောင်းဝင်းတံခါးသည်
နံနက် (5/6)နာရီ မှဖွင့်ပါတယ်...
ဆရာတော်ဘုရားကြီး
ကျောင်းဝင်းတံခါးဖွင့်ပြီး
ဆရာတော်ဖူးမည့်ဓမ္မမိတ်ဆွေများ
အမျိုးသား/အမျိုးသမီးသပ်သပ်
သတ်မှတ်နေရာများတွင်နေရာယူ
ဆိတ်ငြိမ်စွာစောင့်စားနေကြရမည်...
သင်္ကန်း ဆေး သစ်သီး မုန့် အချိုရည်များကို
မိမိလက်တွင်း၌သာ...
ဆရာတော်အားရည်မှန်း ကပ်လှူပူဇော်ပြီး
ဆရာတော်ဘုရားကြီး ပြန်ကြွသွားသည့်အချိန်မှ ဆရာတော်ဓာတ်ပုံထားရှိပူဇော်ရာ ကျောင်းခန်းအတွင်းသို့
သွားရောက်ကပ်လှူရမည်ဖြစ်ပါတယ်...
ဆရာတော်ဘုရားကြီးအား
မည်သည့်လှူဖွယ်ပစ္စည်းမှ တိုက်ရိုက်လှူဒါန်းခွင့်မရှိပါ
ဉေယျဓာမ်တောရ တွင်
အထူးသဖြင့် ဝတ္ထုငွေလှူဒါန်းမှုကို
လက်မခံပါ...
ဆရာတော်ဘုရားကြီး၏ ဝေယျာဝစ္စအကျိုးတော်ဆောင်များကိုပင် တားမြစ်ထားပါသည် ။
မန္တလေး~ရွှေဘို 72မိုင်
ရွှေဘို~ဇီးကုန်း(မလယ်လမ်းဆုံ) 26မိုင်
Google Maps
https://www.google.com/maps/place/22.916029,+95.656170/@22.9159336,95.6560281,18z/data=!3m1!1e3
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြော်လိုသူများ အတွက်
ဆောင်ရန် ရှောင်ရန်များ...
ဆောင်ရန်
နံနက် 7 နာရီတိတိ ဆရာတော်ကြီး ဆွမ်းခံကြွပါမည်...
(မိမိဆွမ်း ဆရာတော်ကြီးအား ဆက်ကပ်လိုပါက စောစောလာပါ)
ကျောင်းတံခါး နံနက် 5 နာရီနှင့်
6 နာရီကြား ဖွင့်ပေးပါသည်...
(မိုးရွာလျှင် 6နာရီ နောက်ပိုင်း)
မိုးရွာနိုင်သဖြင့် အဝတ်အစား
အပိုတစ်စုံယူဆောင်လာခဲ့ရန်...
(အဝတ်စားလဲရန် အမျိုးသားရေချိုးခြံ
အမျိုးသမီး ရေချိုးခြံများရှိပါသည်)
တောရကျောင်းတွင် ဆရာတော်ကြီးမှ
ပြန်စွန့်သည့် မုန့်များဖြင့်
ကျွေးမွေးဧည့်ခံသည့် အစီအစဉ်ရှိသလို၊
မိမိအစီအစဉ်ဖြင့် စားစရာများ
ယူဆောင်လာပါက ကိုးခန်းဇရပ်
(တောင်ရကျောင်းရှေ့တွင်ရှိ)၊
ရွှေဗိမာန် (မြေနီလမ်းအဝင်
မုန့်ဆိုင်တန်း အနီးတွင်ရှိ) တို့တွင်
စားသုံးနိုင်ပါသည်...
ရှောင်ရန်
ဆရာတော်ကြီးသည် ကင်မရာများ၊ ဖုန်းများ ဖြင့် ရိုက်ခြင်းကို ရှောင်ရန် မိန့်ကြားတော်မူခဲ့သည်...
ဆရာတော်ကြီး ဆွမ်းခံစဉ် မတ်တပ်ရပ်ခြင်း၊ ထီးဆောင်းထားခြင်း၊ ဦးထုပ်မချွတ်ခြင်း စသည့် အဂါဝရလုပ်ရပ်များအား ရှောင်ကြဉ်ရန်...
ဆရာတော်ကြီးသည် စိတ်ငြိမ်ခြင်း၊ အေးချမ်းခြင်းကို အထူးနှစ်သက်၍ စကားကျယ်လောင်စွာ ပြောခြင်းများကို ရှောင်ကြဉ်ရန်...
ဉေယျဓမ်တောရတွင် သာသနာတော်(ရဟန်းတော်)နှင့် မအပ်စပ်သည့် အနာမာသအကပ္ပိယဝတ္တုများ၊ ငွေကြေးများ လုံးဝ(လုံးဝ) လက်မခံပါ...
ကားဆရာများ ကားဟွန်းတီးခြင်း ရှောင်ကြဉ်ရန်၊ ကားလမ်းပေါ်ပိတ်မရပ်ရန်၊ ကားကွင်းအတွင် စနစ်တကျ ပါကင်ထိုးရန်၊ အချင်းချင်း ရိုင်းပင်းကူညီကြရန်...
ဆရာတော်ကြီး၏ ကျောင်းနေ တပည့်သာဝကကြီးများ၏ စီမံမှူများကို လေးစားလိုက်နာကြရန်...
ကားအဌားလိုအပ်ပါက...
ကျွန်မတို့ ✨ABC တွင် စိတ်ချ ယုံကြည်စွာ ဌားရမ်း အသုံးပြုနိုင်ပါတယ်ရှင့်...🙏
☎ 09 - 4 4000 95 45