10/02/2022
#ကံဇာတာမြင့်စေသောအလှူခုနစ်မျိုး🙏🙏🙏
**********************************
အခါတစ်ပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား
ဤသို့လျောက်ထား၏။
"ဘုန်းတော်ကြီးသောမြတ်စွာဘုရား"
"တပည့်တော်သည် လူမှု့ရေး၌ လည်းကောင်၊စီးပွားရေး၌လည်းကောင်း ၊
မိသားစုအရေး၌လည်းကောင်း
ဘာလုပ်လုပ် အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား။အဘယ်အကြောင်းကြောင့် ဤသိုကံနိမ့်နေရပါသလဲဘုရား။"
"ချစ်သားသည် မပေးမလှူလို့ အခုလိုဘာလုပ်လုပ်အဆင်မပြေဖြစ်နေရခြင်းဖြစ်ပေတယ်။"
"တပည့်တော်က ဆင်းရဲနွမ်းပါးသူတစ်ယောက်ပါဘုရား။"
"သူဆင်းရဲတွေလည်းလှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား"
"ဟောကြားပေးတော်မူပါဘုရား။"
"နားထောင်လော့ချစ်သား"
"ချမ်းသာသူသာမက သူဆင်းရဲများပါလှူနိုင်တဲ့အလှူခုနစ်မျိုးရှိပေသည်။"
(၁) မျက်နှာဟန်အမူအရာဖြင့် အလှူ ဒါနပြုခြင်း
- - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံပါ။
(၂) နှုတ်ဖြင့် အလှူ ဒါနပြုခြင်း
- - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူ း စကား ၊ညှာတာစကား၊ နွေးထွေးသောစကားများ ပြောဆိုပါ။
(၃) စိတ်ဖြင့် အလှူ ဒါနပြုခြင်း
- - စိတ်တံခါးကိုဖွင့်၍ ဖြူစင်သောစိတ်ထားဖြင့် သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံပါ။
(၄) အမြင်ဖြင့် အလှူ ဒါနပြုခြင်း
- - ကောင်းသောစေတနာ ကောင်းသော အမြင်ဖြင့် သူတပါး၏ကောင်းကွက်များကို ကြည့်ပေးပါ။
(၅) ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း
- - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီပါ။
(၆) နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း
- - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေပါ။
(၇) နေအိမ် အလှူ ဒါနပြုခြင်း
- - မိမိ၏ အိမ်နေရာကို သူတပါးတို့ အနားယူရန် ပေးကမ်းပါ။
"ထိုသို့လှူသောအကျင့်ကောင်းရှိသူ၏နောက်သို့ အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်လာလိမ့်မည်။"ဟုဟောကြားတော်မူခဲ့လေသတည်း။
၁။ပြုံးရွှင်သောမျက်နှာ
၂။ချိုသာသောစကား
၃။ဖြူစင်သောစိတ်ထား
၄။ကောင်းကွက်ကိုကြည့်ပေးခြင်း
၅။ကာယဖြင့်ကူညီခြင်း
၆။ကြုံလျှင် မိမိထိုင်ခုံနေရာပေးခြင်း
၇။မိမိအိမ်၌ ခေတ္တတည်းခိုခွင့်ပေးခြင်း ပြုလျှင် များမကြာမီ
ကံဇာတာမြင့်တက်လာပါမည်။