02/02/2026
2026 Prices List Updated လေးပါခင်ဗျ စျေးနှုန်းလေးတွေတက်သွားပေမယ့် လူကြီးမင်းတို့စိတ်တိုင်းကျစေရပါမည်ခင်ဗျာ။
လူကြီးမင်းတို့အတွက်ယုံကြည်စိတ်ချရပြီး စိတ်ရှည်စွာပို့ဆောင်ပေးနိုင်သော Delivery Service ကိုရှာ ဖွေနေပါသလား❔
OWLS DELIVERY SERVICE လေးဖြင့်မိတ်ဆက်ပေးပါရစေခင်ဗျာ။
လူကြီးမင်းတို့ပစ္စည်းများနှင့် Customerများသို့
အချိန်မှီမရောက်မှာမျိုး❗
ပျောက်ရှဆုံးရှုံးမှာမျိုး ❗
ကွဲကြေဖိမိမှာမျိုး❗
ရိုင်းပြချေငံဆက်ဆံမှာမျိုး❗
ဤကဲ့သို့သောပြသာနာများထံမှ ကင်းဝေးလိုသော Client များအနေဖြင့် OWLS DELIVERY SERVICE လေးကအသင့်တော်ဆုံးဖြစ်စေမှာပါခင်ဗျာ။
OWLS DELIVERY SERVICE အကြောင်းနှင့်ရပ်တည်လာတာဘယ်လောက်ကြာ❔
OWLS DELIVERY SERVICE ကို လူငယ် Freelancer တစ်ယောက်အနေဖြင့်
2021 မှ စတင်ခဲ့ပြီး ယခု2026 ရောက်သည် အထိ ကြိုးစားပြီပို့ဆောင်လာခဲ့တာ 5နှစ်တာရှိခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။
2021 မှ 2026 ထိယုံကြည်စွာအပ်နှံပေးခဲ့သော Partners များနှင့် New Partners များကိုလဲအထူးကျေးဇူးတင်ရှိပါကြောင်းတပါထဲပြောကြားချင်ပါတယ်ခင်ဗျာ။
ဤ 5 နှစ်အတွင်းမှာ လဲ ပျှမ်းမျှ Order ပေါင်း 3500 ကျော်ပို့ဆောင်ပေးခဲ့ပြီးပီဖြစ်ပါတယ်ခင်ဗျာ။
ပို့ဆောင်မှုစနစ်ကကော ❔
OWL ၏ပို့ဆောင်မူ့စနစ်လေးဟာဆိုရင်တော့ဖြင့်
YBSဖြင့်ပို့ဆောင်ပေးပြီး OWL ၏အားကိုးအားထားရသောလွယ်အိတ်လေးဖြင့် ရန်ကုန်တမြို့လုံးကို
အိမ်အရောက်ပို့ဆောင်၍ ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။
ငွေပေးချေမူစနစ်ကကော❔
ကြိုရှင်းဝန်ဆောင်မှုလေးကိုတော့ အခက်အခဲလေးတချို့ကြောင့်မလုပ်ဆောင်နိုင်သေးပါဘူးခင်ဗျာ။ နောက်ပိုင်းကိုတော့ ဒီ service လေးပါရရှိနိုင်အောင်ကြိုးစားလုပ်ဆောင်သွားမှာပါခင်ဗျာ။
COD ငွေကောက် Orderများကို Delivered ဖြစ်ပီးနေ့တွင်မဟုတ်နောက်နေ့အတွင်းငွေလာရောက်ပို့ဆောင်ပေးပါမည်ခင်ဗျာ။(နယ်ဝေးမြို့နယ်များမှအပ)
နယ်ဝေးမြို့နယ်များအတွက် COD Order များကို Delivered ဖြစ်ပီးနေ့တွင်မဟုတ်နောက်နေ့အတွင်း Kpay - Wavepay ဖြင့်လွဲပေးသွားပါမည်ခင်ဗျာ။
ဘယ်လိုပစ္စည်းမျိုးကိုပို့ဆောင်ပေးသလဲ❔
- အဝတ်အထည် ( Men & Woman CLOTHES )
- အလှကုန် (Cosmetics & Beauty Products)
- ကလေးလူကြီးဆေးပစ္စည်း ( Medicine & Tools )
- နာရီ၊လက်စွပ်၊နားကပ်၊ဆွဲကြိုး (Accessories )
- ရုံးသုံးကျောင်းသုံးပစ္စည်း (Stationery Supplies)
- ဖုန်း၊ကွန်ပျူတာပစ္စည်း ( Phone & IT Tools )
- အစာခြောက်စားသောက်ကုန်ပစ္စည်း( Canning Food )
- လျှပ်စစ်ပစ္စည်း ( Electronics )
လူကြီးမင်းတို့၏ပစ္စည်း တစ်စုံတစ်ရာဆုံးရှုံးနစ်နာမှု မရှိရအောင် ဝန်ဆောင်မှုပေးခြင်းတို့အပြင် အမှားအယွင်း
ဖြစ်ခဲ့ပါက OWLS DELIVERY SERVICE မှ အပြည့်အဝတာဝန်ယူ ဆောင်ရွှက်ပေးသွားပါမည်ခင်ဗျာ။
လူကြီးမင်းတို့၏ လုပ်ငန်းနှင့် Customerကြားအဆင်မပြေဖြစ်တာများမှ ကင်းဝေးရန် OWLS DELIVERY SERVICE ဖြင့်အခုပဲလက်တွဲဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။
OWLS DELIVERY SERVICE TERMS AND CONDITIONS
* တာမွေကျောက်မြောင်းအတွင်းပစ္စည်းလာကောက်ခံခအခမဲ့ဖြစ်ပါသည်။
* ၃ခုနှင့်အထက်ပစ္စည်းလာကောက်ခံခပေးဆောင်ရန်မလိုပါ။
* ပို့ဆောင်လိုစေသောပစ္စည်းများကို မနက် (၁၀) နာရီမတိုင်မီ Order တင်ပေးရပါမည်။
* မနက် (၁၀) နာရီနောက်ပိုင်းမှ တင်ခဲ့သော Order များကိုနောက်ရက်မှသာလာရောက်ကောက်ခံပို့ဆောင်ပေးမည်ဖြစ်သည်။
* COD ငွေကောက် Orderများကို Delivered ဖြစ်ပီးနေ့တွင်မဟုတ်နောက်နေ့အတွင်းငွေလာရောက်ပို့ဆောင်ပေးပါမည်။(နယ်ဝေးမြို့နယ်များမှအပ)
* နယ်ဝေးမြို့နယ်များအတွက် COD Order များကို Delivered ဖြစ်ပီးနေ့တွင်မဟုတ်နောက်နေ့အတွင်း Kpay - Wavepay ဖြင့်လွဲပေးသွားပါမည်။
* Kpay - Wavepay ဖြင့်ပို့ပေးထားသောငွေစာရင်းအားပေးပို့ပြီးအချိန်အတွင်းအမြန်ဆုံးစစ်ဆေးပေးရန်အထူးမေတ္တာရပ်ခံပါသည်။
* ပစ္စည်းများပို့ဆောင်ရာတွင်ထိခိုက်ပျက်စီးပျောက်ဆုံးမှုများမရှိစေရန် OWLS DELIVERY SERVICE မှသေချာပို့ဆောင်ပေးပါမည်။
* Customer များ၏ အချက်အလက်အပြည့်စုံကိုရေးသားပေးကျပါရန်နှင့် Customer Return များအတွက် Delivery Charges ကိုအပ်နှံသူမှကျခံရပါမည်။
* ပါဆယ်ထုပ်၏ ပစ္စည်းနှင့်အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များကိုပါဆယ်အပ်နှံသူများမှတာဝန်ယူပေးရပါမည်။
* ပါဆယ်ထုတ်၏အလေးချိန်ပေါ်မူတည်၍(500)ksအတိုးအလျှော့ရှိပါသည်။(တစ်ပေပတ်လည်အတွင်းသာ)
* ကြိုရှင်းမရရှိနိုင်သေးပါကြောင်းအထူးမေတ္တာရပ်ခံပါသည်။