Samson Tyre Myanmar

Samson Tyre Myanmar ကားဆရာကြီးများနဲ့ အမြဲအတူရှိနေမှာ Samson Tyre
Will be there for you.

29/07/2026

မင်္ဂလာကျက်သရေ အပေါင်းနဲ့ ပြည့်စုံတဲ့ ဝါဆိုလပြည့်နေ့လေး ဖြစ်ကြပါစေရှင်။

12/06/2024

“ကားဆရာကြီးများနဲ့ အမြဲအတူရှိနေမယ့် Samson Tyre ရဲ့ နောက်ထပ် အစီစဉ်ကောင်းတစ်ခု”

သားသမီးတွေအတွက် အဖေကောင်းတစ်ယောက်
မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုတဲ့
တာဝန်တွေထမ်းလို့
နွေပူလည်းရုန်း၊ မိုးရွာလည်းရုန်းကန်နေရတဲ့
ကားဆရာကြီးတွေအတွက် ဘယ်အရာကများ
အထောက်အကူဖြစ်နေနိုင်မလည်း?

ကားဆရာကြီးတွေနဲ့ အမြဲအတူရှိပေးမယ့် Samson Tyre ကရော
နောက်ထပ်ဘယ်လို အစီစဉ်မျိုးနဲ့ အတူရှိနေပေးအုံးမှာလည်း…….

ဒီအဖြေကိုသိပ်မကြာခင်မှာ Samson Tyre က ကားဆရာကြီးများကို သတင်းကောင်းလေးတစ်ခုပေးဖို့ရှိနေပါတယ်။
ကားဆရာကြီးများနှင့်အတူ အမြဲရှိနေမယ့် Samson Tyre ။

&LifeInsurance

#ကားဆရာကြီးများ


#လမ်းပေါ်နေလမ်းပေါ်စားလမ်းပျော်ဘဝတူညီကိုများစုစည်းရာ

စစ်မှန်တဲ့ မိတ်ဆွေဆိုတာ ဘယ်လိုလမ်းခရီးမဆို အတူရှိနေပေးတာမျိုးနော် ဆရာကြီးတို့ ...ဒီလိုမိတ်ဆွေမျိုးကို ကိုယ့်ဘဝထဲမှာရော ပ...
10/06/2024

စစ်မှန်တဲ့ မိတ်ဆွေဆိုတာ ဘယ်လိုလမ်းခရီးမဆို အတူရှိနေပေးတာမျိုးနော် ဆရာကြီးတို့ ...

ဒီလိုမိတ်ဆွေမျိုးကို ကိုယ့်ဘဝထဲမှာရော ပိုင်ဆိုင်ထားပြီလား? Samson တာယာကို အသုံးပြုတဲ့ ဆရာကြီးတို့ကတော့ ပိုင်ဆိုင်ထားပြီလို့ ပြောလို့ရတယ်နော် ...

ဘာလို့ဆို Samson တာယာက
◾ အကြမ်းခံတယ်၊ ဝိတ်တင်ခံတယ်။
◾ ကုတ်အား၊ ရုန်းအားကောင်းတယ်။
◾ လမ်းချော၊ လမ်းကြမ်း ဘယ်လမ်းခရီးမရွေး စိတ်တိုင်းကျမောင်းနှင်နိုင်တယ်။ ကားလမ်းနဲ့လည်း ကတောက်ကဆမဖြစ်ဘဲ မိတ်ဆွေဖြစ်နေတဲ့ တာယာအမှတ်တံဆိပ်လေးနော် ✔

ဒီတော့ ဘယ်လိုကားလမ်းမျိုးမဆို Samson တာယာကို အသုံးပြုတဲ့ ကားဆရာကြီးတို့အနေနဲ့ကတော့ အန္တရာယ်ကင်း၊ ဘေးရှင်းစွာ ကားမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်လမ်းခရီးအတွက် အကောင်းဆုံးမိတ်ဆွေကို ရွေးချယ်မယ်ဆို ကိုယ့်အတွက်ရော၊ ကားလမ်းနဲ့ပါ ဘုံမိတ်ဆွေဖြစ်နေတဲ့ Samson Tyre Myanmar အမှတ်တံဆိပ်ကိုသာ ရွေးချယ်လိုက်ပါ။


#တာယာဆိုအကောင်းဆုံးကSamson #ကားတာယာ #တာယာ

မိုးတွင်းမှာ ကားမမောင်းခင် ဒါတွေစစ်ဖို့ပြင်ပါ ကားဆရာကြီးတို့ရေ !!!မိုးရာသီကို ရောက်လာပြီဆိုရင် ယာဥ်မတော်တဆမှုတွေ များတတ်...
07/06/2024

မိုးတွင်းမှာ ကားမမောင်းခင် ဒါတွေစစ်ဖို့ပြင်ပါ ကားဆရာကြီးတို့ရေ !!!

မိုးရာသီကို ရောက်လာပြီဆိုရင် ယာဥ်မတော်တဆမှုတွေ များတတ်တယ်ဆိုပေမဲ့ Samson ရဲ့ ကားဆရာကြီးတို့ကို အန္တရာယ်ကင်းစေဖို့အတွက် ကားမမောင်းခင်မှာ စစ်ဆေးသင့်တဲ့ အရာတွေကို မျှဝေပေးချင်ပါတယ်။

စစ်ဆေးရမယ့် အရာတွေကတော့
◾ ကားဝှိုက်ပါ ကောင်းမကောင်း၊
◾ ကားဘရိတ် မိမမိ၊
◾ ဆီယိုစိမ့်မှု ရှိမရှိ၊
◾ ကားမီးတွေ သေချာလင်းမလင်းအပြင်
◾ ကားတာယာ၊ ဘတ္ထရီတွေကိုလည်း စစ်သင့်ပြီး
◾ ကားဘက်မှန်ကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရအောင် လုပ်ထားသင့်ပါတယ်။

ဒါမှပဲ ကားဆရာကြီးတို့အနေနဲ့ ခရီးလမ်းတလျှောက်မှာ ကားမောင်းနေရင်း မလိုလားအပ်တဲ့ အန္တရာယ်တွေ ကင်းနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး စစ်ဆေးရမယ့်အရာတွေကို သိသွားပြီဆိုတော့ ကားမမောင်းခင်မှာ စစ်ရမှာတွေ သေချာစစ်ပြီး ‌မိုးတွင်းမှာ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ကြပါစေ ကားဆရာကြီးတို့ရေ 🥰


#တာယာဆိုအကောင်းဆုံးကSamson #ကားတာယာ #တာယာ #မိုးတွင်းမှာအန္တရာယ်ကင်းစွာမောင်းနှင်ပါ

❝ကားဘီးမှာ တပ်ဖို့အပြင် တခြားမှာလည်း အသုံးဝင်တဲ့ ကားတာယာ❞ဒီလိုပြောလို့ "ကားတာယာတွေကို ကားဘီးမှာ မသုံးရင် ဘယ်မှာသုံးရမလဲ"...
06/06/2024

❝ကားဘီးမှာ တပ်ဖို့အပြင် တခြားမှာလည်း အသုံးဝင်တဲ့ ကားတာယာ❞

ဒီလိုပြောလို့ "ကားတာယာတွေကို ကားဘီးမှာ မသုံးရင် ဘယ်မှာသုံးရမလဲ"တွေးနေပြီဆိုရင်တော့ အသုံးပြုလို့ရမယ့်နည်းလမ်းတွေကို ပြောပြပေးမယ်နော်။

ကားဆရာကြီးတို့အနေနဲ့ ကားမှာ မသုံးဖြစ်တော့တဲ့ တာယာတွေရှိရင်
◾ ကလေးတွေ ဆော့ဖို့ ဒန်းအဖြစ်နဲ့ သစ်ပင်မှာ ချိတ်ဆွဲတာမျိုး၊
◾ တာယာတွေကို ထပ်ပြီး စားပွဲဝိုင်းလေးဖန်တီးတာမျိုး၊
◾ တိရစ္ဆာန်လေးတွေ ဝင်အိပ်နိုင်ဖို့ တာယာထဲမှာ အဝတ်ဟောင်းလေးဖြန့်ခင်းပေးထားတာမျိုး၊
◾ ပန်းပင်လေးတွေ ထည့်စိုက်ပြီး ပတ်ဝန်းကျင်ကို အလှဆင်တာမျိုးအပြင်
◾ ‌မြေပျော့တဲ့နေရာ၊ အိမ်အဝင်ဝနေရာတွေမှာ လမ်းခင်း၊ လှေကားအတက်အဆင်းလုပ်ဖို့အတွက်လည်း တာယာတွေက အသုံးဝင်ပါသေးတယ်။

ဒါကြောင့် ကားဆရာကြီးတို့အနေနဲ့ ကိုယ့်ဆီမှာ မသုံးဖြစ်တော့တဲ့ ကားတာယာတွေရှိနေရင် ဒီတိုင်းမထားဘဲ အပေါ်ကပြောထားတဲ့နည်းလမ်းတွေမှာ ပြန်ပြီးအသုံးပြုလိုက်ပါ။

ဒီနည်းလမ်းတွေအပြင်ကိုမှ တခြားစဥ်းစားမိတဲ့နည်းလမ်းတွေရှိရင်လည်း Comment မှာ ပြန်ပြီးမျှဝေပေးပါဦး ကားဆရာကြီးတို့ရေ ...

#တာယာ #ကားတာယာ

❝မြို့ပြ၊ တောလမ်း ခရီးလမ်းမရွေးတဲ့ Samson Tyre❞ကားဆရာကြီးတို့လို ကားကြီးတွေကို မောင်းနှင်နေရတဲ့သူတွေအနေနဲ့က ချောမွေ့တဲ့ ...
01/06/2024

❝မြို့ပြ၊ တောလမ်း ခရီးလမ်းမရွေးတဲ့ Samson Tyre❞

ကားဆရာကြီးတို့လို ကားကြီးတွေကို မောင်းနှင်နေရတဲ့သူတွေအနေနဲ့က ချောမွေ့တဲ့ ကားလမ်း၊ ကြမ်းတမ်းတဲ့ ခရီးလမ်းမရွေးဘဲ အကုန်လုံးကို မောင်းနှင်နေရတာဆိုတော့ ကားဘီးတာယာရဲ့ ခံနိုင်ရည်ကောင်းမွန်ဖို့က အရမ်းအရေးကြီးတယ်နော်။

ဒီလိုအရေးကြီးလို့ ကားတာယာအတွက်ဆို Samson Tyre ကိုပဲ ရွေးချယ်ဖို့အတွက် ကားဆရာကြီးတို့ကို ပြောနေရတာပေါ့။

Samson Tyre ဟာဆိုရင် အရည်အသွေးထိပ်တန်း Tyre Brand တစ်ခုဖြစ်ပြီး ...

✔ တာယာပန်းပွိုင့်အထူကို သုံးထားပေးတာကြောင့် တာယာပန်းကွဲမလွယ်ခြင်း၊ အချိန်တိုအတွင်းမှာ ပါးသွားတာမျိုး မရှိခြင်း၊

✔ တာယာမြောင်းကြားတွေမှာ အော်တိုခဲထုတ်စနစ်ပါဝင်ခြင်း၊

✔ အကြမ်းခံ၊ ဝိတ်တင်ခံလို့ ကားကြီးတွေအတွက် အထူးသင့်တော်ခြင်း၊

✔လမ်းကြမ်းတွေမှာ တာယာဘေးသားပွင့်ထွက်မှာကို စိတ်မပူရခြင်း၊

✔ လမ်းချောတွေမှာ စလစ်ဖြစ်မှာ စိုးရိမ်စရာမလိုခြင်း စတဲ့အချက်တွေကြောင့် ရာသီသုံးပါးလုံးအတွက် ယုံကြည်စိတ်ချရတဲ့ တာယာအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

ဒီ့အတွက်ကြောင့် ကားဆရာကြီးတို့အနေနဲ့ ခရီးလမ်းမရွေး စိတ်ချလက်ချမောင်းနှင်ချင်တယ်ဆိုရင်တော့ ယုံကြည်စွာရွေးချယ်သင့်တာ Samson Tyre ပါ။


#တာယာဆိုအကောင်းဆုံးကSamson #ကားတာယာ #တာယာ

ကားဆရာကြီးတို့ကို တစ်ခုမေးဦးမယ် ... ကားကြီးတွေနဲ့ ခရီးဝေးသွားတဲ့အခါ ဘယ်နှနာရီခြားတစ်ခါနားဖြစ်ကြလဲ?မနားတမ်းမောင်းတယ်ဆိုရ...
31/05/2024

ကားဆရာကြီးတို့ကို တစ်ခုမေးဦးမယ် ... ကားကြီးတွေနဲ့ ခရီးဝေးသွားတဲ့အခါ ဘယ်နှနာရီခြားတစ်ခါနားဖြစ်ကြလဲ?

မနားတမ်းမောင်းတယ်ဆိုရင်တော့ မဟုတ်သေးဘူးနော်... အဲ့လိုဆိုရင် ကားလမ်းနဲ့ ကားဘီးတာယာကြားမှာ ပွတ်တိုက်မှုတွေများလာပြီးတော့ တာယာမှာ အပူတွေစုလာပါလိမ့်မယ်။

ဒီလိုစုလာတဲ့အပူတွေက တာယာရဲ့ ပုံမှန်လည်ပတ်မှုကို လျော့ကျစေပြီး ကားမောင်းနှင်တာမှာ အခက်အခဲဖြစ်စေပါတယ်။ နောက်ဆုံးမှာ တာယာပေါက်သွားတာမျိုးတွေ အထိပါ ဖြစ်နိုင်တယ်နော်။

တာယာမပေါက်ရင်တောင် ရေရှည်မှာ တာယာပါးလွယ်ပြီး အတွင်းပိုင်းမှာပါ ဖိအားမငြိမ်မသက်ဖြစ်ကာ တာယာပျက်စီးလွယ်ပါတယ်။ ဒါကြောင့်မို့ ခရီးဝေးသွားတဲ့အခါ မနားတမ်းမောင်းတာက ကားလည်း နာ၊ လူလည်း ပန်းပါလိမ့်မယ်။

အနည်းဆုံးအနေနဲ့ (၂)နာရီခြားတစ်ခါ (၁၅)မိနစ်စီလောက်တော့ အနားပေးသင့်ပါတယ်။ ဒါမှပဲ ကားလည်း သက်သာ၊ လူလည်း လန်းဆန်းတက်ကြွစွာနဲ့ ဆက်လက်ကားမောင်းနိုင်မှာဖြစ်ပါတယ်။

ဒီတော့ ကားဆရာကြီး‌တို့ရေ ... ခရီးဝေးသွားတဲ့အခါ အန္တရာယ်ကင်းဖို့ လူရော၊ ကားရော အနားပေးဖို့ မမေ့ပါနဲ့နော် ✔


#တာယာဆိုအကောင်းဆုံးကSamson #ကားတာယာ #တာယာ #အနားပေးသင့်တဲ့ကားတာယာ

❝မိုးရာသီမှာ အဖြစ်များတဲ့ စလစ်ဆိုတာ...❞စလစ်ဆိုတာမျိုးက မိုးရာသီမှာ အဖြစ်များပြီး အန္တရာယ်များတတ်တာကို ကားဆရာကြီးတို့အနေန...
30/05/2024

❝မိုးရာသီမှာ အဖြစ်များတဲ့ စလစ်ဆိုတာ...❞

စလစ်ဆိုတာမျိုးက မိုးရာသီမှာ အဖြစ်များပြီး အန္တရာယ်များတတ်တာကို ကားဆရာကြီးတို့အနေနဲ့ သိထားပြီးသားဖြစ်မှာပါနော်။ ဒါပေမဲ့ "ဘာကြောင့်စလစ်ဖြစ်ရတာလဲ" ဆိုတာကိုရော သေချာသိကြရဲ့လား။

မသိကြသေးရင်တော့ အဆုံးထိဖတ်သွားဖို့ လိုမယ်နော်...

◾ မိုးရာသီမှာ ဘာကြောင့်စလစ်ဖြစ်တာလဲ?
မိုးရာသီမှာဆိုရင် လမ်းတွေအားလုံးက မိုးရေကြောင့် ပိုပြီးချောနေတတ်တာပါ။ ဒီလိုချောနေတဲ့အချိန်မျိုးမှာ ကားကို အမြန်မောင်းနှင်တာ၊ အရှိန်မထိန်းနိုင်တာ၊ ဘရိတ်မမိတာတွေက စလစ်ဖြစ်ပေါ်စေနိုင်ပါတယ်။

အထူးသဖြင့် ကားဘီးမှာ တာယာပန်းပွိုင့် (Pattern) ပါးနေရင်တော့ စလစ်ဖြစ်နိုင်ချေ ပိုပြီးများပါတယ်နော်။ ဘာကြောင့်ဆို တာယာပန်းပွိုင့်အထူတွေကပဲ ကားလမ်းပေါ်မှာရှိတဲ့ ရေကိုခွင်း၊ အရှိန်ထိန်းနိုင်မှာဖြစ်ပြီး စလစ်မဖြစ်အောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒီလို တာယာပန်းပွိုင့်တွေမှာဆိုရင်လည်း
◾ သုံးလှိုင်းသဏ္ဍာန်‌ ရေလှိုင်းပန်းပုံစံ
◾ နက်ရှိုင်းတဲ့ ပန်းပွိုင့်တုံး
◾ ဘေးမြောင်းလိုင်းပုံစံ ပန်းဒီဇိုင်း
တာယာအမျိုးအစားတွေကတော့ စလစ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ တာယာ‌တွေပါ။

ဒါကြောင့် မိုးရာသီမှာ စလစ်မဖြစ်အောင် ကာကွယ်ထားချင်တယ်ဆိုရင် ကားဘီးတွေကို သေချာစစ်ဆေးပြီး တာယာပန်းပွိုင့်ပါးနေပြီဆိုရင်တော့ အထက်မှာဖော်ပြထားတဲ့ တာယာအမျိုးအစားတွေထဲက ကိုယ့်ကားနဲ့ သင့်တော်တဲ့ တာယာအမျိုးအစားကို လဲလှယ်သုံးလိုက်ပါ ကားဆရာကြီးတို့ရေ ...


#တာယာဆိုအကောင်းဆုံးကSamson #ကားတာယာ #တာယာ

အခုချိန်မှာ မိုးရွာတဲ့ ဒေသတွေများနေပြီဆိုပေမဲ့ တချို့ဒေသတွေမှာတော့ အပူချိန်များနေတုန်းပဲနော် ...ကားဆရာကြီးတို့အနေနဲ့ အဲ့...
29/05/2024

အခုချိန်မှာ မိုးရွာတဲ့ ဒေသတွေများနေပြီဆိုပေမဲ့ တချို့ဒေသတွေမှာတော့ အပူချိန်များနေတုန်းပဲနော် ...

ကားဆရာကြီးတို့အနေနဲ့ အဲ့လိုအပူချိန်များနဆဲ ဒေသတွေမှာ ကားမောင်းနေရပြီဆိုရင်တော့ အပူဒဏ်ကို အံတုပြီး ကားလမ်းမထက်မှာ ခရီးနှင်ပေးနေတဲ့ ကားတာယာအတွက် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါမယ်။ 👇

🔸 ပုံမှန်ကားလမ်းတွေထက် ကတ္တရာလမ်းတွေမှာဆိုရင် ရာသီဥတု အပူရှိန်ကြောင့် ကတ္တရာစေးတွေ ပျော်ကျတာမျိုးဖြစ်နေနိုင်ပါတယ်။ အဲ့လိုအခြေအနေမျိုးတွေမှာ လမ်းချော်တိမ်းမှောက်ခြင်း မဖြစ်ရလေအောင် ကားကို သတ်မှတ်အရှိန်ထက်ပိုမောင်းနှင်တာတွေ လုံးဝ မလုပ်သင့်ပါဘူး။

🔸 ရာသီဥတုအပူကြောင့် တာယာရဲ့မျက်နှာပြင်တွေ အက်ကွဲပြီး ရုတ်တရက်ကားတာယာပေါက်ကွဲတာတွေလည်း ဖြစ်နိုင်တာကြောင့် တာယာအပေါ်ဖိအားများစေမယ့် ဝန်ပိုသယ်ဆောင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

🔸 ပုံမှန်အချိန်တွေမှာတောင် ခရီးဝေးမောင်းနှင်တဲ့အခါ တာယာအပူလွန်ကဲမှုက ဖြစ်စေနိုင်တာကြောင့် ရာသီဥတုပူတဲ့ဒေသမှာ ကားမောင်းမယ်ဆိုရင် ပိုလို့တောင်ဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့် တာယာကိုအနားပေးပြီး မောင်းနှင်ခြင်းအားဖြင့် ဆရာကြီးတို့ရဲ့ကားတာယာလေးကို ဂရုစိုက်ပေးပါ။

ဒီလိုအချက်လေးတွေကို လိုက်နာခြင်းအားဖြင့် အပူချိန်များတဲ့ ဒေသတွေမှာ ဆရာကြီးတို့ရဲ့ ကားတာယာလေး အဆင်ပြေချောမွေ့စွာ ခရီးနှင်နိုင်ဖို့အတွက် သိထားသင့်တာလေးတွေကို Samson Tyre မှမျှဝေပေးလိုက်ပါတယ်။

#နွေရာသီနှင့်ကားတာယာ #တာယာ #ကားတာယာ

"တာယာ Pattern အမှန်ရွေးကာ ဖုန်းဘေလ်လက်ဆောင်ရယူပါ" အစီအစဉ်ရဲ့ ကံထူးရှင်လေးတွေ ပေါ်ထွက်လာပါပြီ 🥳ကံထူးရှင်လေးတွေအနေနဲ့ Sams...
28/05/2024

"တာယာ Pattern အမှန်ရွေးကာ ဖုန်းဘေလ်လက်ဆောင်ရယူပါ" အစီအစဉ်ရဲ့ ကံထူးရှင်လေးတွေ ပေါ်ထွက်လာပါပြီ 🥳

ကံထူးရှင်လေးတွေအနေနဲ့ Samson Page chat box ကိုလာရောက်ပြီး ဖုန်းဘေလ်လက်ဆောင်ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။

📌 လာရောက်ထုတ်ယူတဲ့အခါမှာ မူရင်းပို့စ်ကို Share ထားတဲ့ Screenshot နဲ့အတူ ပြန်လည်စစ်ဆေးရန်အတွက် Profile Lock လေးတွေဖြည်ထားပေးဖို့တော့ လိုပါမယ်နော်။

‼ ကံထူးရှင်လေးတွေက တစ်ပတ်အတွင်း Page ကိုလာရောက်ဆက်သွယ်ပေးဖို့ လိုအပ်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက Samson Page ရဲ့ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါတယ် !

#မိုးရာသီတာယာ

Address

No(2), (12)Quarter, Min Dhama Road, Parami Valley, Hlaing
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959259908279

Alerts

Be the first to know and let us send you an email when Samson Tyre Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Samson Tyre Myanmar:

Shortcuts

Share