20/09/2026
🏮 ဆင်တောင် × ရှေ့မြင်နောက်မြင် 🏮
မီးပုံးပျံလေးတွေနဲ့ အမှတ်တရညချမ်းလေးတစ်ည ✨
တောင်တက်ခရီးဆိုတာ တောင်ထိပ်ရောက်တဲ့အချိန်မှာပဲ အမှတ်တရတွေ ဖန်တီးရတာမဟုတ်ပါဘူး။ 🌿
တောင်ပေါ်က လေပြေလေးတွေကြား၊ မီးပုံလေးဘေးမှာ သူငယ်ချင်းတွေနဲ့ ရယ်မောရင်း၊ ညကောင်းကင်ထဲ မီးပုံးပျံလေးတွေ လွှတ်တင်ကြမယ့် အချိန်လေးကလည်း ဒီခရီးစဉ်ရဲ့ မမေ့နိုင်စရာ အမှတ်တရတစ်ခု ဖြစ်လာမှာပါ။ ✨
ဒီတစ်ခေါက် Hiking Paradise ရဲ့ ဆင်တောင်ခရီးစဉ်နဲ့ ရှေ့မြင်နောက်မြင်ခရီးစဉ် နှစ်ခုလုံးမှာ တောင်ပေါ်ညချမ်းလေးကို မီးပုံးပျံလေးတွေနဲ့ ပိုမိုလှပအောင် ဖန်တီးကြမယ်နော်။ 🏔️🏮
မီးပုံးပျံလေးတစ်လုံးချင်းစီနဲ့အတူ ကိုယ်စီရဲ့ ဆန္ဒလေးတွေ၊ အိပ်မက်လေးတွေ၊ ပျော်ရွှင်မှုလေးတွေကို ကောင်းကင်ထက် ပို့ဆောင်ကြရအောင်။ 💛
🎈 Hiking Paradise မှ စီစဉ်ပေးမည့် အထူးအစီအစဉ်
ဒီခရီးစဉ်မှာ မီးပုံးပျံအကြီးများကို Hiking Paradise မှ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
မီးပုံးပျံအကြီးတစ်လုံးစီကို လူ ၅ ယောက် တစ်ဖွဲ့စီဖြင့် အတူတူ လွှတ်တင်ကြမှာဖြစ်လို့ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ 🏮
တောင်တက်ခြင်းထက် ပိုတဲ့အရာ — အတူတူဖန်တီးမယ့် အမှတ်တရများ။
🏮 Light Up the Night, Together.
Wish Card လေးတွေစီစဉ်ထားရှိပါမယ်