Academy Customs Service Agency

Academy Customs Service Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Academy Customs Service Agency, Cargo and freight company, 35, Yangon.

(၂၁.၁.၂၀၂၄) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ (၂၇.၁.၂၀၂၄) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ...
16/01/2024

(၂၁.၁.၂၀၂၄) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ (၂၇.၁.၂၀၂၄) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ငွေလဲလှယ်နှုန်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

maccs

မန္တလေး၊ မြစ်ငယ်(ကုန်းတွင်းဆိပ်-Dry Port) မှ ပို့ကုန်များအား ရန်ကုန်ဆိပ်ကမ်းများမှတဆင့် တိုက်ရိုက်တင်ပို့ခြင်း==========...
05/01/2024

မန္တလေး၊ မြစ်ငယ်(ကုန်းတွင်းဆိပ်-Dry Port) မှ ပို့ကုန်များအား ရန်ကုန်ဆိပ်ကမ်းများမှတဆင့် တိုက်ရိုက်တင်ပို့ခြင်း
==========================================
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ရှိ RG ကုန်းတွင်းဆိပ် (မြစ်ငယ်) မှ သီလဝါ MITT ဆိပ်ကမ်းသို့ တိုက်ရိုက်ကုန်သေတ္တာရထားဖြင့် ဇန်နဝါရီ (၁) ရက်က ပြောင်း- ကွန်တိန်နာအလုံး (၂၀) ကို စတင်သယ်ဆောင်ခဲ့ပြီး၊ Maersk လိုင်းသင်္ဘောဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံး တိုက်ရိုက် Export Cargo အဖြစ် တင်ပို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ရှိ RG ကုန်းတွင်းဆိပ် (မြစ်ငယ်) မှ သီလဝါ MITT ဆိပ်ကမ်းသို့ တိုက်ရိုက်ကုန်သေတ္တာရထား ဝန်ဆောင်မှုကို RG Logistics နှင့် Maersk လိုင်း Joint Venture ပုံစံ Contract နဲ့သွားပါတယ်။ Maersk လိုင်းက ခရီးစဥ်အစ- အဆုံး တာဝန်ယူပို့ဆောင်ပေးမည့် Combined Transport Operator အဖြစ် ပိုဆောင်ပေးမှာ ဖြစ်ပြီး RG logistics က Third Party logistics provider အဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ပို့ကုန်တင်ပို့လိုသူသည် မြစ်ငယ် ကုန်းတွင်းဆိပ် (Dry Port)တွင် ပို့ကုန်တင်ပို့ခွင့် ခွင့်ပြုချက် (Allowed Shipment) ရရှိထားပြီးသော ကုန်သေတ္တာများအား ရန်ကုန်ဆိပ်ကမ်းများသို့ ရထားဖြင့် သယ်ဆောင် ၍ ယင်းဆိပ်ကမ်းများမှတဆင့် ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ယခုအခါ မြစ်ငယ် (Dry Port) မှ ရန်ကုန် MITT ဆိပ်ကမ်းသို့ သယ်ဆောင်ခြင်းအား စမ်းသပ်ကာလ (Pilot Project) အဖြစ်ဆောင်ရွက်နေပါတယ်။

မြန်မာပြည်အထက်ပိုင်းရှိ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပပို့ကုန်များ ပိုမို ထုတ်လုပ်၊ တင်ပို့လာနိုင်ခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါတယ်။

မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်းတွင် ပို့ကုန်ရှင်းလင်းရေး (Customs clearance ) ဆောင်ရွက်သည့်အတွက်ကြောင့် ရန်ကုန်ဆိပ်ကမ်းများအတွင်း ကုန်သေတ္တာများ ကျပ်တည်းမှု(port congestion) လျော့ချနိုင်မှာဖြစ်ပါတယ်။

မြစ်ငယ်ကုန်းတွင်းဆိပ် (Dry Port)မှ ကုန်ပစ္စည်းတင်ပို့ခွင့် ခွင့်ပြုချက် allowed shipment ရရှိပြီးသည့် ကုန်သေတ္တာများကို တင်ပို့မည့်ရန်ကုန်ဆိပ်ကမ်းများသို့ ရွှေ့ပြောင်းသယ်ဆောင်ရာ တွင် မသမာမူများ ပြုလုပ်၍ တင်ပို့မှု မဖြစ်ပွားစေရန်၊ အကောက်ခွန် metal seal ခတ်နှိပ်လိုက်မှာဖြစ်ပြီး၊ boat note ဖြင့် သယ်ဆောင်ရမှာဖြစ်ပါတယ်။
ကျသင့်သည့် အခွန်အခများ( Export အတွက် ပို့ကုန်အကောက်ခွန်ကောက်ခံမှု( export duty) မရှိသော်လည်း၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကြိုတင်ခွန် များပေးဆောင် ရပါတယ်။) ပေးဆောင်ပြီး allowed shipmen ရရှိပြီးသော ကုန်စည်များသည် မြန်မာနိုင်ငံအတွင်းမှာပင်ရှိသေးသော်လည်း၊ Foreign Cargo များဖြစ်ပါတယ်။ မြစ်ငယ် Dry port မှ စတင် ထွက်ခွာကတည်းက ပြည်ပပို့ဆောင်သည့်ခရီးစဥ် စတင်ပြီဖြစ်ပါသည်။ တနည်း In Transit ဖြစ်ပါတယ်။ မြစ်ငယ် Dry port ၏ Bonded Area မှ ရွာသာကြီး Dry port / MITT၏ Bonded Area သို့ ပို့ကုန်ခွင့်ပြုချက်ရရှိပြီးသော ကုန်သေတ္တာကို သယ်ပို့ ရာတွင် အကောက်ခွန် Seal ခပ်နှိပ်၍ Bonded transportation ဖြင့်သာ ပို့ဆောင်ရပါတယ်။
MACCS System အတွက် Public Bonded Warehouse Code K9 ဖြစ်ပါတယ်။။မြစ်ငယ် Dry Port မှာ X-Ray စက်မရှိလို့၊ ရန်ကုန်ဆိပ်ကမ်း Terminals တွေမှာဘဲ X-Ray စစ်ဆေးမှူ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Allowed Shipment ရရှိပြီးသော ကုန်သေတ္တာများ ရထားဖြင့် မြစ်ငယ်ကုန်းတွင်း ဆိပ်မှ ရန်ကုန်ဆိပ်ကမ်းသို့ ရွှေ့ပြောင်းသယ်ဆောင်ရာတွင် Allowed Shipment ၌ ပါရှိသည့် Date of B***d Transportation တွင် ဖော်ပြထားသော သတ်မှတ် ရက်အတွင်း ရွှေ့ပြောင်းသယ်ဆောင်နိုင်ဖို့လိုအပ်ပါမယ်။

ကုန်တင်ပို့လိုသူသည် မြစ်ငယ် ကုန်းတွင်းဆိပ် (Dry Port) တွင် ပို့ကုန်ခွင့်ပြုချက် ရရှိပြီးသော ကုန်သေတ္တာ များအား ရန်ကုန်ဆိပ်ကမ်းမှတဆင့် တင်ပို့မည့် ကုန်ပစ္စည်းများအတွက် လိုင်စင် လျှောက်ထားခြင်းကို ကုန်သွယ်ရေးဦးစီးဌာန၏ Tradenet 2.0 စနစ်တွင် ယင်းဦးစီး ဌာန၏ သတ်မှတ်ချက်များနှင့်အညီ ပို့ကုန်လိုင်စင်လျှောက်ထား ရယူရပါမယ်။

ကုန်တင်ပို့လိုသူသည် မြစ်ငယ်ကုန်းတွင်းဆိပ်၌ ကုန်သေတ္တာအခွံလွတ်ထုတ်ယူရာတွင် သက်ဆိုင်ရာ သင်္ဘောလိုင်း၏ ကုန်သေတ္တာအခွံလွတ်ထုတ်ယူခွင့်ပြုသည့် Booking Confirmation နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သင်္ဘောလိုင်းကိုယ်စားလှယ်ဌာနမှ ထုတ်ပေးသော Form 102 Form ဖြင့် လာရောက်ထုတ်ယူရမည်။

ကုန်ပစ္စည်းများအား ကုန်သေတ္တာအခွံလွတ် အတွင်းသို့ ထည့်သွင်း stuffing ရာတွင် နည်းလမ်း (၂) မျိုး အသုံးပြုနိုင်ပါသည်-

(၁) ပို့ကုန်လုပ်ငန်းရှင်များမှ RG Dry port ကုန်းတွင်းကုန်သေတ္တာစခန်းမှ ကုန်သေတ္တာအခွံလွတ်များအား မိမိကုန်လှောင်ရုံသို့ သယ်ဆောင်၍ ကုန်ပစ္စည်းထည့်သွင်းပြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ် ကုန်းတွင်းဆိပ် (Dry Port) တွင် အကောက်ခွန် စစ်ဆေးမှု Customs Clearance ခံယူနိုင်သလို( Merchant haulage)
(မန္တလေးရှိ Exporter ရဲ့ ဂိုဒေါင်ကို ကုန်သေတ္တာတင်တဲ့ကားနဲ့ Empty container ကိုပို့ပေးပါလို့ Exporter က တောင်းဆိုပါက RG က Empty containerကို ပို့ပေးပြီး၊ exporter ရဲ့ဂိုဒေါင်တွင်ကုန်သေတ္တာအတွင်းသို့ Cargo stuffing လုပ်ပြီးပါက-Dry Port Laden container ကိုပြန်ပို့ပေးပါတယ်- Carrier haulage)

(၂) ပို့ကုန်လုပ်ငန်းရှင်များမှ မြစ်ငယ်(Dry Port) General Warehouse တွင် ကုန်ပစ္စည်းများအား ကြိုတင်ပို့ဆောင်ထား၍ ကုန်သေတ္တာအခွံလွတ်များ အတွင်းသို့ အကောက်ခွန်အရာရှိများ၏ ရှေ့မှောက်တွင် ကုန်ပစ္စည်းထည့်သွင်း stuffing ပြီးစစ်ဆေးမှုခံယူနိုင်ပါတယ်။

Maersk လိုင်းမှ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ရှိ RG ကုန်းတွင်းဆိပ် (မြစ်ငယ်) ကို Maersk Empty Containers များကိုကြိုပို့ထားပါတယ်။ ကုန်တင်ပို့လိုသူ Shipper က မိမိ ကုန်စည် များအား Dry Port မှ ထွက်ချင်သည့်ရက်ထက် ၂ပါတ်ကြို တင်၍booking လုပ်ဖို့လိုပါတယ်။

Booking confirmation ရရှိပြီးနောက် Shipper/Exporter မှ မြစ်ငယ်မြို့ရှိ RG Dry Port ၏ ကုန်းတွင်း ကုန်သေတ္တာစခန်း မှာ Empty container ထုတ်ယူရပါမယ်။
ယခု Pilot project မှာ Maersk လိုင်းက Booking ရှိသလောက်သာ Empty ကုန်သေတ္တာတွေကို ပို့ပေးရတော့ ကုန်ကျစရိတ် ပိုတက်စေပါတယ်။ ဒါပေမယ့် ၂၀၂၄ ဇွန်လမှာ ဆိုရင် Import ကုန်သေတ္တာအတွက် Customs Clearance ကို မြစ်ငယ် Dry port မှာ လုပ်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။ အခုမရသေးတာ မန္တလေး မှာ Custom Broker Agent အဝါကဒ် အတွက် သင်တန်းဖွင့်ဖို့လိုနေသေးလို့ သိရပါတယ်။
အဲဒီအချိန်လောက်ဆိုရင် ပို့ကုန်အတွက် ကုန်သေတ္တာအခွံကို သွင်းကုန် ကုန်သေတ္တာတွေကို ပြန်လည်အသုံးပြုနိုင်လို့ Empty container repositioning cost သက်သာသွားပါမယ်။
ဒါပေမယ့် Import container တွေကို မြစ်ငယ် Dry Port အထိ ပို့ရပါက သင်္ဘောလိုင်းကပေးမည့် ကုန်သေတ္တာအတွက် Free day ကို usual ၇ရက် အစား ၁၄ ရက် အထိ ခွင့်ပြုပေးဖို့သင်္ဘောလိုင်းနဲ့ ညှိဖို့ လိုမယ်ထင်ပါတယ်။

မြစ်ငယ် Dry Port မှ ကုန်သေတ္တာ ၁လုံးမှ ၁၅ လုံးအထိ ဆိုရင် ရွာသာကြီး Dry port သို့ပို့ပါတယ်။ ရွာသာကြီးDry port မှ တဆင့် MITT ဆိပ်ကမ်းသို့ ကုန်သေတ္တာတင်တဲ့ကားနဲ့ပြန်သယ်ယူပါတယ်။
ကုန်သေတ္တာ ၁၅ လုံးအထက် (၁လုံးမှ ၂၀လုံးအထိ) ဆိုပါက ရွာသာကြီး Dry port မှMITT ဆိပ်ကမ်းကို ရထားဖြင့်တခါတည်း ပို့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းရဲ့ Terminals အတွင်းထိ ရတားလမ်း Rail siding ရှိတာ MITT ဆိပ်ကမ်းမှာသာရှိသည့် အတွက် MITT ရဲ့ အားသာချက်ဖြစ်ပါတယ်။
အခု သိရသလောက် သံလျင်တံတားက ၁၉ လုံးအထိသာ သယ်ဆောင်ခွင့်ပြုတယ်လို့သိရပါတယ်။
ကုန်သေတ္တာအလုံး ၂၀ ကျော်ဆိုရင် ရွာသာကြီးDry port မှ MITTဆိပ်ကမ်းကိုကုန်သေတ္တာတင်တဲ့ကားနဲ့သာသယ်ယူပါတယ်။
ရန်ကုန်ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့က ကုန်သေတ္တာများသည် boat note မှာ ဖော်ပြထားသည့်သတ်မှတ်အချိန်အတွင်း ဆိပ်ကမ်းသို့ ရောက်ရှိခြင်း ရှိ မရှိ နှင့် ကုန်သေတ္တာများမှာ ခပ်နှိပ်ထားတဲ့ seal လက်ရာ ပျက်/ မပျက် စစ်ဆေးပြီး မှန်ကန်ပါက သင်္ဘောတင်ရန် ခွင့်ပြုပါမယ်။ ထိုအခါမှသာ သင်္ဘောလိုင်းက line seal ခပ်နှိပ်ပြီး သင်္ဘောတင်ဖို့ ဆက်လက် ဆောက်ရွက်ပါမယ်။

-Maresk လိုင်းက မန္တလေး မြစ်ငယ် Dry Port မှ ကုန်ချဆိပ်ကမ်းအထိ through transport service ပေးမှာဖြစ်ပါတယ်။
ကုန်တင်သူ Shipper ကို Maresk line က Combined Transport B/L ထုတ်ပေးမှာဖြစ်ပြီး -Port Of Loading ဟာ Myit Nge လို့ဖော်ပြပါလိမ့်မယ်။
Maersk လိုင်းရဲ့ Delivery term က SD/ CY ဖြစ်ပါတယ်။
SD (Store Door) Myit Nge to CY Manila, Philippine ဖြစ်ပါတယ်။

ကုန်ရောင်းသူဟာ ငွေလွှဲစာတမ်းဖြင့် ရောင်းပါက မန္တလေးက Advising / Nominated bank မှာ Combined B/L တင်ပြ၍ ကုန်ဖိုးငွေ ထုတ်ယူသွားနိုင်ပါပြီ။
Incoterm အနေဖြင့် FOB (Myit Nge) ဖြင့် အရောင်းအဝယ် လုပ်
နိုင်သာ်လည်း FCA ( Myit Nge) ဖြင့် အရောင်းအဝယ်လုပ်သင့်ပါတယ်။
RG Logistics မှကုန်သေတ္တာများအား၊ ရထားဖြင့် သယ်ယူစဥ် ပျက်စီးမှုရှိပါက၊ Maresk line မှ တာဝန်ယူ​၍ လျော်ပေးပါမည်။ လျော်ကြေးပမာဏ မှာ မြန်မာ့ ဘက်စုံပို့ဆောင်ရေး နည်းဥပဒေ က ပြဌာန်းသည့် အတိုင်းဖြစ်ပါမယ်။

မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်းမှ ရထားဖြင့် သယ်ယူရာတွင် ရထားတွဲက ပေ ၂၀ ကုန်သေတ္တာရောရော ပေ၄၀ ကုန်သေတ္တာရောတင်လို့ရပါတယ်။ ရထားလမ်းရဲ့ခံနိုင်ရည်က တတွဲကို ၃၂တန်ထိဘဲပေးတယ်လို့သိရပါတယ်။ ရထားတွဲ+ ကုန်သေတ္တာ Tare weight နဲ့ ကုန်စည်ရဲ့ အလေးချိန် စုစုပေါင်း ၃၂ တန်အထိဘဲတင်လို့ ရပါမယ်။ ဒါကြောင့် ပေ ၄၀ ကုန်သေတ္တာ၁လုံးကို ၂၈ တန်အထိသာ ထည့်သွင်းလို့ရပါမယ်။
ရထားလမ်းရဲ့ကင်းလွတ်အမြင့်က ၁၄ ပေဘဲရှိလို့ အမြင့် ၈' ၆" ရှိတဲ့ GP ကုန်သေတ္တာဘဲ သယ်လို့ရပြး၊ အမြင့် ၉'၆' ရှိတဲ့ High Cube ကုန်သေတ္တာတင်လို့ မရဘူးလို့သိရပါတယ်။

မြစ်ငယ် ကုန်တွင်းဆိပ်ကမ်းမှ MITT အထိ Full Package အတွက် Maersk line က တောင်းခံမည့် idea rate က ပေ ၂၀ ကုန်သေတ္တာအတွက် ၁၁သိန်း၃သောင်းကျမယ်လို့သိရပါတယ်။ ကုန်သေတ္တာ ၁၅ လုံးနဲ့ ၂၀ အထိ ပို့ဆောင်ပေးရပါက ပေ ၂၀ တစ်လုံးကို ကျပ် ၉သိန်း ၆သောင်းခန့် ကျသင့်မယ်လို့ သိရပါတယ်။ မြန်မာကျပ်ငွေနဲ့ ကောက်ခံမှာဖြစ်ပြီး CB Bank မှာ ပေးသွင်းရပါမယ်။
မြစ်ငယ် Dry port General warehouse တွင် ကုန်သေတ္တာအတွင်းထည့်သွင်းမှူ အတွက် RG ရဲ stevedore အလုပ်သမားခ ပေ ၂၀ တစ်လုံးကို ၂သိန်းကျသင့်မှာဖြစ်ပြီး Carrier haulage အဖြစ် မြစ်ငယ် စက်မှုဇုန်မှ Dry port သို့ ပေ ၂၀ ကုန်သေတ္တာကားခ ၂၂၀၀၀၀ ကျပ် ကျသင့်မယ်လို့သိရပါတယ်။

နိဂုဏ်းချုပ်အနေနဲ့
မြန်မာပြည် အထက်ပိုင်းရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပပို့ကုန်များကို မန္တလေး၊ မြစ်ငယ်ကုန်းတွင်းဆိပ်၌ အကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်များဖြစ်သည့် ကုန်ပစ္စည်း စစ် ဆေးခြင်း၊ အခွန်ပေးဆောင်ခြင်းပြီးပါက ပို့ကုန်များကို ကုန်သေတ္တာများဖြင့် ရွှေ့ပြောင်းသယ်ဆောင် ၍ ရန်ကုန်ဆိပ်ကမ်းများမှတဆင့် ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချိန်နှင့် ကုန်ကျစရိတ်သက်သာစွာ ဆောင်ရွက်နိုင်လာသည့်အတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်း၊ ရန်ကုန်ဆိပ်ကမ်းများတွင် ကုန်သေတ္တာကျပ်တည်းမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ကျစေနိုင်ခြင်း၊ ရန်ကုန်မြို့အတွင်းကားလမ်းပိတ်ဆို့မှူကိုလည်းလျော့ကျစေနိုင်ခြင်း၊ ကုန်းတွင်းဆိပ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်စေခြင်း၊ ပြည်ပပို့ကုန်များ ပိုမိုထုတ်လုပ်တင်ပို့
လာနိုင်မည်ဖြစ်ပါတယ်၊ ဘက်စုံပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုအားကောင်းလာစေမည် ဖြစ်ပါတယ်

သန့်ဇင် ( MICS-UK)
ဇန်နဝါရီလ ၃ ရက် ၂၀၂၃

လူကြီးမင်းတို့ရဲ့ ပြည်တွင်းထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့  တင်ပို့ရောင်းချလိုပါသလား .....လူကြီးမင်းတို့အနေနဲ့ ပြည်...
28/12/2023

လူကြီးမင်းတို့ရဲ့ ပြည်တွင်းထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလိုပါသလား .....
လူကြီးမင်းတို့အနေနဲ့ ပြည်ပ မှကုန်ပစ္စည်းများကို တင်သွင်းလိုပါသလား.......
ကုမ္ပဏီ မှတ်ပုံတင်ခြင်းက စပီး လူကြီးမင်းတို့ရဲ့ ပို့ကုန် ကုန်စည်ပစ္စည်းများကို ချောမွေ့လျင်မြန်စွာလိုရာအရပ်သို့ပို့ဆောင်ပေးခြင်း၊သွင်းကုန်ပစ္စည်းများကို ဂိုထောင်အရောက်အထိ့အခိုက်မရှိ့လွယ်ကူစွာ​ရောက်ရှိ့လာအောင်ဆောင်ရွက်ပေးခြင်း စသည့်one stop serviceဝန်ဆောင်မူ့များပေးဖို့အတွက် ကျွန်တော်များမှကျွမ်းကျင်ဝန်ထမ်းများနှင့်အတူ နွေးထွေးစွာကြိုဆိုပါတယ်....။

Contact us : 095110725,09422866461.

may this special day bring peace,happiness and prosperity to everyone.EID AL ADHA MUBARAK!
09/07/2022

may this special day bring peace,happiness and prosperity to everyone.

EID AL ADHA MUBARAK!

May your day be filled with sweetness and happiness.
02/05/2022

May your day be filled with sweetness and happiness.

FYI
06/04/2022

FYI

List of Container Vessels Scheduled for February, 2022.
02/02/2022

List of Container Vessels Scheduled for February, 2022.

FYI14.1.22
14/01/2022

FYI
14.1.22

(၁၆.၁.၂၀၂၂) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ (၂၂.၁.၂၀၂၂) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ...
11/01/2022

(၁၆.၁.၂၀၂၂) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ (၂၂.၁.၂၀၂၂) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ငွေလဲလှယ်နှုန်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။
maccs

(၉.၁.၂၀၂၂) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ (၁၅.၁.၂၀၂၂) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် င...
05/01/2022

(၉.၁.၂၀၂၂) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ (၁၅.၁.၂၀၂၂) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ငွေလဲလှယ်နှုန်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

List of Container Vessels Scheduled for January 2022.
31/12/2021

List of Container Vessels Scheduled for January 2022.

Address

35
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595110725

Website

Alerts

Be the first to know and let us send you an email when Academy Customs Service Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share