Tin Tin's Food and Wine online အကျိုးဆောင်

  • Home
  • Myanmar
  • Yangon
  • Tin Tin's Food and Wine online အကျိုးဆောင်

Tin Tin's Food and Wine online အကျိုးဆောင် Food and Wine (အစားအ သောက်နှင့် ၀ိုင်အ ဖျော်ယ?

12/11/2021

Bacardi Rum မှာဘာကြောင့် လင်းနို့ 🦇 တံဆိပ်ကိုသုံးရတာလဲ ??

Bacardi Rum ကိုစတင်ထုပ်လုပ်သူမှာFacundo Bacard Mass ဆိုသူ ဝိုင်ကုန်သည်၊ စပိန်နိုင်ငံအရှေ့ပိုင်းCatalonia ကတလုံးနီးယား(ယခုပြည်နယ်ခွဲထွက်ဖို့ကြိုးစားနေသည့်နေရာ)ပြည်နယ်မှဖြစ်ပါသည်။ ကျူးဘားသို့ 1830 တွင်ရောက်ရှိပြီးနောက်Rum ကို1862 တွင်ထုပ်လုပ်ပါသည်။Rumထုပ်လုပ်သည့်အလုပ်ရုံခေါင်မိုးတွင်လင်းနို့မိသားစုများကို Bacardi ၏မိန်းမမှသတိထားမိပြီးသူတို့ Bacardi Rum ရဲ့Logo ကိုလင်းနို့ပုံဖြင့်ပြုလုပ်ရန်အကြံပေးခဲ့ပါသည်။

Bacardi ကလည်းလင်းနို့အား Logoလုပ်ရန်ဆုံးဖြတ်လိုက်ခြင်းအကြောင်းအရင်းတစ်ချိို့ရှိပါသည်။
1.အဓိကအချက်၊လင်းနို့များသည် ကြံစိုက်ပျိုးရေးတွင်ဝတ်မှုံကူးခြင်းကိုအထောက်အပံ့ပေးပြီး ကြံပင်များကိုဖျက်စီးသည့် အင်းဆက်များကိုဖမ်းဆီးစားသောက်ပေးသဖြင့် ကျေးဇူးရှင်အားဖြင့်လည်း‌ကောင်း
2.ထိုခေါတ်အခါကRum သောက်သုံးသူများမှာပညာမတတ်သူအခြေခံများဖြစ်သဖြင့် အလွယ်တကူမှတ်မိနိုင်သော Logo အဖြစ်လည်းကောင်း
3.Catalonia ဒေသနှင် Cuba ဒေသရှိလူအများသည်လင်းနို့အားကံကောင်းသည့် နမိတ်အဖြစ်လက်ခံကြသောကြောင့်လည်းကောင်း တို့ကြောင့်ဖြစ်ပါသည်။
Bacardi Rum ရဲ့ Origin ကတော့ကျူးဘားပါ။ဒါပေမဲ့ 1960 မှာကွန်မြူနစ်တွေကပြည်သူပိုင်သိမ်းလို့ ကျူးဘားနဲ့ Bacardi ဟာလုံးဝမသက်ဆိုင်တော့ပါ ယနေ့အထိပါ။အဓိက Bacardi Rum ထုပ်လုပ်တဲ့နေရာကPuerto Rico ပြာတိုရီကို နိုင်ငံဖြစ်ပြီး Companyရဲ့Headquarter ကတော့Hamilton မြို့Bermuda ကျွန်းနိုင်ငံမှာရှိပါတယ်။
✍️Behine the Scenes of Beverages

Rum
1.Bacardi Gold 1L - 18500ks
2.Bacardi White 0.7L - 16000ks
3.Bacardi White 1L - 18500ks
4.Bacardi Pineapple 1L - 18500ks
5.Bacardi Raspberry 1L - 18500ks
6.Captain Morgan Black 0.7L - 17000ks
7.Malibu Coconut 0.7L - 21000ks
8.Malibu Coconut 1L - 24000ks
9.Havana Club 3yr 0.7L - 16500ks
10.Havana Club 3yr 1L - 20000ks
11.Havana Club 7yr 0.7L - 23000ks
12.Havana Club 7yr 1L - 33500ks
13. Sagatiba Cachaca Rum 0.7L - 26000 ks


📍အမှတ် (၂၇/D)၊ ပြည်သာယာလမ်းထိပ်၊
သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📱09799799406

12/11/2021

Rum ဆိုတာကတော့ ကြံပင်ကနေထုတ်တဲ့အရက်တစ်မျိုးပါ။ မူရင်းက Rumbullion ဖြစ်ပါတယ်။

Suger cane
Cane ဆိုတာ ကြိမ်ပင်ကိုပြောတာ။ Sugar cane ဆိုတော့သကြားကြိမ်ပေါ့။ မြန်မာလိုကတော့ကြံပင်ပေါ့။ ကြံကိုကြိတ်ခွဲညစ်တော့ ကြံရည်ထွက်လာတယ်။ ကြံရည်ကိုချက်တော့သကြားရလာတယ်။ အဲဒီလုပ်ငန်းစဉ်မှာသကာရည် Molasses ဆိုတာဘေးထွက်ပစ္စည်းအဖြစ်ရရှိလာတယ််။ရေနံချက်တဲ့အခါ ကတ္တရာကျန်ခဲ့သလိုပေါ့။ သကာရည်ကလည်းညိုညစ်ညစ်အရောင်ရှိပါတယ်။ အဲဒီသကာရည်နဲ့ အတူသကြားချက်တဲ့အခါ ချက်ကန်အပေါ်ကနေဝေ့နေတဲ့အမြုပ်တွေကိုလည်းရောပြီးရမ်ကိုချက်ပါတယ်။ ကြံရည်နဲ့တိုက်ရိုက်အရက်ချက်တာလဲရှိပါတယ်။ဘရာဇီးမှာပါ။ Cachaca (ကာချာဆာ) လို့ခေါ်ပါတယ်။ EU ကတော့ကာချာဆာကို Rum လို့မသတ်မှတ်ပါ။ဘာဖြစ်လို့လဲဆိုတော့molasic သကာရေကမလုပ်လို့ပါ။USA ကတော့ Cachacaကို Rum လို့သတ်မှတ်ပါတယ်။
Rumမှာ အဖြူရောင်(White Rum), ရွှေရောင် (Gold Rum), အမဲရောင် (Dark Rum) အရောင်သုံးမျိုးထဲမှာ White Rumကတော့ ချက်ပြီးပြီးခြင်း ပုလင်းထဲတန်းထည့်ပါတယ်။ Gold Rumကိုတော့ White Rumကို ဝက်သစ်ချပင်စည်ပိုင်းထဲမှာ သက်တမ်းယူပြီးမှ Bottlingလုပ်တဲ့အတွက် အရောင်အားဖြင့်ရွှေရောင်ရပါတယ်။ Dark Rumကတော့ White Rumကို ဝက်သစ်ချပင်သစ်သားစည်ပိုင်းထဲမထည့်ခင် သစ်သားစည်အတွင်းနံရံတွေကို မီးမှိုက်စေပြီး(Charred Oak Barrel)ထဲမှာ သက်တမ်းယူစေတဲ့အတွက် အရောင်အားဖြင့် Caramelလို အမဲရောင်ဖြစ်လာပါတယ်။ Gold Rumနဲ့ Dark Rumရဲ့ သက်တမ်း(aging)အားဖြင့် ၃နှစ်မှ ၅နှစ်အတွင်းရှိပါတယ်။
Rum ကိုကမ္ဘာ့နိုင်ငံအသီးသီးမှာ
ထုတ်လုပ်ကြပေမယ့် ကာရေဘီယံကထုတ်တဲ့ရမ်တွေပဲနာမည်ကြီးပါတယ်။ Rum လို့ပြောလိုက်ရင် Caribbean ကိုသာပြေးမြင်ကြပါတယ်။ Rum နဲ့ Caribbean ယဉ်ကျေးမှု့ဟာခွဲခြားလို့မရတဲ့အရာပါ။ ကာရေဘီယံဆိုတဲ့ဝေါဟာရဟာမြန်မာလူမျိုးတွေနဲ့မစိမ်းဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Pirate of Caribbean ရုပ်ရှင်ကြောင့်
ပါ။ West Indies လို့လဲခေါ်တဲ့ ကာရေဘီယံဒေသမှာ ကြံကိုမိတ်ဆက်ခဲ့သူကနယ်မြေသစ်ရှာဖွေသူ Christopher colombusပါ။
ကိုလမ်ဘတ် အမေရိက(သို့မဟုတ်) ကာရေဘီယံကိုဘာကြောင့်ရောက်သွားရတာလဲဆိုတာနဲနဲ history ဆွဲဆန့်ပါရစေ။
Crusades ဘာသာရေးစစ်ပွဲ(1095 to 1291)ကြောင့်ဥရောပသားတွေဟာ middle east ဂျေရုစလင်ကိုသူတို့စစ်ချီတက်ရာလမ်းကြောင်းအတိုင်းစစ်ပွဲပြီးတဲ့အခါ India နိုင်ငံအထိ ကုန်ကူးသန်းရောင်းဝယ်ကြတယ်။ဒါပေမဲ့၁၄၀၀နဲ့၁၅၀၀ကြားမှာ Ottoman empire (မွတ်ဆလင်အင်ပါယာ)ကြီးထွားခဲတယ်။
ဥရောပသားတွေဟာ မွတ်ဆလင်အင်ပါယာကိုဖြတ်ပြီးအာရှကိုကုန်းလမ်းကမသွားနိုင်တော့ဘူး။
အဲဒီတော့ရေလမ်းခရီးကို ပိုစိတ်ဝင်တစားရှာဖွေလာကြတယ်။ ပြီးတော့သိပ္ပံပညာရှင်တွေကလည်း
ကမ္ဘာဟာမပြားပဲလုံးပါတယ်ဆိုတာကို ပြောပြောနေတော့ အီတလီနိုင်ငံသား စပိန်ဘုရင်မထံမှာအမှု့ထမ်းနေတဲ့ ခရစ္စတိုဘာကိုလံဘတ်ဟာစွန့်စားချင်စိတ်တွေဖြစ်လာတယ်။ ကမ္ဘာဟာလုံးတယ်ဆိုရင် အာရှနဲ့ India ပြည်နယ်ကိုအနောက်ဖက်ကို ရွက်လွှင့်ရင်လည်းရောက်ရမယ်လို့ သူယုံကြည်တယ်။
ထိုယုံကြည်တဲ့အတိုင်း၁၄၉၂ သြဂုတ်လ ၃ ရက်နေ့မှာ စပိန်နိုင်ငံပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Palos မြို့ကနေ သင်္ဘောသုံးစင်းနဲ့အနောက်ဘက်ကိုရွက်လွင့်ခဲ့ကြတယ်။အဲဒီ့ သင်္ဘောသုံးစီးကတော့
The Santa Maria, The Pinta, and The Nina တို့ဖြစ်ကြပါတယ်။လမ်းခရီးမှာ သင်္ဘောသားတွေပုန်ကန်ကြသေးတယ်။ ကမ္ဘာကြီးရဲ့ချောက်အဆုံးထဲပြုတ်ကျသွားတော့မလားဆိုတဲ့ သင်္ဘောသားတွေရဲ့စိုးရိမ်ကြောက်ရွှံစိတ်တွေနဲ့အတူနောက်ဆုံး India ကမ်းခြေကိုရောက်ရှိခဲ့တယ်။
(သူတို့ထင်တာ India ကမ်းခြေ တကယ်တော့ယခုလက်ရှိအမေရိကနဲ့ကာရေဘီယံဒေသ)ကိုလံဘတ်ဟာဒေသခံလူတွေကိုတွေ့တော့ ၊တကယ့် India လူမျိုးတွေလိုအသားမမဲပဲ နီကျင်ကျင်နဲ့မို့လို့ Red Indian တွေလို့သတ်မှတ်လိုက်တယ်။

ရွက်လွှင့်ပြီး၂လနဲ့၉ရက်ကြာတဲ့အခါ (အောက်တိုဘာ၁၂ရက်နေ့၁၄၉၂ခု) ဘဟားမားကျွန်းစုကို စတင်ရောက်ရှိပြီး သိပ်မကြာခင်
ကျူးဘားကိုရောက်ရှိခဲ့တယ်။ ကိုလန်ဘတ်ဟာကျူးဘားကိုတရုတ်ပြည်မကြီးလို့ထင်ခဲ့တယ်။ဒီဇင်ဘာမှာ ဟစ်စပန်နီဟိုလာကိုရောက်ရှိပြီးဂျပန်ကျွန်းလို့ထင်ခဲ့တယ်။ သူနဲနဲရှုတ်ထွေးလာပြီး
အဲဒီ့ကျွန်းစုတွေကိုအနောက်Indiaကျွန်းစု (west Indies) လို့သတ်မှတ်လိုက်တယ်။ အရှေ့Indiaကျွန်းစု(east indies)ကတော့ အင်ဒိုနီးရှားကျွန်းစုပါ။ ၁၄၉၇ ခုနှစ်မှာ အမေရီကိုဗက်စပူချီ (Amerigo Vespucci )(Cartographer=မြေပုံဆွဲကျွမ်းကျင်သူ)ဆိုသူ အီတာလျံလူမျိုးထပ်မံရောက်ရှိလာပြီး ကိုလံဘတ်ရောက်ရှိခဲ့တဲ့နေရာသည် အာရှတိုက်မဟုတ်ကြောင်း1452 တွင်အထောက်အထားနှင့်ကမ္ဘာကိုရှင်းပြနိုင်ခဲ့သည်။ သူ့နာမည်ကိုအစွဲပြုပြီးအမေရိကတိုက်ဟုနာမည်တွင်ခဲ့ပါသည်။
ဒါပေမယ့် နယ်မြေသစ်ရှာဖွေသူတွေဟာအမေရိကကြီးရဲ့ကုန်းတွင်းပိုင်းကိုသိပ်မစပ်စုပဲ ကာရေဘီယံဒေသမှာပဲသောင်တင်နေကြပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ကြံပင်စိုက်ပျိုးမှု့အရမ်းဖြစ်ထွန်းတဲ့အတွက်ဖြစ်ပါတယ်။ ကာရေဘီယံနဲ့ရမ်ဟာဒါပါပဲခင်ဗျာ 🙏
✍️ Behind The Scenes of Beverages


📍အမှတ် (၂၇/D)၊ ပြည်သာယာလမ်းထိပ်၊
သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📱09799799406

11/11/2021
20/05/2021

What is alcohol?
အရက်ဆိုတာဘာလဲ အပိုင်း (၁)
1..အရက်ဆိုတာဘာလဲ။
အရက်ဆိုတာ ဘာလဲ မပြောခင် အရက်ဆိုတဲ့စကားလုံး ဘယ်ကလာတာလဲဆိုတာ ရှင်းပြပါရစေ။
အရင်တုန်းက သောက်ရင်မူးတတ်တဲ့အရာတွေကိုသေရည်လို့ ခေါ်တယ်။ အရက်ဆိုင်ကို "သေတင်းကုတ်" လို့ခေါ်တယ်၊အဲဒါဆိုရင် အရက်ဆိုတဲ့စကားလုံး မြန်မာပြည်ကို ဘယ်လိုရောက်လာလဲ။
သိရသလောက်တော့ တပင်ရွှေထီးဟာ ပေါ်တူဂီအချို့နဲ့ ပေါင်းပီးအရက်ချက်သောက်(distill)
တတ်နေပြီ။ အရက်ကို တော်တော်လေး ကြိုက်သွားပုံရတယ်။ တိုင်းရေးပြည်ရေးကိစ္စတွေကို
သူ့ယောက်ဖဘုရင့်နောင်နဲ့ လွဲထားလိုက်တယ်။(ဖြည့်စွက်ချက်။ ။တပင်ရွှေထီးလက်ထက်မှာ မြန်မာအင်ပါယာဟာ အကျယ်ပြန့်ဆုံးဖြစ်ခဲ့ပါတယ်..အယုဒ္ဓယပြည်ကို ဝိုင်းရံနိုင်ခဲ့ပြီး မအောင်မြင်ပဲပြန်လာရာလမ်းကြောင်းတွင် ပေါ်တူဂီတစ်ယောက်နှင့် ဆုံတွေ့ခဲ့လေသည်။ ထိုသူဆက်သသောမီးပေါက်သေနတ်နှင့် အမဲလိုက်ခြင်း၊ ထိုသူချက်လုပ်သောအရက်ကိုကြိုက်နှစ်သက်စွာသောက်သုံးရင်း တိုင်းပြည်ရေးရာများ မလုပ်ကိုင်နိုင်ပဲ နောက်ဆုံး ကိုရံတော်များရဲ့လုပ်ကြံခံရပြီး နတ်ရွာစံသွားရပါသည်..

2...အရက်ဆိုတဲ့ ဝေါဟာရဟာArak or araq(Arabic: )ဆိုတဲ့ စကားက ဆင်းသက်လာတယ်လို့ယူဆရပါတယ်
Arabic word araq , meaning 'perspiration'.
(ချွေးထွက်ချင်း)
စွန်ပလွန်သီး။ အုန်းသီးနဲ့ ဒေသထွက်အသီးအချို့ကနေချက်တဲ့အရက်ပါ။ မြန်မာနိုင်ငံကို အင်းဂလိပ်ခောတ်မတိုင်ခင်တည်းက ဒီဝေါဟာရရောက်ခဲ့တယ်ထင်ပါတယ်(သေချာမသိပါ)။
3.အင်းဂလိပ်လို အရက်ကို alcohol, sprits ,liquorလို့ခေါ်ကြတယ်။
Alcoholဆိုတာ English စကားလုံးအမှန်ဖြစ်ပေမဲ့ Arabic စကားလုံး Al-khul which means BODY-EATING SPIRIT လူတွေရဲ့ bodyကိုစားသောက်တတ်တဲ့ တစ္ဆေ သရဲကြီးကိုခေါ်တာပါ။Distillပေါင်းခံအရက်ချက်နည်းကိုစတင်ကျင့်သုံးခဲ့တာ အာရပ်လူမျိုးတွေပါ။ ဒါပေမဲ့ သောက်ဖို့တော့မဟုတ်ဘူး ရေမွှေးထုပ်လုပ်တဲ့နေရာမှာ သုံးဖို့ပါ။

4.မွတ်ဆလင်ပညာရှင်နှစ်ယောက်က လက်တွေ့ကြတဲ့အရက်ချက်နည်းကို တွေ့ရှိခဲ့ပါတယ်..အစ္စလမ်ရဲ့ရွှေခေါတ်မရောက်ခင်တုန်းက လူတွေဟာ အရက်ကို စနစ်မကျတဲ့နည်းတွေသုံးပြီး သောက်ခဲ့ကြရတယ်..
ဥပမာ ဝိုင်ကို ရေခဲသမျှအေးနေတဲ့ အချိန်မှာ
အပြင်မှာထားပြီး ရေတချို့ခဲသွားချိန်..မှာ မခဲတဲ့အရည်ကို (alcohol မော်လီကျူးကရေမခဲသေး)အရက်အဖြစ်သောက်သုံးကြရပါတယ်..
အဓိကအခြေခံကြတဲ့ အရက်ချက်နည်းတွေကို
ရှေးခေတ်ဂရိနဲ့ အီဂျစ်တွေသိရှိပြီးသားပါ..
ဂရိ ပညာရှင်အရစ်စ်တိုတယ် (BC 300 ခန့်က)အပါအဝင်ပေါ့..ဒါပေမဲ့ဒီခေတ်ပုံစံလက်တွေ့ကြကြ အရက်ချက်နည်းကိုတွေ့ရှိခဲ့သူကတော့ ရှေးခေတ်အီရန် အဂ္ဂိရိပ်ဆရာ အဘူ မူဆာဂျဘီယာအီဘန်ဟေယန် (Abu Musa Jabir ibn Hayyan.Born in720 AD)ကတွေ့ရှိခဲ့တာပါ..
ဒီအရက်ချက်နည်းဟာ မူစလင်ကမ်ဘာမှာ လျင်မြန်စွာပြန့်နှံ့လာပြီး အီတလီတောင်ပိုင်းစစ္စလီကျွန်းနဲ့
စပိန်နိုင်ငံတောင်ပိုင်းထိပါ ကူးစပ်လာပါတယ်။
5.Ad 500 နဲ့ 600 ကြားလောက်မှာ အာရပ်တိုင်းပြည်ကိုလာခဲ့တဲ့ အိုင်းရစ် Irish ဘုန်းတော်ကြီးတစ်ပါးကအရက်ချက်နည်းကို နမူနာယူပြီး Irelandမှာ အရက်ချက်ပါတယ်။
သူတို့က အဲဒီသန့်စင်တဲ့ ပေါင်းခံရေကို water of life ဘဝအတွက် ရေစင်လို့ ဘာသာပြန်ရမလား။
ပြင်သစ်ကတော့ eaux de vie(eaux= water/ de= of/ vie= live)
အိုင်ယာလန်
စကော့တလန် နဲ့ ဥရောပနိုင်ငံတချို့မှာ Gaelic
ဂေးလစ်(ခ)လို့ခေါ်တဲ့ လူမျိုးတွေနေခဲ့ဘူးတယ် အိုင်ယာလန်က ဂေးလစ်(ခ) တွေက uisce beatha (water of life)(အစ်(စ)ကာ ဘာဟာ) လို့ခေါ်ပြီး
စကော့တလန်ကဂေးလစ်(ခ)တွေက Usige beatha ဝှစ်ရှကာ ဘာဟာ(နောက်ပိုင်းဝီစကီ)လို့အသံထွက်ခေါ်တယ်။ဒီတော့ဝီစကီဆိုတဲ့ဝေါဟာရဟာစကော့တလန်ဂေးလစ်(ခ) စကားကဆင်းသက်လာတာဖြစ်ပြီး အိုင်ယာလန်ဂေးလစ်(ခ)ကနေဆင်းသက်လာတာမဟုတ်ပါ။

✍️ Behind The Senses Of Beverages

အပိုင်း (၂) ဆက်ရန်

Coming soon 🙂

09/05/2021

အစောဆုံးဘီယာချက်သောက်ခဲ့ကျတဲ့အထောက်အထားဟာ မတ်ဆိုပိုတေးမီးယားဒေသ (ယခုခေါတ်အီရတ််နိုင်ငံပတ်ဝန်းကျင်)မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရှေးခေါတ်အီဂျစ်လူမျိုးတွေကလည်းတဝက်တပျက်သာ ကျက်သေးတဲ့ပေါင်မုန့်ကို ရေစိမ်ဂဇော်ဖောက်ရင်း ဘီယာနဲ့တူတဲ့အရည်ကိုသောက်သုံးခဲ့ကျပါတယ်။
ဒါပေမဲ့ ဒီခေါတ်ဘီယာလိုမျိုးတော့ အဆင့်တွေ
မများခဲ့ပါဘူး။ ဒီခေါတ်မှာ ဘီယာ,ဝိုင်ဖြစ်ဘို့ Yeast လို့ခေါ်တဲ့တဆေး ထည့် ရပါတယ်။ (Alcohol အရက်ဖြစ်ဖို့အတွက် သကြား(အချိုဓာတ်)ရေနဲ့ yeast လိုအပ်ပါတယ်။
ရှေးခေတ်မှာ Yeast ကိုလူတွေမထုပ်လုပ်နိုင်ကြသေးတော့ရှေးခေတ်လူတွေ yeast ကိုဘယ်လိုရခဲ့ကြသလဲ။ လူ့သမိုင်းရဲ့အစားအသောက်ထုပ်လုပ်မူ့အဆင့်အတန်းဟာ
နံပါတ်(၁) မီးကိုဖန်တီးထုပ်လုပ်မူ့ကြောင့်ဖြစ်ပြီး နံပါတ်(၂)က Yeast ကိုအသုံးချတတ်မူ့ကြောင်ဖြစ်ပါတယ်..Yeast ကိုနည်းလမ်းပေါင်းများစွာနဲ့လုပ်ယူလို့ရပါတယ်။ စပျစ်သီးရဲ့မျက်နာပြင်မှာတွေ့ရတဲ့ဖြူဖြူအမုန်လေးဟာသဘာဝ yeast လေးတွေ
လေထဲမှာ ပြန့်နှံ့နေတဲ့Yeast (Airborne Yeast)တွေနဲ့လဲ ဂဇော်ဖောက်နိုင်ပါတယ်..ဥပမာ ထန်းရည်ကျည်တောက်ထဲကိုဘယ်သူမှYeast မထည့်ကြပါဘူး။ လေထဲကလာတဲ့Yeast နဲ့လက်ကျန်ထန်းရည်ဂျိုးထဲကYeast တွေနဲ့ ဂဇော်ဖောက်ကျပါတယ်..

ယခုခေါတ်ဘီယာအကြောင်းပြောရအောင်
ဒီခေါတ် Commerical Beer တွေဟာ (Malted Barley ကနေချက်လုပ်ပါတယ်။ (Malted ဆိုတာဘာလဲဆိုတာ အောက်မှာရှင်းပြထားပါတယ်.)
ဂျုံ,ဆန်,Black rice နဲ့တခြား ကောက်ပဲသီးနှံတွေကလဲချက်နိုင်ပါတယ်..

First thing First ဆိုသလိုပါပဲ Alcohol ဘယ်လိုဖြစ်လာရသလဲကိုသိမှ အရက် ဘီယာ Wine တွေအကြောင်းဆွေးနွေးဖို့ပိုမိုလွယ်ကူမှာပါ။
အထက်ကတင်ပြပြီးတဲ့အတိုင်း Alcohol ဖြစ်ပေါ်လာဖို့
1.သကြား
(သကြားဓာတ်ကိုအကျယ်ဖြန့်မယ်ဆိုရင် အများကြီးရှိပါတယ်..
2.Yeast
(yeastဆိုရင်လဲအများကြီးရှိပါတယ်,ဘီယာအတွက်ကတော့နှစ်မျိုးရှိတာပေါ့လေ)
3.ရေ
ဒီသုံးမျိုးလိုအပ်ပါတယ်..ရေကတမျိုးထဲရှိတယ်လို့သင်ထင်ပါသလား..ဘီယာရဲ့ 85% ကျော်ဟာ
ရေဖြစ်ပါတယ်။ ဘီယာတမျိုးရဲ့ Character နဲ့အရည်အသွေးဟာ အသုံးပြုတဲ့ရေပေါ်မှာ အများကြီးမူတည်ပါတယ်ဆိုရင်သင်ယုံပါသလား။ အောက်မှာဆက်လေ့လာနိုင်ပါတယ်။

အထက်ကတင်ပြပြီးသည့်အတိုင်း(အကြမ်းဖျင်းအားဖြင့်)ဂလူးကို့စ်(သကြား)နှင့်သာအရက်ချက်လို့ရပါတယ်။ဒါပေမဲ့ အနှံ Cereals, နဲ့မြေအောင်းဥမ်ားဟာ starch လို့ခေါ်တဲ့ ကာဘိုဟိုက်ဒရိုဒ်ကြွယ်ဝတဲ့ food တွေသာဖြစ်ပါတယ်။ အဲဒီ starch တွေကို glucose ဖြစ်အောင် convert ပြောင်းလဲပေးရပါတယ်။အဲဒီလိုပြောင်းလဲဖို့ enzyme တွေလိုအပ်ပါတယ်။ပထမဦးဆုံးအနှံတွေကိုဘယ်လို convert လုပ်သလဲဆိုတာတင်ပြပါ့မယ်။

ဘီယာရဲ့အရေအသွေးဟာဘီယာပြုလုပ်သူသုံးသောကုန်ကြမ်းပေါ်မှုတည်၍ကွဲပြားသွားပါတယ်။
ကုန်ကြမ်းများဟာ
1.ရေ
2.barley(malted)
3. Hops
4. Yeast
တို့ဖြစ်ပါတယ်

ကုန်ကြမ်းအားလုံးသူ့ဘာသာသူအရေးပါတယ်ဆိုပေမဲ့ရေထက်တော့ဘာမှပိုပြီးအရေးမပါကြပါဘူး ဘီယာမှာ ရေ85% အထက်ပါဝင်ပါတယ် အသုံးပြုတဲ့ရေအမျိုးအစားဟာဘီယာအရေအသွေးရဲ့အဓိက ပါပဲ။
ဒေသတိုင်းရဲ့ရေတွေမှာမတူညီတဲ့သတ္တုဓာတ်တွေကြွယ်ဝနေတတ်ပါတယ်။အဲဒါကြောင့်ဒေသတခုဟာဘီယာအမျိုးအစားတခုအတွက်အရမ်းသင့်တော်တာဖြစ်ပေလိမ့်မည်။
ဥပမာ- Dublin(Iraland)မှာရှိတဲ့ရေဟာ hard water(ရေစေး)ဖြစ်နေလေတော့ကာ stout ဘီယာလုပ်ဖို့သင့်တော်ပါတယ်(Guiness Stout).Pilsenဒေသ (Czech Republic),မှာရှိတဲ့
ရေဟာsoft water (ရေသွက်)ဖြစ်နေလေတော့ Pale larger အတွက်သင့်တော်ပါတယ်။(Pilsner beer ဆိုတာ ချက်ရီပါ့ဘလစ်ခ်နိုင်ငံရဲ့Pilsen ဒေသကိုအစွဲပြုခေါ်ဆိုထားတာဖြစ်ပါတယ်။ Pilsner is a German word which means from Pilsen.Budweiser is also a German word, meaning from Budweis,။ပြီးတော့Czech Republic နိုင်ငံဟာလူတဦးတယောက်ခြင်းဘီယာသောက်သုံးမှု့ ကမ်ဘာမှာအများဆုံးနံပါတ်၁ချိတ်ပါတယ်။)Budweiser beer ကလည်း ချက်ရီပါ့ဘလစ်ခ်မှာစတင်ထုတ်ခဲ့ပြီးမှအမေရိကကိုရောက်သွားတာပါ။ချက်ရီပါ့ဘလစ်ခ်မှာလည်းBudweiser ရှိပါသေးတယ်။(အသေးစိတ်ကိုနောက်တင်မယ့်postမှာပါရှိပါမယ်)
2.Barley malting
ပထမဦးဆုံးအနှံတွေကိုဘယ်လိုconvertလုပ်သလဲဆိုတာတင်ပြပါ့မယ်။ဘာလီဆိုပါတော့ပထမအဆင့်malt လုပ်ရပါတယ်..malting လုပ်တယ်ဆိုတာ partially germination = တစိတ်တပိုင်း ဂျာမီနိတ်လုပ်ခြင်းဖြစ်ပါတယ်။ germinate= အရည်နူး၍အငြောင့်ပေါက်စေသည်။ဥပမာပဲပင်ပေါက်ကိုကြည့်ပါ အမျှစ်ရောအငြောင့်ပါထွက်နေတာ။malting က အမျှစ်လေးလက်သန်းတဆစ်မရှိတတ်ရှိတတ်လေးနဲ့အပင်ပေါက်မလာခင်အခြေအနေလေးပေါ့။နောက်ထပ်အပင်ဆက်ပေါက်လာမှာဆိုးလို့အပူပေးပြီးရပ်တန့်ရပါတယ်။ခြောက်သွားတဲ့ဘာလီတွေကိုစက်နဲ့ကြိတ်ခွဲပြီးအခွံကိုရှင်းထုပ်လိုက်တယ်။ပြီးတော့ဘာလီအမှုန့်ကိုရေနွေး45Cကနေစပြီးဖြည်းဖြည်းခြင်းကျိုရပါတယ်၊(ဘာလီအမှုန့်နဲ့ ရေနဲ့ဖျော်ထားတာကိုMash လို့ခေါ်ပါတယ်)60Cကနေ 72C ရောက်လာရင်အပူပေးတာရပ်ပလိုက်ပါတယ်၊ဘာလီထဲမှာပါလာတဲ့အင်ဇိုင်းတွေဟာကော်ဓာတ်ကနေသကြားဓာတ်ဖြစ်အောင်ပြောင်းလဲတော့ပါတယ်..အပူပေးတာ ရပ်လိုက်ပေမဲ့အပူချိန်ဟာဆက်တတ်လာပြီး78Cရောက်တဲ့အခါ mash out လို့ခေါ်တဲ့အရည်ကိုအဖတ်တွေနဲ့ခွဲထုပ်လိုက်ပါတယ်။အဲဒီချိုမြနေတဲ့အရည်ကိုwort ဝေါ့လို့ခေါ်ပါတယ်။
အနှစ်ချုပ်ရရင် ။
1. Malting(ရေစိမ်၍အညှောက်ပေါက်စေခြင်း)
2.Kilning( အပူပေး၍ခြောက်စေသည်)
3. griding (အမှုန့်ကြိတ်သည်)
4.mashing(ဘာလီအမှုန်ဖြင့်ဖျော်ထားသောရေ)
5.become wort.(boil with hops)

3.Adding Hops(ဗျစ်ပွင့်)
Hops ကို wort ထဲထဲ့ပြုတ်တဲ့နေရာမှာသုံး ဆင့်ရှိပါတယ်။တချို့ကခြောက်ဆင့်လောက်ထိထဲ့ပါတယ်။

ပထမအဆင့်Bittering hops
အခါးဓာတ်ရရန်ပထမဦးဆုံးမိနစ်၆၀ခန့်ပြုတ်ရပါသည်။ထိုအခါးဓာတ်သည် ဘီယာတာရှည်ခံအောင်လည်းအကျိုးသက်ရောက်မှုပေးပါသည်။

ဒုတိယအဆင့် Flavoring hops
ကျန်တဲ့၁၅မိနစ်မှ၃၀မိနစ်အလိုမှာထည့်ပါတယ်။

တတိယအဆင့်Aroma hops
သူကိုအကြာကြီးမပြုတ်ရပါ။ ပြီးခါနီး
ငါးမိနစ် အလိုမှာထည့်ရပါတယ်။

4. Yeast ထည့် ဂဇော်ဖောက်ခြင်း
ဤအဆင့်မှစ၍အဓိကဘီယာနှစ်မျိုးစကွဲပါသည်။
ဂဇော်ဖောက်ခြင်းသုံးမျိုး ရှိပါတယ်
1. Top fermented
2. Bottomed fermented
3. Wild or Spontaneous fermented

1. Top fermented(Ale beer,warm fermentation method)
Yeast တွေဟာဘီယာချက်ကန်အပေါ်မှာဝေ့နေပြီးဂဇော်ဖောက်ခြင်းဖြစ်ပါတယ်။အပူချိန်က15 C မွ 24 C အတွင်းဖြစ်ပါတယ်။ ရလာဒ်ကတော့full body နဲ့ fruity အရသာပါပဲ။Ale beer ဟာအရင်က hops မသုံးပဲ gruit လို့ခေါ်တဲ့bitter herbs တမျိုးကိုသုံးခဲ့ပါတယ်။ Top နဲ့ Bottom fermentedတွေမှာသုံးတဲ့yeast အမျိုးအစားတွေမတူကြပါ။

2.Bottom fermented(Lagar beer, Cold fermentation)
Yeast တွေဟာကန်ရဲ့အောက်ခြေမှာရှိ၍ဂဇော်ဖောက်ခြင်းဖြစ်ပါသည်။
အပူချိန်ကတော့7Cကနေ15C အတွင်းဖြစ်ပါတယ်။lagar ဆိုတာဂျာမန်စကားstore room or store ဖြစ်ပါတယ်။
3. Wild or Spontaneous fermented
ဆိုတာကတော့Airborne လို့ခေါ်တဲ့လေထဲကနေလာတဲ့yeastတွေကနေဖြစ်လာတာပါ။ Lambic beer လို့လဲခေါ်ပါတယ်။ ဘယ်လဂျီယန် နိုင်ငံဘရက်ဆဲမြို့အနားတဝိုက်ဒေသမှာထိုကဲ့သို့ဘီယာ များရှိပါသည်။3 လမှနှစ်နှစ်လောက်အထကြာအောင် aging လုပ်ကြပါသည်။

ဘီယာအမျိုအစားအများကြီးရှိသော်လည်းတချို့ကိုသာဖော်ပြပေးလိုက် ပါတယ်။
Lager beer.
1. Pale Lagar (အရောင်‌ဖျော့သော)
2.Dark Lager (stout မဟုတ်ပါ)
3. Bock (ဂျာမန် style strong beer)

Ale beer
1.Brown Ale
2. Pale Ale
3. Stoutသည် Ale အမျိုးအစားဖြစ်သောလည်း dark lager များလည်းရှိပါသည်ဥပမာ Guiness stout(Iraland)ရှိသလို Guiness black lager လည်းရှိပါသည်။
4.Porter(Dark Color)

Dark lager, Stoutနဲ့ Porter တို့ dark colour ဖြစ်ရခြင်းမှာ ဘာလီmalt အားcolour ပြောင်းအောင်လှော်(roasted)လိုက်ခြင်းကြောင့်ဖြစ်ပါသည်။

✍️Behind The Senses Of Beverages

Coming Soon 🙂

09/05/2021

What is alcohol? အပိုင်း၂

ကဲ...အရက်အကြောင်းပြန်ဆက်မယ်။
alcohol 3 မျိုးရှိပါတယ်
*Isopropyl alcohol (အိုက္ဆိုပရို့ပို...z.
သူ့ကိုတော့မရှင်းပြတော့ပါဘူး)
*ethyl alcohol အီသိုင်း အယ်လကိုဟော (ethanol= အက္သေနာ)နဲ့
*methyl alcohol မီသိုင်း အယ်လကိုဟော(methanol= မက္သေနာ) ဆိုတာရှိတယ်(Wood alcohol )လဲခေါ်ပါတယ်..
Ethyl အီသိုင်းက သောက်လို့ရပြီး
Methyl မီသိုင်းကတော့သောက်ရင် သေတတ်တယ်။ အနံ့ကတော့အတူတူနီးပါးပဲ။ အရက်ချက်တဲ့ကုန်ကြမ်းမသန့်ရင် အီသိုင်းနဲ့အတူ မီသိုင်းပါ ရောပါလာတတ်ပါတယ်။

အရက်ချက်ဖို့အတွက် ဂလူးကို့စ် + တ‌ဆေး(yeast)+ ရေ အဲ့ဒီသုံးမျိုးလိုပါတယ်။ သတ်မှတ်ထားတဲ့ အချိုးအတိုင်းရေထဲကိုဂလူးကိုစ်နဲ့ yeastကိုဖျော်ထဲ့လိုက်ရင် (စပျစ်လိုအသီးမျိုးနွယ်တွေကိုညှစ်လို့ကျလာတဲ့အရည်ကတော့ ရေရောစရာမလိုပါဘူး...

Yeast ဆိုတာ သိပ္ပံပညာအရ Cell တခုတည်းသာရှိတဲ့ မှိုတမျိုးပါ.လေထဲမှာလဲပျံ့လွင့်နေပါတယ်.အသီးတွေရဲ့အခွံပေါ်မှာ..မြေဆီလွှာထဲမှာ..အင်းဆက်တွေပေါ်မှာလဲရှိနိုင်ပါတယ်..

အဲ့ဒီYeast တွေဟာ ရေမှာ ပျော်ဝင်နေတဲ့သကြားတွေကို စားသုံးပြီး Co2ခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ Alcohol ကိုထုပ်လွှတ်ပါတယ်။ Co2 ကတော့
လေထဲကိုပျံလွင့်သွားပြီး Alcohol က‌တော့ ရေထဲမှာကျန်ခဲ့ပါတယ်..
ဒီနေရာမှာ Air lockက ဂဇော်ရေထဲ လေမဝင်အောင် ကာကွယ်ပေးပါတယ်။ လေ(အောက်စီဂျင်)ဝင်လာရင် ဘက်တီးရီးယားများနှင့်ဓာတ်ပြုပြီး အနံ့ဆိုးတွေကိုဖြစ်စေပါတယ်..စနစ်ကျတဲ့Air lock မရနိုင်ခဲ့ရင်လဲ ကိုယ့်နည်းကို့ဟန်နဲ့လေမဝင်အောင်လုပ်နိုင်ပါတယ်။
၄ရက်ကနေ ၅ရက်လောက်ကြာရင် ဂဇော်ဖောက်တာပြီးပါတယ်။ ဒီနေရာမှာ ဝိုင်၊ဘီယာ၊ cider တို့ကတော့ပေါင်းခံဖို့မလိုပါ။ ရေထဲမှာ alcohol တွေရှိနေပြီး ရေနဲ့အရက်ကိုဘယ်လိုခွဲထုပ်မလဲ။ ရေက 100 C မှာ ရေဆူပါတယ်။ အတိအကျပြောရရင်တော့ 99.61 C ဖြစ်ပြီး ဧဝရတ်တောင်ထိပ်ပေါ်မှာဆိုရင်တော့ 71C နဲ့ ရေဆူပါတယ်။ Alcohol က 78.37C မှာ ဆူပါတယ်။ အဲဒီတော့alcohol ပါဝင်နေတဲ့ရေတွေကိုပေါင်းအိုးထဲထည့်ပြီး 70 C to 90 C အပူပေးလိုက်တဲ့အခါ alcohol molecule တွေအငွေ့စပျံပါတယ်။ ထွက်လာတဲ့အငွေ့တွေကို အေးတဲ့ပိုက်လိုင်းအတွင်းဖြတ်သန်းစေတဲ့အခါ ရေအဖြစ်ပြောင်းလဲသွားပါတယ်၊အဲဒီရေထဲမှာ alcohol 70% မှ80% ပါဝင်ပါတယ်။
အများအားဖြင့်အရက်ချက်သူတွေဟာ ပထမဦးဆုံးကျလာတဲ့Head မြန်မာတွေခေါ်တဲ့ ဦးရည် အချို့ကိုမသုံးဘဲနောက်ချက်မဲ့ စိမ်ရည်ထဲပြန်ထည့်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့မက်သနောပါဝင်မူ့ရှိပြီး အနံဆိုးလို့ဖြစ်ပါတယ်။ ထိုအတူပေါင်းခံပြီးနောက်ဆုံးပိုင်းမှကျလာတဲ့ Tail နှောင်းရည်ကိုလည်းမသုံးဘဲ နောက်ချက်မဲ့စိမ်ရည်ထဲပြန်ထည့်လိုက်တယ် ။ Head နဲ့Tail ကြားထဲက Heartကိုပဲ သုံးကြပါတယ်။ Alcohol ဟာကျကျချင်းအရောင်မရှိပါ (မြန်မာတောအရက်ကတော့ချွင်းချက်ပေါ့)။

✍️Behind The Senses Of Beverages

Coming Soon 🙂

What is alcohol? အပိုင်း (၁)
https://www.facebook.com/101540952078576/posts/108889854677019/

Address

41 Ward North Dagon Township
Yangon

Telephone

+959782067764

Website

Alerts

Be the first to know and let us send you an email when Tin Tin's Food and Wine online အကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tin Tin's Food and Wine online အကျိုးဆောင်:

Share