CM Trip Buddy

CM Trip Buddy "Chiang Mai Awaits. Your Buddy is Ready."

13/08/2026

💦 Sticky Waterfall (Bua Tong Waterfall)

📍 Chiang Mai ရဲ့ နာမည်ကြီး ရေတံခွန်တစ်ခု

✨ ဘာတွေထူးခြားလဲ?

✅ ကျောက်သားတွေက grip ကောင်းလို့ ရေစီးနေတဲ့နေရာမှာတောင် တက်လို့ရပါတယ်
✅ ရေကစားလို့ရပြီး သဘာဝအလှကို ခံစားလို့ကောင်းပါတယ်
✅ ဓာတ်ပုံ / Video ရိုက်ဖို့လည်း အရမ်းလှတဲ့နေရာ 📸🌿

🚗 CM Trip Buddy Service

✅ Self-drive Car Rental
✅ Driver Service
✅ Trip Plan
✅ Customized Trip

📩 Chiang Mai Trip အတွက် ကားနဲ့ Driver လိုအပ်တာပဲဖြစ်ဖြစ်၊ Trip Plan စီစဉ်ချင်တာပဲဖြစ်ဖြစ် Page Chat Box ကနေ အချိန်မရွေး မေးမြန်းနိုင်ပါတယ် ✨
waterfall ゚viralシ

Mon Jam ကို သွားဖို့ ဘယ်လိုသွားရမလဲ? 🚗🌿Mon Jam ကို ကိုယ်ပိုင်ကားနဲ့သွားလည်းရသလို Grab or Taxi ငှားပြီးလည်း သွားလို့ရပါတယ...
09/08/2026

Mon Jam ကို သွားဖို့ ဘယ်လိုသွားရမလဲ? 🚗🌿

Mon Jam ကို ကိုယ်ပိုင်ကားနဲ့သွားလည်းရသလို Grab or Taxi ငှားပြီးလည်း သွားလို့ရပါတယ်။
ဒါပေမယ့် အပြန်ကားငှားရတာ မလွယ်တာမျိုး ကြုံရနိုင်တဲ့အတွက် ခရီးစဉ်မစခင်ကတည်းက ကြိုစီစဉ်ထားတာ ပိုအဆင်ပြေပါတယ်။

အေးအေးဆေးဆေး ခရီးထွက်ချင်တယ်၊ ကားမောင်းရတာ မပင်ပန်းချင်ဘူးဆိုရင်တော့ ကားအငှားဝန်ဆောင်မှု ကို အသုံးပြုတာက အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။

🚗 Self-drive နဲ့ ကိုယ်တိုင်မောင်းလို့ရသလို
🚐 Driver ပါတဲ့ကား ကိုလည်း ငှားလို့ရပါတယ်။

ကိုယ်သွားချင်တဲ့ နေရာတွေကို စိတ်ကြိုက်ရွေးပြီး လိုက်ပို့ခိုင်းလို့ရသလို၊ ဘယ်သွားမယိ စဉ်းစားထားတာမရှိတဲ့သူတွေအတွက် Trip Plan လည်းစီစဉ်ပေးပါတယ်။

ရွေးချယ်နိုင်တဲ့ကားအမျိုးအစားအနေနဲ့
✅ ၄ ယောက်စီး
✅ ၅ ယောက်စီး
✅ ၇ ယောက်စီး ဆိုပြီး အစားစားရှိပါသေးတယ်။

ခရီးထွက်တာက လှပတဲ့နေရာတွေရောက်ဖို့တင် မဟုတ်ဘဲ စိတ်အေးလက်အေး၊ သက်တောင့်သက်သာနဲ့ သွားလာနိုင်ဖို့လည်း အရေးကြီးပါတယ်။

အသေးစိတ်သိချင်တာ၊ ဈေးနှုန်းမေးချင်တာ၊ Trip Plan စီစဉ်ချင်တာရှိရင် Page Chat Box ကနေ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ✨

08/08/2026

ဘာလို့ ခရီးထွက်မယ်ဆိုရင် ရာသီဥတုကို အရင်ကြည့်သင့်တာလဲ? 🌧️

ဒီနေ့ Mon Jam ခရီးက အဲ့ဒီအဖြေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့နေ့ပါ။

အသွားတုန်းကတော့ ရာသီဥတုက အဆင်ပြေနေပြီး မိုးလည်းမရွာသေးပါဘူး။ အေးအေးချမ်းချမ်းနဲ့ လည်ပတ်လို့ကောင်းတယ်လို့တောင် ထင်ခဲ့တာပါ။ ဒါပေမယ့် အပြန်နေ့လည်စာဝင်စားနေတုန်းမှာ တောင်ပေါ်ဘက်မှာ ရွာနေတဲ့မိုးရေတွေက ရုတ်တရက် တောင်ကျရေ အဖြစ်ဆင်းလာခဲ့ပါတယ်။

ကိုယ်ရှိနေတဲ့နေရာမှာ မိုးမရွာဘူးဆိုတိုင်း စိတ်ချလို့မရပါဘူး။ တောင်ပေါ်တစ်နေရာရာမှာ မိုးသည်းသည်းရွာနေရင် အဲ့ဒီရေတွေက အချိန်တိုအတွင်း အောက်ဘက်ကို စီးဆင်းလာနိုင်ပါတယ်။ ရေက တဖြည်းဖြည်းတက်လာတာမျိုးမဟုတ်ဘဲ ခဏလေးအတွင်း အရှိန်နဲ့တက်လာတာဖြစ်လို့
ကျွန်တော်တို့လည်း ချက်ချင်းပြန်ထွက်လာခဲ့ရပါတယ် ။

ဒါ့ကြောင့် တောင်ပေါ်ခရီး၊ ရေတံခွန်၊ ချောင်း၊ မြစ်နားတွေကို သွားမယ်ဆိုရင် ကိုယ်ရောက်တဲ့နေရာရဲ့ ရာသီဥတုတင်မဟုတ်ဘဲ အနီးပတ်ဝန်းကျင်တောင်တန်းဒေသတွေရဲ့ မိုးအခြေအနေကိုပါ ကြိုစစ်ထားသင့်တယ် ဆိုတာပါ။

သဘာဝက အရမ်းလှပပေမယ့် တစ်ခါတလေ အခြေအနေက မမျှော်လင့်ထားတဲ့အတိုင်း ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပုံကောင်းတွေ၊ View ကောင်းတွေထက် ကိုယ့်ရဲ့လုံခြုံရေးကို အမြဲဦးစားပေးကြပါနော်။ 💚

နောက်ရက်တွေမှာတော့ ဒီနေ့ Mon Jam ခရီးမှာ သွားခဲ့တာတွေနဲ့ပတ်သတ်တဲ့ Attractions တွေနဲ့ Travel Tips လေးတွေကိုမျှဝေပေးသွားပါမယ်။ 🍃📍

06/08/2026

Chiang Mai မှာ ကော်ဖီဆိုင်တွေပဲ သွားနေတုန်းပဲလား? ☕️🚫

Chiang Mai ရဲ့ တတိယမြောက် အမြင့်ဆုံး တောင်ကြီးအောက်မှာ လျှို့ဝှက်ထားတဲ့ Chiang Dao Cave ⛰️
ဒေသခံ အဘိုးအဘွားတွေရဲ့ လမ်းပြမှုနဲ့အတူ ဂူအနက်ကြီးထဲ စွန့်စားခဲ့တဲ့ Vlog!

📍 Chiang Dao, Chiang Mai 🇹🇭

23/07/2026

Travel is not an escape. It’s a way back to yourself. ✨

တစ်ခါတလေ…
ဘဝမှာ လိုအပ်တာက အဖြေတစ်ခု မဟုတ်ဘူး။ ခရီးတစ်ခေါက်ပဲ ဖြစ်နိုင်တယ်။

နေ့စဉ် အလုပ်တွေ၊ တာဝန်တွေ၊ စိတ်ဖိစီးမှုတွေကြားမှာ ကိုယ့်ကိုယ်ကို မေ့သွားတတ်ကြတယ်။

ဒါပေမယ့် တောင်တန်းတွေရဲ့ လေပြေ၊ ပင်လယ်လှိုင်းသံနဲ့ နေဝင်ချိန်ရဲ့ အလှတရားတွေက ပင်ပန်းနေတဲ့ စိတ်ကို တဖြည်းဖြည်း ပြန်လည်အားဖြည့်ပေးတတ်ပါတယ်။

ခရီးဆိုတာ နေရာအသစ်ကို သွားတာထက် ပိုပါတယ်။ ကိုယ့်ကိုယ်ကို ပြန်တွေ့ဖို့၊ ချစ်ရသူတွေနဲ့ အမှတ်တရအသစ်တွေ ဖန်တီးဖို့၊ ဘဝကို ခဏရပ်ပြီး အသက်ရှူဖို့ ဖြစ်ပါတယ်။

တစ်နေ့မှာ သင်မှတ်မိနေမယ့်အရာက သင်ဘယ်လောက် အလုပ်လုပ်ခဲ့လဲဆိုတာ မဟုတ်ဘူး။ သင် ဘယ်လောက်ပျော်ရွှင်ခဲ့လဲဆိုတာပဲ ဖြစ်လိမ့်မယ်။ ❤️



20/07/2026
20/07/2026

ထိုင်းမြောက်ပိုင်း ချင်းမိုင်-ချင်းရိုင်းသွားရင် လမ်းကြုံဝင်ပြီး ရေပူစမ်းပြုတ်ကြက်ဥ မဖြစ်မနေ ဝယ်စားရမယ့် Thaweesin Hot Spring ♨️🥚

ရေပူစမ်းမှာ ခြေထောက်ရေစိမ်ပေးခြင်း ( Hot Spring Bathing) ကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အားသာချက်တွေကတော့ အများကြီးရှိပါတယ်ခင်ဗျာ။

🩸 သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း

ရေနွေးရဲ့ အပူရှိန်ကြောင့် သွေးကြောတွေကို ပွင့်စေပြီး တစ်ကိုယ်လုံးမှာရှိတဲ့ သွေးလည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။
ဆဲလ်တွေဆီကို အောက်ဆီဂျင် ပိုမိုရောက်ရှိစေလို့ လူကို ချက်ချင်း လန်းဆန်းသွားစေပါတယ်။

🧘‍♂️ စိတ်ဖိစီးမှု လျော့ကျပြီး အိပ်ပျော်ရလွယ်ကူစေခြင်း

ရေပူစမ်းမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေနဲ့ ရေနွေးအပူရှိန်က တင်းကျပ်နေတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဖြေလျှော့ပေးပါတယ်။
အာရုံကြောတွေကို ငြိမ်သက်စေလို့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အများကြီး အထောက်အကူပြုပါတယ်။

💪 ကြွက်သားနဲ့ အဆစ်အမြစ် နာကျင်မှုကို သက်သာစေခြင်း

ရေရဲ့ ပင့်တင်အားကြောင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပြီး အဆစ်အမြစ်တွေပေါ်က ဖိအားကို လျော့ကျစေပါတယ်။
လမ်းလျှောက်၊ ခရီးသွားရလို့ ညောင်းညာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

အသားအရေကို သန့်စင်ပြီး လှပစေခြင်း

ရေပူစမ်းမှာ သဘာဝ ဆာလဖာ (Sulfur) နဲ့ စီလီကာ (Silica) ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေ ခြောက်သွေ့တာ၊ ယားယံတာတွေကို သက်သာစေပါတယ်။
ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အတွက် အသားအရေကို ပိုမိုနူးညံ့ စိုပြေစေပါတယ်။

💡 သတိပြုရန် Tip အနေနဲ့ကတော့

ရေပူစမ်း စိမ်တဲ့အခါ တစ်ခါစိမ်ရင် အချိန် ၁၅ မိနစ်ကနေ မိနစ် ၂၀ ထက် ပိုမစိမ်သင့်သလို၊ စိမ်ပြီးရင်လည်း ရေဓာတ်ပြန်ဖြည့်ဖို့ ရေများများ သောက်ပေးဖို့ လိုပါတယ်ခင်ဗျာ။

📍 Thaweesin Hot Spring
⏰ ည ၈ နာရီအထိ ဖွင့်ပါတယ်။

Address

Chiang Mai
Yagon
50100

Website

Alerts

Be the first to know and let us send you an email when CM Trip Buddy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share