Smart Choice Travel

  • Home
  • Smart Choice Travel

Smart Choice Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Choice Travel, Travel and transport, .

21/11/2025

Smart Choice Travel သည် 2023 မှစတင်၍ မည်သူတစ်ဦးတစ်ယောက်၏အကူအညီမှမပါပဲ စတင်ခဲ့သော page ဖြစိပါသည်။လုပ်ငန်းအ‌ေပါ်တွင် လိုက်လံတိုက်ခိုက်နေသော လူများရှိနေပါ၍ လိုင်းပေါ်တွင် သွားပုပ်လေလွင့်လိုက်လံ၍ social media accounts များတွင်မဟုတ်တန်းတရားများ‌ေပြာဆိုပြီး လိုက်လံပို့ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

🇮🇳အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်ကြမည့် ဘုရားဖူးသူတော်စင်များအတွက် အေးမြသောဆောင်းရာသီနှစ်သစ်ကူးအထူးအစီစဥ်အ...
20/11/2025

🇮🇳အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်ကြမည့် ဘုရားဖူးသူတော်စင်များအတွက် အေးမြသောဆောင်းရာသီနှစ်သစ်ကူးအထူးအစီစဥ်အနေဖြင့် ဘုရားအစုံ၊နေရာအစုံ၊ဒေသအစုံရောက်ရှိဖူး‌ေမြှာ်နိုင်ရန်စီစဥ်ထားပါသည်။❄️❄️⛄⛄

📌ဗုဒ္ဓဂယာဘုရားဖူးခရီးစဥ်လေးတွေကတော့

🪷( ၄ ) ညအိပ် - ( ၅ ) ရက်ခရီးစဥ် { 𝐔𝐒𝐃 $600 }

-ဗုဒ္ဓဂယာ - ဗာရာဏသီ - နာလန္ဒာ - ရာဇဂြိုလ်

🪷( ၇ ) ညအိပ် - ( ၈ ) ရက်ခရီးစဥ် { 𝐔𝐒𝐃 $800 }

-ဗုဒ္ဓဂယာ - ဗာရာဏသီ - သာဝတ္ထိ - လုမ္ဗိနီ - ကုသိနာရုံ - နာလန္ဒာ - ရာဇဂြိုလ်

🪷(၁၁) ညအိပ် - (၁၂)ရက်ခရီးစဉ် { 𝐔𝐒𝐃 $850 }

-ဗုဒ္ဓဂယာ - ဗာရာဏသီ - သာဝတ္ထိ - လုမ္ဗိနီ - ကုသိနာရုံ - နာလန္ဒာ - ရာဇဂြိုလ် - ကလကတ္တား
(Shopping) ခရီးစဉ်များ

🪷( ၁၄ ) ညအိပ် - ( ၁၅ ) ရက်ခရီးစဥ် { 𝐔𝐒𝐃 $1000 }

- ဗုဒ္ဓဂယာ - ဗာရာဏသီ - သင်္ကဿနဂိုရ် - နယူးဒေလီ - သာဝတ္တိ - လုမ္ဗိနီ - ကုသိနာရုံ - ဝေသာလီ - နာလန္ဒာ - ရာဇဂြိုလ်

📌 ခရီးစဉ်တခုလျှင် လူဦးရေ အများကြီးမရှိပဲ သီးသန့်သာ ကားတစ်စီး ထွက်ပါမည်။

🏨🏨ဟိုတယ်ခရီးစဉ်များလည်းစီစဉ်ပေးပါတယ်။

- လေယာဉ်လက်မှတ် (30kg+7 kg)
- သက်တောင့်သက်သာရှိသောကား များဖြင့်သာပို့ဆောင်ခြင်း။
- အစားအသောက်နဲ့ ကျန်းမားရေးအတွက် ဆေးဝါးများ ထောက်ပံ့ပေးထားခြင်း များပါဝင်ပါသည်။

🪷‘’ Smart Choice Travel‘’ ခရီးသွားဝန်ဆောင်မှုအဖွဲ့မှ ခရီးသွား ဓမ္မမိတ်ဆွေများအတွက် စိတ်အေးချမ်းသာယာစွာဖြင့် ဘုရားဖူးနိုင်‌ေစရန် အဓိက တာဝန်ယူဆောင်ရွက်ပေးထားပါတယ်ရှင့်။

အသေးစိတ် သိရှိလိုပါက_

📱 09 - 780803224 (call/viber/whatsapp)

📩 [email protected]

#ဂယာ
#ဘုရားဖူး

🎁ဒီ့ထက်တန်တာတောင် ဒီလောက်မတန်ဘူး 💃🕺❄️🏔️ အရမ်းလှတဲ့ အိန္ဒိယ မြောက်ပိုင်းက ကက်ရှ်မီးယားရေခဲတောင်ဒေသကို လေ့လာဖို့ အချိန်တန်...
20/11/2025

🎁ဒီ့ထက်တန်တာတောင် ဒီလောက်မတန်ဘူး 💃🕺

❄️🏔️ အရမ်းလှတဲ့ အိန္ဒိယ မြောက်ပိုင်းက ကက်ရှ်မီးယားရေခဲတောင်ဒေသကို လေ့လာဖို့ အချိန်တန်ပါပြီ! 🇮🇳💙

ဒီအချိန်ဆိုရင် ရေခဲနှင်းတွေနဲ့ အလှဆုံး ဖြစ်နေချိန်မို့ Ski စီးရင်း နှင်းမှုန်တွေနဲ့ ဆော့ကစားဖို့ အလှဆံုးအချိန်ပါနော် ⛷️❄️🌲

လှပတဲ့ တောင်တန်းတွေအတွင်းမှာ ရေခဲနှင်း‌ေတွ နဲ့အတူ ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ်နော် 📸💞

📍 Delhi မြို့တော်မှာတော့ India Gate နဲ့ Parliament Housesတွေ ၊Argra မှာ ကမ္ဘာကျော် Taj Mahal၊ Argra Fort တို့မှာ လည်ပတ်ရင်း ဓာတ်ပုံအမှတ်တရတွေ ရိုက်ကြမယ် 🌹

📍ထို့အပြင် Dal ရေကန်ကြီးပေါ်က အဆင့်မြင့် လှေအိမ်ကြီးမှာ ညအိပ်နိုင်မဲ့ အတွေ့အကြုံ🛶💫

📍Sonamarg နဲ့ Gulmarg မှာလည်း အဆင့်မြင့် 4 stars အဆင့်ရှိ Hotels ကြီးများမှာ ညအိပ်တည်းခိုနိုင်မှာ ဖြစ်ပါတယ်။

🚗 တောင်တန်းဒေသနာမည်ကြီး‌ေနရာများလည်း ဝင်လည်မယ် — ဈေးသင့်တဲ့ ခရီးစဉ်လည်းဖြစ်တာမို့ လက်မလွတ်စေနဲ့နော် 💯💙

🌟 December to February လအတွင်း 5 ညအိပ် 6 ရက်ခရီးစဉ်
💵 ဈေးနှုန်း – 1250 USD

✈️ Smart Choice Travel 🌸
သင့်အတွက် အမှတ်တရ ခရီးစဉ်ကို အမြဲပေးနေပါတယ် 💕

09-780803224 ( viber/ whatsapp)

ဒီလိုအချိန်မျိုးက နှင်းတွေပြည့်နေပြီး အေးမြတဲ့ ရှုခင်းလှလှတွေကြား ဈေးအသက်သာဆုံးနဲ့ သွားလည်ဖို့ အကောင်းဆုံးအချိန်ပါရှင်။ ...
08/11/2025

ဒီလိုအချိန်မျိုးက နှင်းတွေပြည့်နေပြီး အေးမြတဲ့ ရှုခင်းလှလှတွေကြား ဈေးအသက်သာဆုံးနဲ့ သွားလည်ဖို့ အကောင်းဆုံးအချိန်ပါရှင်။

အာရှခရီးသွားတိုင်း စိတ်လှုပ်ရှားဖွယ် ခံစားကြသည့် အိန္ဒိယမြောက်ပိုင်း🇮🇳 ကက်ရှ်မီးယားနယ် ကို မင်မင် နဲ့အတူ သွားလည်ကြရအောင်...

နှင်းတောင်ပေါ်တွေမှာ Ski စီးချင်သူတွေ၊ Snow bike စီးချင်သူတွေ၊ နှင်းတောင်ပေါ်မှာ ဓါတ်ပုံလှလှတွေ ရိုက်ချင်သူတွေအတွက်တော့ ဒီခရီးစဉ်က အသင့်တော်ဆုံးရွေးချယ်မှုပါ။
ဈေးနှုန်းကလည်း အသက်သာဆုံးဖြစ်ပြီး၊ ရေခဲတောင်အလှတွေကို အနီးကပ်ခံစားနိုင်တဲ့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့‌ေနာ်။

🏔️ 2025 နှောင်းပိုင်းနဲ့ 2026 ပထမပိုင်းအထိ ခရီးစဉ်အသစ်တွေ စတင်လို့ ရှိပါပြီရှင့် —
မိမိအကြိုက်ဆုံး အိန္ဒိယခရီးစဉ်ကို ရွေးချယ်ပြီး သွားလာနိုင်ပါပြီ။

---
💛 Package (1)

ကက်ရှ်မီးယား + ပန်းရောင်မြို့တော် + တာ့ဂျ်မဟာ
(၇ ည / ၈ ရက်) — 1,550 USD

💛 Package (2)

ကက်ရှ်မီးယား သီးသန့်ခရီးစဉ်
(၅ ည / ၆ ရက်) — 1,250 USD

Private Tour
Group Tour
Family Tour
Company Tour များစီစဉ်ပေးပါသည်။

09_780803224 ( viber)


🪷 7 Nights / 8 Days BUDDHA GAYA PILGRIMAGE TOUR 🪷🙏 ဗုဒ္ဓဘာသာအမွေအနှစ်များကို ကိုယ်တိုင်သွားရောက်ဖူးမြင်လိုသူများအတွက် အထ...
06/11/2025

🪷 7 Nights / 8 Days BUDDHA GAYA PILGRIMAGE TOUR 🪷

🙏 ဗုဒ္ဓဘာသာအမွေအနှစ်များကို ကိုယ်တိုင်သွားရောက်ဖူးမြင်လိုသူများအတွက် အထူးသီးသန့် ခရီးစဉ်ပါ!

🛕 သွားရောက်မည့်နေရာများ
✨ ဗုဒ္ဓဂါယာ – မဟာဗောဓိစေတီ၊ သတ္တာဌာန (၇)ဌာန၊ သုဇာတာအိမ်စေတီ
✨ ဗာရာဏသီ – ဂင်္ဂါမြစ်၊ မိဂဒါဝုန်၊ သီရိလင်္ကာဓာတ်တော်တိုက်
✨ သာဝတ္ထိ – ဇေတဝန်ကျောင်း၊ အင်္ဂုလိမာလစေတီ
✨ နီပေါ – မယ်တော်မာယာအုတ်ကျောင်း၊ ကပ္ပိလဝတ်နန်းတော်
✨ ကုသိနာရုံ – ပရိနိဗ္ဗာန်စံတော်မူရာနေရာ
✨ ဝေသာလီ – ကေစရိယစေတီ၊ အာနန္ဒာစေတီ
✨ နာလန္ဒာတက္ကသိုလ် – Black Buddha
✨ ရာဇဂြိုဟ် – ဗိမ္ဗိသာရအကျဉ်းထောင်၊ ရတနာဂီရိတောင်

Package Includes
✔ လေယာဉ်လက်မှတ် (30kg+ 7kg)
✔ Visa Fees
✔ ဘုန်းကြီးကျောင်း/ ဟိုတယ် Accommodation
✔ နံနက်၊ နေ့လည်၊ ညစာ
✔ Transport, Entrance Fees
✔️tour guide ဝန်ဆောင်မှု

📌3 Nights/4 Days ၊ 5N/ 6D အစရှိသဖြင့် သွား လိုသည့်ရက်နှင့် သွားလိုသည့်နေရာများကို စိတ်တိုင်းကြစီစဉ်ပေးပါသည်။

📌ခရီးစဉ်များကို နှစ်ဦးမှစ၍ သွားရောက်လိုပါက စီစဉ်ပေးပါသည်။
tour
tour
trip
tour များကိုလည်း စိတ်တိုင်းကျ စီစဉ်ပေးပါတယ်။

📞 09 780803224 (call/viber/ whatsapp)
✈️ Smart Choice Travel – Your Best Companion for Pilgrimage & Peace

#ဗုဒ္ဓဂယာခရီးစဉ်

🇸🇬✈️ 𝟓 𝐒𝐭𝐚𝐫 𝐀𝐢𝐫𝐥𝐢𝐧𝐞 နဲ့ သွားမယ့် ဒီဇင်ဘာရဲ့ အမိုက်စား စင်္ကာပူ ခရီးစဉ်𝟓 𝐒𝐭𝐚𝐫 𝐀𝐢𝐫𝐥𝐢𝐧𝐞  ဖြစ်တဲ့ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐀𝐢𝐫𝐥𝐢𝐧𝐞 နဲ့ သွား...
06/11/2025

🇸🇬✈️ 𝟓 𝐒𝐭𝐚𝐫 𝐀𝐢𝐫𝐥𝐢𝐧𝐞 နဲ့ သွားမယ့် ဒီဇင်ဘာရဲ့ အမိုက်စား စင်္ကာပူ ခရီးစဉ်

𝟓 𝐒𝐭𝐚𝐫 𝐀𝐢𝐫𝐥𝐢𝐧𝐞 ဖြစ်တဲ့ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐀𝐢𝐫𝐥𝐢𝐧𝐞 နဲ့ သွားကြမယ်။

ဒီဇင်ဘာလရဲ့အေးမြတဲ့ အငွေ့အသက်တွေ၊ ပွဲတော်တွေနဲ့ အရမ်းမိုက်နေမယ့် အထူးအစီအစဉ်တွေနဲ့အတူ ဧည့်သည်တော်တို့ မမေ့နိုင်မယ့် အမိုက်စား ခရီးစဉ်ကြီး ကို စီစဉ်ပေးလိုက်ပါပြီရှင့်။

🗓️ 𝐓𝐫𝐚𝐯𝐞𝐥 𝐃𝐚𝐭𝐞 : 𝟏𝟗 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 - 𝟐𝟐 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟓

၃ ည အိပ် ၄ ရက်ခရီးစဉ်

🇸🇬 ခရီးစဉ်လေးမှာဆိုရင်တော့
𝟓 𝐒𝐭𝐚𝐫 𝐀𝐥𝐢𝐧𝐞 ဖြစ်တဲ့ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐀𝐢𝐫𝐥𝐢𝐧𝐞 နဲ့ သက်တောင့်သက်သာသွားကြမယ်။
🦁 ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ ရမယ့် 𝐌𝐚𝐫𝐢𝐧𝐚 𝐁𝐚𝐲 နှင့် 𝐌𝐞𝐫𝐥𝐢𝐨𝐧 ။
🎢 ကမ္ဘာလှည့်ခရီးသွားတွေအကြား အထင်ကရဆွဲဆောင်မှုတစ်ခုတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐨𝐬 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 ။
🧙‍♂️မှော်ကမ္ဘာထဲကို တကယ် ရောက်သွားသလို ခံစားရစေမယ့် 𝐇𝐚𝐫𝐫𝐲 𝐏𝐨𝐭𝐭𝐞𝐫 ။
🐠 ကမ္ဘာ့အကြီးဆုံး ငါးပြတိုက်တွေထဲက တစ်ခုဖြစ်တဲ့ 𝐒.𝐄.𝐀. 𝐀𝐪𝐮𝐚𝐫𝐢𝐮𝐦 မှာ ပင်လယ်ရေအောက်ကမ္ဘာရဲ့ အံ့သြဖွယ်အလှတွေကို လေ့လာကြမယ်။
🎇 ရေ၊ မီး၊ လေဆာနဲ့ 𝟑𝐃 𝐩𝐫𝐨𝐣𝐞𝐜𝐭𝐢𝐨𝐧 တွေပေါင်းစပ်ထားတဲ့ ခမ်းနားတဲ့ ညပိုင်းရှိုးတစ်ခုဖြစ်တဲ့ 𝐒𝐞𝐧𝐭𝐨𝐬𝐚 ကျွန်း ရှိ 𝐖𝐢𝐧𝐠𝐬 𝐨𝐟 𝐓𝐢𝐦𝐞 ။
🌳 အပူပိုင်းဒေသနဲ့ သမပိုင်းဒေသက ပန်းပေါင်းစုံကို တွေ့မြင်နိုင်မယ့် 𝐅𝐥𝐨𝐰𝐞𝐫 𝐃𝐨𝐦𝐞 တို့လို လှပတဲ့ မှန်အိမ်ကြီး တွေထဲမှာ ဓာတ်ပုံရိုက်ရင်း လည်ပတ်နိုင်မယ့် 𝐆𝐚𝐫𝐝𝐞𝐧𝐬 𝐛𝐲 𝐭𝐡𝐞 𝐁𝐚𝐲 & 𝐒𝐮𝐩𝐞𝐫𝐭𝐫𝐞𝐞𝐬 ။
🏙️စင်္ကာပူခရီးစဉ်မှာ မဖြစ်မနေသွားသင့်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားတဲ့ 𝐌𝐚𝐫𝐢𝐧𝐚 𝐁𝐚𝐲 𝐒𝐚𝐧𝐝𝐬 𝐒𝐤𝐲𝐩𝐚𝐫𝐤 ကိုလည်း သွားရောက်ခံစားနိုင်မှာပါ။

ဝန်ဆောင်မှုတွေကတော့…
✔️ 𝐘𝐚𝐧𝐠𝐨𝐧 - 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 - 𝐘𝐚𝐧𝐠𝐨𝐧 လေယာဥ်လက်မှတ်
✔️ 𝟑 𝐒𝐭𝐚𝐫𝐬 𝐇𝐨𝐭𝐞𝐥 မှာ ၃ ညတာ တည်းခိုခွင့်
✔️ လေဆိပ်ကနေ ဟိုတယ်ကိုအကြိုအပို့
✔️ ခရီးစဥ်တလျှောက် အရသာရှိရှိ သုံးဆောင်ရမယ့် မနက်စာ၊ နေ့လည်စာ၊ ညစာများ
✔️ ခရီးစဥ်တွေ အကုန်လုံးကိုလည်း သက်တောင့်သက်တာ 𝐀𝐢𝐫𝐜𝐨𝐧 𝐂𝐚𝐫 နဲ့ လည်ပတ်ကြမယ်
✔️ လည်ပတ်မယ့်နေရာများရဲ့ဝင်ကြေးများ
✔️𝐌𝐚𝐫𝐢𝐧𝐚 𝐁𝐚𝐲 𝐒𝐤𝐲𝐩𝐚𝐫𝐤 ၀င်ကြေး
✔️𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐨𝐬 ၀င်ကြေး
✔️𝐇𝐚𝐫𝐫𝐲 𝐏𝐨𝐭𝐭𝐞𝐫 ၀င်ကြေး
✔️𝐎𝐜𝐞𝐚𝐧𝐚𝐫𝐢𝐮𝐦 ၀င်ကြေး
✔️𝐖𝐢𝐧𝐠 𝐨𝐟 𝐓𝐢𝐦𝐞 ၀င်ကြေး
✔️ ချစ်ဧည့်သည်တော်တွေအတွက် ခရီးတလျှောက် ရေသန့်ဘူး၊ 𝐖𝐞𝐭 𝐓𝐢𝐬𝐬𝐮𝐞 များ
✔️ ရန်ကုန်ကနေ မခွဲအတူ လိုက်ပါမယ့် 𝐓𝐨𝐮𝐫 𝐋𝐞𝐚𝐝𝐞𝐫 အပြင်ကိုမှ
✔️ ချစ်ဧည့်သည်တော်တွေအတွက် လက်ဆောင်အစီအစဥ်လေးတွေလည်း ရှိပါသေးတယ်ရှင့်။

====================
✅ တစ်ဦးနှုန်း - 𝐔𝐒𝐃 𝟏,𝟒𝟓𝟎
✅ပထမဦးဆုံး၀ယ်ယူသူ ၁၀ ဦးအတွက်
အထူးစျေးနှုန်း: 𝐔𝐒𝐃 𝟏,𝟑𝟔𝟎 ( 𝐔𝐒𝐃 𝟗𝟎 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭)
✅ 𝐅𝐚𝐦𝐢𝐥𝐲 / 𝐆𝐫𝐨𝐮𝐩 ၃ယောက်နှင့်အထက်
တစ်ဦးနှုန်း - 𝐔𝐒𝐃 𝟏,𝟑𝟑𝟎 ( 𝐔𝐒𝐃 𝟏𝟐𝟎 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭)
====================
ဒီဇင်ဘာလမှာ စင်္ကာပူရဲ့ တကယ့် မှော်ဆန်တဲ့ အလှကို ခံစားဖို့ ဒီတစ်ခေါက်ကိုတော့ လက်လွတ်မခံပါနဲ့နော်။
ဧည့်သည်တော်တို့ရဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ စွန့်စားခရီးသွားက အမြဲတမ်းအသင့်ရှိနေပါတယ်။ စင်္ကာပူရဲ့အလှအပတွေကို ကိုယ်တိုင်ကိုယ်ကျခံစားပြီး အမှတ်တရတွေ ဖန်တီးဖို့ အခုပဲ ဆက်သွယ်လိုက်ပါနော်။ 💚

📞 ဖုန်းနံပါတ်:
09 780 803224

#𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞𝐓𝐨𝐮𝐫 #𝐓𝐫𝐚𝐯𝐞𝐥𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 #𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭𝐇𝐨𝐥𝐢𝐝𝐚𝐲 #𝐓𝐫𝐚𝐯𝐞𝐥𝐏𝐚𝐜𝐤𝐚𝐠𝐞 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐓𝐫𝐚𝐯𝐞𝐥

တရုတ်ပြည် 🇨🇳 ရဲ့ နာမည်ကျော်မြို့ကြီး (၃) ခုဖြစ်တဲ့ ပေကျင်း၊ ရှန်ဟိုင်းနဲ့ ချုံချင်းတို့ရဲ့ အံ့မခန်းဖွယ်အလှတွေကို ၆ ညအိပ်...
04/11/2025

တရုတ်ပြည် 🇨🇳 ရဲ့ နာမည်ကျော်မြို့ကြီး (၃) ခုဖြစ်တဲ့ ပေကျင်း၊ ရှန်ဟိုင်းနဲ့ ချုံချင်းတို့ရဲ့ အံ့မခန်းဖွယ်အလှတွေကို ၆ ညအိပ် ၇ ရက်ကြာ အိပ်မက်ဆန်ဆန် ခရီးနှင်ဖို့ အသင့်ဖြစ်နေပြီလား? 🇨🇳 မယုံနိုင်စရာကောင်းတဲ့ မြန်မာငွေ ၂၈ သိန်းတည်းနဲ့ စီစဥ်ထားတဲ့ ဒီခရီးစဉ်က သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးပါလိမ့်မယ်👍💯

👉ဒီအံ့မခန်းခရီးစဉ်မှာ
* ခေတ်သစ်တရုတ်ပြည်ရဲ့ မျက်နှာစာ ပေကျင်းမြို့ရှိ Great Wall မဟာတံတိုင်းကြီးနဲ့ ထျန်းမန်ရင်ပြင်
* ရှန်ဟိုင်းရဲ့ မြင့်မားတဲ့ 🌇မိုးမျှော်တိုက်ကြီးများ
* ဟော့ပေါ့မြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့ချုံချင်းရဲ့ ထူးခြားတဲ့ မြင်ကွင်း၊တရုတ်ရိုးရာဝတ်စုံလေးဝတ်၊ရှောင်ကောကောနဲ့motor bike 🏍️ ဆိုင်ကယ်လေးစီးပြီး trend တွေကို join လို့ရတဲ့အတွက် travel mood ကို အပြည့်အဝ ခံစားရပါလိမ့်မယ်နော်😁👌
28သိန်းတန် Package ထဲပါဝင်တာကတော့
* ✅ တရုတ်ဗီဇာ (သံရုံးသွင်းခ အပါအဝင်)
* 🏨 ၆ ညတာ ဟိုတယ်တည်းခိုခ
* 🚆 ခရီးစဉ်တစ်လျှောက်လုံး ရထားလက်မှတ်ခများ
* ✈️ ချုံချင်းမှ ရှန်ဟိုင်းသို့ domestic flight လက်မှတ်
* 🚄 ရှန်ဟိုင်းမှ ပေကျင်းသို့ အမြန်ရထား (Bullet Train) လက်မှတ်👍💯

✈️ခရီးစဉ်တစ်လျှောက်လုံး စိတ်အေးချမ်းသာစွာ ခံစားနိုင်ဖို့ တရုတ်ပြည် လေဆိပ်ကို ရောက်တာနဲ့ 🙋ခိုင်ကိုယ်တိုင် လာစောင့်ကြိုနေမှာပါနော်

✈️ နိုင်ငံတကာ အသွားအပြန် လေယာဉ်လက်မှတ်နဲ့ အစားအသောက်စရိတ်ကတော့ ဒီpackage ထဲမပါပါဘူးရှင့်

ခရီးစဉ်ထွက်မယ့်ရက်များကတော့
* 🗓️ 2.3.2026 မှ 8.3.2026
* 🗓️ 9.3.2026 မှ 15.3.2026

💥ဒီလို မယုံကြည်နိုင်စရာကောင်းတဲ့ အခွင့်အရေးကို လက်လွတ်မခံချင်ဘူးဆိုရင်တော့ နေရာဦးဖို့ အခုပဲ 🤙ဆက်သွယ်လိုက်ပါ👍👍

✨ခရီးစဉ်အသေးစိတ်ကိုတော့ page messenger or Viber 09_780803224
ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်👍💯

Address


Website

Alerts

Be the first to know and let us send you an email when Smart Choice Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Transport Service?

Share