11/07/2026
၂၀၂၆ ဇူလိုင်လ(၆)ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ကုန်ပစ္စည်းတင်ပို့/တင်သွင်းခြင်းဆိုင်ရာ အသိပေးချက် (အမိန့်ကြော်ငြာစာ ၁၁၅/၂၀၂၆)
ကုန်ပစ္စည်းများ တင်ပို့/တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် အမိန့်ဟောင်းများ ပယ်ဖျက်ခြင်းဆိုင်ရာ အသိပေးချက်ကို အောက်ပါအတိုင်း အသိပေးအပ်ပါသည်။
၁။ အမိန့်ဟောင်းများ ပယ်ဖျက်ခြင်းနှင့် အကျိုးသက်ရောက်မှု
အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ ထုတ်ပြန်ခြင်းဖြင့် ယခင်ထုတ်ပြန်ခဲ့သော အောက်ပါအမိန့်များကို ဇူလိုင်လ ၆ ရက်၊ ၂၀၂၆ ခုနှစ် မှစ၍ ပယ်ဖျက်ပြီး အစားထိုးလိုက်ပြီဖြစ်ပါသည်။
အမိန့်ကြော်ငြာစာအမှတ် ၆/၂၀၁၇
အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၂၃
အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၅
အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၆
သတိပြုရန် - ယခင်အမိန့်ဟောင်းများပါ ပြဋ္ဌာန်းချက်များမှာ တရားဝင်အသက်မဝင်တော့သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အမိန့်အသစ်ပါ လုပ်ထုံးလုပ်နည်းများအတိုင်းသာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
၂။ အခြေခံစည်းကမ်းချက်များ
၁။ ပိတ်ပင်တားမြစ်ထားသော ကုန်ပစ္စည်းများအား လုံးဝတင်ပို့/တင်သွင်းခွင့်မပြုပါ။
၂။ ကန့်သတ်ကုန်ပစ္စည်းများကို လိုင်စင်/ပါမစ် ရယူပြီးမှသာ လုပ်ဆောင်ရပါမည်။
၃။ ကုန်ပစ္စည်းတိုင်းတွင် အမှတ်တံဆိပ် (Label) နှင့် ပင်ရင်းနိုင်ငံ (Origin) တိကျစွာ ဖော်ပြပါရှိရမည်။
၄။ တင်သွင်းသောကုန်ပစ္စည်းများသည် လိုင်စင်/ပါမစ်ပါ အချက်အလက်များနှင့် ကိုက်ညီရပါမည်။
၃။ ပို့ကုန်ဆိုင်ရာ ဒဏ်ကြေးနှုန်းထားများ(၉)ချက်
၁။ ပင်ရင်းနိုင်ငံကွဲလွဲခြင်း (အခြားနိုင်ငံမှ ထုတ်လုပ်သော အထွေထွေကုန်ပစ္စည်းများအား ပင်ရင်းနိုင်ငံပြင်ဆင်၍ ပြန်လည်တင်ပို့ခြင်း) - 1/48 AV - ဒဏ်တပ်ရိုက်၍ ပစ္စည်းအမှန်ဖြင့် ပြန်လည်တင်ပို့ခွင့်ပြုရန်
၂။ ပင်ရင်းနိုင်ငံကွဲလွဲခြင်း (CMP ပစ္စည်းများတွင် Made in Myanmar အစား အခြားနိုင်ငံဖော်ပြခြင်း) - 1/360 AV - ဒဏ်တပ်ရိုက်၍ ပြန်လည်ပြင်ဆင်ပြီး တင်ပို့ခွင့်ပြုရန်
၃။ အရည်အသွေးကွဲလွဲခြင်း - 1/180 AV - ဒဏ်တပ်ရိုက်၍ သက်ဆိုင်ရာဌာန၏ အရည်အသွေးစစ်ဆေးချက်၊ ထောက်ခံချက်များဖြင့် ပြန်လည်ပြင်ဆင်ပြီး ကိုက်ညီမှန်ကန်မှသာ တင်ပို့ခွင့်ပြုရန်
၄။ Measurement ကွဲလွဲခြင်း - 1/180 AV - ကိုက်ညီမှုမရှိသည့် ပစ္စည်းများအား ဒဏ်တပ်ရိုက်၍ ကိုက်ညီမှန်ကန်အောင် ပြုလုပ်ပြီးမှ တင်ပို့ခွင့်ပြုရန်
၅။ အမျိုးအစားကွဲလွဲခြင်း - 1/90 AV - ဒဏ်တပ်ရိုက်၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များဖြင့် ပြန်လည်ပြင်ဆင်ပြီး ခွင့်ပြုချက်နှင့် ကိုက်ညီမှန်ကန်မှသာ တင်ပို့ခွင့်ပြုရန်
၆။ ပို့ကုန်လိုင်စင်/ပါမစ်/ထုတ်ကုန်ကြေညာလွှာ/ပူးတွဲစာရွက်စာတမ်း အချက်အလက်ကွဲလွဲခြင်း (စည်းကြပ်တန်ဖိုး ထိခိုက်နစ်နာမှုရှိသော ကွဲလွဲမှုများအတွက်) - 1/180 AV - တန်ဖိုးမြင့်ထုတ်ကုန် မဟုတ်သော ကုန်ပစ္စည်းများအား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ကြေညာ၍ တင်ပို့ခြင်း (ပို့ကုန်လိုင်စင်၊ ပို့ကုန်ပါမစ်၊ ထုတ်ကုန်ကြေညာလွှာနှင့် Invoice, Packing List စသည့် စာရွက်စာတမ်းများတွင် ဖော်ပြထားသည့် အချက်အလက်များ ကွဲလွဲခြင်း)
၇။ ပို့ကုန်လိုင်စင်/ပါမစ်/ထုတ်ကုန်ကြေညာလွှာ/ပူးတွဲစာရွက်စာတမ်း အချက်အလက်ကွဲလွဲခြင်း (စည်းကြပ်တန်ဖိုး ထိခိုက်နစ်နာမှု မရှိသော ကွဲလွဲမှုများအတွက်) - 1/360 AV - Commercial Document များတွင် ပါရှိလာသော အမှားအယွင်းများသည် စည်းကြပ်တန်ဖိုး ထိခိုက်မှုရှိ-မရှိ အပေါ် အခြေခံ၍ စဉ်းစားမည်။ အမည်၊ လိပ်စာများတွင် စာလုံးပေါင်းမှားယွင်းပါက ကင်းလွတ်ခွင့်ပြုမည်
၈။ ခွင့်ပြုချက်ထက် ကျော်လွန်၍ တင်ပို့ခြင်း - 1/90 AV - ဒဏ်တပ်ရိုက်၍ ခွင့်ပြုချက်ထက် ကျော်လွန်နေသော ကုန်ပစ္စည်းများအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ပို့ကုန်လိုင်စင် ရရှိပြီးမှ တင်ပို့ခွင့်ပြုရန်
၉။ စာရွက်စာတမ်း မပါရှိခြင်း - သိမ်းဆည်း - ပို့ကုန်လိုင်စင်၊ ပို့ကုန်ပါမစ်၊ ထုတ်ကုန်ကြေညာလွှာ ခွင့်ပြုချက်မပါရှိခြင်း၊ တင်ပို့ခြင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ မပါရှိခြင်း
၄။ သွင်းကုန် (ယာဉ်၊ ယန္တရားနှင့် အထွေထွေကုန်ပစ္စည်း) ဆိုင်ရာ ဒဏ်ကြေး (၁၆)ချက်
၁။ အမှတ်တံဆိပ်မပါရှိခြင်း - ယာဉ်/ယန္တရား (သိမ်းဆည်း)၊ အထွေထွေကုန်ပစ္စည်း (1 AV)
မှတ်ချက်။ကုန်အမှတ်တံဆိပ် သတ်မှတ်ချက်ဆိုင်ရာ အထောက်အထားများအရ စိစစ်၍ ကုန်အမှတ်တံဆိပ် သတ်မှတ်နိုင်ပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုရန်
၂။ ပင်ရင်းနိုင်ငံနှင့် ပတ်သက်သည့် အထောက်အထား မတွေ့ရှိခြင်း - ယာဉ်/ယန္တရား (သိမ်းဆည်း)၊ အထွေထွေကုန်ပစ္စည်း (1/2 AV)
မှတ်ချက်။ပင်ရင်းနိုင်ငံ သတ်မှတ်ချက်ဆိုင်ရာ အထောက်အထားများအရ စိစစ်၍ ပင်ရင်းနိုင်ငံ သတ်မှတ်နိုင်ပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုရန်
၃။ အမှတ်တံဆိပ်ဆိုင်ရာ လိုအပ်ချက်များ ပြည့်စုံမှန်ကန်မှုမရှိခြင်း - အထွေထွေကုန်ပစ္စည်း (1/180 AV)
မှတ်ချက်။ကုန်ပစ္စည်းမှန်ကန်သော်လည်း ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် အညွှန်းအမှတ်တံဆိပ် ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိမှု မရှိခြင်း။ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိမှသာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခွင့်ပြုမည်
၄။ ယာဉ်၊ ယန္တရားများ ထုတ်လုပ်သည့်ခုနှစ် ကွဲလွဲခြင်း - 1/24 AV သို့မဟုတ် 1/48 AV
မှတ်ချက်။ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ကို ဘောင်အမှတ်/Vin Code ဖြင့် သတ်မှတ်ရန်။ ထိုသို့စိစစ်၍ မရပါက ကညန၏ စိစစ်အတည်ပြုချက်အရ သတ်မှတ်ရန်။ သတ်မှတ်ခုနှစ်အောက် နိမ့်ပါက သိမ်းဆည်းရန်
၅။ သွင်းကုန်လိုင်စင်/ပါမစ်/ကြေညာလွှာနှင့် ကွဲလွဲခြင်း (Main Brand/Sub Brand) - ယာဉ်/ယန္တရား (1/2 AV), အထွေထွေ (1/4 AV)
၆။ ပူးတွဲစာရွက်စာတမ်း အချက်အလက်ကွဲလွဲခြင်း - ယာဉ်/ယန္တရား (1/90 AV), အထွေထွေ (1/360 AV)
မှတ်ချက်။စည်းကြပ်တန်ဖိုး ထိခိုက်နစ်နာမှု မရှိသော ကွဲလွဲမှုများအတွက် ဒဏ်တပ်ရိုက်ရန်။ စည်းကြပ်တန်ဖိုး ထိခိုက်နစ်နာမှု ရှိသော ကွဲလွဲမှုများအတွက် ယာဉ် (1/4 AV), အထွေထွေ (1/24 AV) ဒဏ်တပ်ရိုက်ရန်
၇။ ပင်ရင်းနိုင်ငံကွဲလွဲခြင်း - ယာဉ်/ယန္တရား (1/90 AV), အထွေထွေ (1/180 AV)
မှတ်ချက်။အမှန်တင်သွင်း ပင်ရင်းနိုင်ငံအရ ဈေးနှုန်းအတည်ပြု သတ်မှတ်စည်းကြပ်ရန်
၈။ Capacity Weight/Vehicle Weight/Measurement ကွဲလွဲခြင်း - တစ်တန်လျှင် ၅ သိန်းကျပ် သို့မဟုတ် 1/90 AV
မှတ်ချက်။အမှန်တင်သွင်း ဈေးနှုန်းဖြင့် အတည်ပြု သတ်မှတ်စည်းကြပ်ရန်
၉။ EV Battery Capacity/Motor Capacity ကွဲလွဲခြင်း - 1/90 AV
မှတ်ချက်။+/- (3) အတွင်း ကင်းလွတ်ခွင့်ပြုမည် ဖြစ်သည်
၁၀။ Type ကွဲလွဲခြင်း - ယာဉ်/ယန္တရား (1 AV), အထွေထွေ (1/90 AV)
၁၁။ စက်ပစ္စည်း/စက်အပိုပစ္စည်း Reconditioned မကိုက်ညီခြင်း
ယာဉ်/ယန္တရား (1/90 AV)
အထွေထွေ (1/180 AV)
၁၂။ Used/Reconditioned အစား Brand New တင်သွင်းခြင်း
ယာဉ်/ယန္တရား (သိမ်းဆည်း)
အထွေထွေ (1/2 AV) -
မှတ်ချက်။စီး/ကူးမှ ထုတ်ပြန်ထားသော Used machine သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်
၁၃။ Brand New အစား Used/Reconditioned တင်သွင်းခြင်း - ယာဉ်/ယန္တရား (ကင်းလွတ်), အထွေထွေ (ကင်းလွတ်)
မှတ်ချက်။အမှန်တင်သွင်းဈေးနှုန်းဖြင့် အတည်ပြု သတ်မှတ်စည်းကြပ်ရန်
၁၄။ ကုန်ပစ္စည်း ကြိုတင်ရောက်ရှိခြင်း - (1-15) ရက် (ကင်းလွတ်), (16-30) ရက် (1/48 AV), (31-40) ရက် (1/24 AV), (41-50) ရက် (1/12 AV), (51-60) ရက် (1/2 AV), (61) ရက်နှင့်အထက် (သိမ်းဆည်း)
မှတ်ချက်။CMP ပစ္စည်းများအတွက် VPA ဒဏ်ကြေး (50) ရက်အထိ ကင်းလွတ်ခွင့်ပြုရန်
၁၅။ လိုင်စင်သက်တမ်းကျော်လွန်ရောက်ရှိခြင်း - (1-7) ရက် (ကင်းလွတ်), (8-15) ရက် (1/48 AV), (16-30) ရက် (1/24 AV), (31) ရက်နှင့်အထက် (သိမ်းဆည်း)
မှတ်ချက်။သက်တမ်းတိုးခွင့်ရှိသော ကာလအတွင်း လိုင်စင်သက်တမ်းကျော်လွန်ပါက ဤဒဏ်ကြေးဖြင့် တပ်ရိုက်မည်ဖြစ်ပြီး၊ သက်တမ်းတိုးခွင့်ရှိသော ကာလထက် ကျော်လွန်ပါက သက်တမ်းတိုးခွင့်မပြုဘဲ ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းမည်ဖြစ်ပါသည်
၁၆။ လိုင်စင်/ပါမစ်/ကြေညာလွှာ မရှိဘဲ တင်သွင်းခြင်း - (ပစ္စည်းအမျိုးအစားအလိုက် 1 AV, 2 AV, 3 AV သို့မဟုတ် သိမ်းဆည်း)
မှတ်ချက်။လိုင်စင်/ပါမစ် ခွင့်ပြုချက်နှင့် တင်သွင်းသည့်ပစ္စည်းအား တိုက်ဆိုင်စစ်ဆေးရန်။
လိုင်စင်မလိုသည့် ပစ္စည်းများအတွက် အကောက်ခွန်ဦးစီးဌာနမှ သွင်းကုန်ကြေညာလွှာနှင့် တိုက်ဆိုင်စစ်ဆေးရန်။ သီးခြားညွှန်ကြားချက်ရှိသော နေရာများမှ တားဆီး/ဖမ်းဆီးမိပါက အခြားဥပဒေနှင့်အညီ အရေးယူရန်
၅။ လိုင်စင်သက်တမ်းလွန်ခြင်းအတွက် ဒဏ်ကြေး
၁ - ၁၅ ရက် : ကင်းလွတ်ခွင့်
၁၆ - ၃၀ ရက် : 1/48 AV
၃၁ - ၄၀ ရက် : 1/24 AV
၄၁ - ၅၀ ရက် : 1/12 AV
၅၁ - ၆၀ ရက် : 1/2 AV
၆၁ ရက်နှင့်အထက် : ပစ္စည်းသိမ်းဆည်းခြင်း
၆။ အရေးယူဆောင်ရွက်မှုအဆင့်ဆင့်
ဒဏ်ငွေပေးဆောင်စေခြင်း၊ ပစ္စည်းသိမ်းဆည်းခြင်းနှင့် တရားစွဲဆိုခြင်း (ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇(၁) အရ) စသည့် နည်းလမ်းများဖြင့် အရေးယူမည်ဖြစ်ပြီး ဒဏ်ကြေးတပ်ရိုက်ခံရမှုအပေါ် မကျေနပ်ပါက အယူခံတင်သွင်းခွင့်ရှိပါသည်။
(မှတ်ချက် - AV = Assessed Value / အကောက်ခွန်သတ်မှတ်တန်ဖိုး)
အသေးစိပ်ကိုအမိန့်စာတွင်ဖတ်ရူနိုင်ပါသည်။အမိန့်စာကိုနိုင်ငံတော်ပြန်တမ်းတွင်ကြေညာထားတာမတွေသည့်အတွက် Online ပေါ်မတင်ခြင်းဖြစ်ပါသည်။
#ကုန်သွယ်မှုစည်းမျဉ်း #ပို့ကုန်သွင်းကုန် #အကောက်ခွန်ဥပဒေ #လုပ်ငန်းရှင်များအတွက်
Crd