Global King - Travels & Car Rental

Global King  - Travels & Car Rental Our Tour Agency is giving the best tour services to our valuable Customers and make them satisfy with our services.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ အထွဋ်အထိပ် သမိုင်းမော်ကွန်း၀င် အာဇာနည်ကိုးဦး . . . . . . . . 1.  #ဗိုလ်ချုပ်အော...
19/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ အထွဋ်အထိပ် သမိုင်းမော်ကွန်း၀င် အာဇာနည်ကိုးဦး . . . . . . . .

1. #ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)
ကျည် ( 13 ) ချက်
အသက်(၃၂)နှစ်နဲ့ ကျဆုံးသည်

2. #ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)
ကျည် (5) ချက်
အသက် (၅၄)နှစ် နဲ့ ကျဆုံးသည်

3. #သခင်မြ (၁၈၉၇-၁၉၄၇)
ကျည် (2) ချက်
အသက် (၅၀)နှစ် နဲ့ ကျဆုံးသည်

4. #မန်းဘခိုင် (၁၉၀၃-၁၉၄၇)
ကျည် ( 15 ) ချက်
အသက် (၄၄)နှစ် နဲ့ ကျဆုံးသည်

5. #ဦးဘဝင်း (၁၉၀၁-၁၉၄၇)
( ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအကြီးဆုံး)
ကျည် (8) ထိမှန်ဒဏ်ရာ
အသက် (၄၆)နှစ် နဲ့ ကျဆုံးသည်

6. #ဦးရာဇတ် (၁၈၉၈-၁၉၄၇)
ကျည် (6) ချက်
အသက် (၄၉)နှစ် နဲ့ ကျဆုံးသည်

7. #မိုင်းပွန်စော်ဘွားကြီး_စဝ်စံထွန်း (၁၉၀၇-၁၉၄၇)
ကျည် (2) ချက်
သက်တော် (၄၀) နှစ်နဲ့ နတ်ရွာစံသည်

8. #အတွင်းဝန်_ဦးအုံးမောင် (၁၉၁၃-၁၉၄၇)
ကျည် (5) ချက်
အသက်(၃၄)နှစ် နဲ့ ကျဆုံးသည်

9. #သက်တော်စောင့်_ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇)
ကျည် (4) ချက်
အသက်(၁၈) နှစ် နဲ့ ကျဆုံးသည်


#စာ တွေရောကို ရိုသေစွာ credit ပေးပါတယ်

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰==================================မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် ၀ါဆို လပြည့်နေ့သ...
12/07/2022

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰
==================================

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။

မူရင်းရေးတင်လှူသူအား လေးစားစွာဖြင့် Credi

Thi Ha Monywa ပြန်လည်မျှဝေပူဇော်ပါသည်🙏

🌹  #မြန်မာနှစ်သစ်ဆုတောင်း 🌹မြန်မာသက္ကရာဇ်_၁၃၈၄ ခုနှစ်တန်ခူးလပြည့်ကျော်(၂)ရက်တနင်္ဂနွေနေ့ ။ { 17 - 4 - 2022 } ❤️ #မြန်မာန...
17/04/2022

🌹 #မြန်မာနှစ်သစ်ဆုတောင်း 🌹

မြန်မာသက္ကရာဇ်_၁၃၈၄ ခုနှစ်

တန်ခူးလပြည့်ကျော်(၂)ရက်

တနင်္ဂနွေနေ့ ။ { 17 - 4 - 2022 } ❤️

#မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍

မိတ်ဆွေများအားလုံး__

စိတ်၏ချမ်းသာခြင်း
ကိုယ်၏
ကျမ်းမာခြင်းများနှင့်
ပြည့်စုံနိုင်ကြပြီး__

အကြံအစည်
မှန်သမျှလည်း
အောင်မြင်နိုင်ကြပါစေ။

လိုရာဆန္ဒများပြည့်ဝကြပါစေ။

ဘေးရန်အန္တရာယ်
အပေါင်းမှလည်း
ကင်းဝေးနိုင်ကြပါစေကြောင်း
#ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
🌹🙏🙏🙏🌹

https://www.facebook.com/105607451830926/posts/157511333307204/
27/03/2022

https://www.facebook.com/105607451830926/posts/157511333307204/

" Train to Kalaw "

ရထားလေးနဲ့ကလောကိုသွားရတဲ့ခရီးက သိပ်မိုက်တာဗျ မြန်မာနိုင်ငံကြီးနေကောင်းလို့ အခွင့်သာရင် တစ်ခေါက်လောက်သွားကြည့်ရအောင်..

မြန်မာ့အလှ မြန်မာ့ဘ၀

ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝ...
23/07/2021

ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေ့ဝင်လထွက်အချိန်၌ “အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ၍ စမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာ တရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ “ပဉ္စဝဂ္ဂိယ ကထာအမည်ဖြင့် လာရှိပြီး ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနဝါ” အမည်ဖြင့် လာရှိကာ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနသုတ္တ” အမည်ဖြင့် လာရှိပါသည်။ ဓမ္မစကြာတရားတော်သည် သစာ္စလေးပါး မြတ်တရားကိုညွှန်းဆိုသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု အဌကထာဆရာကြီးများက ညွှန်းဆိုကြပါသည်။

ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပာယ်မှာ “တရားတည်းဟူသော စက်ကို ဖြစ်စေခြင်း၊ လည်စေခြင်း” ဟု အဓိပ္ပါယ်ရပါသည်။ ( ဓမ္မစက္က= တရားတော်+ပတဝတ္တန=ဖြစ်စေခြင်း၊ လည်စေခြင်း)
ဂေါတမဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲ့ယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါခေါ် သည့် အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်ပါသည်။

ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟော်ဖော်ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော ၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။

• သမ္မာဒိဌိ = ကောင်းစွာ မြင်ခြင်း

• သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း

• သမ္မဝါစာ = ကောင်းစွာဆိုခြင်း

• သမ္မကမ္မန္တ =ကောင်းစွာပြုခြင်း

• သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း

• သမ္မဝါယမ =ကောင်းစွာအားထုတ်ခြင်း

• သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း

• သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း

(ဒိဌ် သင် ဝါစာ၊ ကမ္မံ အာနှင့်၊ ဝါယာ သတိ၊ သမာဓိ၊ ရှစ် သိ သမ္မာ မဂ္ဂင်များ - ရွာမဆရာတော်)

ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။

ထိုမှတဖန် ရှင်တော်မြတ်ဘုရားသည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရောခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။

ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။ ဤတဏှာဟူသည် အဘယ်နည်း။

• ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ။

• ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ။

• ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ။ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။

ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။

ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။

ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ဒုက္ခသစ္စာ၏ ကိစ္စဉာဏ်၊ ဒုက္ခသစ္စာ၌ ကတဉာဏ် သမုဒယ သစ္စာ၌ သစ္စဉာဏ်၊ သမုဒယသစ္စာ၌ ကိစ္စဉာဏ်၊ သမုဒယသစ္စ၏ ကတဉာဏ် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ နိရောဓသစ္စာ၏ ကိစ္စဉာဏ်၊ နိရောဓသစ္စာ၌ ကတဉာဏ် မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကတဉာဏ် စသည့် ဘုရားမဖြစ်မီ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရာ သစ္စာတရားတို့ကို ဟောကြားတော်မူပါသည်။

ဤသစ္စာလေးပါးတို့၌ ဤသို့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန့်ရှင်းစင်ကြယ်၏။ လူနှင့်တကွ သတ္တလောက၌ အတုမရှိသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်တော်မူပြီး၍ ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူပါသည်။

ဝါဆိုလပြည့်နေ့သည် ထူခြားသည့် အကြောင်းအရာများ ရှိပါသည်။ ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း၊ ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်သော နေ့ဖြစ်ခြင်း။ ဓမ္မစကြာ တရားဦးကို စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း။ ဘုရားအဖြစ်ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း။ တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း။ “ဧဟိဘိက္ခု” ဟူသော စကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကို ကြားနာရသည့် ပဉ္စဝဂ္ဂီငါးဦးတို့သည် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီးများ အသီးသီး သောတပန်ဖြစ်တော်မူပြီး တရားထူး၊ တရားမြတ်ကို ရရှိတော်မူကြပါသည်။

ထိုနေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့တွင် ရဟန်းရှင်လူ အများပြည်သူတို့သည် ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံစသည်တို့တွင် ဝတ်အသင်းများ၊ ဓမ္မာစကြာအသင်းများက ဓမ္မစကြာ တရားတော်ကို ပူဇော်ခြင်းဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားများကို ကျင်းပကြပါသည်။ [၁] ဓမ္မစကြာ တရားတော်ကို အစီအစဉ်ဖြင့် ရွှတ်ဆို ပူဇော်ကြကုန်၏။ ၎င်းအစီအစဉ်များမှာ

• နမောတဿ ၃ ကြိမ် ရွတ်ဆိုပူဇော်ရန်

• နတ်ဗြဟ္မာများအား ဖိတ်ကြားရန်

• ငါးပါးသီလ (အတိုကောက်) ပြိုင်တူ ခံယူကြရန်

• စုပေါင်း ဓမ္မစကြာ ရွတ်ဆိုပူဇော်ကြရန်

• အလုံးစုံသော သတ္တဝါ၊ သက်ရှိသက်မဲ့တို့အား မေတ္တာပြိုင်တူ ဖြန့်ဝေရန်

• စုပေါင်းအမျှဝေရန်

• ရတနာသုံးပါးအား ပူဇော်ခြင်းနှင့် ဆုတောင်းရန်

• ဗုဒ္ဓသာသနံ စိရံ တိဌတုဖြင့် နိဂုံးချုပ် ဆုတောင်းကြရန် တို့ဖြင့်ကြသည်။

ယနေ့ကျရောက်သော အာဇာနည်နေ့အား ဦးညွတ်အလေးပြုပါ၏။  ။
19/07/2021

ယနေ့ကျရောက်သော အာဇာနည်နေ့အား ဦးညွတ်အလေးပြုပါ၏။ ။

🇲🇲𝟩𝟥𝓇𝒹 𝐼𝓃𝒹𝑒𝓅𝑒𝓃𝒹𝑒𝓃𝓉 𝒟𝒶𝓎 𝑀𝓎𝒶𝓃𝓂𝒶𝓇  🇲🇲.......................၄-၁-၂၀၂၁ရက်နေ့တွင် ကျရောက်သော  (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အ...
04/01/2021

🇲🇲𝟩𝟥𝓇𝒹 𝐼𝓃𝒹𝑒𝓅𝑒𝓃𝒹𝑒𝓃𝓉 𝒟𝒶𝓎 𝑀𝓎𝒶𝓃𝓂𝒶𝓇 🇲🇲
.......................၄-၁-၂၀၂၁ရက်နေ့တွင် ကျရောက်သော
(၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခါသမယကို Global King Travels မိသားစုမှဂုဏ်ယူဝမ်းမြောက်စွာ ​ကြိုဆိုအပ်ပါသည်။

🇲🇲 🇲🇲 🇲🇲

ဆွေးမိသည်တည့် ဆွေးမိသည်
မလေးမောင် သည်ယနေ့
ဆွေးမြည့်မိသည်။
သွေးစက်နှင့်ကျမျက်ရည် ပြည်နိုင်ငံအရေး
လူ့လမ်းစဉ်လူ့ခရီးမှာ
စီးရတယ်လေး။

ငေးမိသည်တည့် ငေးမိသည်
မလေးမောင် သည်ယနေ့
ငေးမေ့မိသည်။
ဝမ်းမဝ မျှမညီ ပြည်နိုင်ငံ့အရေး
လူ့လောကီ သည်ရှုပ်ထွေး
ရှင်းပါမှလေး။

ရေးမိသည်တည့် ရေးမိသည်
မလေးမောင် သည်ယနေ့
ရေးမွှေးမိသည်။
စီခဲ့တဲ့ သွေးမျက်ရည်ပြည်နိုင်ငံံ့အရေး
စာတေး သည်မြိုင်ချောင်က
သည်ကလောင် ရောင်ခြည်လွှတ်
ဦးညွှတ်တယ်လေး။

(၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ ဟံသာဝတီ အထူးစာစောင်တွင် ပါရှိသော ဆရာဇော်ဂျီ၏ ကဗျာ ဖြစ်ပါသည်။)

🙏 မဂ်လာပါ ခင်ဗျာ🙏 ⏩ Covid - 19 နဲ့ ပက်သက်ပြီး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ
02/01/2021

🙏 မဂ်လာပါ ခင်ဗျာ🙏

⏩ Covid - 19 နဲ့ ပက်သက်ပြီး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ

Address

Thanlyin
291

Telephone

+959779477285

Website

Alerts

Be the first to know and let us send you an email when Global King - Travels & Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Global King - Travels & Car Rental:

Share