01/03/2025
🚎🚗🏍️ 2025 …….
ကျွန်တော် တက္ကသိုလ်စတက်တုန်းက 2012 ….
MEUE - Meiktila University of Economics မိတ်စီးမှာ တက်ခဲ့တုန်းက အမှတ်တရကောင်းတွေအများကြီးနဲ့ …..
ကျွန်တော်က တောင်ကြီးဇာတိလေ ….
တောင်ကြီးမှာပဲ မွေး တောင်ကြီးမှာပဲကြီး….
ဆယ်တန်းအောင်လို့ တက္ကသိုလ်တွေရွေးကြဆိုတော့ တောင်ကြီးကမထွက်ဖူးတဲ့ ကျွန်တော်က မိခင်တောင်ကြီးမြို့ရဲ့ရင်ခွင်ကနေ အတောင်တွေဖြန့်ပီး လေ့လာစပ်စုချင်နေပီလေ…
လျှောက်ပါပီဗျာ မိတ်စီး….
ရောက်ပါပီဗျာ မိတ်စီး….
ကျောင်းတော်ကြီးရောက်တော့ မြို့အသီးသီးက သူငယ်ချင်းတွေနဲ့ဆုံပါပီ….
ဆိုင်ကယ်လေးတစ်စီးနဲ့ 🛵🛵 သူငယ်ချင်းတစ်စုနဲ👬🏾👬🏾….
Saturday, Sunday ၂ရက်ပိတ် ကျွန်တော် မန္တလေးမှာ….
၃ရက်ပိတ်မလား
၄ရက်ပိတ်မလား????
ကျွန်တော်ရောက်နေပီ မကွေး / ပုဂံ / နေပြည်တော်/ မုံရွာ/ စစ်ကိုင်း ….
ဒီကြားထဲ ကျောင်းခေါ်ကြိမ် ၇၅%တွက်ပီး ပိုတဲ့ရက်တိုတွေက ပျော်ဘွယ်က သူငယ်ချင်းအိမ်ရောက်သေးတာ….
Semester တစ်ဖြတ်ဆို တစ်ဖြတ်ပဲ မွန်ပြည်နယ် / ကရင်ပြည်နယ် ရောက်သွားခဲ့သေးတာ….
မှတ်မှတ်ရရ တောင်ကြီးကနေ ကျိုက်ထိုကို ဆိုင်ကယ်နဲ့ သွားကြတုန်းက တောင်ကြီးကနေ မနက်၁၀နာရီလောက်ထွက် နေပြည်တော် ၁ညနား နောက်နေ့ ကျိုက်ထိုကို ဆက်မောင်းကြတာ 😁😁😁 ကျိုက်ထိုလဲ ရောက်ရော လက်က လီဗာဆွဲတဲ့အနေအထားအတိုင်း လက်ကြီးကောက်ပီး ကွေးမရ ဆန့်မရနဲ့ လက်အံသေနေသေးတာ😆😆😆
👌👌👌
အဲ့ဒီ့အချိန်တွေတုန်းက ဆိုင်ကယ်တစ်စီးနဲ့ 🛵ပြည်နယ်တော်တော်များများရောက်ခဲ့တာ (မန္တလေးတိုင်း/မကွေးတိုင်း/ကရင်ပြည်နယ် /မွန်ပြည်နယ်/ ရှမ်းပြည်တခွင်ဗြဲဗြဲစင်…/ စစ်ကိုင်းတိုင်း/ ပဲခူးတိုင်း) ခုချိန်ထိ မြင်ယောင်တိုင်းပျော်နေရတုန်းပဲ….
အကြံပြုချင်တာက ခင်ဗျားတို့လဲ
“သွား”ရှိတုန်း “စား”ချင်တာစားပါ….
“စိတ်”သွားတိုင်း “ကိုယ်”ပါတုန်း သွားကြပါ….
တစ်ခုပဲ
သွားချင်တဲ့ခရီးစဉ်ရှိရင် Moon Sun Bus Ticket Service ကို ဖုန်းဆက်လိုက်… 😁😁😁
စားချင်တာတော့ ရောက်တဲ့နေရာ ကောင်းတာ ကြိုက်တာ ရှာစားပေါ့ခဗျာ😜😜😜