ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲခူးတိုင်းအနောက်ပိုင်း

  • Home
  • Myanmar
  • Pyay
  • ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲခူးတိုင်းအနောက်ပိုင်း

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲခူးတိုင်းအနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်းပြည်မြို့

29/10/2025
ကျားဖြူပါတီ  ပြည်မြို့နယ် ရုံး၌ပြုလုပ်သော မဲပေးစက်သရုပ်ပြပွဲအားတက်ရောက်လာသူများနှင့်ပြည်ခရိုင် UEC ဥက္ကဌ နှင့်အဖွဲ့မှမဲပ...
29/10/2025

ကျားဖြူပါတီ ပြည်မြို့နယ် ရုံး၌ပြုလုပ်သော မဲပေးစက်သရုပ်ပြပွဲအားတက်ရောက်လာသူများနှင့်ပြည်ခရိုင် UEC ဥက္ကဌ နှင့်အဖွဲ့မှမဲပေးစက်အကြောင်းရှင်းလင်းပြောကြားစဥ် #နိုင်ငံရေး #ကျားဖြူပါတီ

28/10/2025

#နိုင်ငံရေး #ကျားဖြူပါတီ

28/10/2025
28/10/2025
25/09/2025
ခရိုင်ဥက္ကဌဦးဇော်မင်းထွန်းဦးဆောင်၍ခရိုင်အတွင်းရေးမှူးဦးချစ်ထွေးဘဏ္ဍာရေးမှူးဦးဇေယျာဝင်းနှင့်ဒေသခံပါတီဝင်များပူးပေါင်းကာပေ...
30/08/2025

ခရိုင်ဥက္ကဌဦးဇော်မင်းထွန်းဦးဆောင်၍ခရိုင်အတွင်းရေးမှူးဦးချစ်ထွေးဘဏ္ဍာရေးမှူးဦးဇေယျာဝင်းနှင့်ဒေသခံပါတီဝင်များပူးပေါင်းကာပေါက်ခေါင်းမြို့နယ်ရုံးခန်းအသစ်ဖွင့်လှစ်ခဲ့ပြီးမြို့နယ်အဖွဲ့ဝင်အသစ်များပြန်လည်ဖွဲ့စည်းခဲ့ပါသည်

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တိုင်းဒုဥက္ကဌ ဦးကျော်ဇင် ပေါက်ခေါင်းနှင့် သာယာဝတီတွင်ပါတီအလုပ...
30/08/2025

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တိုင်းဒုဥက္ကဌ ဦးကျော်ဇင် ပေါက်ခေါင်းနှင့် သာယာဝတီတွင်ပါတီအလုပ်များ ဆောင်ရွက်

ပေါက်ခေါင်း/သာယာဝတီ၊ သောကြာ — ၂၀၂၅ ပြည့်နှစ်၊ ၈လပိုင်း ၂၉ ရက် နံနက် ၉ နာရီခန့်တွင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တိုင်းဒုဥက္ကဌ ဦးကျော်ဇင် ဦးဆောင်ကာ ခရိုင်ဥက္ကဌ ဦးဇော်မင်းထွန်းနှင့် ခရိုင်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဌနှင့် မြို့နယ်အဖွဲ့ဝင်များတို့နှင့် တွေ့ဆုံခဲ့သည်။ ၎င်းအစည်းအဝေး၌ ပေါက်ခေါင်းမြို့နယ် ရုံးခန်းအသစ်ဖွင့်လှစ်မှုနှင့် မြို့နယ်ဖွဲ့စည်းပုံအသစ် ပြောင်းလဲတင်ပြခြင်းတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် နေ့လည် ၁ နာရီခန့်တွင် တိုင်းဒုဥက္ကဌ ဦးကျော်ဇင်၊ ပြည်မြို့နယ်ဥက္ကဌ ဦးအေးထွန်း၊ အတွင်းရေးမှူး ဦးဇင်ကိုအောင်ချိုလတ် တို့သည် ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများနှင့်အတူ သာယာဝတီမြို့သို့ ထွက်ခွါခဲ့သည်။

ည ၅ နာရီခန့်တွင် သာယာဝတီခရိုင်ရုံးသို့ ရောက်ရှိကာ လက်ပံတန်းမြို့နယ်ဥက္ကဌ၊ ပါတီဝင်များ၊ သာယာဝတီခရိုင်ဥက္ကဌ၊ ခရိုင်အဖွဲ့ဝင်များ၊ မြို့နယ်အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်လောင်းများတို့နှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ထို့နောက် ည ၇ နာရီခန့်တွင် ပြည်မြို့သို့ ပြန်လည်ထွက်ခွါကာ ည ၁၁ နာရီခန့်တွင် အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့သည်။

ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ခရိုင်အဆင့် လှည့်ပတ်ဆွေးနွေးပွဲများ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက...
29/08/2025

ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ခရိုင်အဆင့် လှည့်ပတ်ဆွေးနွေးပွဲများ

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ အင်္ဂါနေ့ နံနက် ၇ နာရီတွင် ခရိုင်ဥက္ကဌ ဦးဇော်မင်းထွန်း ဦးဆောင်ပြီး ခရိုင်အတွင်းရေးမှူး ဦးချစ်ထွေး၊ ဘဏ္ဍာရေးမှူး ဦးဇေယျာဝင်း၊ ပြည်မြို့နယ်အတွင်းရေးမှူး ဦးဇင်ကိုအောင်ချိုလတ် တို့အဖွဲ့သည် ပြည်မြို့မှ စတင်ထွက်ခွာကာ နတ်တလင်းခရိုင်ရုံးဖွင့်လှစ်ရန် လိုအပ်ချက်များကို နံနက် ၈ နာရီခွဲတွင် ဦးလင်းနိုင် (ခရိုင်ဥက္ကဌ) ထံ ပေးအပ်ခဲ့သည်။

ထို့နောက် အုပ်ဖိုမြို့သို့ ဆက်လက် သွားခဲ့ပြီး နံနက် ၁၀ နာရီတွင် ရောက်ရှိကာ မြို့နယ်ဥက္ကဌ၊ ပါတီဝင်များနှင့် ကိုယ်စားလှယ်လောင်းလျာထားသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နေ့လည် ၂ နာရီတွင် အုပ်ဖိုမှ ထွက်ခွာပြီး ဇီးကုန်းမြို့နယ်ရုံး၌ ဥက္ကဌဦးခင်လှိုင်နှင့် နတ်တလင်းခရိုင် အတွက် ပါတီဝင်ဖြည့်ခြင်း၊ ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်း အဆင့်များကို ဆွေးနွေးခဲ့သည်။

နောက်ထပ် ပေါင်းတည်မြို့၌ ဦးလင်းနိုင်နှင့် ထပ်မံတွေ့ဆုံကာ ခရိုင်အဖွဲ့ဖွဲ့စည်းပုံ၊ မြို့နယ်ဖွဲ့စည်းပုံ ပြန်လည်တင်ပြခြင်းနှင့် ကိုယ်စားလှယ်လောင်းရွေးချယ်မှုများ အပေါ် ဆွေးနွေးခဲ့ပြီး ညနေ ၆ နာရီခန့်တွင် ပြည်မြို့ ခရိုင်ရုံးသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့သည်။

မှတ်တမ်းနေ့စွဲ – ၂၈-၈-၂၀၂၅ (ကြာသပတေးနေ့)အချိန် – နံနက် ၈ နာရီခန့်နေရာ – မင်းလှ၊ မိုးညို မြို့များတက်ရောက်သူများ –ပြည်ခရိ...
29/08/2025

မှတ်တမ်း

နေ့စွဲ – ၂၈-၈-၂၀၂၅ (ကြာသပတေးနေ့)
အချိန် – နံနက် ၈ နာရီခန့်
နေရာ – မင်းလှ၊ မိုးညို မြို့များ

တက်ရောက်သူများ –

ပြည်ခရိုင် ဥက္ကဌ ဦးဇော်မင်းထွန်း (ဦးဆောင်)

ခရိုင်အတွင်းရေးမှူး ဦးချစ်ထွေး

ခရိုင်ဘဏ္ဍာရေးမှူး ဦးဇေယျာဝင်း

အကြောင်းအရာများ –
၁။ ပြည်မြို့မှ မင်းလှ၊ မိုးညိုမြို့များသို့ သွားရောက်ခဲ့သည်။
၂။ ပါတီအောင်နိုင်ရေး အတွက် ကိုယ်စားလှယ်လောင်း လျာထားမှုများကို ဆွေးနွေးခဲ့သည်။
၃။ မိုးညိုမြို့၌ မြို့နယ်ဖွဲ့စည်းပုံအသစ်ကို ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။
၄။ လိုအပ်သောအချက်များကို ညှိနှိုင်းစည်းဝေးခဲ့သည်။

ဆုံးဖြတ်ချက်များ –

မိုးညိုမြို့နယ် ဖွဲ့စည်းပုံအသစ်အတိုင်း လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ရန် သဘောတူညှိနှိုင်းခဲ့သည်။

ပါတီအောင်နိုင်ရေးဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသည့် အဖွဲ့များက ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ #နိုင်ငံရေး #ကျားဖြူပါတီ

Address

Pyay
053

Alerts

Be the first to know and let us send you an email when ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲခူးတိုင်းအနောက်ပိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share