19/07/2019
ဇွန်ဘီအကြောင်း သိကောင်းစရာ
ဇွန်ဘီအကြောင်းသိပြီးကြပြီလား
မြန်မာ့သြဘာတောင်သူကြီးများအတွက် ဒီတစ်ပတ်မှာတော့ ကိုက်ဖြတ်စားသောပိုးများနှင့် စုပ်စားပိုးများကို ဆေးတစ်မျိုးထဲဖြင့် ထိရောက်စွာနှိမ်နင်းနိုင်သော “ဇွန်ဘီ” ဆေးအကြောင်းကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။
“ဇွန်ဘီ”လို့အသံကြားလိုက်တာနဲ့ မြန်မာ့ သြဘာတောင်သူကြီးများ ရင်းနှီးနေကြမည်ထင်ပါသည်။ ဇွန်ဘီမှာ Cartap Hydrochloride 95%ထိ ပေါင်းစပ်ထားသော ထိသေစားသင့်နှင့် ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်ပါတယ်။ ပိုးများကို အစာဆက်မစားနိုင်စေဘဲ အစာငတ်ပြီး သေစေနိုင်သော ဆေးတစ်မျိုးဖြစ်ပါသည်။
သီးနှံမျိုးစုံတွင် ကျရောက်ဖျက်ဆီးတတ်သော စပါးဆစ်ပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ စိန်ကွက်ဖလံ၊ ယင်ဖြူ ၊ခေါင်ညွန့်ပိုး၊ရွက်လိပ်ရွက်ကပ်၊ ရွက်ထွင်းပိုးနှင့် လှေးပိုးတို့ကို ထိရောက်စွာ နှိမ်နင်းပေးနိုင်သော ဆေးဖြစ်သည်။
ဆေးတစ်ပုံးမှာ ၂၀ဂရမ်နဲ့ တစ်ဧက ငါးပုံးသုံးပေးနိုင်ပြီး ကုန်ကျစရိတ်သက်သာစေနိုင်ပါသည်။
စပါးဆစ်ပိုးများကာကွယ်နှိမ်နင်းရန်အတွက် ပင်ပွားကာလတွင် ၂ကြိမ်၊ ဖုံးတုန်းလုံးတုန်းချိန်တွင် ၂ကြိမ်ခန့်ဖျန်းပေးနိုင်ပါသည်။ ပိုးဖျက်ဆီးမှုများ တွေ့ရပါက ၇ရက်ခြား ၂-၃ကြိမ်သုံးပေးသင့်ပါသည်။
စပါးဆစ်ပိုးအတွက် ဆေးတစ်ပုံးတွင့် ၃၀-၅၀ဂရမ်နဲ့ တစ်ဧက ငါးပုံးသုံးပေးနိုင်ပါသည်။
ဝါသီးနှံတွင်ဖြုတ်ပိုးကာကွယ်ရန်အတွက် အပင်ငယ်စဉ် ဆေးတစ်ပုံးမှာ ၂၀ဂရမ်နှင့် အပင်ကြီးပါက ၄၀ဂရမ်ဖြင့် တစ်ဧက ငါးပုံးသုံးပေးနိုင်ပါသည်။
ဇွန်ဘီ၏ အဓိကကောင်းမွန်သောအချက်မှာ အခြားပိုးသတ်ဆေးများနှင့်မတူဘဲ အပင်းအတွင်းထိုးဖောက်ဝင်ရောက်စားသောက်ဖျက်ဆီးသောပိုးများနှင့် ဖြုတ်ပိုးတို့ကို အထူးကာကွယ်နှိမ်နင်းနိုင်ပါသည်။
အထူးသဖြင့် နှိမ်နင်းရန် ခက်ခဲသော စပါးဆစ်ပိုး၊စိန်ကွက်ဖလံ၊ ဖြုတ်ပိုးတို့ကို ကောင်းစွာနှိမ်နင်းနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်းနည်းစေသောဆေးတစ်မျိုးဖြစ်ပါသည်။
မြန်မာ့သြဘာတောင်သူကြီးများ၏စိုက်ခင်းများ ပိုးမွှားကင်းစင်ပြီး သီးနှံအထွက်တိုး၍ ဈေးကောင်းရကြပါစေ။