ငြိမ်းချမ်းရွှေတည် ခရီးသွားလုပ်ငန်း - ပေါင်းတည်မြို့

  • Home
  • Myanmar
  • Paungde
  • ငြိမ်းချမ်းရွှေတည် ခရီးသွားလုပ်ငန်း - ပေါင်းတည်မြို့

ငြိမ်းချမ်းရွှေတည် ခရီးသွားလုပ်ငန်း - ပေါင်းတည်မြို့ "ငြိမ်းချမ်းရွှေတည်" ခရီးသွားလုပ်ငန်?

ရန်ကုန်ကိုလည်း နေ့ချင်းပြန်ခရီးများ ဆောင်ရွက်ပေးပါသည်။
16/05/2018

ရန်ကုန်ကိုလည်း နေ့ချင်းပြန်ခရီးများ ဆောင်ရွက်ပေးပါသည်။

ငြိမ်းချမ်းရွှေတည် ကားလေး သိပ်လှတဲ့ ငပလီကို ငါးရက်ခရီး ရောက်ခဲ့ပြန်ပြီ။ 🏖 🌊🏊‍♂️🏝 🚐ဒီလိုကားလေးနဲ့ ပျော်ပျော်ပါးပါးခရီးသွား...
10/04/2018

ငြိမ်းချမ်းရွှေတည် ကားလေး သိပ်လှတဲ့ ငပလီကို ငါးရက်ခရီး ရောက်ခဲ့ပြန်ပြီ။ 🏖 🌊🏊‍♂️🏝 🚐
ဒီလိုကားလေးနဲ့ ပျော်ပျော်ပါးပါးခရီးသွားချင်ရင် လက်တို့လိုက်နော် 👍👍👍

ငြိမ်းချမ်းရွှေတည်ကားလေးတွေနဲ့ မြန်မာပြည်အနှံ့ရောက်ခဲ့ကြပါပြီ။ဒါပေမယ့် ကားဆရာတွေက ဓာတ်ပုံတွေတော့ သိပ်မရိုက်ဖြစ်ကြပါဘူး။ကာ...
21/03/2018

ငြိမ်းချမ်းရွှေတည်ကားလေးတွေနဲ့ မြန်မာပြည်အနှံ့ရောက်ခဲ့ကြပါပြီ။
ဒါပေမယ့် ကားဆရာတွေက ဓာတ်ပုံတွေတော့ သိပ်မရိုက်ဖြစ်ကြပါဘူး။
ကားဆရာတစ်ယောက် ရှားရှားပါးပါးပို့ပေးလာတဲ့ပုံတချို့ကို တင်ပေးလိုက်ပါတယ်။

ဒီကားလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားကြစို့လား။ 👍🕺👯‍♂️
19/01/2018

ဒီကားလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားကြစို့လား။ 👍🕺👯‍♂️

"ငြိမ်းချမ်းရွှေတည်" ခရီးသွားလုပ်ငန်းမှ အဖြူရောင်ကားအတွက် အန္တရာယ်ကင်း ပရိတ်တော်များရွတ်ဖတ်ပြီးစီး။ငွေရောင်ကားအတွက်ကတော့ အ...
13/01/2018

"ငြိမ်းချမ်းရွှေတည်" ခရီးသွားလုပ်ငန်းမှ အဖြူရောင်ကားအတွက် အန္တရာယ်ကင်း ပရိတ်တော်များရွတ်ဖတ်ပြီးစီး။
ငွေရောင်ကားအတွက်ကတော့ အရင်လ ကတည်းက ပြီးစီးခဲ့။
ခရီးသွားပြည်သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ 🙏🙏🙏

“ငြိမ်းချမ်းရွှေတည်” ခရီးသွားလုပ်ငန်း (ပေါင်းတည်မြို့)===================================မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေ ...
05/01/2018

“ငြိမ်းချမ်းရွှေတည်” ခရီးသွားလုပ်ငန်း (ပေါင်းတည်မြို့)
===================================
မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေ အသင်းအဖွဲ့များ၊ ဘုရားဖူးအပန်းဖြေ လေ့လာရေးခရီးသွားရောက် လည်ပတ်ကြမည့် သူများအတွက် “ငြိမ်းချမ်းရွှေတည်” ခရီးသွားလုပ်ငန်း မှ ခေတ်မီကားသစ်ကြီးများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးပါရစေ။..
လူကြီးမင်းတို့စိတ်ကြိုက် ရွေးချယ်ငှားရန်းအသုံးပြုနိုင်သည့်ကားများ
============================================
အမှတ် (၁) ကားနံပါတ် 3P-6399 ( ငွေရောင်)
အမှတ် (၂) ကားနံပါတ် 3P-9945 (အဖြူရောင်)

ကားအမျိုးအစား - Hyundai H1 2017 Model (Brand New)
ထိုင်ခုံအရေအတွက် - ရှေ့ခန်း - (၁) ယောက်၊ နောက်ခန်း - ထိုင်ခုံ (၃) တန်း - (၉) ယောက်၊ စုစုပေါင်း (၁၀) ယောက် လိုက်ပါစီးနင်းနိုင်ပါမယ်။

ကားတံခါးစနစ် - ဘေးတံခါး (Sliding Door) များ ကားဘေးဘယ်ညာနှစ်ဖက်စလုံးမှာပါရှိသောကြောင့် ခရီးသွားများ အတက်အဆင်း ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။

အင်ဂျင်ပါဝါက 2.5 Litre (Diesel Engine) ဖြစ်လို့ ဆီစားသက်သာလှပြီး လူကြီးမင်းတို့ရဲ့ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို သက်သာမှု့ရှိစေမှာ အမှန်ပါ။

Aircon System (ကားအတွင်းလေအေးပေးစနစ်)
=================================
ကားအရှေ့ခန်းတွင် (၂) ပေါက် ၊ ကားအနောက်ဘက်ခန်း ဘေး နှစ်ဘက် အပေါ်ဘက်တွင် (၆) ပေါက်၊ အောက်ကြမ်းခင်းတွင် (၄) ပေါက် ၊ စုစုပေါင်း (၁၂) ပေါက် ပါရှိပါတယ် ။
Aircon အားလုံးကို ခရီးစဉ်တလျှောက်ဖွင့်ထားပေးမှာဖြစ်လို့ ပြင်ပကဘယ်လိုရာသီဥတုကိုမှ ဂရုစိုက်စရာမလိုဘဲ သက်တောင့်သက်သာ ခရီးသွားနိုင်မှာပါ။

လူကြီးမင်းတို့ရဲ့ ခရီးဆောင်ပစ္စည်းများ တင်ဆောင်နိုင်ရန်အတွက်လည်း ပစ္စည်းတင်ရန် စင်တစ်ခု ကားအမိုးပေါ်မှာ တပ်ဆင်ပေးထားပါသည်။..

ဒီလိုဝန်ဆောင်မှုတွေပါရှိတဲ့ကားများကို “ငြိမ်းချမ်းရွှေတည်” ခရီးသွားလုပ်ငန်းမှ အောက်ပါနှုန်းထားများဖြင့် ငှားရန်းအသုံးပြုနိုင်ပါတယ်။

ကားတစ်စီး ငှားရန်းခအတွက် ပေးဆောင်ရန်နှုန်းထားများ
======================================
ကားပိုင်ရှင်အတွက် (၁) ရက်လျှင် ၆၀,၀၀ဝိ/- ကျပ်နှုန်း
ယာဉ်မောင်းများအတွက် (၁) ရက်လျှင် ၂၀,၀၀ဝိ/- ကျပ်နှုန်းအပါအဝင် လမ်းတံတားကြေးနဲ့ခရီးစဉ်တလျှောက်ဆီဖိုးများကိုသာ လူကြီးမင်းတို့ အနေနဲ့ပေးဆောင်ရမှာပါ။
လူကြီးမင်းတို့ရဲ့ ခရီးစဉ် မစတင်မီမှာ ခရီးသွားလုပ်ငန်းအနေနဲ့ လူကြီးမင်းတို့ငှားမည့်ကားကို ဆီအပြည့် ဖြည့်ထားပေးမှာဖြစ်ပါတယ်။ လူကြီးမင်းတို့အနေနဲ့ ငှားရမ်းသည့်ခရီးစဉ်ပြီးဆုံးပါက အဆိုပါကားကို ဆီအပြည့်ပြန်လည်ဖြည့်ပြီးမှ ကားခရီးသွားလုပ်ငန်းထံကို ပြန်လည်အပ်နှံပေးရမှာဖြစ်ပါတယ်။
ရန်ကုန်ခရီးစဉ်နှုန်းထားများ
ရန်ကုန်ကို ခရီးသွားမယ့် လူကြီးမင်းများအတွက် နေ့ချင်းပြန်ခရီးစဉ်အတွက် စရိတ်ငြိမ်း ၁၃၀,၀၀ဝိ/- ကျပ်နှုန်းနဲ့ တစ်ညအိပ်ခရီးစဉ်အတွက် ၂၃၀,၀၀ဝိ/- ကျပ်နှုန်းဖြင့် ငှားနိုင်ပြီဖြစ်ပါတယ်။..
ဒီလို ဝန်ဆောင်မှုတွေနဲ့ ကားသစ်ကြီးကိုစီးပြီး လူကြီးမင်းတို့ရဲ့ ပျော်ရွှင်အောက်မေ့ဖွယ် ခရီးစဉ်ကိုစတင်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်လေးသာ ဆက်သွယ်လိုက်ပါနော်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
===================
ဦးဇော်မိုး (MD "ငြိမ်းချမ်းရွှေတည်" ခရီးသွားလုပ်ငန်း) - 09 5310938 / 09 49511161

ယာဉ်မောင်းအဖွဲ့
(၁) ကိုသန်းဦး (အဖွဲ့ခေါင်းဆောင်) - 09 43006972
(၂) ကိုကြည်စိုးဦး - 09 423664596
(၃) ကိုဖြိုးကြီး - 09 423699859
(၄) ကိုလွင်မောင် - 09 791282896
(၅) ကိုဖိုးဇော် - 09 423681379
(၆) ကိုဇော်မိုး - 09 253988436
(၇) ကိုဉာဏ်လွင် - 09 799663955..
ထပ်မံပြောပြချင်တဲ့ သတင်းကောင်းကလေးကတော့ “ငြိမ်းချမ်းရွှေတည်” ခရီးသွားလုပ်ငန်း အနေနဲ့ ရရှိတဲ့ အကျိုးအမြတ်ရဲ့ ၂၇% ကို ပေါင်းတည်မြို့သူ/မြို့သားတို့ရဲ့ အပန်းဖြေနေရာ “ငြိမ်းချမ်းရွှေတည်” ပန်းခြံ ကြီးအဓွန့်ရှည်ကြာစွာ စိမ်းလန်းစိုပြည် လှပသာယာစေရန်ရည်ရွယ်လျှက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ခရီးသွားလူကြီးမင်းတို့အနေနဲ့ စိတ်အေးချမ်းသာစွာ ခရီးသွားနိုင်တဲ့အပြင် ခရီးစဉ်အတွက် ကုန်ကျမည့်ငွေများရဲ့ တစ်ချို့တစ်ဝက်ဟာ မိမိတို့ပေါင်းတည်မြို့ ပန်းခြံသာယာလှပရေး အတွက် တစ်ထောင့်တစ်နေရာက ပါဝင်လှူဒါန်းပေးခြင်း ဖြစ်သည်ဟု မှတ်ယူကာ ကုသိုလ်ပွားများနိုင်ပါကြောင်း တင်ပြပေးလိုက်ပါတယ်။

အားလုံးပဲ အေးမြချမ်းသာရှိကြပါစေ။

Address

Tarpun Road (တာပွန်လမ်း)
Paungde
08201

Telephone

095310938

Website

Alerts

Be the first to know and let us send you an email when ငြိမ်းချမ်းရွှေတည် ခရီးသွားလုပ်ငန်း - ပေါင်းတည်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category