InDevi Lake Boats

InDevi Lake Boats For inquiries and bookings please email us at [email protected] Each of our boats seats 6 passengers to ensure a comfortable and safe ride.

InDevi boats are a luxuriously quiet ride where our passengers are able to enjoy the beauty of Inle Lake. We believe in environmental conservation and so our boats are made from reclaimed wood and our modified engines produce less waste and noise pollution than other boats avialable in Inle Lake. For the safety of all our passengers we provide life jackets and a life ring on our boats.

‼️အင်းလေးရေအခြေနေ 🥲အင်းလေးရေ ကျပြီးလားဆိုတော့ မကျသေးပါ။ရေက ကျဖို့ခက်တယ် 😴 လနဲ့ချီစောင့်ရမယ်။မိုးကလည်း ရွာမပြတ်။ ညဘက်တွေဆ...
28/09/2024

‼️အင်းလေးရေအခြေနေ 🥲

အင်းလေးရေ ကျပြီးလားဆိုတော့ မကျသေးပါ။
ရေက ကျဖို့ခက်တယ် 😴 လနဲ့ချီစောင့်ရမယ်။
မိုးကလည်း ရွာမပြတ်။ ညဘက်တွေဆို မိုးရွာမှာ ပိုကြောက်နေမိတယ်။
ဘာလို့ လဲဆိုရင် အရင်က လှေတွေကို အိမ်အောက်မှာ (သို့) လှေထားတဲ့ အမိုးရှိတဲ့အောက် ထားကြတယ်။
အခုက ရေတွေတက် မြုပ်နေကြပြီးဆိုတော့ လှေတွေကို အမိုးမရှိတဲ့ အပြင်မှာ ထားတယ်။ မိုးရွာတဲ့ နေ့တွေ ညတွေဆိုရင်
မနားရဘူး လှေတွေ ရေထဲမြုပ်မှာ စိုးလို့ ရေပက်နေရတာ 😭😰

ရေအမြန်ကျပါစေ။ မိုး မရွာပါနဲ့တော့လို့ ဆုတောင်းနေရတယ် 🙏🙏🙏

💪အင်းလေးရေဘေးအတွက် ဒုတိယအကြိမ် ပါဝင်ခြင်းမှတ်တမ်း 👏👏👏အင်း​လေး ရေ​ဘေးသင့် မိသားစုများ လက်ရှိကြုံနေရတဲ့ အခက်အခဲ စားသောက်ဖိ...
25/09/2024

💪အင်းလေးရေဘေးအတွက် ဒုတိယအကြိမ် ပါဝင်ခြင်းမှတ်တမ်း 👏👏👏

အင်း​လေး ရေ​ဘေးသင့် မိသားစုများ လက်ရှိကြုံနေရတဲ့ အခက်အခဲ စားသောက်ဖို့အတွက် သဒ္ဒါကြည်ဖြူစွာ
ငွေအားဖြင့် ပါဝင်လှူဒါန်းသော အလှုရှင်များ သာဓုခေါ်ဆိုနိုင်ရန် ပုံလေးတွေနှင့်တကွ ဖော်ပြပေးခြင်း ဖြစ်ပါသည်။

🙏အလှူရှင် မိသားစုများ ကိုယ်ကျန်းမာ စိတ်ချမ်းသာလို့ ​ကပ်ကြီး ( ၃ )ပါး​ဘေးအန္တာရယ်အပေါင်းမှ ကင်းလွှတ် ​ကျော်လွှားနိုင်ပါ​စေ။🙏🙏🙏

ယခုလက်ရှိကြုံတွေ့နေရသော စားသောက်ဖို့အတွက်
လှုပေးကြသည့် အလှု့ရှင် အလှူ​ငွေများအတွက် နှင့် ကိုယ်တိုင်ကိုယ်ကျ Volunteer လုပ်ပေးကြသော ညီငယ် ညီမငယ်များ၊ လှေမောင်းပို့ပေးသော လှေမောင်းဆရာများကိုလည်း ရွာသူရွာသားအားလုံး ကိုယ်စား အင်းဒေဝီမှ အထူးကျေးဇူးတင်ရှိပါသည်ရှင့် 🙏🙏🙏

နေစရာအိမ်မရှိတော့ဘဲ ရေထဲနှစ်မြုပ်သွားသော
ပြည်သူတွေအတွက် ပြန်လည်ထူထောင်နိုင်ဖို့ရန်လည်း နောက်ထပ် ပါဝင်လှုဒါန်းလိုသူများ ဆက်လက်ကူညီ ပါဝင်လှုဒါန်းနိုင်ပြီး ကျွန်တော်/ကျွန်မတို့အနေ ဖြင့် ဒေသခံများနှင့်အတူ လိုအပ်သောအရာများတွက် သေချာ လှုဒါန်းပေးသွားပါမည်။
ပါဝင်လှူဒါန်းကြသော အလှူရှင် မိတ်ဆွေ မိသားစုများကို အထူးကျေးဇူးလျက်,
#အင်းဒေဝီလှေ
#အင်းလေဒေသ
#အင်းသူအင်းသားများ

အင်းဒေဝီ နှင့် အလှူရှင် မိတ်​ဆွေများရဲ့ အင်း​လေး ​ရေ​ဘေးအလှုမှတ်တမ်း 🙏🙏🙏ပထမအကြိမ် လှူဒါန်းမှုများမှာ ,✅ဆန်✅ဆီ✅ရေသန့်✅ခေါ...
21/09/2024

အင်းဒေဝီ နှင့် အလှူရှင် မိတ်​ဆွေများရဲ့ အင်း​လေး ​ရေ​ဘေးအလှုမှတ်တမ်း 🙏🙏🙏

ပထမအကြိမ် လှူဒါန်းမှုများမှာ ,

✅ဆန်
✅ဆီ
✅ရေသန့်
✅ခေါက်ဆွဲခြောက်
✅ဖယောင်းတိုင်ကြီးထုပ်
✅ဓာတ်မီး နှင့် ဓာတ်ခဲ့
✅မီးသွေးခဲ
🚤အင်းဒေဝီလှေဖြင့် လှေဆိပ် မှ ကျေးရွာများသို့ အကြိုအပို့ ၊ စားသောက်ဖွယ်ရာနှင့် အသုံးဆောင်များ ပေးဝေခြင်းမှာ ကူညီပေးခြင်း

ယခုလှူဒါန်းမှုမှာ စားသောက်ဖွယ်ရာနှင့် ပစ္စည်းအချို့ကို အင်းလေးကန် အနောက်ဘက် ရေပူစမ်းအနီးခေါင်တိုင် ကျေးရွာရဲ့ အိမ်ထောင်စု (၇၅)နေအိမ်ကိုသာ ကူညီနိုင်ပါသေးသည်။ ထပ်မံရျ် ကူညီဖို့ရန် နေအိမ်များစွာ ကျန်ရှိနေပါသေးသည်။
ခေါင်တိုင်ရွာမှာ တစ်ထပ်အိမ်လေးတွေဟာအကုန် ရေထဲမြုပ်ကုန်ကြပြီး ၂ထပ် အိမ်အကြီး တစ်ချို့ နှင့် ကုန်ပေါ် အိမ်တွေဘဲ အပေါ်ထပ်မှာ နေလို့ရရျ် စုပေါင်း နေထိုင်ကြပါသည်။

ယခုလှူဒါန်းဖွယ်ရာများ ဝယ်ယူရာတွင် ကျသင့်ငွေစုစု​ပေါင်း တန်ဖိုး - ကျပ် ၆,၉၅၀,၀၀၀( ခြောက်ဆယ့်ကိုး
သိန်း ငါးသောင်းကျပ်)

🙏ဝိုင်းဝန်း လှူဒါန်း​ပါဝင်ပေးကြသော ပြည်တွင်း ၊ပြည်ပ အနယ်နယ် အရပ်ရပ်မှ အလှူရှင် မိတ်​ဆွေအ​ယောက်စီ
တိုင်း ဝမ်းသာပိတီ သာဓု​ခေါ်ဆို နိုင်ကြပါ​စေရှင့် 🙏

✅️ ကျန်သည့် အိမ်​ခြေများ နှင့် တကယ်လက်ရှိ
စားသောက်ဖို့ရန်အတွက် ခက်ခဲလိုအပ်မှုများ
များစွာ ပံ့ပိုးဖို့ လိုအပ်နေသေးသည့်အတွက် အလှူ​ငွေ​များ ထပ်မံလိုအပ်​နေပါ​သေးသည်ရှင့်။ ထိထိရောက်ရောက် အင်းလေးဒေသခံကိုယ်တိုင် ဦးစီးလှုဒါန်းပေးမှာ ဖြစ်လို့ အင်းလေးရေဘေးအတွက် ပါဝင်လှူဒါန်းလိုသူများ
name- Ko Aung Lwin ( Inle ဒေသခံ)
1.Kay number : 09428324190
2.KBZ account: 05951105900672401

**** Note;: အလှုငွေပါဝင်ထားသူများ ကျေးဇူးပြုပြီး bank transfer slip လေးတွေ ပြန်ပို့ထားပေးဖို့ရန်
တောင်းဆိုချင်ပါသည်။ စာရင်းနှင့်တကွ ရရှိငွေ
စာရင်းမှတ်သားပြီး လိုအပ်သည်များကို ဝယ်ခြမ်းလှူဒါန်း
ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အတွက် ဖြစ်ပါသည်ရှင့်။

အလှူငွေများအတွက်လည်း မိတ်ဆွေများအားလုံးကို ကျေးရွာသူ ကျေးရွာသားများကလည်း အလွန်ကျေးဇူးတင်ကြောင်း ၊ ဝမ်းသာပီတီဖြစ်ရကြောင်း မင်မင်မှတဆင့် ပြောခိုင်းပါသည်။
Thank you all 🙏🙏🙏

ကျေးဇူးအထူးတင်လျက်
အင်းဒေဝီလှေ မိသားစု

My place ……my world 🗺
31/10/2022

My place ……my world 🗺

တနဆောင်တိုင် အားလပ်ရက်လေးတွေမှာလည်း ရှမ်းပြည်နယ်၊ အင်းလေးဘက်သို့ လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေရှင့်။
31/10/2022

တနဆောင်တိုင် အားလပ်ရက်လေးတွေမှာလည်း ရှမ်းပြည်နယ်၊ အင်းလေးဘက်သို့ လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေရှင့်။

Hello Good Morning 🌞 Thank you for choosing our InDevi Boats .
11/10/2022

Hello Good Morning 🌞

Thank you for choosing our InDevi Boats .

🙏🙏🙏🙏🙏
09/10/2022

🙏🙏🙏🙏🙏

08/10/2022

Address

Kaung Dine Village
Nyaungshwe

Alerts

Be the first to know and let us send you an email when InDevi Lake Boats posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to InDevi Lake Boats:

Share

Category