The Log

The Log founded since 02-02-16 and Pre-finish at 02-11-16.
(671)

23/05/2026

လွန်ခဲ့သော နှစ်တွေထဲက တနှစ်က နေ့စဉ်ရက်ဆက် အုံ့မှိုင်းနေတတ်တဲ့ ပင်လယ်ဘေးက မိုးရာသီကို တောင့်မခံနိုင်ခဲ့ဘူး။ လူမှုဘဝပါတ်ဝန်းကျင် တွေကိုသာ မက သဘာဝကိုပါ တောင့်မခံနိုင်တော့တဲ့ အခါ အိမ်ကို သတိတရပြန်လာခဲ့ဖူးတယ်။

မိုးတိမ်တွေ မဲမှောင် ပြီး လေတွေတိုက်လိူက် မိုးတွေ ရွာနေလိုက်ဟာ ရက်ဆက်လာတဲ့အချိန် စိတ်တွေလည်း လေလေလွင့်လွင့်ပါပဲ။ ဘဝဟာ ကြိုးစားရုန်းကန် ရှင်သန်နေရုံသက်သက်နဲ့ ဘာများ အဓိပ္ပါယ် ရှိလို့လည်း ဆိုတဲ့စိတ် နဲ့ အိမ်ကို ရုတ်တရက်ထပြန်ဖို့ စိတ်ထဲပေါ်လာခဲ့ဖူးတယ်။

တကယ်လည်း ထပြန်ခဲ့ပါတယ်။ မိုးရွာထဲမှာ တောင်ပေါ်လမ်းတွေကို ဖြတ်ရင်း အိမ်ကို သတိတရနဲ့ ပြန်လာခဲ့ပေမယ့် လမ်းတဝက်မှာပဲ ရာသီဥတုက ပြောင်းလဲခဲ့ပါပြီ။ ငါ့အိမ်ရယ် လို့ သတ်မှတ်တဲ့ နေရာမှာ လူတွေဟာ သောကအပူ၊သဘာဝအပူတွေနဲ့ ဘယ်သူ့ကိုမှလည်း မလွမ်းနိုင်၊ ကိုယ့်ကိုကိုယ်တောင် သတိမရနိုင် ဖြစ်နေခဲ့တာကို ရင်ဆိုင် ခံစား ခဲ့ရဘူးတယ်။ ကိုယ်တိုင်ရဲ့ စိတ်မှာလည်း ယောင်တောင်တောင် ဖြစ်သွားခဲ့ဖူးတယ်။ အဲ့ဒီနောက်တော့ ချက်ခြင်းပဲ မိုးတွေရွာနေသေးတဲ့ ပင်လယ်ဘေးကိုပဲ ပြန်လာခဲ့တယ်။ အိမ်ကိုစိတ်ကူးနဲ့ပဲ အဝေးက သတိရနေခဲ့တော့တယ်။

နောက်ပိုင်းနှစ်တွေမှာတော့ ပင်လယ်မှာ မိုးတွေ စွေနေခဲ့လည်း လွမ်းတဲ့စိတ်နဲ့ အိမ်မပြန်ဖြစ်တော့ပဲ မိုးထဲလေထဲမှာပဲ အလွမ်းကို အလွမ်းအတိုင်းပဲ ထားပြီး ကျော်ဖြတ်ခဲ့တယ်။ ဒါ့ကြောင့်ပဲ ပင်လယ်မှာ မိုးတွေရွာနေမှာပဲ ဆိုတဲ့ စိတ်နဲ့ရောက်လာခဲ့တဲ့သူတွေကိုလည်း ရောက်လာတဲ့အခါ ပင်လယ်မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေစေချင်ပါတယ်။

ပင်လယ်မိုးကို စိုဖို့ အရောက်လာကြတဲ့အခါ ပင်လယ်မှာ မိုးများ သည်းပါစေ။

မိုးများ ရွာပါစေ။ ။
23/05/2026

မိုးများ ရွာပါစေ။ ။

ကမ္ဘာကြီးကို ရှုမြင်ဖို့အန္တရာယ်တွေကို ရင်ဆိုင်ဖို့နံရံတွေရဲ့အလွန်ကို မြင်ဖို့ရင်ဘတ်ချင်းနီးစပ်ဖို့ တယောက်နဲ့တယောက်နားလည...
22/05/2026

ကမ္ဘာကြီးကို ရှုမြင်ဖို့
အန္တရာယ်တွေကို ရင်ဆိုင်ဖို့
နံရံတွေရဲ့အလွန်ကို မြင်ဖို့
ရင်ဘတ်ချင်းနီးစပ်ဖို့
တယောက်နဲ့တယောက်နားလည်ဖို့
ခံစားတတ်ဖို့
ဒါတွေက ဘဝရဲ့ရည်ရွယ်ချက်ပဲ။

Secret Life Of Walter Mitty

မင်း ဘယ်ကလာလာငါ ဘယ်ဆီကိုသွားသွားလောကရဲ့ အဆုံးစွန်တရားဆီတို့ ရောက်ရမှာပဲ။ အခုတော့ သည်လိုပဲပေါ့ကွယ် အရာရာတိုင်းဟာ လွဲချော်...
12/05/2026

မင်း ဘယ်ကလာလာ
ငါ ဘယ်ဆီကိုသွားသွား
လောကရဲ့ အဆုံးစွန်တရားဆီ
တို့ ရောက်ရမှာပဲ။

အခုတော့ သည်လိုပဲပေါ့ကွယ်
အရာရာတိုင်းဟာ လွဲချော်ခဲ့ရ
ကိုယ့်နှလုံးသားဆီ ကိုယ် အရောက်ပြန်ဖို့
အလှမ်းဝေးနေရ
ပုံအောလိုက်တိုင်း အစားခံခဲ့ရပေါ့။

#ပိုင်စိုးဝေ

နောက်ဆုံးတော့လည်း ကျနော်တို့ ဘဝအဘိဓမ္မာကထမင်းဆိုင်နံရံမှာ မြေဖြူခဲနဲ့  ဖြစ်ကတတ်ဆန်းရေးထားတဲ့ 'သင်ကောင်းလျှင် ကျွန်ုပ်မဆိ...
10/05/2026

နောက်ဆုံးတော့လည်း

ကျနော်တို့ ဘဝအဘိဓမ္မာက

ထမင်းဆိုင်နံရံမှာ

မြေဖြူခဲနဲ့ ဖြစ်ကတတ်ဆန်းရေးထားတဲ့

'သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ´ထက်

ဘယ်လောက်ပိုလို့လဲ။

#အောင်ခင်မြင့်

ပင်လယ်က ငါ့ကို ညှိို့ငါက ပင်လယ်ကို ညှို့ငါဟာ ပင်လယ်လိုလိုပင်လယ်ဟာ ငါလိုလို...။
08/05/2026

ပင်လယ်က ငါ့ကို ညှိို့
ငါက ပင်လယ်ကို ညှို့
ငါဟာ ပင်လယ်လိုလို
ပင်လယ်ဟာ ငါလိုလို...။

ငါတို့အိမ်ပြန်ကြတယ်။ခြေလှမ်းတိုင်းဟာအိမ်ကိုဦးတည်တယ်။ငါတို့ဟာ အမြဲတမ်းအိမ်ကိုပြန်ချင်တယ်။အိမ်ကရောတကယ်ရှိရဲ့လား။အိမ်ကိုငါတ...
03/05/2026

ငါတို့အိမ်ပြန်ကြတယ်။
ခြေလှမ်းတိုင်းဟာအိမ်ကိုဦးတည်တယ်။
ငါတို့ဟာ အမြဲတမ်းအိမ်ကိုပြန်ချင်တယ်။
အိမ်ကရောတကယ်ရှိရဲ့လား။
အိမ်ကိုငါတို့ရှာတွေ့ရဲ့လား။
အိမ်ကငါတို့နှလုံးသားထဲမှာရှိနေမှန်းမသိခဲ့တော့
ငါတို့ဘယ်တော့မှအိမ်ပြန်မရောက်ခဲ့ဘူး။

#အောင်ခင်မြင့်

ကမ္ဘာကြီးထဲမိုးရာသီတွေပဲ ထည့်ထားရင်တောင်ရေစက်မရှိရင် မဆုံနိုင်ဘူး။ ။ #အောင်ခိုင်မြတ်
02/05/2026

ကမ္ဘာကြီးထဲ
မိုးရာသီတွေပဲ ထည့်ထားရင်တောင်
ရေစက်မရှိရင် မဆုံနိုင်ဘူး။ ။

#အောင်ခိုင်မြတ်

Emotional Burnout
29/04/2026

Emotional Burnout

19/04/2026

ဒီကာလတွေမှာ The Log ကို အရောက်လာပြီး အားပေးတာ ကျေးဇူးတင်ပါတယ်
ခူလို ခေတ်ကာလမှာ လုပ်ငန်းတခု အနေနဲ့ ရပ်တည်နေနိုင်ခဲ့တဲ့ အတွက် ရောက်လာခဲ့သူများ၊ မရောက်လာလည်း အားပေးခဲ့သူများကို စိတ်ပါလက်ပါ ကျေးဇူးတင်ပါတယ်။

အဆင်ပြေခဲ့လီု့ Discount လည်း ပေးချင်ပါတယ်။

စီးပွားရေးအလို့ငှာ၊ မားကက်တင်း အလို့ငှာ ပိုက်ဆံရပြီးရော လာအောင် နူးနေတာ မဟုတ်ပဲ အနားယူချင်တဲ့သူ၊ ရောက်လာချင်ပေမယ့် မရောက်လာနိုင်ခဲ့တဲ့သူများ ရှိခဲ့ရင်ဆိုတဲ့ စိတ်နဲ့ ပေးတဲ့ Discount ဖြစ်ပါတယ်။

ရောက်လာတဲ့သူတွေ တင်တဲ့ ပုံပဲ ဖြစ်ဖြစ်၊ The Log က တင်တဲ့ ပုံတွေကြောင့်ပဲဖြစ်ဖြစ် ဆွတ်ပျံ့ ကြည်နူးဖွယ် ဘယ်လောက်ပဲ ကောင်းကောင်း The Log ဟာ လူတိုင်းကြိုက်မယ့် ပင်လယ်ကမ်းခြေ တည်းခိုခန်းမဟုတ်သလို၊ လူတိုင်းကိုလည်း မမျှော်ခဲ့ပါဘူး။

ကြိုက်လို့ ​ရောက်လာမယ့်သူတွေကိုပဲ မျှော်ပြီး သောက ကင်းကင်း နဲ့ ပလူးပလဲ မဟုတ်တဲ့ နွေးထွေးမှုနဲ့ ဝန်ဆောင်မှု ပေးချင်ပါတယ်။ အဲ့လိုပဲ ပေးပါရစေ။ လက်ရှိ လူမှု ဝန်းကျင်နဲ့ အံမဝင်နေရင်လည်း ခွင့်လွှတ်ကြပါ။ ခွင့်မလွှတ်လည်း မတတ်နိုင်ဘူးပေါ့။

အောက်က လူများက ကျွန်တော် ပေးချင်တဲ့ Discount ထဲမှာ အကြုံးဝင်တဲ့ လူများ ဖြစ်ပါတယ်။

1 &Family
အရင်ကတော့ ကျွန်တော်ရေးတဲ့ ကဗျာလိုလို စာလိုလို တွေ မဟုတ်ပဲ တခြား သူတွေရဲ့ ကဗျာတင်မယ်ဆို တင်မယ့် ကဗျာဆရာကို သူငယ်ချင်းကအစ ခွင့်တောင်းခဲ့ပါတယ်။ ကိုဗစ်နောက်ပိုင်း ခွင့်မတောင်းဖြစ်တော့ပါဘူး။ဒါ့ကြောင့် The Log page မှာ တင်ခဲ့သမျှ ကဗျာ တွေရဲ့ မူရင်း ရေးသားသူနဲ့ မိသားစုတွေကို အိမ်ကိုအလည်လာတဲ့ ဆွေမျိုး ဧည့်သည်လို Discount မျိုး ပေးချင်ပါတယ်။ အခန်းခ ပေးစရာမလိုပါဘူး။ Total free ပေးပါရစေ။ မူရင်း ကဗျာရေးသူ ဆုံးပါးသွားခဲ့လည်း မိသားစုဝင်တွေ လာခဲ့ဖို့ ဖိတ်ပါတယ်။


The Log ကို တကြိမ်ရောက်ဖူးသူတိုင်းကို တရက် အပိုပေးပါရစေ။ သုံးညအိပ်ချင်တယ်ဆို နှစ်ညအိပ်ပဲယူပါ။


The Log မှာပဲနေမယ် အနီးအနားကမ်းခြေပဲ လမ်းလျှောက် သွားမယ် နားမယ်ဆိုရင်၊ ဂေါ်ရန်ဂျီကျွန်းတခွင် အလည်အပါတ်တွေလည်း မသွားမယ့်သူဆိုရင် တရက် အပို ပေးချင်ပါတယ်။( Edit) ရောက်မှ သွားချင်တယ်ဆို ဂိုက် နှင့် သွားလာဖို့ စီစဉ်ပေးပါတယ်။ အပြင်ဂိုက်များ ငှားရမ်း လည်ပါတ်ချင်းများ အကြုံးမဝင်ပါ ခင်ဗျာ။


ကြိုးစားရုန်းကန် ရှင်သန်နေရင်းနဲ့ အနားယူဖို့ လိုလာတဲ့အခါ တကယ်လို့များ The Log ကို လာချင်ပေမယ့် ခက်ခဲခဲ့မယ်ဆို ပွင့်ပွင့်လင်းလင်းသာပြောပါ။ အလုပ်လုပ်ရင်း မိသားစုနဲ့ ကိုယ့်ကိုကိုယ် စောင့်ရှောက်နေတဲ့သူ ဖြစ်ဖို့နဲ့ လာချင်ခဲ့ပေမယ့် လာဖို့ စုရင်း တကယ်မလုံလောက် နေသူ ဖြစ်ဖို့ပဲလိုပါတယ်။ နားပါ။ ရှင်သန် ရုန်းကန် တာဝန်ယူနေသူဖြစ်ခဲ့ရင် နားဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အတူတူ ရှင်သန်နေကြတာပါလို့ ယူဆပါတယ်။

=============


အထက်ကရေးခဲ့တဲ့ Discount ပေးချင်ကြောင်းတွေ ဖတ်ပြီး စိတ်အရ ခံစားမိမှ လာစေ့ချင်ပါတယ်။ တအား လာစေချင်နေလို့ ပေးတာ မဟုတ်ပဲ April- May မှာ သတ်မှတ်ထားတဲ့ အခန်း အရေအတွက် ပြည့်ခဲ့လို့ June-July-August-Sep အတွင်း ပေးတဲ့ Discount ဖြစ်ပါတယ်။ Tiktok အကောင့်မရှိသလို၊ Tiktok မှာပြောနေကျတဲ့ Hotel ဆိုတာကို လက်မခံပါရစေနဲ့။ တည်းခိုခန်း အဆင့်ပဲ ဖြစ်ပါတယ် ခင်ဗျာ။
သဘာဝ ထဲထိုင်နေပြီး ပင်ပန်းခဲ့ရသမျှ ဖြေလျှော့ဖို့လောက်ပါပဲ။

ပင်လယ်ကို ကြည့်ပြီးအသံကုန် ဟစ်အော်တဲ့ အခါ ပြန်လာတဲ့ ငါ့အသံတွေကအစ အဝါ။ ။
19/04/2026

ပင်လယ်ကို ကြည့်ပြီး
အသံကုန် ဟစ်အော်တဲ့ အခါ
ပြန်လာတဲ့ ငါ့အသံတွေကအစ
အဝါ။ ။

Address

The LOG (Lodge Of Goyangyi)
Ngayokkaung
111111

Telephone

+959442076609

Website

Alerts

Be the first to know and let us send you an email when The Log posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share