Dawei Special Economic Zone

Dawei Special Economic Zone Dawei SEZ is located in Tanintharyi Region of Myanmar, adjacent to the Andaman Sea and near the Gulf of Thailand.

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာခြင်းနှင့်    သတင်းစာရှင်းလင်းပွဲ ကျင်းပနေပြည်တော် ၁၈၊ ...
18/01/2021

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍
သတင်းထုတ်ပြန်ကြေညာခြင်းနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

နေပြည်တော်
၁၈၊ ဇန်နဝါရီလ၊ ၂၀၂၁

ထားဝယ်အထူးစီးပွားရေးဇုန် ကနဉီးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု လက်ရှိအခြေအနေအား အများပြည်သူသိရှိနိုင်ရန် သတင်းကြေညာချက်အား (၁၈-၁-၂၀၂၁) ရက်စွဲဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သတင်းထုတ်ပြန်ခြင်းအခမ်းအနားနှင့်အတူ သတင်းစာရှင်းလင်းပွဲအား ယနေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)ရှိ ရတနာခန်းမ၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများနှင့် အညီ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်း အနားသို့ ဖိတ်ကြားထားသည့် သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ပါသည်။

English Version;

Dawei SEZ Management Committee issued a media announcement on (18-1-2021) to publicize about the update of Dawei SEZ Initial Phase Development. A press conference together with the release of the announcement is also held at 10 am today at the Ministry of Electricity and Energy Office in Nay Pyi Taw in accordance with Covid-19 disease prevention and control measures and it is attended by reporters from invited media.

Media AnnouncementDawei Special Economic Zone Management CommitteeNay Pyi Taw, Myanmar18 January 2021
18/01/2021

Media Announcement
Dawei Special Economic Zone Management Committee
Nay Pyi Taw, Myanmar
18 January 2021

သတင်းထုတ်ပြန်ခြင်းထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနေပြည်တော်၊ မြန်မာ၁၃၈၂ ခုနှစ်၊ ပြာသိုလဆန်း (၆) ရက်၁၈၊ ဇန်...
18/01/2021

သတင်းထုတ်ပြန်ခြင်း
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ
နေပြည်တော်၊ မြန်မာ
၁၃၈၂ ခုနှစ်၊ ပြာသိုလဆန်း (၆) ရက်
၁၈၊ ဇန်နဝါရီ၊ ၂၀၂၁

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းစည်းအဝေးကျင်းပတင်္နလာနေ့၊ ၁၁၊ ဇန်နဝါရီ၊ ၂၀၂၁ထားဝယ်အထူးစီ...
11/01/2021

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းစည်းအဝေးကျင်းပ

တင်္နလာနေ့၊ ၁၁၊ ဇန်နဝါရီ၊ ၂၀၂၁

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းစည်းအဝေးအား (၁၁-၀၁-၂၀၂၁) ရက်နေ့တွင် Online Video Meeting ပြုလုပ်ကျင်းပခဲ့ပါသည်။

အစည်းအဝေး သဘာပတိအဖြစ် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်မှ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယဥက္ကဌ(၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ ဒေါက်တာတင်ထူးနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးမှ စီမံကိန်း လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Eng Version;

A video conferencing meeting presided by Dr. Tun Naing, Chairman of the DSEZ MC was held this afternoon where it was attended by Vice-Chairman (2) Dr. Myint San, Secretary and Dr. Tin Htoo Naing and members of DSEZ MC.

It was discussed on the status of activities that have been implemented as well as those to be implemented in the future, matters related to cooperation with Japan and also including matters related to the update of DSEZ to be publicized.

23/12/2020

Dawei Special Economic Zone Management Committee (DSEZ MC) explained development of Dawei SEZ Implementation progress to Tanintharyi Regional Government members, Representatives of Pyithu Hluttaw, Amyotha Hluttaw and Regional Hluttaw of Tanintharyi Region.

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မ...
22/12/2020

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များသို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း

၂၂ ဒီဇင်ဘာ ၂၀၂၀

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသို့ ထားဝယ်အထူး စီးပွား ရေးဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား Online Video Conferencing စနစ်ဖြင့် ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နေ့လည်(၂)နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထားဝယ်အထူးစီးပွါးရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာထွန်းနိုင်မှ ရှင်းလင်းဆွေးနွေးရာ၌ (၂၀၀၈) ခုနှစ်မှစ၍ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်ဖြစ်ပေါ်လာမှု ၂၀၁၃ ခုနှစ်တွင် စီမံကိန်းပုံစံပြောင်းလဲ၍ ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းအဖြစ် ပြင်ဆင်ပိုင်းခြားဆောင်ရွက်ခဲ့မှု၊ မြန်မာနှင့် ထိုင်းနိုင်ငံအစိုးရချင်းပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုးခဲ့မှု၊ ယခုလတ်တလော ကာလ၌ ဂျပန်နိုင်ငံအစိုးရက စီမံကိန်း၌ ပါဝင်ဆောင်ရွက်ရန် ကမ်းလှမ်းလာမှုအပေါ် မြန်မာနိုင်ငံ အစိုးရက ကြိုဆိုလက်ခံခဲ့မှု၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများကိုလည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ထိုင်းနိုင်ငံနယ်စပ် အထိ နိုင်ငံပိုင်လမ်းအဖြစ် တည်ဆောက်အဆင့်မြှင့်မည့် ၂-လမ်းသွားကတ္တရာလမ်း ကိစ္စကိုလည်း ကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်မြောက်ရန် အရေးပါလှသော နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအောင် မြန်မာအစိုးရက ကြိုးစားစီမံနေမှုကိုလည်းကောင်း ထည့်သွင်းရှင်းလင်းခဲ့ပါသည်။

ထို့နောက် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဝင်၊ ဒုတိယဥက္ကဌ(၂)၊ ဒေါက်တာမြင့်ဆန်းမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား Power Point အသုံးပြု၍ ရှင်းလင်းတင်ပြခဲ့ ပါသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ မေးမြန်းမှုများအား သက်ဆိုင်ရာ ကော်မတီဝင်များမှ ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် တာဝန်ရှိသူများ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဌ(၁)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဒေါ်ရီရီချို၊ ဒုတိယဥက္ကဌ(၂)၊ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ ဒေါက်တာတင်ထူးနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး အခမ်အနားမှူးအဖြစ် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဝင်၊ ဒေါက်တာထွန်းထွန်း၊ ညွှန်ကြားရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့ပါသည်။

Eng Version;

DSEZ MC explained development of Dawei Special Economic Zone Implementation Progress

Dawei Special Economic Zone Management Committee (DSEZ MC) explained development of Dawei SEZ Implementation progress to Tanintharyi Regional Government members, Representatives of Pyithu Hluttaw, Amyotha Hluttaw and Regional Hluttaw of Tanintharyi Region.

H.E. Dr. Tun Naing, Chairman of DSEZ MC and Deputy Minister of Electricity and Energy attended the meeting via video conferencing and delivered opening remarks.

In his remarks it include, the Dawei Deep Sea Port project that was launched in 2008 and the project was restructured in 2016 as Dawei Special Economic Zone demarcating it as Initial phase and Full phase, signing MOU by bilateral governments of Myanmar and Thailand, offering of Japanese government to participate in Myanmar-Thai JCC and JHC for development of DSEZ Project that was accepted by Myanmar Government very recently, discussions on upcoming matters to be undertaken, upgrading of construction of Two-lane road between DSEZ Project and Htii-Khee (Myanmar-Thai border), and electrification efforts being made by Myanmar Government.

In the course of meeting, Dr. Myint San explained on current development of DSEZ Project and its future activities to be undertaken using power point slides. Queries of representatives were replied with explanations made by related members of DSZE Management Committee.

Those attended at the meeting are U Khin Maung Aye, Speaker of Regional Hluttaw, U Kyi Soe, Deputy-Speaker of Regional Hluttaw, U Aung Thu Ra, Regional Minister for Electricity and Energy, U Hla Htwe, Regional Minister for Natural Resources and Environment, Daw Yi Yi Cho, Regional Minister for Planning and Finance and Vice-Chairman( 1 ), Dr Myint San, Vice-Chairman ( 2 ), Dr. Tin Htoo Naing, Secretary and Committee Members. Dr. Htoon Htoon, member of DSEZ MC, Director, DICA, MIFER conducted as Master of Ceremony of the meeting.

DSEZ MC နှင့် JICA Myanmar Working Level အစည်းအဝေးကျင်းပခဲ့၁၈ ဒီဇင်ဘာ ၂၀၂၀ ပြည့်နှစ်ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့်...
19/12/2020

DSEZ MC နှင့် JICA Myanmar Working Level အစည်းအဝေးကျင်းပခဲ့

၁၈ ဒီဇင်ဘာ ၂၀၂၀ ပြည့်နှစ်

ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်းနှင့် အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင် ဦးဆောင်သော ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဝင်များသည် ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် Mr. KON Tetsutaro, Senior Representative ဦးဆောင်သော JICA Myanmar အဖွဲ့အား Online Video Conferencing အသုံးပြု၍ ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန် Working Level အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် JICA မှထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေရန်အတွက် အသစ်ခန့်အပ်ထားသောကျွမ်းကျင်သူနှင့်မိတ်ဆက်ပေးခဲ့ပါသည်။ DSEZ MC မှလည်း JICA မှ အကူအညီပေးမည့် ကျွမ်းကျင်သူနှစ်ဦးအား လက်တွဲလုပ်ဆောင်ရန် ကြိုဆိုခဲ့ပြီး Working Level တွင်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။

Eng Version;

Dawei SEZ Management Committee led by Vice-Chairman (2) Dr. Myint San, Secretary Dr. Tin Htoo Naing and JICA Myanmar Team led by Mr. KON Tetsutaro, Senior Representative held a meeting via video conferencing at 2 pm on 18 December 2020 regarding actions for further cooperation matters to be taken for Dawei SEZ.

During the meeting, JICA Myanmar introduced their newly assigned Expert who will support the development of Dawei SEZ. DSEZ MC welcomed two JICA experts to work hand in hand and discussed matters to be carried out at the working level.

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ၊ ဥက္ကဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မ...
16/12/2020

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ၊ ဥက္ကဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. MARUYAMA Ichiro အား လက်ခံတွေ့ဆုံ။
--------------------------------------------------------
၁၆ ဒီဇင်ဘာ ၂၀၂၀

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ၊ ဥက္ကဌ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. MARUYAMA Ichiro နှင့် ဂျပန်နိုင်ငံသံရုံးမှ ကိုယ်စားလှယ်များအား ဒီဇင်ဘာလ (၁၆) ရက်နေ့ နေ့လည်(၂)နာရီတွင် ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ(၁)၊ ဒေါ်ရီရီချို၊ ဒုတိယဥက္ကဌ(၂)၊ ဒေါက်တာမြင့်ဆန်းနှင့် အတွင်းရေးမှူး၊ ဒေါက်တာတင်ထူးနိုင် တို့နှင့်အတူ Online Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် DSEZ MC ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်မှ ဂျပန်နိုင်ငံအနေဖြင့် မြန်မာ-ထိုင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအဆင့်ပူးတွဲကော်မတီနှင့် အဆင့်မြင့်ပူးတွဲကော်မတီများတွင် ပါဝင်လိုမှုအပေါ် ကြိုဆို လက်ခံပြီးဖြစ်ပါကြောင်းပြောကြားခဲ့ပြီး၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး (Dawei SEZ Deep Sea Port Development) အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ပီပီပြင်ပြင်ဖြစ်ပေါ်လာရေးနှင့် ပင်မ စီမံကိန်းအတွက် မဟာဗျုဟာမြောက်ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (Strategic Environmental Assessment) ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

Eng Version-

H.E. Deputy Minister Dr. Tun Naing, Chairman of Dawei Special Economic Zone Management Committee (DSEZ MC), Ministry of Electricity and Energy receives Mr. MARUYAMA Ichiro, Honourable Ambassador of Japan.

H.E. Deputy Minister Dr. Tun Naing, Chairman of Dawei Special Economic Zone Management Committee (DSEZ MC), Ministry of Electricity and Energy received Mr. MARUYAMA Ichiro, Honourable Ambassador of Japan to Myanmar and representatives from Embassy via video conferencing at 2:00 pm on 16th December 2020 where attended by DSEZ MC’s Vice-Chairman (1) Daw Yi Yi Cho, Vice-Chairman (2) Dr. Myint San and Secretary Dr. Tin Htoo Naing.

During the meeting, DSEZ MC Chairman Dr. Tun Naing welcomed the aspiration of the Japanese government to participate in the development of Dawei SEZ through Myanmar-Thailand Joint Coordination Committee (JCC) and Joint High-Level Committee (JHC) that has been organized for the comprehensive development of Dawei Special Economic Zone.

The meeting also discussed matters related to the processes and materialization of Dawei Special Economic Zone Deep Sea Port Development and also Strategic Environmental Assessment to undertake.

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (၈/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၂-၁၂-၂၀၂၀) ရက်နေ့တွင် Online Vid...
02/12/2020

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (၈/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၂-၁၂-၂၀၂၀) ရက်နေ့တွင် Online Video Meeting ပြုလုပ်ကျင်းပခဲ့ပါသည်။
--------------------------------------------------------------------------
အစည်းအဝေးသဘာပတိအဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်မှ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယဥက္ကဌ (၁)နှင့် တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ဒေါက်တာသီတာဦး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကော်မတီဝင်များ၊ SPV (မြန်မာ) မှ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်ဝင်းဝင်းမော်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဦးကျော်ကျော်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒေါက်တာအောင်မိုးချယ်၊ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အထောက်အကူပြုအဖွဲ့များမှ ဦးဦးဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာ-ထိုင်း-ဂျပန် ပူးပေါင်းအကောင်အထည်ဖော်ရေးကိစ္စအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ကနဦးစီးပွားရေးဇုန် စီမံကိန်းအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့်ကုမ္ပဏီများမှ တင်ပြလာမှုများ၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်ရန်လျာထားသည့် ၂၃၀ ကေဗွီ လျှပ်စစ်ဓာတ်အားခွဲရုံမြေနေရာအတွက် လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန သို့ မြေနေရာအတည်ပြုပြန်ကြားနိုင်ရေးကိစ္စ၊ ထိုင်းနိုင်ငံ NEDA ချေးငွေဖြင့် ဆောင်ရွက်မည့် ၂-လမ်းသွားကားလမ်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ဂျပန်နိုင်ငံမှ ထားဝယ်ရေနက်စီမံကိန်းအတွက် ဆောင်ရွက်လိုသည့် လေ့လာဆန်းစစ်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

Dawei Special Economic Zone Management Committee (8/2020) Meeting held on 2 December 2020

A video conferencing meeting was held and presided by Dr. Tun Naing, Chairman of the DSEZ MC where it was attended by Daw Yi Yi Cho, Vice-Chairman (1) and Minister for Planning and Finance of Tanintharyi Region Government, Vice-Chairman (2) Dr. Myint San, Secretary Dr. Tin Htoo Naing, Permanent Secretary of UAGO office Dr. Thida Oo, BODs of SPV Myanmar Daw Win Win Maw, MD of MICB, U Kyaw Kyaw Naing, DDG of UAGO, Dr. Aung Moe Chel, DDG of MIFER and members of DSEZ MC.

As per the meeting agenda, it was discussed on the matters related to Myanmar-Thailand-Japan government level joint cooperation on implementation, upcoming activities of the initial phase project to be undertaken, proposals submitted by the companies interested to invest in the Dawei SEZ, land approval confirmation to the Ministry of Electricity and Energy for the 230 kV substation to be built inside Dawei SEZ, work in progress of the development of Thailand’s NEDA Loan 2-Lane road project and also the upcoming activities of the Dawei Deep Sea Port Study to be conducted by JICA of Japan.

Myanmar welcomes Japanese’s desire to join Dawei SEZ Full Phase Implementation in joint cooperation with Thailand.
11/11/2020

Myanmar welcomes Japanese’s desire to join Dawei SEZ Full Phase Implementation in joint cooperation with Thailand.

Dr. Tun Naing, Chairman of Dawei SEZ Management Committee attended the Myanmar-Thailand-Japan Tripartite Working Level Meeting and delivered an opening speech.

Address

Office No. 27, MInistry Of Electricity And Energy Compound, Zawana Road, Zabuthiri Township
Naypyidaw
15011

Opening Hours

Monday 09:00 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+9567410257

Alerts

Be the first to know and let us send you an email when Dawei Special Economic Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dawei Special Economic Zone:

Share

Category

Dawei SEZ: Industrial Logistics City and Nature Industry Hybrid

Dawei SEZ is an international project plays a main role in the linkage in ASEAN Region’s southern part of Greater Mekong economic platform as well as the linkage between, Bangkok, Phnom Penh and Hanoi cities. In addition, it will be standing as west gate door linking with India, middle Africa and European countries upon the completion of the Project. It will enable the community of the region to be benefitted with the creation of more job opportunities together with the uplift of social condition which will partially result in the economic development of the country.