မေမြို့သူ မက်မန်း

မေမြို့သူ မက်မန်း Pyin Oo Lwin

 #ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့_နေ့ထူးနေ့မြတ်_အခါသမယမှာ🌿မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး      ကမ္ဘာသူ ကမ္ဘာသား အားလုံ...
29/07/2026

#ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့_နေ့ထူးနေ့မြတ်_အခါသမယမှာ

🌿မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး
ကမ္ဘာသူ ကမ္ဘာသား အားလုံး
၃၁-ဘုံ၌ ကျင်လည်ကြကုန်သော
ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ အားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ
ဘေးခပ်သိမ်း ရန်ခပ်သိမ်း
ရောဂါခပ်သိမ်းတို့မှ ကင်းဝေးကြပါစေ 🙏

🍀စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းတို့မှ
ကင်းဝေးကြပါစေ
🍀ဝမ်းနည်းပူဆွေး ငိုကြွေးခြင်းတို့မှ
ကင်းဝေးကြပါစေ
🍀စိုးရိမ်သောက ဗျာပါဒတို့မှ
ကင်းဝေးကြပါစေ

အချင်းချင်း မေတ္တာထားနိုင်ကြ၍
မေတ္တာနဲ့သာ ပြုမူ ပြောဆို ဆက်ဆံနိုင်ကြပါစေ
ကြောင်း #မေမြို့သူ_မက်မန်း မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ🙏🙏🙏



#ဝါဆိုလပြည့်နေ့

🏡   #ပဲခူး_ဘုရားကြီးမြို့        🏡  #ရန်ကုန်မြို့                 🏡  #မော်လမြိုင်မြို့                            🏡  #လွ...
16/07/2026

🏡 #ပဲခူး_ဘုရားကြီးမြို့

🏡 #ရန်ကုန်မြို့

🏡 #မော်လမြိုင်မြို့

🏡 #လွိုင်ကော်မြို့ တွေဆီကို

🚩တောင်ပေါ်မြို့လေးဆီက #မေမြို့သူ ခရီးဆက်



14/07/2026

" မေမြို့ " ကိုပဲ လာ လာ

" ပြင်ဦးလွင်မြို့ " ကိုပဲ ရောက် ရောက်

#မေမြို့သူ_မက်မန်း လေးတော့လက်ဆောင်ပေးပါ
ရစေရှင့် 😘😘



#ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်မယ့်မိသားစုများ
☎️09774600027

🌿" မေမြို့ " သို့မဟုတ် " ပြင်ဦးလွင် " ဒေသထွက်       စစ်စစ် မက်မန်းသီးလေးများကို~~~🍑 မက်မန်းရာသီပေါ်ချိန်အသစ်လေးမှာ  🍑🍑 ...
13/07/2026

🌿" မေမြို့ " သို့မဟုတ် " ပြင်ဦးလွင် " ဒေသထွက်
စစ်စစ် မက်မန်းသီးလေးများကို~~~

🍑 မက်မန်းရာသီပေါ်ချိန်အသစ်လေးမှာ

🍑🍑 အစဥ်တစိုက်အမြဲအားပေးကြတဲ့

🍑လုပ်ငန်းရှင် မိသားစုအားလုံးအခုချိန်မှစလို့

🍒မက်မန်း အနီရောင် ရဲရဲလေးများ
🍒🍒 မက်မန်း အဝါရောင် ဝင်း၀င်းများ
🍒🍒🍒 မက်မန်း ဆားစိမ် ရောင်စုံများ

ကို လက်လီ လက်ကား ၀ယ်ယူအားပေးနိုင်ပါပြီ💲



#ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်မယ့်မိသားစုများ

☎️09774600027

28/06/2026
 #နယုန်လပြည့်နေ့    🌿ယနေ့မှာကျရောက်တဲ့ နယုန်လပြည့်     (မဟာသမယအခါတော်နေ့ ) မှာ     ခုနှစ်ရက်သား သမီးများအားလုံး စိတ်ချမ်...
30/05/2026

#နယုန်လပြည့်နေ့
🌿ယနေ့မှာကျရောက်တဲ့ နယုန်လပြည့်
(မဟာသမယအခါတော်နေ့ ) မှာ
ခုနှစ်ရက်သား သမီးများအားလုံး စိတ်ချမ်းသာ
ကိုယ်ကျန်းမာပြီးဘေးရန်ခပ်သိမ်းကင်းငြိမ်းကာ
ကောင်းကျိုးလိုအင်ဆန္ဒဟူသမျှ ပြည့်ဝကြပါ
စေကြောင်း #မေမြို့သူမက်မန်း မိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~

#နယုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့အဖို့
ငြိမ်းချမ်းရေး မှတ်တိုင်ကို စိုက်ထူနိုင်သော
သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။

မြတ်စွာဘုရားသည်
ထိုနေ့၌ ကပိလဝတ်ပြည် မဟာဝုန်တောကြီး
အတွင်း မဟာသမယသုတ်
ဟောကြားတော်မူသည်ကို အကြောင်းပြု၍
နယုန်လပြည့်နေ့၌ “မဟာသမယအခါတော်ပွဲ”
ကျင်းပရခြင်း ဖြစ်ပါသည်။

နယုန်လပြည့်နေ့၏ ထူးခြားချက်များမှာ-
•••••••••••••••••••••••••••••••••••••••••••••
(၁)ရေလုပွဲ ဆင်နွှဲကြသော တောင်သူ လယ်သမား
တို့ ငြင်းခုံ ခိုက်ရန်ဘေးမှ ကင်းဝေးခြင်း။

(၂) ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင်
စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး၊
ငြိမ်းချမ်းရေး ရသောနေ့ ဖြစ်ခြင်း။

(၃) နတ်၊ဗြဟ္မာ၊အသူရာ နှင့် ဂဠုန်၊နဂါးများ၊
ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ
စုရုံးမိသောနေ့ ဖြစ်ခြင်း။

(၄)မင်းသားငါးရာ သာ့သနာဘောင်သို့
ဝင်ရောက်သောနေ့ ဖြစ်၍ ထူးခြားခြင်း။

(၅)ရဟန်းတော် ငါးရာလုံး ရဟန္တာချည်း
ဖြစ်သောနေ့ ဖြစ်၍ ထူးခြားခြင်း။

(၆)“နိမ္မိတဘုရား” က မေး၍ “ပကတိဘုရား” က
ဖြေဆိုသည်ကို နာရသောကြောင့် ထူးခြားခြင်း။

(၇)မဟာသမယကို အကြောင်းပြု၍ ဂဠုန်နှင့်နဂါး
တို့ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ ဖြစ်၍
ထူးခြားခြင်း။

(၈)မဟာသမယဆိုင်ရာ သုတ္တန် ၇မျိုးကို
ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။

(၉)ဘိက္ခုနီသာသနာ လမ်းစ ပေါ်သောနေ့
ဖြစ်၍ ထူးခြားခြင်း။

ဤထူးခြားမှုများကို အာရုံပြု၍ ဗုဒ္ဓဘာသာဝင်တို့က
နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်ပါသည်။

🙏🌿 ကဆုန်လပြည့် ❝ ဗုဒ္ဓနေ့ ❞ 🌿🙏                     ဗျာ၊ ဖွား၊ ပွင့်၊ စံဤလေးတန်ကို မှတ်ရန် ဗုဒ္ဓနေ့ 🙏ဗျာ – ကဆုန်လပြည့်နေ့...
30/04/2026

🙏🌿 ကဆုန်လပြည့် ❝ ဗုဒ္ဓနေ့ ❞ 🌿🙏
ဗျာ၊ ဖွား၊ ပွင့်၊ စံ

ဤလေးတန်ကို မှတ်ရန် ဗုဒ္ဓနေ့ 🙏
ဗျာ – ကဆုန်လပြည့်နေ့တွင်
ဗျာဒိတ်တော်ခံယူတော်မူသည်
ဖွား – ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော်မူသည်
ပွင့် – ကဆုန်လပြည့်နေ့တွင် ဘုရားပွင့်တော်မူသည်
စံ – ကဆုန်လပြည့်နေ့တွင်
ပရိနိဗ္ဗာန်စံဝင်တော်မူသည်

ဤကဲ့သို့သော နေ့ထူးနေ့မြတ် အခါသမယတွင်
🙏 သောက်တော်ရေ၊ ဆီးမီး၊ ပန်းများ
ကပ်လှူပူဇော်၍
🌿 ဗောဓိပင်အား ရေသွန်းလောင်း
ကုသိုလ်ပြုကြပါစို့

ထို့ပြင်
✨ ဂုဏ်တော်ပွားခြင်း
✨ ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ခြင်း
✨ အမျှဝေခြင်းတို့ကို ပြုလုပ်ကာ
မိမိနှင့် မိမိချစ်မြတ်နိုးသူများသာမက
🌏 တနိုင်ငံလုံး၊ တမ္ဘာလုံး အေးချမ်းသာယာစေရန်
မေတ္တာတရားများ ပို့လွှင့်ကြပါစို့ 🙏💛

🌼 ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင်
ဘေးရန်ကင်းကွာ၍
ရောဂါဘေး၊ ကပ်ဘေးအပေါင်းမှ
လွတ်မြောက်ကာ ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး
ကုသိုလ်တရားများ တိုးပွားနိုင်ကြပါစေ
ကြောင်းမေတ္တာရှေ့ထား "မေမြို့သူ" မိသားစုမှ
ဆုတောင်းအပ်ပါသည် 🙏✨

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့
#ညောင်ရေသွန်းပွဲ
#ကုသိုလ်ယူနေ့

31/12/2025

နိုင်ငံတကာနှစ်သစ်ကူး နှစ်ဦးမေတ္တာ ပို့သလွှာ
~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သတ္တဝါများစွာ၊ ဘေးရန်ကွာ
ချမ်းသာကြပါစေ🙏🙏🙏

(၂)မေတ္တာရေချမ်း၊ သွန်းကာဖြန်း
ငြိမ်းချမ်းကြပါစေ🙏🙏🙏

(၃) သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ
လိုရာဆန္ဒ၊ ပြည့်ပါစေ🙏🙏🙏

#ပါမောက္ခချုပ်ဆရာတော်
#မေမြို့သူမက်မန်းဖြန့်ချီရောင်း၀ယ်ရေး
#မိသားစုနှစ်သစ်ဆုတောင်းမေတ္တာပို့သအပ်

18/06/2025

🍑မက်မန်း အစိမ်းသီးရသေးလား အမေးများတဲ့

#ချစ်မိတ်ဆွေများအတွက်

Address

Anaryahtar Street
Maymyo
11111

Alerts

Be the first to know and let us send you an email when မေမြို့သူ မက်မန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မေမြို့သူ မက်မန်း:

Shortcuts

Share