PORU

PORU အရည်အသွေးကောင်းရာဘာများထုတ်လုပ်နိုင်ရန်နှင့်နိုင်ငံတကာနည်းတူစျေးမှန်များရရှိစေရန်

ကြွေသီး(၄)လုံးရပါ့မယ်၁ကီလို ၁၈၀၀၀ ကျပ်ပါ လိုချင်သူများ -၀၉၂၆၃၆၅၄၈၂၇ ကိုဆက်သွယ်ပါခင်ဗျ
16/04/2024

ကြွေသီး(၄)လုံးရပါ့မယ်
၁ကီလို ၁၈၀၀၀ ကျပ်ပါ
လိုချင်သူများ -၀၉၂၆၃၆၅၄၈၂၇ ကိုဆက်သွယ်ပါခင်ဗျ

အားလုံးမင်္ဂလာပါဗျရာဘာအစေးခြစ်ခြံများအတွက်အထူးထုက်လုပ်ထားသောရွှေဖြူမြေဩဇာ မေလတွင်ရောက်ရှိပါ့မယ်ခင်ဗျအားလုံးကိုခင်မင်လေးစ...
14/04/2024

အားလုံးမင်္ဂလာပါဗျ
ရာဘာအစေးခြစ်ခြံများအတွက်အထူးထုက်လုပ်ထားသောရွှေဖြူမြေဩဇာ မေလတွင်ရောက်ရှိပါ့မယ်ခင်ဗျ
အားလုံးကိုခင်မင်လေးစားစွာဖြင့်
မင်းထွန်းသိန်း
အနာဂတ်မြန်မာ

မဂ်လာပါဗျအနာဂတ်မြန်မာမှကြိုဆိုပါတယ်အနာဂတ်မြန်မာတွင်မှာယူရရှိနိုင်သော ရာဘာစက်ရုံနှင့်ရာဘာမှိုင်းရုံသုံးပစည်းများ၁. PH မီတ...
11/03/2024

မဂ်လာပါဗျ
အနာဂတ်မြန်မာမှကြိုဆိုပါတယ်
အနာဂတ်မြန်မာတွင်မှာယူရရှိနိုင်သော ရာဘာစက်ရုံနှင့်ရာဘာမှိုင်းရုံသုံးပစည်းများ

၁. PH မီတာ
၂. သာမိုမီတာ
၃. ရွှေချိန်စက်
၄. အပူပေးစက်
၅. ပြဒါး
၆. အစေးခဲအလှူမီနီယမ်ကန်
၇. (၅)လုံးတွဲ ယိုးဒယား
ရာဘာကြိတ်စက်
၈. လျှပ်စစ်သာမိုမီတာ
၉. ထော်လီဘီး
၁၀. ရာဘာပျိုးပင်

ဆက်သွယ်ရန်
၀၉-၂၆၃၆၅၄၈၂ရာ

အားလုံးမင်္ဂလာပါဗျအနာဂတ်မြန်မာမှကြိုဆိုပါတယ်ခင်ဗျဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာများအား နိုင်ငံခြားသို့ တ...
08/03/2024

အားလုံးမင်္ဂလာပါဗျ
အနာဂတ်မြန်မာမှကြိုဆိုပါတယ်ခင်ဗျ
ဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာများအား နိုင်ငံခြားသို့ တင်ပို့ရောင်းချမည်ဆိုပါက လုပ်ဆောင်ရမည် လိုအပ်ချက်လုပ်ငန်းစဉ်များကို မျှဝေပေးမည်ဖြစ်ပါသည်။
ပထမဉီးဆုံး ရာဘာများအား နိုင်ငံခြားသို့တင်ပို့တင်ပို့ရောင်းချရန် သက်တမ်းရှိသောကုမ္ပဏီ ရှိရမည်ဖြစ်ပြီး ကုမ္ပဏီသက်တမ်းသည် အနည်းဆုံး သက်တမ်း (၃) နှစ်ရှိရမည်ဖြစ်ပါသည်။
နိုင်ငံခြားသို့တင်ပို့ရောင်းချရာတွင် ရောင်းဝယ်မူ့ စနစ် (၂) မျိုး ဖြင့် အရောင်းအဝယ် ပြုလုပ်ကြပါသည်။
ပထမစနစ်မှာ FOB ( Freight On Board ) သို့မဟုတ် CIF ( Cost Insurance Freight ) ဖြင့် အရောင်းအဝယ်ပြုလုပ်ကြပါသည်။
အထက်ပါ အရောင်းအဝယ်ပြုလုပ်သည့် စနစ် (၂) ခုထဲမှ မိမိတို့ ကုမ္ပဏီ နှင့် တစ်ဖက်က ဝယ်ယူသည့်ကုမ္ပဏီတို့၏ သဘောတူညီချက်အပေါ်မူတည်ပြီး မိမိတို့အတွက် အဆင်ပြေမည့် အရောင်းအဝယ်ပုံစံဖြင့် အရောင်းအဝယ်ပြုလုပ်ကြပါသည်။
ထို့သို့ နိုင်ငံခြားသို့တင်ပို့ရောင်းချရာတွင် မတင်ပို့မီ လုပ်ဆောင်ရမည့် လိုအပ်ချက်များကိုအောက်တွင်ဖော်ပြအပ်ပါသည်။
1. License application
2. Custom security fees
3. MACCS (Myanmar Automated Cargo Clearance System) fees
4. 2% Tax payment
5. Custom clearance charges
6. Post custom exam
7. Container 1/ton charges at depot
8. VCM (Vehicle Control Module) charges
9. Trucking Charges from Warehouse to Sea port
10. Port challan
11. CO (Country of Original) certificate
12. Phytosanitary Certificate and Fumigation
13. FOAM AI charges
14. DFTP ( Duty Free Tariff Perference) charges
15. Rubber Association Membership fees
16. Smart card for License
17. UCB (Unit Control Block ) and IE ( Immediate Exportation )Code apply
18. BL (Bill of Loading) and Seal Charges
19. Handling fees per shipment
20. Invoice
21. Parking List
အထက်ဖော်ပြထားသည့်လုပ်ဆောင်ရန် လိုအပ်ချက်များထဲမှ မှားယွင်းချက်များ လိုအပ်ချက်များတစ်စုံတစ်ရာရှိပါက သိရှိသူများမှ ပြန်လည်ပြင်ဆင် ဖြည့်စွက်ပေးပါရန်လည်း အကြံပြုအပ်ပါသည်။
နိုင်ငံသို့တင်ပို့ရောင်းချပြီးရရှိသော နိုင်ငံခြားငွေကိုတော့ ပို့ကုန်ရဝင်ငွေ (Earning) အဖြစ် ရရှိမည်ဖြစ်ပါကြောင်း ကိုယ်တိုင်တင်ပို့ခဲ့စဉ်ကရရှိခဲ့သော အတွေ့အကြုံနှင့် နိုင်ငံခြားသို့တင်ပို့ခဲ့သော ကုမ္ပဏီတစ်ခု၏ မျှဝေပေးသည့်အချက်အလက်အပေါ် အခြေခံပြီး မျှဝေပေးခြင်းဖြစ်ပါသည်။
လက်ရှိအခြေအနေနှင့်ကွဲလွဲမူ့များရှိခဲ့လျှင်လည်းအကြံပြုဖြည့်ဆွတ်ပေးနိုင်ပါတယ်ခင်ဗျ။
အားလုံးကိုလေးစားခင်မင်စွာဖြင့်
မင်းထွန်းသိန်း
ရာဘာနည်းပညာအကြံပေး
အနာဂတ်မြန်မာ

အားလုံးမင်္ဂလာပါဗျအနာဂတ်မြန်မာမှာကြိုဆိုပါတယ်ခင်ဗျ။အရည်အသွေးမြင့်ရာဘာကို နိုင်ငံတကာကိုတရားဝင်တင်ပို့ရောင်းချမည် ဆိုလျှင်...
07/03/2024

အားလုံးမင်္ဂလာပါဗျ
အနာဂတ်မြန်မာမှာကြိုဆိုပါတယ်ခင်ဗျ။
အရည်အသွေးမြင့်ရာဘာကို နိုင်ငံတကာကိုတရားဝင်တင်ပို့ရောင်းချမည် ဆိုလျှင် မိမိတင်ပို့ရောင်းချမည့် ရာဘာအရည်းအသွေးဆန်းစစ်ချက် (Test Analysis Report) လိုအပ်ပါတယ်။
ဝယ်ယူသူ၏ လိုအပ်ချက်အရ ဝယ်ယူသည့်နိုင်ငံအပေါ်မူတည်ပြီး လိုအပ်ချက်များမတူညီကြသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ အောက်ပါ ဆန်းစစ်ချက် (၈) မျိုးကိုဆန်းစစ်လို့ရနိုင်ပါသည်။
လိုအပ်သောဆန်းစစ်ချက်အား မြန်မာ နှင့် အင်္ဂလိပ်ယှည်တွဲသိနိုင်ရန် ဗဟုသုတအနေဖြင့်မျှဝေပေးလိုက်ပါတယ်ခင်ဗျ။
(၁) အသားသေသတ္တိ ( Plasticity )
(၂) အသားသေသတ္တိအညွှန်းကိန်း ( Plasticity Retention Index)
(၃) စေးပျစ်ကိန်း ( Money Viscosity)
(၄) အ‌ရောင်အညွှန်းကိန်း ( Lovibond Color Index )
(၅) အငွေ့ပျံသောဒြပ်ပစ္စည်းပါဝင်မူ့နှုန်း ( Volatile Matter)
(၆) ပြာပါဝင်မူ့ (Ash)
(၇) အညစ်အကြေးအမှိုက်သဲခဲပါဝင်မူ့ (Dirt )
(၈) နိုက်ထရိုဂျင်ပါဝင်မူ့ ( Nitrogen )
ဆန်းစစ်ချက်နမူနာနှင့်ဝယ်ယူသူ၏လိုအပ်ချက်နမူနာကိုလည်းသိရှိနိုင်ရန်ပူတွဲေဖာ်ြပထားပာတယ်
အားလုံးကိုခင်မင်လေးစားစွာဖြင့်
မင်းထွန်းသိန်း
ရာဘာနည်းပညာအကြံပေး
အနာဂတ်မြန်မာ

အားလုံးမင်္လာပါဗျအနာဂတ်မြန်မာမှကြိုဆိုပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာမှိုင်းရုံးသုံးသာမိုမီတာအကြောင်...
06/03/2024

အားလုံးမင်္လာပါဗျ
အနာဂတ်မြန်မာမှကြိုဆိုပါတယ်
ဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာမှိုင်းရုံးသုံးသာမိုမီတာအကြောင်းဘဲဖြစ်ပါသည်။
လက်ရှိအသုံးပြုနေသော ရာဘာမှိုင်းရုံးသုံးသာမိုမီတာကတော့ တရုတ်နိုင်ငံထုတ်ဖြစ်ပြီး ရိုးရိုးသာမိုမီတာနှင့် လျှပ်စစ်သာမိုမီတာဟူ၍ (၂) မျိုးရှိပါတယ်။
လျှပ်စစ်သာမိုမီတာကတော့ လျှပ်စစ်မီးရရှိမှသာအသုံးပြုနိုင်သည့်အတွက် ရိုးရိုးသာမိုမီတာကိုသာအသုံးများကြပါသည်။
သာမိုမီတာကိုအသုံးပြုရာတွင် မိမိလိုအပ်မည့် မှိုင်းရုံအတွင်းအပူချိန်နှင့်မိမိ အပူပေးမှိုင်းတင်မည့် ပစ္စည်းအမျိုးအစားအပေါ်တွင်လည် မူတည်ပါသည်။
အထူးသဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုသော သာမိုမီတာများမှာ အပူချိန် (၁၂၀၊ ၂၀၀၊ ၃၀၀)ဒီဂရီစင်တီဂရိတ် ရှိသော သာမိုမီတာများဖြစ်ပြီး အရည်အသွေးမြင့် ရာဘာများဖြင့်သော RSS-1 နှင့် RSS-3 ကဲ့သို့ ရာဘာပြားများအား မှိုင်းတင်သည့် မှိုင်းရုံများတွင် မူ အပူချိန် ၁၂၀ အမျိုးအစား သာမိုမီတာများကို အသုံးပြုကြပါသည်။
ထို့ပြင် Local-3 နှင့် TSR ရာဘာများထုတ်လုပ်သည့် လုပ်ငန်းအတွက်မူ အပူချိန် ၂၀၀ (သို့) ၃၀၀ အမျိုးအစား သာမိုမီတာများကို အသုံးပြုကြပါသည်။
အရည်အသွေးမြင့် ရာဘာများဖြစ်သော RSS-1 နှင့် RSS-3 ရာဘာများအတွက် အမြင့်ဆုံး အပူချိန်မှာ ၇၀ ထိထားတက်ကြပြီး Local-3 နှင့် TSR ရာဘာများအတွက်မူ အပူချိန် ၁၆၀ ထိလိုအပ်ပါသည်။
အပူချိန်တိုင်း သာမိုမီတာကို ရာဘာမှိုင်းတင်သည့် လုပ်ငန်းတွင်သာမက သီဟိုရ်ဆံသိုလှောင်သည့်လုပ်ငန်းတွင်လည်းအသုံးပြုကြပါသည်။
အထူသဖြင့် မိမိထုတ်လုပ်သည့် ပစ္စည်းများရေရှည်ခံရန်အတွက် မှိုင်းတင်ခြင်းလုပ်ငန်းသည် မဖြစ်အနေလိုအပ်သဖြင့် သာမိုမီတာအသုံးပြုခြင်းဖြင့် မိမိလိုအပ်သော အပူချိန်ကို ထိန်းညှိနိုင်မည်ဖြစ်ကာ သာမိုမီတာသည် ရာာဘမှိုင်းရုံလုပ်ငန်းအတွက် မဖြစ်အနေလိုအပ်သော အထောက်အကူပစ္စည်း တစ်ခုဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါသည်။

အားလုံးကို လေးစာခင်မင်စွာဖြင့်
မင်းထွန်းသိန်း
ရာဘာနည်းပညာအကြံပေ

မင်္လာပါဗျအနာဂတ်မြန်မာမှကြိုဆိုပါတယ်ခင်ဗျဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာအစေးခဲရာတွင် အသုံးပြုသော PH မီတာအ...
03/03/2024

မင်္လာပါဗျ
အနာဂတ်မြန်မာမှကြိုဆိုပါတယ်ခင်ဗျ
ဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာအစေးခဲရာတွင် အသုံးပြုသော PH မီတာအကြောင်းဖြစ်ပါတယ်။
အထူးသဖြင့် ဒေါင်လိုက် အလူမီနီယမ်းကန်းကိုအသုံးပြုပြီး အစေးခဲကြသော ရာဘာခြံကြီးများနှင့်ရာဘာစက်ရုံများအနေဖြင့် PH မီတာကို အသုံးပြုရန်လိုအပ်ပါသည်။
အထူးသဖြင့် PH မီတာကို ရာဘာအစေးရည်တွင် အမိုးနီးယားပါဝင်မူ့ ရှိမရှိသိရှိရန်နှင့် ရေ၊ အစေးရည်၊ အက်ဆစ် နှင့် အမိုးနီးယားများပါဝင်သောရောစပ်ထားသော အစေးရည်အား သတ်မှတ်ထားသော အချိုးနှုံးဖြင့် မှန်ကန်မူ့ရှိမရှိသိရှိနိုင်ရန် PH မီတာကို အသုံးပြုကြပါသည်။
ပထမအသုံးပြုနည်းမှာ ရာဘာအစေးရည်အား PH မီတာဖြင့် တိုင်းတာပါက PH 6.4 မှ 7 ကြားတွင် ဖော်ပြပါက အမိုးနီးယား မပါဝင်ပေ။အကယ်၍ အမိုးနီးယားပါဝင်မူ့သည် PH-8.5ထိဖော်ပြနေပါက အစေးခဲရန်အတွက် အမိုးနီးယားပါဝင်မူ့ကိုလက်ခံနိုင်ပါသေးသည်။ သို့သော် PH – 8.5 (သို့) 9 ထက်ကျော်လွန်နေပါက အမိုးနီးယား ပါဝင်များနေသည်ကိုသိရှိနိုင်ပါသည်။ အမိုးနီးယားပါဝင်မူ့ များခြင်းသည် အစေးခဲရာတွင် အချိန်ကြာပြီး အက်ဆစ်သုံးစွဲရသည့် ပမာဏကိုလည်းများစေပါသည်။
ဒုတိယအသုံးပြုနည်းမှာ ရေ၊ အစေးရည်၊ အက်ဆစ် နှင့် အမိုးနီးယားများပါဝင်သောရောစပ်ထားသော အစေးရည်အား အက်ဆစ်နှင့်ရေအချိုးအစား မှန်ကန်မူ့ရှိမရှိ သိနိုင်ရန်နှင့် ရာဘာအစေးရည်များ အချိန်မှီခဲသွားခြင်းရှိမရှိကိုသိရှိနိုင်ရန် အသုံးပြုပါသည်။
ထိုသို့အသုံးပြုရာတွင် PH -4.5 နှင့် 4.8 ကြားတွင် ဖော်ပြပါက အစေးကိုသတ်မှတ်ချိန်အတွင်းခဲစေးကြောင်းဖော်ပြခြင်းဖြစ်ပြီး အကောင်းဆုံး အခြေအနေမှာ PH- 4.6 ဖြစ်ပါသည်။
အစေးရည်အား ခဲစေရန် ပြုလုပ်စီမံရာတွင် နောက်ဆုံး၌ PH နည်းခြင်းသည် အက်ဆစ်များနေခြင်းဖြစ်ပြီး PH များခြင်းသည် အမိုးနီးယားများခြင်းကိုဖော်ပြခြင်းဖြစ်ပါသည်။
ထို့ကြောင့် အက်ဆစ်များနေလျှင် အစေးရည်ထပ်ထည့်ရန် လိုအပ်ပြီး အမိုးနီးယားများနေရင်တော့ အက်ဆစ်ထပ်ထည့်ပေးရမည်ဖြစ်ပါသည်။ အကယ်၍ အက်ဆစ်ထပ်မထည့်ဘဲ အမိုးနီးယားပါဝင်မူ့ ကိုလျှော့နည်းလိုပါက အမိုးနီးယားများအားအငွေ့ပြန်စေသည်နည်းဖြင့် ပြုလုပ်ပေးနိုင်ပါသည်။
အထူးသဖြင့် PH မီတာသည် အက်ဆစ်အနည်းအများပါဝင်မူ့ကို တိတိကျကျသိရှိနိုင်ပါသည်။
အားလုံးကိုလေးစာချစ်ခင်စွာဖြင့်
မင်းထွန်းသိန်း
အနာဂတ်မြန်မာ့ရာဘာ
၀၉-၂၆၃၆၅၄၈၂၇

မဂ်လာပါဗျအနာဂတ်မြန်မာမှကြိုဆိုပါတယ်အနာဂတ်မြန်မာတွင်မှာယူရရှိနိုင်သော ရာဘာစက်ရုံနှင့်ရမှိုင်းရုံသုံးပစည်းများ၁. PH မီတာ၂....
03/03/2024

မဂ်လာပါဗျ
အနာဂတ်မြန်မာမှကြိုဆိုပါတယ်
အနာဂတ်မြန်မာတွင်မှာယူရရှိနိုင်သော ရာဘာစက်ရုံနှင့်ရမှိုင်းရုံသုံးပစည်းများ

၁. PH မီတာ
၂. သာမိုမီတာ
၃. ရွှေချိန်စက်
၄. အပူပေးစက်
၅. ပြဒါး
၆. အစေးခဲအလှူမီနီယမ်ကန်
၇. (၅)လုံးတွဲ ယိုးဒယား
ရာဘာကြိတ်စက်
၈. လျှပ်စစ်သာမိုမီတာ

ဆက်သွယ်ရန်
၀၉-၂၆၃၆၅၄၈၂၇

မှိုင်းရုံးသုံး သာမိုမီတာလိုအပ်လျှင်မှာယူနိုင်ပါတယ်ခင်ဗျ200 - 300 (၂)မျိုးရပါ့မယ်ခင်ဗျဆက်သွယ်ရန်၀၉-၂၆၃၆၅၄၈၂၇
03/03/2024

မှိုင်းရုံးသုံး သာမိုမီတာ
လိုအပ်လျှင်မှာယူနိုင်ပါတယ်ခင်ဗျ
200 - 300 (၂)မျိုးရပါ့မယ်ခင်ဗျ
ဆက်သွယ်ရန်
၀၉-၂၆၃၆၅၄၈၂၇

လျှပ်စစ် သာမိုမီတာလိုအပ်လျှင်မှာယူနိုင်ပါတယ်ခင်ဗျဆက်သွယ်ရန်၀၉-၂၆၃၆၅၄၈၂၇
03/03/2024

လျှပ်စစ် သာမိုမီတာ
လိုအပ်လျှင်မှာယူနိုင်ပါတယ်ခင်ဗျ
ဆက်သွယ်ရန်
၀၉-၂၆၃၆၅၄၈၂၇

02/03/2024

အရင်ကအလုပ်လုပ်ခဲ့ဖူးတဲ့ သူဌေးပြောတဲ့ ဆုံးမစကား အခုထိနားထဲစွဲနေဆဲဘဲ
စီးပွါးရေးလုပ်တော့မယ်ဆို အကြွေးလဲမပေးနဲ့ အကြွေးလဲမယူနဲ့တဲ့
ကိုယ့်မှာရှိတာနဲ့ဘဲစလုပ်ပါတဲ့
ဒါမှ ကိုယ့်မှာကျန်နေတဲ့အရာမှန်သမျှ ကိုယ်ပိုင်တာတဲ့
တကယ်ကိုမှန်ပါတယ်
သူတစ်ပါးငွေနဲ့အလုပ်လုပ်ရတာပင်ပန်းသလို ကိုယ့်ငွေကိုယ်ပြန်ရဖို့လဲခက်ခဲပါတယ်

မှတ်ချက် - ကိုယ့်ကိုယ်ကိုပြန်ပြီးသတိပေးတာပါ

မင်းထွန်းသိန်း
အနာဂတ်မြန်မာ

လူတွေက ကျွန်တော်ကို အရမ်းပျော်နေတယ်လို့ထင်နေကြတယ်ဘယ်လိုလုပ် ပျော်မှာလဲ ကျွန်တော်ပျော်အောင်နေနေတာပါလူတွေက ကျွန်တော်ကို ပြ...
01/03/2024

လူတွေက ကျွန်တော်ကို အရမ်းပျော်နေတယ်လို့ထင်နေကြတယ်
ဘယ်လိုလုပ် ပျော်မှာလဲ ကျွန်တော်ပျော်အောင်နေနေတာပါ
လူတွေက ကျွန်တော်ကို ပြည့်စုံချမ်းသာနေပြီးလို့ထင်နေကြတာ
ဘယ်လိုလုပ် ပြည့်စုံချမ်းသာပါ့မလဲ လခစာ ဝန်ထမ်းအလုပ်ကို (၂၅)နှစ်တောင်လုပ်ခဲ့တာလေ ကျွန်တော် စိက်ချမ်းသာအောင်နေနေတာပါ
လူတွေက ကျွန်တော်ကို ပြောင်းလဲသွားတယ်လို့ ထင်နေကြတယ်
မှန်ပါတယ် အသက်အရွယ် နဲ့ အတွေ့အကြုံကြောင့် ကျွန်တော်အများကြီးပြောင်းလဲသွားပါတယ် အထူးသဖြင့်ကျွန်တော်အပေါ် ချစ်တဲ့လူတွေကို ပိုပြီးအချိန်ပေးဖြစ်ပါတယ် ကျွန်တော်ကို မုန်းနေတဲ့လူတွေကိုတော့ မတွေ့ဖြစ်အောင် အတက်နိုင်ဆုံးရှောင်ပါတယ်
လူတွေက ကျွန်တော်ကို သီးခံနိုင်တယ်လို့ ထင်နေကြတယ်
တကယ်တော့ သီးခံခြင်းထက် ငြင်းခုံခြင်းကိုအတက်နိုင်ဆုံးရှောင်ပါတယ်
သေချာတာက တစ်နေ့ ကျွန်တော်တို့အားလုံး ချစ်သူမုန်းသူ အားလုံးကို ထားခဲ့ပြီး အချိန်မရွေးသေသွားနိုင်သလို အချိန်ရောက်ရင်သေဆုံးသွားကြရမှာပါ
မသေခင်ခနလေးမှာဘဲ ပျော်အောင် စိက်ချမ်းသာအောင် ကိုယ်ကျန်းမာအောင်နေထိုင်ရင်း

မင်းထွန်းသိန်း
အနာဂတ်မြန်မာ

Address

ကျောက်တန်းစက်မူ့ဇုံ၊ မော်လမြိုင်မြို့
Mawlamyine
MMR011

Telephone

+959263654827

Website

Alerts

Be the first to know and let us send you an email when PORU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PORU:

Share