ရွှေအိုး Shwe Ohe Express

ရွှေအိုး Shwe Ohe Express Public transport service company
Yangon - Mawlamyaing - Yae

01/01/2026

2026 နှစ်သစ်ဦးမှာ ဗိုက်ဝရုံတင်မကဘဲ စိတ်ပါချမ်းမြေ့စေဖို့ ... 🍛
“နှစ်သစ်မှာ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်မယ့် နှစ်ဆန်းတစ်ရက်နေ့လေးမှာ ကျွန်တော်တို့ ဂိတ်ကို လာရောက်ကြတဲ့ ခရီးသွားမိဘပြည်သူတွေနဲ့ လမ်းသွားလမ်းလာ အပေါင်းတို့ကို စတုဒီသာ ကျွေးမွေးလှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒီလှူဒါန်းမှုဟာ ခရီးသွားသူတွေ၊လမ်းသွားလမ်းလာတွေအတွက်တင် မဟုတ်ပါဘူးနော် ...
❌ ဘယ်သူဖြစ်ဖြစ်
❌ ဘယ်ကလာလာ
ဂိတ်ရှေ့ကို ရောက်လာတဲ့ မိဘပြည်သူ၊ ညီအစ်ကိုမောင်နှမ မည်သူမဆို အားပါးတရ လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဘာတွေပြင်ဆင်ထားလဲဆိုတော့ -
အိမ်ချက်လက်ရာအတိုင်း အရသာရှိလှတဲ့ ...
🐷 ဝက်သားဆီပြန်ဟင်း မွှေးမွှေးလေးနဲ့
🍃 ချဉ်ပေါင်ဟင်း စပ်စပ်လေးကို စီစဉ်ထားပါတယ်။
• ဘယ်နေရာလဲ: အောင်မင်္ဂလာအဝေးပြေးဝင်း၊ ရွှေအိုး / လင်းထက်ကြယ် ဂိတ်။
• ဘယ်နေ့လဲ: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ (နှစ်ဆန်းတစ်ရက်နေ့၊ နေ့လည် ၁ နာရီ။
နှစ်သစ်မှာ ကုသိုလ်တူ အတူတူဆင်နွှဲရင်း တစ်ယောက်ကိုတစ်ယောက် မေတ္တာတွေ ဝေမျှချင်တာမို့ လက်တို့ပြီး လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
"နှစ်သစ်မှာ လာဘ်လာဘတိုးပွါးကြပါစေ ... ရွှေအိုး / လင်းထက်ကြယ် မိသားစု"
#ရွှေအိုး #လင်းထက်ကြယ် #အောင်မင်္ဂလာအဝေးပြေး #နှစ်သစ်ဦး #စတုဒီသာ #အားလုံးကိုဖိတ်ခေါ်ပါတယ် #ဝက်သားဆီပြန်

ရွှေအိုးမိသားစုရဲ့ Yangon Waterboom အပျော်ခရီးစဉ်ကတော့ အမိုက်စားပဲဗျို့💦ရေဆော့ရင်း၊ လျှောစီးရင်း၊ အချင်းချင်း စနောက်ရင်း...
14/12/2025

ရွှေအိုးမိသားစုရဲ့ Yangon Waterboom အပျော်ခရီးစဉ်ကတော့ အမိုက်စားပဲဗျို့💦

ရေဆော့ရင်း၊ လျှောစီးရင်း၊ အချင်းချင်း စနောက်ရင်းနဲ့ အမှတ်တရတွေ အများကြီး ဖန်တီးခဲ့ကြရလို့ တကယ့်ကို ပျော်ခဲ့ရပါတယ်🤩

ဒီလို ပျော်စရာ အစီအစဉ်ကြီး ဖန်တီးပေးတဲ့ ကျွန်တော်တို့ရဲ့ Boss ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်❤️
နောက်နှစ်လည်း ဒီလိုပျော်စရာကောင်းတဲ့ နေရာတွေ ခရီးတွေ ထပ်ပို့ပေးပါအုံးဗျ😁

Waterboom မှာ ရူးအောင်ဆော့ပြီး အမောတွေဖြေခဲ့ရတယ် ဂယက်တွေလည်းစုံလို့😂
ဘူဖေးလည်း အဝကြိတ်ရတော့ အပျော်ဆုံးပဲပေါ့😋

အမောဖြေခဲ့ကြတဲ့ ရွှေအိုးမိသားစုကိုတော့ အောက်ကပုံတွေမှာ ဆက်ကြည့်ကြပါအုံးဗျို့😂
မှတ်မှတ်ရရ Waterboom Day!🤩

😍 ရွှေအိုးက အုန်းနို့ခေါက်ဆွဲ Charity! 🍜စားကောင်းချက်ဗျို့!ဒီနေ့တော့ ရွှေအိုးဂိတ် အောင်မင်္ဂလာအဝေးပြေးကွင်း မှာ အမိုက်စာ...
09/11/2025

😍 ရွှေအိုးက အုန်းနို့ခေါက်ဆွဲ Charity! 🍜
စားကောင်းချက်ဗျို့!

ဒီနေ့တော့ ရွှေအိုးဂိတ် အောင်မင်္ဂလာအဝေးပြေးကွင်း မှာ အမိုက်စား အုန်းနို့ခေါက်ဆွဲအလှူပွဲလေး လုပ်ဖြစ်ခဲ့ပါတယ်
ပုံထဲမှာ မြင်တဲ့အတိုင်းပဲ... 😋 အားလုံး
ပျော်ပျော်ပါးပါး စားကောင်းသောက်ကောင်း ဖြစ်နေကြတာကို မြင်ရတော့ ရွှေအိုးတို့လည်း တကယ်ကို ပီတိတွေ စိမ့် နေတာပေါ့🫶
အုန်းနို့ခေါက်ဆွဲကလည်း ကောင်းမှကောင်း 😋
လာရောက်အားပေးပြီး အလှူလက်ခံယူသွားကြတဲ့ အဘိုး၊ အဘွား၊ မိတ်ဆွေ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဗျို့!
ရွှေအိုးတို့ ဘယ်လောက်တောင် ပီတိဖြစ်နေလဲဆိုတာကိုတော့ အောက်ကပုံရိပ်တွေမှာပဲ ကြည့်လိုက်တော့နော်🤩

အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း ရွှေအိုးမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ🙇‍♂️🙇‍♀️

🍜 ရွှေအိုး အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ အရသာရှိတဲ့ စတုဒီသာ အုန်းနို့ခေါက်ဆွဲ ကျွေးမွေးမည့်အစီအစဉ်! ✨📢 ခရီးသည်များနှင့...
07/11/2025

🍜 ရွှေအိုး အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ အရသာရှိတဲ့ စတုဒီသာ အုန်းနို့ခေါက်ဆွဲ ကျွေးမွေးမည့်အစီအစဉ်! ✨

📢 ခရီးသည်များနှင့် မိတ်ဆွေများ အားလုံး မင်္ဂလာပါ!

ရွှေအိုး အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး ဂိတ်မှ အစဉ်အလာမပျက် စတုဒီသာ အလှူဒါနပြုလုပ်ကျင်းပပါတော့မယ်

အားလုံးကို ရွှေအိုးမှ လှိုက်လှဲစွာဖြင့် ကျေးဇူးတုံ့ပြန်သောအားဖြင့် လှူဒါန်းကျွေးမွေးခြင်း ဖြစ်တဲ့အတွက် ချစ်ခင်ရင်းနှီးစွာဖြင့် ကြွရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်🙇‍♀️🙇‍♂️

🗓️ ကျွေးမွေးမည့်ရက် - 9.11.2025(တနင်္ဂနွေ)
⏰ အချိန် - မနက် ၇ နာရီ
📍 နေရာ - ရွှေအိုးဂိတ်၊ အောင်မင်္ဂလာအဝေးပြေး

"ခရီးသွားတိုင်း ရွှေအိုးကို သတိရပါ၊ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အတူ လုံခြုံစွာ ခရီးသွားပါ"

#ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး

04/11/2025

ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မှ ဝန်ထမ်းများ ခေါ်ယူနေပါပြီရှင်🎉

ခေါ်ယူမဲ့ position တွေကတော့

1. ယာဥ်မယ်
2. စာရေးမ
3. ယာဥ်မောင်း
4. ယာဥ်အကူ
5. မန်နေဂျာ
6. ဖုန်းအော်ပရေတာ

Viber တွင် CV form ပေးပ်ို့လျှောက်ထားနိုင်ပါသည်

အသေးစိတ် စုံစမ်းမေးမြန်းရန်

Phone 09 965122191
Viber 09 965122191

30/09/2025



💁‍♂️ရွှေအိုးယာဉ်လိုင်းသည်ခရီးသွားပြည်သူများအတွက်ခရီးစဉ်ကိုပိုမိုအဆင်ပြေစေရန်ဝန်ဆောင်မှုအမျိုးမျိုးကိုစီစဉ်ပေးထားပါတယ်။


➡​ရန်ကုန်မြို့တွင်းအဆင်ပြေစေရန်

🔸 ​အခမဲ့ဖယ်ရီဝန်ဆောင်မှု -ရန်ကုန်မြို့တွင်းသွားလာရေးလွယ်ကူစေဖို့အတွက်ဘူတာကြီးအနီးအောင်ဆန်းကွင်းမှစတင်ကာတာမွေ၊ကျောက်မြောင်း၊ယုဇနပလာဇာ၊မင်္ဂလာစျေး၊ရွှေတိဂုံဘုရား၊ဗဟန်း၊ဝေဇယန္တာလမ်းတစ်လျှောက်၊မြောက်ဥက္ကလာအဝိုင်း၊ သု့ဓမ္မာလမ်းမကြီးတလျှောက်တို့ဖြစ်ပါတယ်။

🔸 ​ဖယ်ရီလမ်းကြောင်းနှင့်နီးစပ်သောမြို့နယ်များမှာ -မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊ရန်ကင်း၊ဗဟန်း၊သဃ်ဃန်းကျွန်း၊သုဝဏ္ဏ၊တာမွေ၊ပုဇွန်တောင်၊သာကေတ၊ဒေါပုံ၊ဗိုလ်တထောင်၊ပန်းဆိုးတန်း၊ပန်းဘဲတန်းနှင့်လသာမြို့နယ်များသို့လည်းဆက်စပ်သွားလာနိုင်ပါတယ်။

📢​အထူးအစီအစဉ်များ

🔸VIP Memberအစီအစဉ် -ခရီးသွားပြည်သူများကိုကျေးဇူးတုံ့ပြန်သောအားဖြင့်အမြဲတမ်းVIP Memberအစီအစဉ်ကိုပြုလုပ်ထားပါတယ်။

🔸အခမဲ့စီးနင်းခွင့် -ရွှေအိုးလက်မှတ်(၆)စောင်ဝယ်ယူပြီးပါက(၇)ကြိမ်မြောက်ခရီးစဉ်ကိုအခမဲ့လိုက်ပါစီးနင်းခွင့်ပေးအပ်မှာပါ။

🔸တစ်သက်တာ(10%)လျှော့စျေး -VIP Memberများအနေဖြင့်လက်မှတ်ဝယ်ယူတိုင်းတစ်သက်တာအတွက်(၁၀%)အထူးလျှော့စျေးရရှိမှာပါ။

🎁 ​အိမ်အရောက်ပို့ဆောင်ပေးသောပါဆယ်ဝန်ဆောင်မှာ -ရန်ကုန်မြို့တွင်းပါဆယ်ပစ္စည်းများကိုအိမ်အရောက်စိတ်ချလုံခြုံစွာပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုကိုလည်းအပြည့်အဝလုပ်ဆောင်ပေးနေပါတယ်။

💌ရွှေအိုးယာဉ်လိုင်းဆက်သွယ်ရုံးလိပ်စာများ

➡ အောင်မင်္ဂလာအဝေးပြေး(ဒဂုံလမ်းမကြီး) -ဂိတ်အမှတ်(၂)မှဝင်ရောက်နိုင်ပါတယ်။

☎ ​ဖုန်းနံပါတ်- 09450607922, 09450607988

➡ ​တာမွေရုံးခန်းအသစ် -ဗညားဒလလမ်းမပေါ်ရှိဗျိုင်းရေအိုးစင်မှတ်တိုင်အနီး၊အခန်းအမှတ်(444)၊သျှင်ပါကူဆေးရုံအနီးတွင်တည်ရှိပါတယ်။

☎ ​ဖုန်းနံပါတ်- 09409899822

🙏​ရွှေအိုးယာဉ်လိုင်းအနေဖြင့်ခရီးသွားပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ခရီးသွားနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးထားပါတယ်။🙏

 #ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး​🔶 ရွှေအိုးယာဥ်လိုင်းရဲ့ထူးခြားချက်လေးတွေပြောပြပေးပါမယ် ခများ...💁‍ခရီးသွားဧည့်သည်...
28/09/2025

#ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး

​🔶 ရွှေအိုးယာဥ်လိုင်းရဲ့ထူးခြားချက်လေးတွေပြောပြပေးပါမယ် ခများ...

💁‍ခရီးသွားဧည့်သည်တော်များကိုရန်ကုန်မြို့တွင်းသွားလာရလွယ်ကူစေရန်အတွက်ရန်ကုန်မြို့တွင်းဖယ်ရီများကို အခမဲ့စီစဥ်ပေးထားပါတယ် ဗျ

💁ဖယ်ရီလမ်းကြောင်းများမှာ

➡ ရန်ကုန်ဘူတာကြီးအောင်ဆန်းကွင်း➡တာမွေ➡ ကျောက်မြောင်း➡ယုဇနပလာဇာ➡မဂ်လာစျေး➡ ရွှေတိဂုံ➡ဗဟန်း၃လမ်း➡ဝေဇယန္တာလမ်းတစ်လျှောက်➡မြောက်ဥကလာအဝိုင်း➡ခြောက်ကွေ့ တို့ဘဲ ဖြစ်ပါတယ်ဗျ

💁‍ဖယ်ရီလမ်းကြောင်းနှင့် နီးစပ်သောမြို့နယ်များမှာ

➡မြောက်ဥက္ကလာ➡တောင်ဥက္ကလာ➡ရန်ကင်း➡ဗဟန်း➡သဃ္ဃန်းကျွန်း➡သုဝဏ္ဏ➡တာမွေ➡ပုဇွန်ထောင်➡သာကေတ➡ဒေါပုံ➡ဘိုတထောင်➡ပန်းဆိုးတန်း➡ပန်းဘဲတန်း➡လသာ တို့ဘဲ ဖစ်ပါတယ်ဗျ

🔶နောက်ထက်တခု ထူးခြားချက်လေးမှာတော့

💁‍ခရီးသွားမိဘပြည်သူများအား ကျေးဇူးတုန့်ပြန်သောအားဖြင့် အခမဲ့ စီးနင်းလိုက်ပါခွင့်နှင့်အမြဲတမ်း VIP Member အစီစဥ်များပဲ ဖြစ်ပါတယ် ဗျ

💁‍လူကြီးမင်းတို့အနေဖြင့် ရွှေအိုး လက်မှတ်၆စောင်ပြည့်ပါက ၇ကြိမ်မြောက်တွင်အခမဲ့ ၁ကြိမ် လိုက်ပါစီးနင်းခွင့်ဘဲ ဖြစ်ပါတယ် ဗျ

💁‍ တသက်တာ ၁၀% လျော့စျေးဖြင့်လဲလက်မှတ် ဝယ်ယူနိုင်မည့် VIP Member အဖြစ်သတ်မှတ်ကာကျေးဇူးတုန့်ပြန်ပေးသွားမှာဘဲဖြစ်ပါတယ်ဗျ

🎁ရန်ကုန်မြို့တွင်းတန်ဆာပါဆယ်ပစ္စည်းများကိုလဲအိမ်အရောက်လုံခြုံစိတ်ချစွာဖြင့်သယ်ယူပို့ဆောင်ခြင်းဝန်ဆောင်မှု့များကိုလဲ အပြည့်အဝဆောင်ရွက်ပေးနေပါပြီ...ဗျ

➡ဆက်သွယ်စုံစမ်းမေးမြန်းရန်

➡အောင်မဂ်လာအဝေးပြေး၊ဒဂုံလမ်းမကြီး(ဂိတ်၂)မှဝင်ရန်

☎09450607922
☎09450607988

🏠 တာမွေ ၊ဗညားဒလလမ်းမပေါ်၊ဗျိုင်းရေအိုးစင်မှတ်တိုင် (အခန်း-444) သျှင်ပါကူဆေးရုံ အနီးတွင်လဲ ရွှေအိုးရုံးခန်းအသစ် တည်ရှိနေပါပြီ ဗျ

➡တာမွေရုံးဖုန်း
☎ 09409899822

🙏🙏🙏 ခရီးသွား ဧည့်သွားတော်များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး အစဥ်ထာဝရ တိုးတက်အောင်မြင်စေကြောင်း ဆုမွန်းကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ....

▪ ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး 💁‍♂️​မင်္ဂလာပါရှင်၊ ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ သယ်ယူပို့ဆောင်ရေးဆို...
23/09/2025

▪ ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး

💁‍♂️​မင်္ဂလာပါရှင်၊ ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်နိုင်ဖို့အတွက် ရုံးခန်းအသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

▪​ရုံးခန်းအသစ် လိပ်စာ

🏠​လိပ်စာ: တာမွေမြို့နယ်၊ ဗညားဒလလမ်းမပေါ် (အမှတ် ၄၄၄)

🏠​တည်နေရာ: ဗျိုင်းရေအိုးစင်မှတ်တိုင်အရှေ့၊ သျှင်ပါကူဆေးရုံအနီး

▪ဝန်ဆောင်မှုများ

▪​ကုန်ပစ္စည်းပို့ဆောင်ရေး: မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက္ခမီ၊ ဘားအံ၊ သာမည၊ မြဝတီ၊ ကျောက်ပန်းတောင်၊ ရေနံချောင်း၊ မကွေး စတဲ့မြို့များသို့ အချိန်တိုအတွင်း လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနေပါတယ်။

▪​လေယာဉ်လက်မှတ် ဝန်ဆောင်မှု:

✈ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များကို လေကြောင်းလိုင်းများမှ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း အသက်သာဆုံးဖြစ်အောင် ဝယ်ယူရရှိနိုင်ပါတယ်။

🎁​ကုန်ပစ္စည်းပို့ဆောင်ရေး:

✈​လေယာဉ်လက်မှတ် ဝန်ဆောင်မှု:

▪ဆက်သွယ်ရန်

☎ 09409899822

💁‍♂️ ဝန်ဆောင်မှုအသစ်တွေနဲ့ပတ်သက်ပြီး သိလိုတာများရှိရင် ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

#ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ ဝန်ဆောင်မှုအကောင်းဆုံးပေးဖို့ အမြဲအသင့်ရှိနေပါတယ်။

🚌​ရွှေအိုး VIP ကားလိုင်းမှ ခရီးစဥ်များနှင့် ဝန်ဆောင်မှုအသစ်များ 🚌​ရွှေအိုးကားလိုင်းမှ ခရီးသွားပြည်သူများအတွက် VIP 2+1 အထ...
14/09/2025

🚌​ရွှေအိုး VIP ကားလိုင်းမှ ခရီးစဥ်များနှင့် ဝန်ဆောင်မှုအသစ်များ

🚌​ရွှေအိုးကားလိုင်းမှ ခရီးသွားပြည်သူများအတွက် VIP 2+1 အထူးကားများဖြင့် နေ့စဥ်ပြေးဆွဲပေးနေပါပြီ။ ခရီးသွားရာတွင် ပိုမိုအဆင်ပြေစေရန် အထူးဝန်ဆောင်မှုများလည်း ထပ်တိုးထားပါတယ် ရှင်...

💵​Online Booking ဖြင့် ဂိတ်အရောက် ငွေချေစနစ်: အွန်လိုင်းမှ လက်မှတ်ဝယ်ယူနိုင်ပြီး ဂိတ်ရောက်မှ ငွေပေးချေနိုင်မည့်စနစ်ဖြင့် ဝယ်ယူနိုင်ပါပြီ ရှင်...

🚌​ရန်ကုန်မြို့တွင်း Ferry ဝန်ဆောင်မှု: ရန်ကုန်မြို့တွင်းမှ ခရီးသွားဧည့်သည်​​​များအတွက် ဂိတ်သို့အဆင်ပြေစွာ လာရောက်နိုင်စေရန် မြို့တွင်း Ferry ဝန်ဆောင်မှုများလည်း စီစဥ်ပေးထားပါ ရှင်...

​ 💳VIP Member Card အစီအစဥ်: ရွှေအိုးကားဖြင့် ၇ ကြိမ်ထက်မနည်း စီးနင်းခဲ့သူ ခရီးသည်များအတွက် လက်မှတ်ဝယ်ယူတိုင်း ၁၀% လျှော့စျေးရရှိနိုင်မည့် VIP Member Card အစီအစဥ်လည်း ရှိပါတယ် ရှင်..

📢​ခရီးစဥ်လမ်းကြောင်းနှင့် ဈေးနှုန်းများ

⏰​မနက် ၇:၃၀ AM ထွက်ခွာ (ရန်ကုန်ဂိတ်မှ)

​ရန်ကုန် 🔁 မော်လမြိုင်: ၂၆,၀၀၀ ကျပ်

​ရန်ကုန် 🔁 မုဒုံ: ၂၇,၀၀၀ ကျပ်

​ရန်ကုန် 🔁 သံဖြူဇရပ်: ၂၈,၀၀၀ ကျပ်

​ရန်ကုန် 🔁 ကျိုက္ခမီ: ၂၉,၀၀၀ ကျပ်

​ရန်ကုန် 🔁 မုတ္တမ / ပေါင် / ဇင်းကျိုက်: ၂၅,၀၀၀ ကျပ်

⏰​မနက် ၈:၀၀ AM ထွက်ခွာ (ရန်ကုန်ဂိတ်မှ)

​ရန်ကုန် 🔁 ဘားအံ: ၂၀,၀၀၀ ကျပ်

​ရန်ကုန် 🔁 သာမည: ၃၀,၀၀၀ ကျပ်

​ရန်ကုန် 🔁 မြဝတီ: ၁၅၀,၀၀၀ ကျပ်

⏰​အခြားအချိန်များမှ ထွက်ခွာသည့် ခရီးစဥ်များ

​မော်လမြိုင်🔁ရန်ကုန် (မနက် ၈:၀၀ AM) : ၂၆,၀၀၀ကျပ်

​သံဖြူဇရပ်🔁ရန်ကုန် (မနက် ၆:၀၀ AM) : ၂၈,၀၀၀ကျပ်

​ကျိုက္ခမီ 🔁 ရန်ကုန် (မနက် ၅:၀၀ AM) : ၂၉,၀၀၀ ကျပ်

☎​ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များ

#​ရန်ကုန် (အောင်မင်္ဂလာ)
​📞 ၀၉-၄၅၀၆၀၇၉၂၂
​📞 ၀၉-၄၅၀၆၀၇၉၈၈

#​မော်လမြိုင်ဂိတ်
​📞 ၀၉-၄၅၀၆၀၇၉၉၅

#​သံဖြူဇရပ်ဂိတ်
​📞 ၀၉-၄၅၀၆၀၇၄၈၈

#​ကျိုက္ခမီဂိတ်
​📞 ၀၉-၇၈၂၇၂၆၂၁၂

#​ဘားအံဂိတ်
​📞 ၀၉-၆၇၆၇၇၃၅၉၀

#​သာမညဂိတ်
​📞 ၀၉-၄၀၉၄၀၁၁၅၅

#​မြဝတီဂိတ်
​📞 ၀၉-၇၅၅၆၅၅၇၅၂

💬ပိုမိုသိရှိလိုသည်များကို ShweOhe Facebook messenger နှင့် ShweOhe Tiktok Inbox တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

13/09/2025



▪ ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းအားရွေးချယ်စီးနင်းလိုက်ပါလာသော

▪ ခရီးသွား ဧည့်သည်တော်များအား အထူးပင်ကျေးဇူးတင်ရှိပါတယ်....ရှင်

▪ ခရီးစဥ်တလျှောက်တွင်​ဝန်ဆောင်မှူ့နှင့်ပတ်သတ်၍ဖြစ်စေ...

▪ မော်တော်ယာဥ်နှင့်ပတ်သတ်၍ဖြစ်စေ လူမင်းတို့ဝေဖန်အကြံပြုလိုပါက...

☎ 09443131914 သို့သွယ်၍ဖြစ်စေ

💌 ShweOhe FaceBook Messenger
💌 ShweOhe Tiktok Inbox တို့တွင် ဝေဖန်အကြံပြုစာများ ပေးပို့နိုင်ပါတယ် ရှင်...

Address

Mawlamyine

Telephone

+959450607922

Website

Alerts

Be the first to know and let us send you an email when ရွှေအိုး Shwe Ohe Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share