Myanmar Paramount View Travel & Tour Service

Myanmar Paramount View Travel & Tour Service Hello

✈️✈️✈️ ကလေးတွေစာမေးပွဲအပြီး  အလည်သွားရောက်ချင်သော မိသားစု၊သူငယ်ချင်းများအတွက်💵💵💵 စျေးနှုန်းချိုသာစွာနှင့်ဝန်ဆောင်မှုများ...
21/03/2020

✈️✈️✈️ ကလေးတွေစာမေးပွဲအပြီး အလည်သွားရောက်ချင်သော မိသားစု၊သူငယ်ချင်းများအတွက်

💵💵💵 စျေးနှုန်းချိုသာစွာနှင့်ဝန်ဆောင်မှုများ
အကောင်းဆုံးပေးနိုင်သော........

⭐️⭐️⭐️ Myanmar Paramount View Travel & Tour Services တွင်ဝယ်ယူအားပေးရင်းပျော်ရွှင်စရာကောင်းသော ခရီးစဉ်လေးတွေဖန်တီးကြပါစို့...

အခုလို အားပေးသော အကိုကြီး အမကြီးတို့အား Myanmar Paramount View Travel & Tour Service မှ အထူးကျေးဇူးတင်ပါကြောင်း
08/03/2020

အခုလို အားပေးသော အကိုကြီး အမကြီးတို့အား Myanmar Paramount View Travel & Tour Service မှ အထူးကျေးဇူးတင်ပါကြောင်း

28/02/2020

တိမ်ပင်လယ်အလှတွေနဲ့ ပြည့်နက်လှတဲ့ ချင်းတောင်တန်းဆီသို့
======================================

ဆလိုင်းအောင်လျန်

ချင်းပြည်နယ်ဟာ ယခင်လမ်းပန်းဆက်သွယ်မှု မကောင်းတာကြောင့် ခရီးသည်ဝင်ရောက်မှုအလွန်နည်းပါးပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြည်နယ်အစိုးရက လမ်းပန်းဆက်သွယ်ရေးကို အဓိကဦးစားပေးပြီး တစိုက်မတ်မတ် လုပ်ဆောင်လာသည်နှင့်အမျှ အာစီလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ မြေနီလမ်းများခင်းကာ ယခင်က ၁၀ နာရီကြာ မောင်းနှင်သည့်ကားလမ်းမှာ ယခုအခါ ခြောက်နာရီ မောင်းနှင်နိုင်သည့် မော်တော်ကားလမ်းအဆင့်သို့ ရောက်ရှိလာပြီး ခရီးသည်တွေလည်း ယခင်နှစ်များထက် တဖြည်းဖြည်း ဝင်ရောက် လည်ပတ်လာကြသည်ကို မြင်တွေ့ရပါသည်။

မြို့နယ်များ

ပြည်နယ်အစိုးရ၏ ရုံးစိုက်ရာမြို့တော် မှာ ဟားခါးမြို့ဖြစ်ပြီး ခရိုင် လေးခရိုင်၊ မြို့နယ် ကိုးမြို့နယ်၊ မြို့ ၁၁ မြို့တို့ဖြင့် ဖွဲ့စည်းထားသည်။ မြို့နယ်များမှာ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ်၊ မြို့များမှာ ဆမီး၊ ရေဇွာ၊ ကျီးခါး၊ ရိခေါဒါရ်၊ လိုင်လဲပီး၊ ခိုင်ကမ်း၊ မကွီးအိမ်နူး၊ ကျင်း‌ဒွေး၊ နှရိန်၊ ဝေဘူလ၊ ဆူးရ်ခွါမြို့တို့ဖြစ် သည်။

ရာသီဥတု

နွေမိုးဆောင်းရာသီရှိပြီး အမြင့်ဆုံးအပူ ချိန်မှာ ၃၅ ဒီကရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး အပူချိန်မှာ ၆ - ၈ ဒီကရီစင်တီဂရိတ်ထိရှိသည်။ ဟားခါးမြို့သည် အမြင့်ဆုံးအပူချိန်၂၈- ၃၀ ဒီကရီစင်တီကရိတ်နှင့် အနိမ့်ဆုံးမှာရေခဲမှတ် အနုတ်သုညမှ နှစ်ဒီကရီစင်တီကရိတ်ထိ ရှိသည်။ ပလက်ဝမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၇-၃၉ စင်တီကရိတ်၊ အနိမ့်ဆုံးမှာ ၁၃-၁၅ ဒီကရီစင် တီ ကရိတ်ထိ ရှိသည်။ မိုးရာသီတွင်မိုးအလွန် များပြီး ရာခိုင်နှုန်းပြည့်ကျော်လွန်ကာ မိုးရွာ သွန်းမှုကြောင့် မြစ်ချောင်းအင်းအိုင်များကြီး ခြင်း၊ တောင်များပြိုခြင်း၊ မြေပြိုမှုများဖြင့် အမြဲရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည်။

လူဦးရေနှင့် ဘာသာရေး

၂၀၁၄ သန်းခေါင်စာရင်းအရ ၄၇၈၈၀၁ ဦးရှိပြီး လက်ရှိတွင် ၅၇၀၀၀၀ ခန့်ထိ ရှိမည်ဟု ခန့်မှန်းထားကြသည်။ အများစုမှာ ခရစ်ယာန် ဘာသာကိုးကွယ်ကြပြီး ၈၅ ဒသမ ၄ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာ ၁၃ ရာခိုင်နှုန်း၊ Laipian ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ရိုးရာ သုည ဒသမ ၄ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာ သုည ဒသမ ၁ ရာခိုင်နှုန်း အသီးသီး ကိုးကွယ်ယုံကြည်ကြသည်။

အထင်ကရနေရာများ

ခေါ်နူးစုမ်တောင်၊ လေသာတောင်ခေါ် ကနေဒီတောင်၊ ကီမိုတောင်၊ ရိဒ်ရေကန်၊ အွေကြည်ကန်၊ ဘုံတလာရေတံခွန်၊ ခိုင်ကမ်း ဆင်စခန်းစသည်တို့သည် ခရီးသွားများအတွက် ဆွဲဆောင်နိုင်သည့် နေရာများဖြစ်သည်။
ရိုးရာယဉ်ကျေးမှုနှင့်စာပေဘာသာစကား
ချင်းလူမျိုးများသည် မျိုးနွယ်စုအလိုက်ကိုယ်ပိုင်ဘာသာစကားအသီးသီးနှင့် ရိုးရာယဉ် ကျေးမှုအသီးသီး ပိုင်ဆိုင်ခဲ့ကြသည်။ ပွဲလမ်း သဘင် အထင်ကရများမှာ ရာသီအလိုက် ကောက်သစ်စားပွဲတော်ကို မိမိဘာသာစကား အလိုက်နဲ့ ကျင်းပခဲ့ကြသည်။ ချင်းအမျိုးသား နေ့ကို ချင်းပြည်နယ်တစ်ပြည်နယ်လုံး ဖေဖော် ဝါရီ ၂၀ ရက်တွင် ကျင်းပခဲ့ကြသည်။

ခရီးသွားဒိုင်ယာရီ

“ကျွန်တော်ကတော့ ခရီးသွားရင်ခက်ခက် ခဲခဲ ပင်ပင်ပန်းပန်းသွားရမှ ဘဝအတွက်မမေ့ နိုင်လောက်တဲ့ ဒိုင်ယာရီကျန်ရစ်သည့်နေရာ မျိုးကို ရွေးချယ်တတ်တာမို့ ကချင်ပြည်နယ် မြောက်ပိုင်းအစွန် ခေါင်လန်ဖူးတို့ရေခဲ တောင်ရှိတဲ့ ပန်ဝါတို့ကို အထူးစိတ်ဝင်စားတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် နာဂတောင် တန်းလိုမျိုးတွေကို ပိုစိတ်ဝင်စားခဲ့ပါတယ်။

ကျွန်တော်ရဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ခရီးသွားမှတ်တမ်းကတော့ ချင်းပြည်နယ် တစ်ခွင်ကို ဖော်ပြလိုက်ချင်ပါတယ်။
ရန်ကုန်ကနေ ကလေးမြို့ကို လေယာဉ် စီးပြီးသွားမယ်ဆို တီးတိန်မြို့၊ ဖလမ်း၊ ဟားခါး မြို့ရောက်ပြီး အပြန်ကျရင် ဟားခါးကနေ ပခုက္ကူ - ပုဂံလည်ပတ်ဘုရားဖူးပြီး ရန်ကုန် ပြန်လို့ရတဲ့ ခရီးစဉ်တစ်ခုဖော်ပြချင်ပါတယ်။ ဒီခရီးစဉ်မှာ ကလေးမြို့ရောက်တာနဲ့ ကားစီးလုံးငှားရင် ပင်လယ်ရေမျက်နှာပင် ၈၈၆၈ ပေရှိတဲ့ ကနေဒီခေါ် လေသာတောင်ဟာ တကယ့်ကို ထူးခြားလှတဲ့ တောင်တန်းဖြစ်သလို ချင်းပြည်နယ်မှာ ဒုတိယအမြင့်ဆုံးတောင်တန်း တစ်ခုဖြစ်တယ်။ တောင်ထိပ်မှာတော့ တောင် ကတုံးတွေဖြစ်ပေမယ့် တောင်ဇလပ်တို့ သစ်ခွ ပန်းမျိုးစုံ မမြင်ဖူးတဲ့ တောတိရစ္ဆာန်ငှက်မျိုးစုံမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် တောင်ဇလပ်ပန်းတွေ တစ်တောင်လုံး နီရဲဖွင့် လျက်ရှိတယ်။ နှစ်ရာချီသစ်ပင်များလည်း မြင် တွေ့ရမှာဖြစ်တယ်။ တောင်ထိပ်ရောက်လေ သစ်ပင်တွေက ပုလေလေအပင်တွေ မြင်တွေ့ ရမယ်။ ကနေဒီတောင် လည်ပတ်လို့အပြီး မှာတော့ မြန်မာပြည်ရဲ့ အသည်းနှလုံးကန်ဟု တင်စားရတဲ့ ရိဒ်ရေကန်လည်း လမ်းကြောင်း တစ်ခုမှာ လည်ပတ်ရမယ်ဖြစ်တယ်။ ရိဒ်ရေကန် ရောက်ပြီးဆိုရင် အိန္ဒိယနိုင်ငံ ဧည့်ဗီဇာနဲ့ အလည် အပတ်ဈေးဝယ်ပြီးရင် ချင်းပြည်နယ်ပထမဆုံးမြို့တော်အဖြစ် ရုံးစိုက်ခဲ့တဲ့ ချယ်ရီမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို ရောက်ရှိသွားမှာ ဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံး လေယာဉ်ကွင်း ဆူဘုရ်လေယာဉ်ကွင်း သွား ရောက်လည်ပတ်ပြီး တောင်အလှတွေများစွာနဲ့ လေယာဉ်ကွင်းကို တိမ်ပင်လယ်အပေါ်မှာ ဆိပ်ကမ်းကဲ့သို့မြင်ရသည့် မြင်ကွင်းများမှာ ဘယ်မှာမှမမြင်ဖူးတဲ့ အလှကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖလမ်းမြို့ဆိုရင်လည်း ချယ်ရီမြို့ဟု တင်စားခံရပြီး တောင်ကမ်းပါးရံမှာ တည်ဆောက် ထားတဲ့ရှေးမြို့တော်ဟောင်းမှာ အလွန်ပင် အသည်းယားစရာအဖြစ် ခံစားရပါတယ်။ ဖလမ်း ပြီးရင် ဟားခါးမြို့ကတော့ မြို့တော်မို့ အမေရိ ကန်သမ္မတ အိမ်ဖြူတော်ကဲ့သို့ တစ်မြို့လုံး ထင်းထင်းနဲ့ တည်ဆောက်ထားတဲ့ လွှတ်တော် အဆောက်အအုံကြီးဟာ ခမ်းနားထည်ဝါလှပြီး ဟားခါးမြင်ကွင်းပေါ်ကနေ ကြည့်လိုက်ရင် တစ်မြို့လုံး ပင်လယ်ထဲမြုပ်လုဆဲဆဲဖြစ်တဲ့ အလှတွေမြင်ရမှာဖြစ်ပါတယ်။ ချင်းတို့ရိုးရာ ဓလေ့၊ ရှေးဟောင်းရတနာသိုက်များစွာကို မြင်ရ မှာ ဖြစ်ပါတယ်။ ဟားခါးမြို့ အလည်အပတ် ပြီးလို့ မနက် ၈ နာရီထွက်ရင် ပုဂံကို ညနေ ၆ နာရီရောက်ကာ မနက်ဘုရားတွေဖူးပြီး လေယာဉ်နဲ့ ရန်ကုန်ပြန်လို့ရပါတယ်။

ဒီခရီးစဉ်ကတော့ နာမည်ကျော် ခေါ်နူးစုမ် တောင်အမျိုးသားဥယျာဉ်နှင့် ဘုံတလာရေ တံခွန် အဓိကထား လည်ပတ်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ ပုဂံကိုလေယာဉ်စီးပြီး ပုဂံကနေ မတူပီကို ကားတစ်စီးငှားသွားမယ်။ နောက်နေ့ ဘုံတလာရေတံခွန်ကို အစောကြီးသွားပြီး မင်းတပ်မြို့ကို ချက်ချင်းလှည့်ကာ မင်းတပ်မှာ ခေါင်ရည်နဲ့ ပင်ပန်းသမျှ ဇိမ်ခံနားလို့ရမယ်။ မင်းတပ်ကနေ နာမည်ကျော် ခေါ်နူးစုမ် တောင်အမျိုးသားဥယျာဉ် ပင်လယ်ရေမျက် နှာပြင် အမြင့် ၁၀၂၀၀ မြင့်ပြီး တောင်ဇလပ်၊ သစ်ခွမျိုးစုံ၊ နှစ်ရာချီအပင်ကြီးများ၊ အပင် ပေါင်းမျိုးစုံ၊ တောတိရစ္ဆာန်အမျိုးမျိုးနှင့် ဆေးဖက်ဝင်အပင်များလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ချယ်ရီအလှတွေနှင့်တောင်ဇလပ် ဖြူနီဝါပြာတွေကို မြင်ရတယ်။ တိမ်ပင်လယ် အလှတွေ မြင်ရမယ်။ အာဆီယံ အမွေအနှစ်ရ မြေသားတွေနဲ့ ဖွဲ့စည်းထားတဲ့တောင်လည်း ဖြစ်သလို ချင်းပြည်နယ်မှာ အမြင့်ဆုံး တောင် လည်း ဖြစ်တယ်။ ခေါ်နူးစုမ်တောင် လည်ပတ်လို့ အပြီးမှာတော့ ကန်ပက်လက်မြို့ကနေ ပုဂံကို ဘုရားဖူးပြီး ရန်ကုန်ပြန်သွားရပါ တယ်။

ဒီခရီးစဉ်ကတော့ ညောင်ဦးနှင့် ကီမို တောင်တို့ဖြစ်ပါတယ်။ ညောင်ဦးကတော့ ရှေးဟောင်းဘုရား စေတီပုထိုးတွေကိုလေ့လာပြီးချင်းပြည်နယ် ပလက်ဝမြို့နယ်ရဲ့ အထင် ကရဖြစ်တဲ့ ကီမိုတောင်ကိုသွားပါတယ်။ ကျွန်တော်ကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ သွားရောက် လည်ပတ်ခဲ့ပါတယ်။

ရောက်လေရာတိုင်းမှာ လမ်းပန်း ဆက်သွယ်ရေးကောင်းလာရင် နောင် ၁၀ နှစ် ဆိုရင် ခရီးသွားလို့အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်”။
ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ သည် ပြည်ထောင်စု၏ ခွဲဝေဘတ်ဂျက်အခြေ အနေကြောင့် ထင်သလောက် ခရီးမပေါက်ရောက်၍ ပြည်ထောင်စုအစိုးရအနေဖြင့်လည်း တစ်နှစ် ဘတ်ဂျက်ကျပ် ၇၀၀ ဘီလီယံခန့် သုံးစွဲခွင့်ပြု မည်ဆိုလျှင်၁၀ နှစ်အတွင်း တိုးတက် အအောင် မြင်ဆုံးသော ပြည်နယ်နှင့် ခရီးသွားလုပ်ငန်း အပေါက်မြောက်ဆုံးဖြစ်လာပြီး ဒေသခံများ အလုပ်အကိုင်ပိုမိုရရှိပြီး ဒေသခံလုပ်ငန်းရှင် များစွာ ပေါ်ထွက်လာမည်ဖြစ်သည်။

ချင်းပြည်နယ် တောင်တန်းဒေသတွင် တိမ်ပင်လယ်အလှ ကြည့်ရှုခံစားချင်သူများ ကင်မရာကောင်းကောင်း သယ်ဆောင်ဖို့လိုပါ မည်။ အခြေခံအဆောက်အအုံ (လမ်းတံ တား၊ ဆေးရုံ၊ စာသင်ကျောင်း)အတွက်လည်း အလှူ ရှင်များစွာ လိုအပ်နေသေးကြောင်းနှင့် ပြည်ထောင်စုတွင် အတူတကွဖေးမရင်း အလှူ ရှင်များကို ဖိတ်ခေါ်အပ်ပါသည်။

27/02/2020

🙏မင်္ဂလာပါ 🙏

😍Myanmar Paramount View Travel & Tour Services မှကြိုဆိုပါတယ်😍

🙏🙏🙏 ပုဂံ ရှေးဟောင်းဒေသ ခရီးစဉ် 🙏🙏🙏

👍 7.8 March ခရီးစဉ်လေးရှိပါမယ်

# တစ်ဦးလျှင် 75000 ကျပ်

( ၁ ည အိပ် ၂ ရက်)
ပါ၀င်မယ်အရာတှေက
👉 3star/4star Hotel ၂ယောက်ခန်း ၁ညအိပ်
👉 ထမင်း (3) နပ်
👉 ရေသန့်/ Snowtower /Tissue
👉 ကျန်းမာရေး medical box
👉 ဘုရားသမိုင်းများကိုရှင်းပြပေးမည့် Myanmar Paramount View ရဲ့ Bagan Guide
👉 သွားရမည့်ကားတွေက 6/15/33/45 Seater Aircon bus

😍ရောက်ရှိမဲ့နေရာတွေကတော့

🎈နတ်တို ပျော်စံရာ စကားဝါမြေလို့တင်စားရတဲ့ ပုပ္ပားတောင်တောင်ကလပ်

🎈 မြတ်ဗုဒ္ဓ၏ စွယ်တော်(၄)ဆူ (ရွှေစည်းဂုံ/ တန်ကြည်တောင်/လောကနန္ဒာ/တူရွင်းတောင်)

❤ ပြည့် (၅)ပြည့် (လောကနန္ဒာ /တာမဏေ/ဓမ္မရာဇက/ရွှေဆံတော်)

🎈 မနူဟာမင်းကြီး၏ကောင်းမူတော် မနူဟာဘုရား

🎈ပုဂံဘုရားအစ ငှက်ပစ်တောင်ဘုရား

🎈 ဥာဏ်တော်အမြင့်ဆုံး ဖြစ်တဲ့သဗ္ဗေညုစေတီတော်မြတ်ကြီး

🎈 အနုပညာလက်ရာအမြောက်ဆုံးဖြစ်သော အာနန္ဒာစေတီတော်မြတ်ကြီး

🎈 မိမိအပြစ်များကိုဝန်ချတောင်းပန်သည့် ကန်တော့ပုလ္လင်ဘုရား

🎈 ထုထည်အကြီးမားဆုံး ဖြစ်သည့် ဓမ္မရံကြီးဘုရား

🎈 နံရံဆေးပန်ချီကောင်းမွန်သည့် စူဠာမဏီစေတီတော်မြတ်ကြီး

🎈 ရူခင်းလှပသည့် ဗူးဘုရား

🎈 ထီးလိုမင်းလို စေတီတော်မြတ်ကြီး

🎈 ငါးဆူဗုဒ္ဓဝင် ဓမ္မရာဇက ဘုရား

🎈ရှေးဟောင်းကျောက်စာများစုံလင်သည့် မြစေတီ ဘုရား

🎈အလိုတော်ပြည့် ဘုရား

🎈 မြန်မာ့ေကျးလက္အရသာ ထန်းတော လေးတွေလည်း ပို့ပေးမယ်နော်

😍😍😍ဒီလိုစုံစုံလင်လင် လေးတွေ သွားဖို့အတွက် အမြဲစေတနာထားလုပ်ဆောင်ပေးမဲ့
Myanmar Paramount View Travel & Tour Services ကိုဆက်သွယ်ပြီးပျော်ရွှင်စရာ ခရီးစဉ်လေးကိုရယူလိုက်ပါဗျာ😍😍😍

🚐🚌 မန်းလေးမြို့တွင်း အိမ်တိုင်ရာရောက် လိုက်ကြိုပေးပါမည်😍😍😍

🚘🚘🚐🚌🚕လူကြီးမင်းတို့အတွက်အမြဲစေတနာထား ဆောင်ရွက်ပေးမယ့်
Myanmar Paramount View Travel & Tour Services
📲 09750202004
📲 09750202005

11/02/2020

❝ ခရီးသွားဖို့ လိုအပ်ပါတယ် ❞
************
ခရီးသွားကြဖို့ ဘာကြောင့်လိုအပ်တာလဲ..❓
လူတွေ ဘာကြောင့် ခရီးတွေ သွားနေကြတာလဲ❓

လူတိုင်း ခရီးတွေသွားကြဖို့ လိုအပ်ပါတယ်။ ခရီးသွားရင် အကျိုးကျေးဇူးတွေ အမြောက်အမြားရတယ်။ ဒီလိုရမယ့် အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ အမြင်ကျယ်လာခြင်းပါပဲ။ ကိုယ်နေနေ ကျနေရာလေးမှာသာ နေမယ်ဆိုရင် ရေတွင်းထဲကျနေပြီး ဒါကိုပဲပျော်တဲ့ ဖားသူငယ်လို ဖြစ်နိုင်ပါ တယ်။ ရေတွင်းထဲက အပေါ်ကိုမော့ကြည့်လိုက်ရင် ရေတွင်းပေါက်အကျယ်အဝန်းမျှသာရှိတဲ့ ကောင်းကင်ကိုပဲ မြင်ရမယ်။ အင်မတန်ကျဉ်းမြောင်းစွာ မြင်တွေ့ရတဲ့ ကောင်းကင်လေးကိုပဲ စကြဝဠာ ထင်မှတ်မှားနေတာမျိုး ဖြစ်တတ်ပါတယ်။ ခရီးသွားတဲ့အခါ ကိုယ့်အမြင် ကိုယ့်အတွေးတွေက ကျယ်ပြန့် လာမယ်။

မြို့ပြမှာ မိုးလင်းမိုးချုပ် တကုပ်ကုပ်နေထိုင်ရှင်သန်နေရသူတစ်ဦးက ကျေးလက်တောတောင် တွေရှိရာကို ခရီးသွားတယ်ဆိုရင် ရှုခင်းမြင်ကွင်းတွေက ပြောင်းလဲတဲ့အရသာကို ခံစားရမယ်။အပြောင်းအလဲကြောင့် ကိုယ်ရောစိတ်ပါ လန်းဆန်းလာမှာဖြစ်တယ်။

ကျေးလက်မှာနေထိုင်သူကလည်း မြို့ကြီးပြကြီးတွေကို သွားရမှာ ဖြစ်ပါတယ်။ ဒီလိုသွားတဲ့ အတွက် မြို့ပြယဉ်ကျေးမှု၊ မြို့ပြလူနေမှု၊ မြို့ပြက စီးပွားဥစ္စာရှာဖွေပုံတွေကို တွေ့မြင်ရပြီး အမြင်ပွင့် သွားနိုင်တယ်။

လူ့သဘာဝက ကိုယ် နေနေကျနေရာမှာ ပျော်မွေ့တယ်။ ဒါပေမဲ့ ခရီးသွားတဲ့အခါ ကိုယ်နေနေကျနေရာနဲ့ မတူကွဲပြားတဲ့ အာရုံခံစားမှုကိုရမယ်။ မတူညီတဲ့ အတွေ့အကြုံ မြင်ကွင်း တွေကြောင့် ကိုယ့်အသိအမြင်က ပိုမိုရင့်ကျက်လာနိုင်ပါတယ်။ ခရီးသွားရင်းရမယ့် အတွေ့အကြုံက ကိုယ့်အတွက် တန်ဘိုး မဖြတ်နိုင်တဲ့ ရတနာဖြစ်ပါတယ်။ ကိုယ်ရှာဖွေတတ် စုဆောင်းတတ်ရင် ပိုပြီး တန်ဖိုးကြီး တဲ့ရတနာမျိုးကို ကိုယ်ရပါလိမ့်မယ်။

ခရီးသွားရာမှာ လိုအပ်ချက်တစ်ခုကတော့ အာရုံကို ဖွင့်ထားဖို့ပါ။ ဒါမှသာ ကိုယ့်ကို အကျိုးဖြစ် စေမယ့် အသိအမြင်အတွေ့အကြုံတွေက ကိုယ့်ကိုလာငြိမှာဖြစ်တယ်။မြင်လာတွေ့လာရတာတွေကို ကိုယ်က အကဲဖြတ်သုံးသပ်ပြီး ကိုယ့်ဘဝခရီး ကိုယ့်စီးပွားရေး ကြီးပွားရေးအတွက် အထောက်အကူ ဖြစ်အောင် အသုံးပြုရမှာ ဖြစ်တယ်။ တစ်နည်းဆိုရရင် တွေ့မြင်ရတဲ့ အတွေ့အကြုံတွေက သင်ယူပြီး ရတဲ့ သင်ခန်းစာက ဘဝအတွက် အထောက်အပံ့ဖြစ်စေရမယ်။

ခရီးသွားတဲ့အခါ ကျောင်းသူကျောင်းသားအရွယ် ကလေးသူငယ်တွေပါရင် သူတို့ကို မှတ်စု မှတ်သားတတ်တဲ့အလေ့အကျင့် ပျိုးထောင်စေသင့်တယ်။ ဒီလိုမှတ်သားဖို့ လိုတဲ့အခါ သတိလက် လွတ်မနေဘဲ အရာရာကို အာရုံစူးစိုက်တတ်လာမယ်။ ခရီးကပြန်ရောက်ချိန်မှာ ကိုယ့်မှတ်စုကို အခြေခံပြီး မှတ်တမ်းပြန်ရေးတဲ့အလေ့အကျင့်လည်းလုပ်သင့်တယ်။ ဒီမှတ်တမ်းလေးတွေက နောင်တစ်ချိန်မှာ အကျိုးဖြစ်တယ်။

ခရီးသွားတာကြောင့်ရနိုင်တဲ့အကျိုးတွေက အလွန်များတယ်။ ဒါကြောင့် လူတိုင်း ခရီးသွား ကြဖို့လိုအပ်ပါတယ်။ အကျိုးများလို့လည်း လူတွေ ခရီးသွားနေကြတာ ဖြစ်ပါတယ်။

Credit: The New Traveller

နောင်ချိုတိမ်ပင်လယ်နှင့် မေမြို့သီးသန့်ခရီးစဉ် (တစ်ညအိပ်)တစ်ယောက် ၅၈၀၀၀ ကျပ် ✔️ ဖေဖော်ဝါရီလအတွက် ခရီးစဉ်လေးရှိတယ်နော်Boo...
24/01/2020

နောင်ချိုတိမ်ပင်လယ်နှင့် မေမြို့သီးသန့်ခရီးစဉ် (တစ်ညအိပ်)
တစ်ယောက် ၅၈၀၀၀ ကျပ်

✔️ ဖေဖော်ဝါရီလအတွက် ခရီးစဉ်လေးရှိတယ်နော်
Booking တငျပေးကွပါခင်ဗျာ
နာမည်နဲ့ ဖုန်းနံပါတ်ပေးရုံဖြင့် Booking တင်လို့ရနေၿပီးေနာ္

ရွှေမန်းလေးက ထွက်မယ်နော်

👉 ပါဝငျတဲ့နေရာတှေက တော့
🔷️နီးဘုရား
🔷️ကန်တော်ကြီး
🔷️အင်္ဂလိပ် လက်ထက် ကိုလိုနီအ ဆောက်အဦးများ
🔷️မဟာအံ့ထူးကံသာဘုရား
🔷️ဒီဇင်ဘာခြံ
🔷️တိမ် ပင်လယ်

👉 ပါဝင်တဲ့ဝန်ဆောင်မှုကတော့
- 🚗 အသွားအပြန်ကားခ
-ကျွမ်းကျင်သော ယာဉ်မောင်း
-🍲နံနက်စာ (၁)
-🍵ညစာ (၁)
-ရေသန့် စနိုးတာဝါ
_
-တည်းခိုဖို့ Tent ⛺⛺လှလှလေးတွေအပြင်
အိပ်ယာခင်းနဲ့ဂွမ်းစောင်တွေလည်းပါပြီးသားနော်။

👉 မပါဝင်တဲ့ဝန်ဆောင်မှုကတော့
-ကင်မရာ (အလန်းဇယားရိုက်ဖို့)

တိမ်ထွက်မထွက်က ရာသီဉတုအခြေအနေပေါ်မူတည်တာမို့လို့ အာမခံတာမျိုးတော့လုပ်ပေးလို့မရပေမဲ့ တိမ်မထွက်ခဲ့ရင်တောင် ဒီလို လှတဲ့ပုံတွေလိုမျိုးလေးရိုက်လို့ကောင်းတဲ့နေရာပါ.. နေ့ရှုခင်းရော ညရှုခင်းရော အင်မတန်လှတဲ့နေရာလေးနော်

ဒီလိုသာယာတဲ့ပျော်ရွှင်မှုမျိုးကို ခံစားချင်တယ်ဆိုရင် အမြန်လေး Booking Confirm လုပ်ပေးဖို့ မ မေ့ကြနဲ့နော်

Address

22
Mandale

Alerts

Be the first to know and let us send you an email when Myanmar Paramount View Travel & Tour Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category