Ever Ok Co.,Ltd

Ever Ok Co.,Ltd Ever Ok Co.,Ltd
(Distribution Company)

1.TVS Main Authorized Dealer
2.CPM Main Dealer
3.Yamaha Dealer
4.Thai and Vietnam Honda Importer
5.

Mobil Engine Oil
6.GWI Insurance Agent

တာလော့ မိုင်လားနယ်စပ်ခုထိပစ္စည်သွင်ခွင်ပိတ်ထားသေး
24/10/2024

တာလော့ မိုင်လားနယ်စပ်ခုထိပစ္စည်သွင်ခွင်ပိတ်ထားသေး

ရေကြီးချိန် သတိပြုရန်Auto ဘီးစီးတဲ့ဘီး ပိုင်ရှင်များမျဥ်းပြထားတဲ့ အခြေအနေလောက်မြုတ်သွားနိုင်တဲ့ ရေလောက်ဆို ဆိုင်ကယ်စီးလိ...
13/09/2024

ရေကြီးချိန် သတိပြုရန်
Auto ဘီးစီးတဲ့ဘီး ပိုင်ရှင်များ
မျဥ်းပြထားတဲ့ အခြေအနေလောက်မြုတ်သွားနိုင်တဲ့ ရေလောက်ဆို ဆိုင်ကယ်စီးလို့မရဘူးနော်
လေစစ်ကနေ ရေဝင်သွားရင် အင်ဂျင်ကော်နတင်းကောက်ပီး အင်ဂျင်ကွဲသွားနိုင်ပါတယ်
ခနလေးတောင်ဖြတ်မပေါင်းပါနဲ့

Crd နန္ဒအောင် ဇီးကုန်းသား

အမှန်ကန်ပါလားဟ ပြောပါတယ် မှန်ယူပါဆို
25/05/2024

အမှန်ကန်ပါလားဟ ပြောပါတယ် မှန်ယူပါဆို

🌿🏍 ကမ္ဘာ့ အလျင်မြန်ဆုံး ဆိုင်ကယ် (၁၀) စီး**************Rider ကိုကိုတို့အတွက် ဒီအပတ် တင်ဆက်ပေးချင်တာကတော့ ကမ္ဘာ့ အလျင်မြန...
05/09/2023

🌿🏍 ကမ္ဘာ့ အလျင်မြန်ဆုံး ဆိုင်ကယ် (၁၀) စီး
**************

Rider ကိုကိုတို့အတွက် ဒီအပတ် တင်ဆက်ပေးချင်တာကတော့ ကမ္ဘာ့ အလျင်မြန်ဆုံး ဆိုင်ကယ် (၁၀) စီးအကြောင်းပါခင်ဗျာ။

★★★★★

⭐️🏍⭐️• အဆင့် (၁၀) – Ducati 1098s: 169 mph (278 km/h)

အီတလီနိုင်ငံထုတ် ဒီဆိုင်ကယ်ကို Ducati ကုမ္ပဏီက ထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ထူးခြားချက်က L –Twin Cylinder အင်ဂျင်စနစ်ဖြစ်ပြီး cylinder တစ်ခုချင်းအတွက် valver ၄ ခုတောင် ထည့်သွင်းတီထွင်ထားတာပါ။ အမြင့်ဆုံးမြန်နှုန်းက တစ်နာရီကို ၁၆၉ မိုင် (၂၇၁ ကီလိုမီတာ) ဖြစ်ပြီး 6 speed chain transmissions စနစ်နဲ့ ထုတ်လုပ်ထားပါတယ်။ မြင်းကောင်ရေအား 119.3 kW (160.0 bhp) @ 9750 rpm ဖြစ်ပါတယ်။

★★★★★

⭐️🏍⭐️• အဆင့် (၉) – BMW K 1200 S: 174 mph (278 km/h)

ဒီအလန်းစားဆိုင်ကယ်ကတော့ BMW ရဲ့ တီထွင်မှုပါ။ 4 Cylinder ကို 16 valves နဲ့ ထုတ်ထားတာမို့ တကယ့်ရှယ်ပါပဲ။ Horizontal in-line အင်ဂျင်ကို အလိုအလျောက် အေးစေတဲ့ စနစ်နဲ့ run ပေးထားတာဖြစ်ပါတယ်။ အမြင့်ဆုံးမြန်နှုန်းက တစ်နာရီကို ၁၇၄ မိုင် (၂၇၈ ကီလိုမီတာ) ပါ။ 6 speed manual transmission ဖြစ်ပြီး မြင်းကောင်ရေအား 164.94 horsepower (120.4 Kw) @ 10250 rpm ဖြစ်ပါတယ်။

★★★★★

⭐️🏍⭐️• အဆင့် (၈) - Aprilia RSV 1000R Mille: 175 mph (278 km/h)

Aprilia စက်ရုံထုတ် ဒီဆိုင်ကယ်ဟာ 998 cc 60 degree V-twin အမျိုးအစား ဖြစ်ပါတယ်။ အမြင့်ဆုံးမြန်နှုန်းက တစ်နာရီကို ၁၇၅ မိုင် (၂၇၈ ကီလိုမီတာ) ပါ။ 6 speed chain drive transmission ဖြစ်ပြီး မြင်းကောင်ရေအား 105.24 Kw (143.09 PS; 141.13 hp) @ 1000 rpm ပါ။

★★★★★

⭐️🏍⭐️• အဆင့် (၇) - Kawasaki Ninja ZX-11/ZZ-R1100: 176 mph (283 km/h)

ဂျပန်အခြေစိုက် Kawasaki ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အလန်းစားဆိုင်ကယ်ပါ။ 1052 cc 4-strokes, 4 cylinder, DOHC, liquid-cooled အင်ဂျင်အမျိုးအစား ဖြစ်ပါတယ်။ တစ်နာရီကို အမြန်ဆုံး ၁၇၆ မိုင် (၂၈၃ ကီလိုမီတာ) အထိမောင်းနိုင်ပါတယ်။ မြင်းကောင်ရေအား 108 kW (147 PS) @ 10,500 rpm ဖြစ်ပြီး အခြား မြန်နှုန်းမြင့် ဆိုင်ကယ်တွေလို 6 speed transmission စနစ်ဖြစ်ပါတယ်။

★★★★★

⭐️🏍⭐️• အဆင့် (၆) - MV Agusta F4 1000 R: 176 mph (299 km/h)

အီတလီနိုင်ငံ Agusta စက်ရုံက ထုတ်လုပ်ထားတဲ့ 4 cylinder, 16 radial valves, DOHC, liquid cooled အင်ဂျင်နဲ့ ဆိုင်ကယ်ဖြစ်ပါတယ်။ တစ်နာရီကို ၁၇၆ မိုင် (၂၉၉ ကီလိုမီတာ) အထိ အမြန်ဆုံးမောင်းလို့ရပါတယ်။ မြင်းကောင်ရေအား 128 Kw (174 Hp) ဖြစ်ပြီး multi-disc wet clutch ကို 6 cassette gearbox နဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။

★★★★★

⭐️🏍⭐️• အဆင့် (၅) - Yamaha YZF R1: 186 mph (297 km/h)

လူတိုင်းသိကြတဲ့ ဂျပန်နိုင်ငံထုတ် Yamaha ဆိုင်ကယ်ကြီးကတော့ အဆင့် (၅) မှာ တည်ရှိနေပါတယ်။ Parallel 4-cylinder, 20 valves, DOHC, liquid-cooled အင်ဂျင်ကြီးနဲ့ပါ။ အမြင့်ဆုံးမြန်နှုန်းကတော့ တစ်နာရီကို ၁၈၆ မိုင် (၂၉၇ ကီလိုမီတာ) ဖြစ်ပြီး constant mesh 6 speed transmission နဲ့ ဒီဆိုင်ကယ်ကြီးဟာ မြင်းကောင်ရေ 128.2 horsepower (95.6 Kw) at 10000 rpm ပါခင်ဗျာ။

★★★★★

⭐️🏍⭐️• အဆင့် (၄) - Honda CBR1100XX Blackbird: 190 mph (310 km/h)

ဒီတစ်ခါကတော့ ဂျပန်ဆိုင်ကယ် Honda ဖြစ်ပါတယ်။ 1137 cc, 4 cylinder liquid-cooled အင်ဂျင်နဲ့ ထုတ်လုပ်ထားတဲ့ ဒီိဆိုင်ကယ်ကို အမြန်ဆုံး တစ်နာရီကို ၁၉၀ မိုင် (၃၁၀ ကီလိုမီတာ) အထိ မောင်းလို့ရပါတယ်။ Close-ratio 6-speed transmission စနစ်နဲ့ဖြစ်ပြီး မြင်းကောင်ရေအား 114 kw (153 hp) @ 10,000 rpm ဖြစ်ပါတယ်။

★★★★★

⭐️🏍⭐️• အဆင့် (၃) - MTT Turbine Superbike Y2K: 227 mph (365 km/h)

ဆိုင်ကယ်ရော ကားမှာပါ နာမည်ကြီးလှတဲ့ Rolls Royce ကုမ္ပဏီထုတ် ဒီဆိုင်ကယ်ကို 250 – C20 turbo shaft engine နဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ အမြန်ဆုံးမောင်းနိုင်တဲ့ speed ကတော့ တစ်နာရီကို ၂၂၇ မိုင် (၃၆၅ ကီလိုမီတာ) ဖြစ်ပါတယ်။ အင်ဂျင် မြင်းကောင်ရေအား 320 ဖြစ်ပြီး (239 Kw @ 52000 rpm) နဲ့ transmission system ကိုတော့ 2 speed automatic ကိုပဲ အရိုးရှင်းဆုံး အသုံးပြုပေးထားတာ ဖြစ်ပါတယ်။

★★★★★

⭐️🏍⭐️• အဆင့် (၂) – Suzuki Hayabusa: 248 mph (397 km/h)

ဂျပန်နိုင်ငံရဲ့ အထင်ကရ Hayabusa ဆိုင်ကယ်ကြီးကို 1340 cc, 4 strock, four cylinder နဲ့ 16 valve အင်ဂျင်ကို အသုံးပြု ထုတ်လုပ်ထားပါတယ်ခင်ဗျာ။ တစ်နာရီကို ၂၄၈ မိုင် (၃၉၂ ကီလိုမီတာ) အထိ မောင်းနိုင်တဲ့ ဒီဆိုင်ကယ်မှာ မြင်းကောင်ရေအား 197 hp (147 kw) @ 6750 rpm ရှိပါတယ်။ Transmission system ကတော့ 6 speed – constant mesh ဖြစ်ပါတယ်။

★★★★★

⭐️🏍⭐️• အဆင့် (၁) - Dodge Tomahawk: 350 mph (560 km/h)

အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့အလျင်မြန်ဆုံး စံချိန်တင်ထားသော ဆိုင်ကယ်ဖြစ်ပါတယ်။ Cylinder ၁၀ လုံးကို 90 degrees v-type အင်ဂျင်ကြီးနဲ့ run ပေးထားလို့ အမြင့်ဆုံးသော မြန်နှုန်းက တစ်နာရီကို ၃၅၀ မိုင် (၅၆၀ ကီလိုမီတာ) အထိတောင်မှပါ။ မြင်းကောင်ရေအားကလည်း 500 hp (370 Kw @ 5600 rpm) ရှိပါတယ်။ ဒါပေမယ့် 2 speed manual transmission ကိုပဲ အသုံးပြုထားတာမို့ သူ့ရဲ့ တီထွင်မှုအပိုင်းကတော့ တကယ် စိတ်ဝင်စားစရာကောင်းလှပါတယ်။

★★★★★ CMA

Credit: OTTO lubricant

အင်ဂျင်ဝိုင်ပိုထည့်မိခြင်းနှင့် နောက်ဆက်တွဲဆိုးကျိူးများ…+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+မိတ်ဆွေတို့ဆိုင်ကယ...
25/05/2023

အင်ဂျင်ဝိုင်ပိုထည့်မိခြင်းနှင့် နောက်ဆက်တွဲဆိုးကျိူးများ…
+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+

မိတ်ဆွေတို့ဆိုင်ကယ်တွေဟာ ပုံမှန် ကီလို

၁၀၀၀။ တစ်ခါ

အင်ဂျင်ဝိုင်သောက်သုံးပေးရတယ်။

အင်ဂျင်တစ်လုံးရဲ့ ရပ်တည်မှု အသက်ဟာ

အင်ဂျင်ဝိုင်ဖြစ်ပါတယ်။

အင်ဂျင်ဟာဆိုရင် အင်ဂျင်ဝိုင်မရှိဘဲ ဘယ်လို

မှ မလည်ပတ်နိုင်ပါဘူးရှင့် ၎င်းအတွက်

လိုအပ်တဲ့ အင်ဂျင်ဝိုင်ပမာဏ နဲ့ အပျစ်အကျဲ

ကို မှန်ကန်မှု ရှိအောင် ချင့်ချိန်ပြီး သုံးပေးရပါတယ်။

ဒီနေရာမှာ မိတ်ဆွေတို့ သိရှိပြီးသားဖြစ်တဲ့

အကြောင်းအရာလေး တစ်ခုကို မျှဝေပေး

ချင်ပါတယ်ရှင့်

အဲ့ဒါဘာလဲဆိုရင် မိတ်ဆွေတို့ဆိုင်ကယ်တွေ

အင်ဂျင်ဝိုင်လဲတော့မယ်ဆိုရင် အမူမဲ့

အမှတ်ဘဲ လိုအပ်တာထက် ပိုထည့်မိရင်

တဖက်မှာ အင်ဂျင်ဘယ်လိုပြဿနာတွေ ကြုံ

လာနိုင်လဲဆိုတာပါ။ ဘာတွေ ကြုံရနိုင်လဲဆို

ရင် ပထမဆုံး oil pressure များလာပါမယ်။

အင်ဂျင်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့

အင်ဂျင်ဝိုင် အမောက်ဟာ များပြားနေတာ

ကြောင့် မလိုလားတဲ့ နေရာတွေထိ အင်ဂျင်

ဝိုင်ရောက်ရှိသွားမယ်။ ဥပမာအားဖြင့် အင်

လက်ကနေ ဆီကျော်လာမျိုး ၊ အင်ဂျင်မကျ

ဘဲ တခါတရံ မီးခိုးပြာလိုက်နေတာမျိုးဖြစ်

တက်တယ်။

အကြောင်းကတော့ အင်ဂျင်ဝိုင်ပရက်ရှာများ

နေလို့ oil ring က ပစ္စတင်မှာကပ်နေတဲ့

အင်ဂျင်ဝိုင်တွေကို အကုန်လုံးမခြစ်ချ

နိုင်တော့ဘူး။ နောက်ပြီး အင်ဂျင်ဝိုင်ပိုထည့်မိ

ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိူးများ…
+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+•+

အင်ဂျင်ဝိုင်ပိုထည့်မိခြင်း overfilling

ပြစ်ချက်တွေကတော့ ....

♐ အင်ဂျင်ဝိုင်မီးခိုးလိုက်မယ်။

♐ အင်ဂျင်အရုန်းအဆွဲကျမယ်။

♐ အင်ဂျင်သံ ကျယ်လောင်မယ်။

♐ အင်ဂျင် အိုဗာဟိတက်မယ်။

♐ အင်ဂျင်မီးပေါက်စဥ်မှားမယ်။

♐ အင်ဂျင်စလိုးကြမ်းမယ်။

♐ အခက်မသင့်ရင် စက်ထိုးရပ်မယ်။

♐ အင်ဂျင် ဝိုင်ပရက်ရှာများမယ်။

♐ ပလပ်မှိုင်းကပ်ပီး ပလပ်တွေကြောင်မယ်

မကြာမကြာအင်ဂျင်ဝိုင်အနံ့နံနေမယ်။

အထက်ပါ ပြစ်ချက်မျိုးတွေသည် အင်ဂျင်

အတွက် ရေရှည်မကောင်းတဲ့ အချက်တွေ

ဖြစ်တယ်။ အင်ဂျင်သက်တမ်းပိုတိုစေပါ

တယ်။ ဥပမာ Wave 100ဆိုရင် 0.7ထည့်ဖို့ ပါ

ဒါပေမဲ့ 1Lသွားထည့်ရင်တော့ အပေါ်မှာ ရှင်းခဲ့

တဲ့ ပြစ်ချက်တွေ ကြုံရတော့မှာဖြစ်ပါတယ်။

အင်ဂျင်အသက်တိုသွားမှာဖြစ်ပါတယ်။

မူရင်းရေးသားသူအား
ကျေးဇူးတင်လေးစားစွာဖြင့် ပေးပါသည်။

သိသလောက်လေး ပြောရမယ်ဆိုရင်တော့ Spark plug ဆိုတာ ဓာတ်ဆီအင်ဂျင် ကိုင်နေတဲ့ ဆရာတွေအတွက်ကတော့ ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။ပ...
20/02/2023

သိသလောက်လေး ပြောရမယ်ဆိုရင်တော့ Spark plug ဆိုတာ ဓာတ်ဆီအင်ဂျင် ကိုင်နေတဲ့ ဆရာတွေအတွက်ကတော့ ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။ပလပ်မှာ အအေးပလပ်(cold plug) နဲ့ အပူပလပ် (hot plug) ဆိုပြီး နှစ်မျိုးရှိပါတယ်။ မြန်မာပြည်က ဒေသတော်တော်များများမှာတော့ ခေါင်းတိုပလပ်နဲ့ ခေါင်းရှည်ပလပ်ဆိုပြီး ခွဲခြားခေါ်ဝေါ်တာလဲရှိပါတယ်။အပူအအေး ပလပ်ကို နားလည်ရင်တောင် ရွေးချယ်ဝယ်ယူဖို့ အခက်အခဲကတော့ ရှိလာ ပြန်တတ်ပါတယ်။ မျက်လုံးနဲ့ ကြည့်လိုက်ပြီး ပလပ်ငုတ်ကလေးကို ဂွပ် ဆိုပြီးကပ်လိုက် အတော်ပဲကွဆိုပြီးတော့ တပ်လိုက်နဲ့ အဆင်မပြေဘူးလားဆိုတော့လဲ ပြေ တဲ့အခါ ရှိသလို မပြေတဲ့အခါလဲရှိပါတယ်။

#ပလပ်ကြီးက မဲနေတယ် အသစ်လဲလိုက် ok တယ်။ #ပလပ်က မီးနဲနေတယ် အသစ်လဲလိုက် ok တယ်။ #ပလပ်က မီးဖြာနေတယ် အသစ်လဲလိုက် ok တယ်။ ဒါကတော့ အမြဲတမ်း ကြားနေရတဲ့အသံတွေပါ။ ဒါ့အပြင် ပလပ် တစ်လုံးကပေးတဲ့ သက်သေတွေနဲ့ လက္ခဏာကို သိဖို့လဲ လိုလိမ့်မယ်ထင်တယ်။ တကယ်ပဲ မီးများတာ မီးနဲတာက တိကျတဲ့ ပလပ်ရဲ့ အခြေအနေကို ဖော်ပြနိုင်သလား။

တကယ်ပဲ မဲနေတဲ့ ပလပ်တစ်လုံး သို့မဟုတ် ရွဲနေတဲ့ ပလပ်က ပလပ်ရဲ့ ပကတိ ကျန်းမာရေးကို ဖော်ပြနိုင်သလားဆိုတော့?။ ပလပ်တစ်လုံးကို မျက်လုံးနဲ့ ဆုံးဖြတ်နိုင်သလားလို့ မေးရင်တော့ အဖြေကတော့ No လို့ပဲ ဖြေပါရစေ။ ပါဖော့မက် ( performance စွမ်းဆောင်ရည်) ကို အလေးပေး စီး တဲ့ သူတွေကတော့ သိသိသာသာ ခွဲခြားနိုင်ကြပါတယ်။

(Compression ratio ဖိသိပ်မှုအချိုး) မြင့်တဲ့ အင်ဂျင်တွေမှာ ပလပ်ရဲ့ အရည်အသွေးက တိတိကျကျ အရေးကြီး အရေးပါလာပါပြီ။ မေးခွန်း စပါပြီ အပြင်မှာတော့ မီးတွေ ပြာဖြူနေအောင်ထွက်နေပြီး အင်ဂျင်ထဲ ရောက်မှ မီးနဲသွားတာ သို့မဟုတ် မီးမျှင်သွားတာ ထစ်သွားတာမျိုး။ အပြင်မှာ ဒေါက်ခနဲ ဒေါက်ခနဲ နဲ့ မီးပြင်းပြင်း ထွက်နေပြီး အင်ဂျင် ဖိသိပ်တဲ့ အချိုးနဲ့တွေ့မှ ဘာ မှမကြားရလောက်အောင် မီးနဲသွားတာမျိုး မီးပျောက်သွားတာမျိုး၊ မီးသံခေါက်လာတာမျိူး ၊ ကန့်လန့်စကားပြောရရင် အင်ဂျင်ထဲခေါင်းဝင်ပြီး ကြည့်လို့မရ တာကြောင့် ဘယ်လို လုပ်ကြမလဲ လုပ်သင့်သလဲ၊ ပလပ်တစ်လုံးကို ဘယ်လောက်ထိ ကျတော်တို့ ယုံလို့ရမလဲ ဘယ်အထိ ကျတော်တို့ သိဖို့ လိုမလဲ?။

အဖြေက လာပါပြီ။ ပလပ်ကို ဝယ်တဲ့အခါ ဘီးလေးတွေအတွက် တရုတ်ဘီးတွေအတွက် ပြသနာ နာမရှိပေမယ့် Efi ဘီးတွေ အတွက်ကတော့ စက်ရုံက သတ်မှတ်ထားတဲ့ ကုဒ်နံပါတ်ကို ရအောင်ထည့်ဖို့ အကြံပေးချင်ပါတယ်။ ကြုံရာ ပလပ် သို့မဟုတ် အဆင်ပြေရာ ပလပ်ထည့်လိုက်တာဟာ Efi ဘီးတွေအတွက်ကတော့ အင်ဂျင် ပျက်စီးသွားတဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ ‌ပလပ်မှာပါတဲ့ ကြွေသီးတွေ ပြုတ်ကျတာမျိုး ပြဿနာ ဖြစ်တဲ့အထိ ကြုံရတတ်ပါတယ်။

အပူတတ်များတဲ့ အင်ဂျင်လဲ ဖြစ်မယ် (compression ratio ဖိသိပ်အချိုး) လဲမြင့်မယ်၊ Efi လဲဖြစ်မယ် ဆိုရင် မိတ်ဆွေရဲ့ ဆိုင်ကယ် အင်ဂျင်အတွက် စက်ရုံက သီးသန့် သတ်မှတ်ထားတဲ့ ပလပ်ကို ရွေးချယ် သုံးစွဲရမှာဖြစ်ပြီး ပလပ်ရဲ့ ပါးစပ်အဟကိုလဲ သတ်မှတ်စံချိန် စံညွှန်းအတိုင်း ပြန်လည် ချိန်ညှိရပါမယ်။

မိတ်ဆွေရဲ့ ဆိုင်ကယ်ဟာ စီးတဲ့အခါ လီဗာ ဆွဲတဲ့အခါ အစမှာ ထစ်နေတာ အတတ်နှေးတာ အထနှေးတာ စတဲ့ ပြဿနာ တွေဟာ ပလပ် အဟ ဒီဂရီ မှားယွင်းတာကြောင့် ဖြစ်ရတဲ့ ပြဿနာတွေလဲ ရှိတတ်ပါတယ်။

စီးနေရင် အင်ဂျင်ပူလာတဲ့အခါ လီဗာဆွဲတဲ့အခါ ဆတ်ခနဲ မပါလာတာ မီးသံခေါက်လာတာကအစ ပလပ်နဲ့ တိုက်ရိုက် သက်ဆိုင် နေတတ်ပါသေးတယ်။ ဥပမာ သိသလောက် ပြောရရင် စူပါဖိုး (CB 400SF ) တွေရဲ့ ပလပ် ပါးစပ်အဟဟာ 0.024 ကနေ 0.028 အထိ ထားပေးရပါတယ်။ Efi လဲဖြစ်မယ် ဆိုင်ကယ်ကလဲ ပါဝါအမြင့် 400cc နဲ့အထက် ဖြစ်မယ်ဆိုရင် ပလပ် ပါးစပ်အဟကို ကြည့်ရုံတင်မကပဲ ပလပ်ကို ကြပ်တဲ့အခါ သတ်မှတ်ထားတဲ့ တင်းကြပ်အား တစ်ခုနဲ့ ကြပ်ပေးမှသာ ဟိ တတ်ခြင်း မီးသံခေါက်ခြင်း အင်ဂျင် ထစ်နေခြင်း စတဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်မှာ ဖြစ်ပါတယ်။

ပလပ် တစ်လုံးကနေ အင်ဂျင် ဟတ် တုံးမှာရှိတဲ့ အပူကို ဖြာထွက်စေသောကြောင့် ပလပ်ကို သတ်မှတ်ထားတဲ့ တင်းအားနဲ့ ကြပ်ပေးသင့်ပါတယ်။ ပလပ်ကလဲ စက်ရုံက သတ်မှတ်ထားတဲ့ ပလပ်မျိုးလဲ ဖြစ်သင့်ပါတယ်လို့ပဲ အကြံပြုပါရစေ။ ကြုံရာ ပလပ်တွေထည့်မည့်အစား Google.com မှာ ဘီးနံမည် (........ plug gap ) ဆိုပြီး ရိုက်ရှာပြီးတော့ ပုံမှာပြထားတဲ့ ပလပ် အဟ ချိန်တဲ့ ဒိုးပြားလေးနဲ့ တိတိကျကျချိန်ပြီး အသုံးပြု သင့်ပါကြောင်း သိသလောက် တင်ပြပါစေခင်ဗျာ။

မူရင်းရေးသားသူ ကျတော့ဆရာ ကောင်းထက်ပိုင် သာယာဝတီကို ဂါဝရပြုပါတယ်။

စက်ရုံက ခုမှ ပူပူနွေးနွေးထွက်လာတဲ့84W/  နံပါတ်အသစ်နဲ့    လေးတွေ ပြန်ရပါပြီ
08/02/2023

စက်ရုံက ခုမှ ပူပူနွေးနွေးထွက်လာတဲ့
84W/ နံပါတ်အသစ်နဲ့


လေးတွေ ပြန်ရပါပြီ

Mobil ရဲ့ ဂုဏ်ပြုညစာစားပွဲကိုမနေ့က တက်ရောက်ခဲ့ပါတယ်
06/02/2023

Mobil ရဲ့ ဂုဏ်ပြုညစာစားပွဲကို
မနေ့က တက်ရောက်ခဲ့ပါတယ်

05/02/2023
CPM Service Center လေးပြင်ဆင်လို့ပြီးပါပြီ #ရှင်းထက်ဆိုင်ကယ်အရောင်းပြခန်းလိပ်စာ   : 59လမ်း ၊ 109&110ကြားဆိုင်ဖုန်း : 092...
29/01/2023

CPM Service Center လေးပြင်ဆင်လို့ပြီးပါပြီ

#ရှင်းထက်ဆိုင်ကယ်အရောင်းပြခန်း
လိပ်စာ : 59လမ်း ၊ 109&110ကြား
ဆိုင်ဖုန်း : 092022556 , 092022236

  က အသစ်ထုတ်လိုက်တဲ့  125 cc လေးတွေ မကြာခင် ရပါတော့မယ်ခင်ဗျ #အရောင်ကလဲ(8)ရောင်စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်ခုလို ဆိုင်ကယ်...
22/03/2022

က အသစ်ထုတ်လိုက်တဲ့
125 cc လေးတွေ မကြာခင် ရပါတော့မယ်ခင်ဗျ

#အရောင်ကလဲ(8)ရောင်
စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်

ခုလို ဆိုင်ကယ်အသစ်တွေတင်သွင်းဖို့
အခက်ခဲတွေရှိချိန်မှာ
သင့်တင့်တဲ့ စျေးနှုန်းလေးနဲ့မို့
လိုအပ်ခဲ့ရင် သတိရပေးကြပါဦးခင်ဗျ 😊

ရွေးချယ်စရာအရောင်များ
=================
➡️အမဲ ☑️နက်နီ
➡️အဖြူ ☑️ဖြူနီ
➡️ခဲ ☑️ခဲနီ
➡️အစိမ်း ☑️စိမ်းနီ

Today soldout
27/12/2021

Today soldout

Address

59 Th Road , Bet Aung San ×Khine Shwe War , Chan Mya Thar Si
Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

092038758

Website

Alerts

Be the first to know and let us send you an email when Ever Ok Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share