ReiZen

ReiZen ေပ်ာ္ရှြင္စရာမေမ့နိုင္စရာခရီးစဥ္ေ?

မန်းလေး နွေအပူကနေ နှစ်ရက်လောက်တော့ ရှောင်ဖို့ လိုနေပီလေ... ပုပ္ပါး တောင်မကြီးကိုသွားရမလား...🤗တောင်တက်စရာမလိုတဲ့နီးနီးနားန...
17/03/2022

မန်းလေး နွေအပူကနေ နှစ်ရက်လောက်တော့ ရှောင်ဖို့ လိုနေပီလေ...
ပုပ္ပါး တောင်မကြီးကိုသွားရမလား...🤗
တောင်တက်စရာမလိုတဲ့
နီးနီးနားနား ပြင်ဦးလွင် နားက ရေပျံတောင်ပဲသွားရမလား 🤗
နေ့လည်ပိုင်း ရေတံခွန်နားမှာ Camp ချ အပြည့်အဝ Relax လုပ်အပူရှောင်
ရေကူး ရေစိမ်
ညပိုင်းတောင်ထိပ်မှာ Camp ချ မီးပုံပွဲလေးလုပ်
တွေးရင်းနဲ့တောင် မရတော့ဘူး...
နောက်လပိတ်ရက်တွေ မစောင့်နိုင်တော့ဘူး...😁

Popa တောင်မကြီးကို Reizen နဲ့သွားရင် ဘာတွေ ​စားရမလဲ?Luxury ခရီး မဟုတ်ပဲ Trekking/hiking ခရီးစဥ်ဖြစ်တာကြောင့် အစားအသောက်အ...
11/11/2021

Popa တောင်မကြီးကို Reizen နဲ့သွားရင် ဘာတွေ ​စားရမလဲ?

Luxury ခရီး မဟုတ်ပဲ Trekking/hiking ခရီးစဥ်ဖြစ်တာကြောင့် အစားအသောက်အဆင်မပြေမှာ မပူပါနဲ့ ဆိုတာတော့ အာမခံတယ်နော်😁

မနက်စာ🤗 တစ်နပ်/နှစ်နပ်
ထမင်းကြော် + ပဲ ပြုတ်+ ကြက်ဥကြော်
ငရုတ်သီးထောင် +ချဥ်ပေါင်ကြော်+...

နေ့လည်စာ/ညစာ🤗 နှစ်နပ်/သုံးနပ်
ကြက်သပြွန်း + ကြက်ကြော် +ငှက်ပျောဖူးချက် +
ငံပြာရည်ချက် +ငပိကြော် + ...
ငါးခေါင်း မျစ်ချဥ်ပေါင် ဟင်း+ငါးကြော် +
ကြက်သပြွန်း + ကြက်ကြော်+ ...

ထမင်းစားပီး အချိုပွဲ လက်ဖက်နဲ့ အသီးလဲပါအုံးမယ်
ကော်ဖီနဲ့ ရေနွေးကြမ်းကတော့ ဘယ်ချိန်သောက်သောက် အဝသာသောက်
တောကြက် ဗမာကြက် တွေကို အဝစား ေကျွးတာနော်...အစားနဲ့တင် တန်စေရမယ် 😁
အလှူလို ကုန်တာနဲ့ဖြည့်ပေးမှာမို့ မလောက်မဝ မဟုတ်ဘူးနော်😍
စေတနာ တွေ အရင်းခံပီး ချက်ပေးမယ့် Guide တွေပါလို့ အစားအသောက်ကတော့ တောစာ ေလးတွေ ရှယ်စားရမှာ မပူနဲ့ 🤗

အခြား ထူးထူးဆန်းဆန်း တောစာလေးတွေ ထပ်ဖန်တီး ခိုင်းမှာမို့ ပင်ပင်ပန်းပန်းတောင်တက်ပီး စားကြတာပေါ့နော်
ဆက်သွယ်စုံစမ်းလိုပါက 09-891561313ကိုဆက်သွယ်နိုင်ပါတယ်☺

Popaတောင်မကြီးကိုတက်ရင် ဘာတွေလိုမလဲ ? လမ်းခရီးနှင့်ကြာချိန်🤗Popa Mountain Resort ပေါက်ကနေစတက်ပါခရီးမိုင် 13မိုင် 6ဖာလုံ ...
09/11/2021

Popaတောင်မကြီးကိုတက်ရင် ဘာတွေလိုမလဲ ?

လမ်းခရီးနှင့်ကြာချိန်🤗

Popa Mountain Resort ပေါက်ကနေစတက်ပါ
ခရီးမိုင် 13မိုင် 6ဖာလုံ ရှိတဲ့ ခရီးမို့ လမ်းပုံမှန်လျောက်မယ်ဆို တက်ချိန် ၃နာရီ လောက် ကြာမယ်
သွားရမယ့်လမ်းတွေက တော့ အရမ်း ခက်ခဲကြမ်းတမ်းမနေပါဘူး... တောထဲကဆိုတော့ အေးအေးဆေးဆေးဖိုတို ရှုလိုက် အလှအပတွေခံစားလိုက်နဲ့ အေးဆေးပဲ
အဆင်းကတော့ နှစ်နာရီခွဲလောက် သာသာယာယာပါပဲ
လမ်းမလျောက်နိုင်တဲ့သူတွေ အတွက်ကတော့
ဆိုင်ကယ်ကယ်ရီ တွေရှိပါတယ် (15000-20000)
ဖိနပ်ပေါက်တတ်တဲ့သူတွေ ရိုးရိုးဖိနပ် မချောတာနဲ့တက်နိုင်ဆင်းနိုင်ပါတယ် တောင်တက်ဖိနပ်ဝယ်မယ်ဆို ဝတ်ကြည့်ပီး ကွက်တိမဖြစ်ပဲ တစ်sizeကြီးတာဝယ်သင့်ပါတယ်

ရေ🤗

အပေါ်မှာက သောက်ရေအတွက် ရေနွေးကြိုသောက်ကြတော့ ရေသန့်ဘူး အတက်တစ်ဘူးအပေါ်တစ်ဘူး အဆင်းတစ်ဘူး ပါရင်လုံလောက်ပါပီကျန်တာကတော့ မိုးရေခံထားတဲ့ကန်ရေတွေသုံးလို့ရပါတယ် (ပေါပေါလောလောတော့မသုံးသင့်ပါ)

အဝတ်အစား🤗

တောင်ပေါ်မှာကတော့ တောင်အောက်ထက် ငါးဆလောက်ထိ ညမှာချမ်းပါတယ် အနွေးထည်တထည်တော့ယူရမယ် မိုးနဲ့ဆီးနှင်းတွေ ကလဲ တခါတရံကျနိုင်တာမို့ မိုးကာတထည်လိုရမယ်ရဆောင်ထားသင့်တယ် ညအိပ်တဲ့နေရာက ဘယ်လောက်လုံလုံ တအားအေးတဲ့အတွက်စောင်ပါးတထည်တော့ ဆောင်သွားသင့်တယ်
( ကျတော်တို့ကတော့ ပုဆိုးခြုံအိပ်တာပဲ😁)
မလိုအပ်ဘူးထင်တာတွေကိုအလေးခံမသယ်ပဲ ထားခဲ့သင့်ပါတယ်

ရှောင်ရန်🤗

ဝက်သားလုံးဝမစားရပါ
စကားအပြောအဆို အရမ်းမပေါ့ဆပါနဲ့
တောင်စွန်တောင်ဖျားတွေမှာဓာတ်ပုံရိုက်ဖို့အတွက် အရမ်းမစွန့်စားပါနဲ့
ဒီ​လောက်ပါပဲကျန်တာတော့ သာသာယာယာပါ

မှတ်ချက်
ကျောက်ပန်းတောင်းဘက်ကလာမယ်ဆိုရင်
ကျောက်ပန်းတောင်းကည7နာရီဆိုရင် ဝင်မရပါဘူး
နေထိုင်ကြောင်း/ခရီးသွားထောက်ခံစာပါရင်ပိုကောင်းပါတယ်
မှတ်ပုံတင် အလုပ်ကဒ်ယူသွားပါ

ကျေးဇူးတင်ပါတယ်
Reizen နဲ့ ချိတ်ဆက်သွားချင်ရင်တော့ ဖုန်း 09-891561313ကို စုံစမ်းမေးမြန်းနိုင်ပါတယ်နော်




အောက်ကတော့ ဒီတပါတ် လေးကြိမ်မြောက်
မင်မင် တောင်တက်ရင်း သွားရတဲ့လမ်းကြောင်းမှာ
ရှုထားတာလေးတွေ သည်းခံကြည့်ကြပါနော့😁

08/11/2021



အပူပိုင်းဒေသရဲ့ အိုအေစစ် သို့မဟုတ် ပုပ္ပါး တောင်မကြီးရာသီတိုင်းလှပ သာယာနေ​ပေမဲ့Nov Dec Feb လတွေမှာတော့ အရမ်းကိုစိမ်းစိုပ...
08/11/2021

အပူပိုင်းဒေသရဲ့ အိုအေစစ် သို့မဟုတ်
ပုပ္ပါး တောင်မကြီး

ရာသီတိုင်းလှပ သာယာနေ​ပေမဲ့
Nov Dec Feb လတွေမှာတော့ အရမ်းကိုစိမ်းစိုပီး အေးချမ်းလွန်းလှတယ်☺
ဆေးဖက်ဝင်အပင်မျိုးစုံ တောင်နေကြာပန်းတွေ နဲ့
သဘာဝရဲ့လတ်ဆတ်မှုတွေ အားလုံးကိုအပြည့်အဝ ခံစားနိုင်တယ်😍
ဒီကာလဆိုးကြီးမှာ လူတိုင်းစိတ်ရောလူရောပင်ပန်းနေခဲ့ကြရတယ် 😇
စိတ်ပြေလက်ပျောက် သဘာဝရဲ့ အလှအပတွေ ခံစားမယ် ခရီးလေးလဲထွက်မယ် ငွေကုန်ကြေးကျလဲသက်သာ ချင်တယ် ဆိုရင်...
Reizen နဲ့မှမဟုတ်ပါဘူး... ပုပ္ပါး တောင်မကြီးကို
ခရီးထွက်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်🤗

ဒီလထဲမှာ ပိတ်ရက်ရှည် နှစ်ခုရှိတဲ့ အတွက်
ခရီးစဥ် Plan တွေ မကြာခင်မှာ ကြေညာပေးပါ့မယ်
ရန်ကုန် မန်းလေး အစရှိတဲ့ နေရာစုံမှ ညီအကိုမောင်နှမများအတွက် စျေးနှုန်း သင့်တင့်ပီး စိတ်ချမ်းသာစေမယ့် ဝန်ဆောင်မှုတွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးစဥ်လေးတွေဖန်တီးပေးမှာမို့ စိတ်ဝင်စားရင်
Follow (see first)လုပ်ထားကြပါနော်🤗
ပထမဆုံး Reizen ရဲ့ခရီးစဥ်ဖြစ်မှာမို့
တန်ရမယ်ပျော်စေရမယ်ဆိုတာတော့ အာမခံပါတယ်နော်🙂
🤗အသေးစိတ် သိချင်ရင် ဖုန်း 09-891561313ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ



08/11/2021




Address

MaHarAungMyay Township
Myaing

Website

Alerts

Be the first to know and let us send you an email when ReiZen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category