Nan Htike Thu Hotel - Magway

Nan Htike Thu Hotel - Magway 4-storey building with 68 rooms with Swimming Pool, Meeting Room, Ballroom and many more facilities
(2169)

ဝါဆိုလပြည့် ကျော်လွန်လို့ ဝါတွင်းကာလကို ရောက်ရှိလာပါပြီ...သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို တန်ခိုးကြီး ဘုရားများကို ပို့...
07/09/2026

ဝါဆိုလပြည့် ကျော်လွန်လို့ ဝါတွင်းကာလကို ရောက်ရှိလာပါပြီ...

သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို တန်ခိုးကြီး ဘုရားများကို ပို့ဆောင်ပေးချင်ကြတဲ့ သားသမီးတွေ အများကြီးရှိကြတယ်ဟုတ်⁉️

မကွေးမြို့ဟာ မြသလွန်ဘုရားကြီး အပါအဝင် သမိုင်းဝင် တန်ခိုးကြီး စေတီပုထိုးများစွာ ကိန်းဝပ်စံပယ်ရာ သာသနာ့မြေဖြစ်တာကြောင့် ဝါတွင်းမှာ မိဘတွေနဲ့အတူ ဘုရားဖူး ကုသိုလ်ယူဖို့ အကောင်းဆုံး ဒေသတစ်ခု ဖြစ်ပါတယ်။ 🙏

မိဘတွေနဲ့ ခရီးသွားတဲ့အခါ ခရီးပန်းတာမျိုး မရှိစေဘဲ စိတ်ရောကိုယ်ပါ အေးချမ်းမှုရရှိဖို့က အဓိက ကျပါတယ်။

✅နန်းထိုက်သူဟိုတယ်မှာ သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွားများ နဲ့ မိဘများ သွားလာရတာ အဆင်ပြေစေဖို့အတွက် ကျယ်ဝန်းတဲ့ လျှောက်လမ်းများ၊ သန့်ရှင်းကျယ်ဝန်းတဲ့ အခန်းများနဲ့ လိုအပ်သလို အကူအညီပေးနိုင်မယ့် ဝန်ထမ်းများက အဆင်သင့် စောင့်ကြိုနေပါတယ်။

✅ဘုရားဖူး ပြန်လာချိန်မှာ မိဘတွေကို သန့်ရှင်းလတ်ဆတ်တဲ့ အာဟာရ ဟင်းလျာများနဲ့ တည်ခင်းဧည့်ခံနိုင်သလို၊ ဟိုတယ်ရဲ့ အေးနေတဲ့ သစ်ရိပ်တွေအောက်မှာ စိတ်အေးချမ်းသာစွာ နားခိုစေနိုင်ပါတယ်။

ဒီဝါတွင်းကာလ မိဘဘိုးဘွားတွေကို ကုသိုလ်ရေးအတွက်ရော ကျန်းမာရေးအတွက်ပါ အေးချမ်း အဆင်ပြေစေမယ့် ခရီးစဉ်တစ်ခု ဖန်တီးပေးဖို့ နန်းထိုက်သူကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🙏

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀

𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့ #ဘုရားဖူးခရီးစဉ်

💻နယ်ဝေးခရီးသွားရင်း Remote Working လုပ်ရတဲ့ Business Traveller တွေ၊ Freelancer တွေနဲ့ လုပ်ငန်းရှင်တွေအတွက် အလုပ်မပြတ်ဖို...
02/09/2026

💻နယ်ဝေးခရီးသွားရင်း Remote Working လုပ်ရတဲ့ Business Traveller တွေ၊ Freelancer တွေနဲ့ လုပ်ငန်းရှင်တွေအတွက် အလုပ်မပြတ်ဖို့နဲ့ Connection မကျဖို့က အဓိက သော့ချက်ပဲ ဖြစ်ပါတယ်။

လမ်းခရီးမှာဖြစ်ဖြစ်၊ ရောက်ရှိတဲ့ နေရာမှာဖြစ်ဖြစ် အလုပ်တွေ ချောမွေ့နေစေဖို့အတွက် မပါမဖြစ် ဆောင်ထားရမယ့် Digital Checklist လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

📱 Multi-Plug & Universal Adapter
အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံကို တစ်ပြိုင်တည်း အားသွင်းနိုင်ဖို့ Socket မျိုးစုံပါတဲ့ Multi-Plug လေး ပတ်ကင်းထဲ မပါမဖြစ် ထည့်ထားပါ။

🔋 High-Capacity Power Bank
လမ်းခရီးမှာ ဖုန်းနဲ့ တက်ဘလက်တွေ ဘက်ထရီမကုန်စေဖို့ အားအပြည့်သွင်းထားတဲ့ Power Bank ဆောင်ထားဖို့ လိုပါတယ်။

🎧 Noise-Cancelling Headphones
အစည်းအဝေးပွဲတွေနဲ့ Call ဝင်တဲ့အခါ ဘေးပတ်ဝန်းကျင် အသံတွေကို ကာကွယ်ဖို့ Noise-Cancelling နားကြပ်လေးတွေက တကယ့်ကို အသုံးဝင်ပါတယ်။

💾 Cloud & Offline Backup
အရေးကြီးတဲ့ ဖိုင်တွေကို Cloud ပေါ်မှာ ရောက်မရောက် စစ်ဆေးထားပြီး၊ အင်တာနက် မရနိုင်တဲ့ အခြေအနေအတွက် Offline ဖိုင်များပါ ပြင်ဆင်ထားသင့်ပါတယ်။

ဒါပေမဲ့ မကွေးမြို့ကို ရောက်တဲ့အခါမှာတော့ အင်တာနက်လိုင်း ခက်ခဲမှာကို လုံးဝ စိတ်ပူစရာ မလိုတော့ပါဘူး။

နန်းထိုက်သူဟိုတယ်မှာ အားကောင်းပြီး မြန်ဆန်တဲ့ Wi-Fi စနစ်ကို တပ်ဆင်ပေးထားတာကြောင့် အရေးကြီး အစည်းအဝေးတွေ၊ Online Meeting တွေနဲ့ ဖိုင်ကြီးကြီးမားမား Download/Upload လုပ်တာတွေကို အချိန်မဆိုင်းဘဲ ချောမွေ့စွာ ဆောင်ရွက်နိုင်ပါတယ်။

၂၄ နာရီ မီးအပြည့် ရရှိတာကြောင့်လည်း Laptop ဘက်ထရီအတွက် စိုးရိမ်စရာမလိုဘဲ အေးချမ်းစွာ အလုပ်လုပ်နိုင်ပါတယ်နော်။ 💯

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀

𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့

စိမ်းလန်းစိုပြည်မှုတွေကြား နားခိုဖို့ နန်းထိုက်သူ လှမ်းခဲ့ပါ 🌧️"အညာမြေ" လို့ ပုံဖော်လိုက်တာနဲ့ ပူပြင်းတဲ့ နေရောင်ခြည်နဲ့...
24/08/2026

စိမ်းလန်းစိုပြည်မှုတွေကြား နားခိုဖို့ နန်းထိုက်သူ လှမ်းခဲ့ပါ 🌧️

"အညာမြေ" လို့ ပုံဖော်လိုက်တာနဲ့ ပူပြင်းတဲ့ နေရောင်ခြည်နဲ့ ဖုန်တထောင်းထောင်း နွေရာသီကိုပဲ ပြေးမြင်မိကြတာ မဟုတ်လား။

တကယ်တော့ မိုးရာသီ ရောက်ရှိလာတဲ့အခါ အညာရဲ့ သဘာဝတရားဟာ လုံးဝ ဆန်းသစ်တဲ့ အလှတရားတွေနဲ့ ပြောင်းလဲသွားတတ်ပါတယ်။ ✨

🍃မိုးရေစိုစွတ်မှုနဲ့အတူ အေးမြတဲ့ လေပြေအေးလေးတွေ တိုက်ခတ်လာပြီး အရာရာဟာ စိမ်းလန်းစိုပြည်လို့ သက်ဝင်လှုပ်ရှားလာပါတယ်။

🍃မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ်ထဲကို ဝင်ရောက်လိုက်တာနဲ့ ပူအိုက်ခြင်းတွေ ကင်းဝေးပြီး ၆ ဧကကျယ်ဝန်းတဲ့ သဘာဝဂေဟစနစ်ကြီးရဲ့ အေးရိပ်ကို တိုက်ရိုက် ခံစားရမှာပါ။

🍃ရေစက်ကလေးတွေ ခိုတွဲနေတဲ့ ထနောင်းရိပ်စိမ်းစိမ်းတွေအောက်မှာ လမ်းလျှောက်ရင်း မိုးသောက်ယံရဲ့ လတ်ဆတ်တဲ့ မြေနံ့လေးကို ရှူရှိုက်ရတဲ့ အရသာဟာ တကယ့်ကို စိတ်ကို Healing ဖြစ်စေပါတယ်။

မိုးဖွဲဖွဲလေးကျနေတဲ့ ညနေခင်းတွေမှာ သဘာဝတရားရဲ့ အသံတွေကို နားထောင်ရင်း၊ စိမ်းစိုနေတဲ့ သစ်ပင်ရိပ်ကြီးတွေကြားထဲမှာ အနားယူရတာဟာ မြို့ပြမှာ ဘယ်လိုမှ မရနိုင်တဲ့ ငြိမ်းချမ်းမှုမျိုးပါ။

ဒီမိုးရာသီမှာ စိုစွတ်ပြီး အေးမြလှပနေတဲ့ အညာမြေရဲ့ သဘာဝအလှတရားတွေကို ကိုယ်တိုင်ခံစားဖို့ နန်းထိုက်သူမှာ လာရောက်ဆုံစည်းကြရအောင်နော်။ 💚✨

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀

𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့ #မိုးအညာမြေ

ခရီးတစ်ခုသွားတဲ့အခါ နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်ကြောင့် စိမ်းသက်သလို ခံစားရတတ်တာ သဘာဝပါပဲ။ ဒါပေမဲ့ နန်းထိုက်သူဟိုတယ်ရဲ့ အဝင...
17/08/2026

ခရီးတစ်ခုသွားတဲ့အခါ နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်ကြောင့် စိမ်းသက်သလို ခံစားရတတ်တာ သဘာဝပါပဲ။

ဒါပေမဲ့ နန်းထိုက်သူဟိုတယ်ရဲ့ အဝင်တံခါးကို ဖြတ်ကျော်လိုက်တာနဲ့ လူကြီးမင်းတို့ ခံစားရမှာကတော့ စိမ်းသက်မှုမျိုး မဟုတ်ဘဲ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားသလိုမျိုး နွေးထွေးပျူငှာတဲ့ ခံစားချက်မျိုးပဲ ဖြစ်ပါတယ်။🍃

ဝန်ထမ်းတွေအားလုံးဟာ ဧည့်သည်တော်တွေ ဟိုတယ်ကို ရောက်ရှိလာတဲ့ 𝐂𝐡𝐞𝐜𝐤-𝐢𝐧 အချိန်ကစပြီး ပြန်လည်ထွက်ခွာမယ့် 𝐂𝐡𝐞𝐜𝐤-𝐨𝐮𝐭 အချိန်အထိ လိုအပ်ချက်မှန်သမျှကို အပြုံးမျက်နှာလေးတွေနဲ့ စေတနာအပြည့်ထားပြီး ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ 💁

သန့်ရှင်းသပ်ရပ်တဲ့ အခန်းအပြင်အဆင်တွေ၊ အရသာရှိတဲ့ မနက်စာတွေနဲ့ စိတ်ချမ်းသာစရာ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားရုံတင်မကဘဲ မိသားစုဝင်တွေလို ဂရုစိုက်မှုမျိုးနဲ့ ဧည့်ဝတ်ကျေပွန်နေတာပါ။

ခရီးပန်းလာသမျှ အမောအပန်းတွေ အကုန်ပြေပျောက်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အနားယူနိုင်ဖို့က နန်းထိုက်သူရဲ့ အဓိက ပန်းတိုင်ပဲ ဖြစ်ပါတယ်။ ❤️

မကွေးမြို့ကို ရောက်တဲ့အခါ အကောင်းဆုံးသော 𝐏𝐫𝐞𝐦𝐢𝐮𝐦 ဝန်ဆောင်မှုတွေကို ကိုယ်တိုင်ခံစားကြည့်ဖို့ လှမ်းလာခဲ့ပါဦးနော်။ 🥰

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀:
𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့

တဖြည်းဖြည်းနဲ့ ၂၀၂၆ ရဲ့ ပထမနှစ်ဝက်ကို ကျော်လွန်လို့လာခဲ့ပါပြီ။💢လွန်ခဲ့တဲ့ ခုနစ်လကျော် ကာလပတ်လုံး လုပ်ငန်းခွင်အရှုပ်အထွေး...
07/08/2026

တဖြည်းဖြည်းနဲ့ ၂၀၂၆ ရဲ့ ပထမနှစ်ဝက်ကို ကျော်လွန်လို့လာခဲ့ပါပြီ။💢

လွန်ခဲ့တဲ့ ခုနစ်လကျော် ကာလပတ်လုံး လုပ်ငန်းခွင်အရှုပ်အထွေးတွေ၊ နေ့စဉ်လူမှုဘဝရဲ့ ရုန်းကန်မှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့ရင်း စိတ်ရောကိုယ်ပါ နွမ်းလျ ပင်ပန်းနေပြီဟုတ်...

တစ်ခါတလေမှာ ရှေ့ဆက်ပြေးလွှားဖို့ထက် ခေတ္တရပ်တန့်ပြီး ကိုယ့်ရဲ့ Energy တွေကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။🌿

ဒါကြောင့် ဒီလို သီတင်းပတ်အလယ်ရက်တွေမှာ မြို့ပြရဲ့ ရုန်းကန်မှုတွေဆီကနေ ခေတ္တခွာပြီး မကွေးမြို့ရဲ့ အေးချမ်းလှတဲ့ နန်းထိုက်သူဟိုတယ်မှာ Mid-year Reset လေး ပြုလုပ်လိုက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။🤗

နန်းထိုက်သူရဲ့ ၆ ဧကကျယ်ဝန်းတဲ့ သစ်ပင်ရိပ်တွေအောက်မှာ လေကောင်းလေသန့်ဝဝရှုရှိုက်ရင်း စိတ်ကို လွတ်လပ်စွာ အပန်းဖြေမလား...

အေးမြတဲ့ ရေကူးကန်ကြီးထဲမှာ ပင်ပန်းသမျှတွေကို ဆေးကြောပစ်မလား...

ဒါမှမဟုတ် မိုးအေးအေးလေးမှာ အခန်းထဲကနေ ဧရာဝတီမြစ်ပြင်ရဲ့ ငြိမ်သက်မှုကို ငေးကြည့်ရင်း စိတ်အပန်းဖြေမလား...

တကယ့်ကို ပြီးပြည့်စုံပါတယ်။

၂၀၂၆ ရဲ့ ကျန်ရှိနေတဲ့ နောက်ထပ် ၆ လကို တက်ကြွလန်းဆန်းတဲ့ ခွန်အားအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့အတွက် ဒီနေ့ပဲ နန်းထိုက်သူမှာ လာရောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် မွမ်းမံလိုက်ရအောင်နော်။ 💕

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀

𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့

အခုခေတ်မှာ 𝐄𝐕 ကားတွေ ခေတ်စားလာတာနဲ့အမျှ ခရီးဝေးသွားတော့မယ်ဆိုရင် အားသွင်းဖို့ နေရာအဆင်ပြေပါ့မလားဆိုတာ ကားပိုင်ရှင်တိုင်း...
02/08/2026

အခုခေတ်မှာ 𝐄𝐕 ကားတွေ ခေတ်စားလာတာနဲ့အမျှ ခရီးဝေးသွားတော့မယ်ဆိုရင် အားသွင်းဖို့ နေရာအဆင်ပြေပါ့မလားဆိုတာ ကားပိုင်ရှင်တိုင်းရဲ့ အကြီးမားဆုံးသော သောကတစ်ခုပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အညာဘက်ကို ခရီးထွက်တဲ့အခါ လမ်းခရီးမှာ ဘက်ထရီကုန်သွားမှာကို စိုးရိမ်တတ်ကြပါတယ်နော်။‼️

ဒီလို စိတ်ပူပန်မှုတွေကို အပြီးတိုင်ဖြေဖျောက်ပေးဖို့အတွက် နန်းထိုက်သူဟိုတယ်ကနေ 𝐄𝐕 ကားမောင်းနှင်သူ ဧည့်သည်တော်တွေအတွက် အထူးသတင်းကောင်းတစ်ခု ယူဆောင်လာခဲ့ပါပြီ။ ✨

အခုဆိုရင် နန်းထိုက်သူမှာ ကား (၂) စီးစာ တစ်ပြိုင်တည်း အဆင်ပြေပြေ အားသွင်းနိုင်မယ့် 𝐄𝐕 𝐀𝐝𝐚𝐩𝐭𝐞𝐫 များကို အဆင်သင့်အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

မကွေးမြို့ကို ရောက်တဲ့အခါ အားသွင်းဖို့ တန်းစီစောင့်ဆိုင်းရတာမျိုး မရှိဘဲ တည်းခိုရင်းနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ထောက်နားရင်းနဲ့ပဲ ဖြစ်ဖြစ် ကားဘက်ထရီကို စိတ်ချလက်ချနဲ့ ပိုမိုမြန်ဆန်စွာ အားပြန်ဖြည့်နိုင်တော့မှာပါ။ 🔌

ဒါကြောင့် လာမယ့်ခရီးစဉ်တွေမှာ 𝐄𝐕 ကားလေးမောင်းပြီး နန်းထိုက်သူကို ယုံကြည်စိတ်ချစွာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 😎

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀:
𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခါသမယမှာ ချစ်ခင်ရပါသော မိဘပြည်သူများနှင့်တကွ ...
29/07/2026

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခါသမယမှာ ချစ်ခင်ရပါသော မိဘပြည်သူများနှင့်တကွ "နန်းထိုက်သူ ဟိုတယ်" ရဲ့ Customer မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။🙏🏻

ဒီနေ့လို ထူးမြတ်တဲ့နေ့ရက်မှာ မိသားစုဝင်တွေနဲ့အတူ တရားဓမ္မများ နာယူပူဇော်ရင်း ကုသိုလ်အကျိုးတရားများ တိုးပွားနိုင်ကြပါစေကြောင်း...

လုပ်ကိုင်ဆောင်ရွက်သမျှ စီးပွားရေးလုပ်ငန်းများ တဟုန်ထိုး အဆင်ပြေအောင်မြင်ပြီး ဘဝခရီးလမ်းမှာ လိုအင်ဆန္ဒမှန်သမျှ အေးချမ်းသာယာစွာနဲ့ ပြည့်ဝနိုင်ကြပါစေကြောင်း...

"နန်းထိုက်သူ ဟိုတယ်" မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။✨

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀:
𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူ #ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့ #မေတ္တာဆုတောင်း

🌧️ မိုးရွာတဲ့ နေ့ရက်တွေမှာ အပြင်တွေထွက်ပြီး လည်ပတ်နေရတာထက်၊ သက်သောင့်သက်သာရှိတဲ့ အခန်းအအေးလေးထဲမှာ အိပ်ယာနွေးနွေးလေးပေါ်...
21/07/2026

🌧️ မိုးရွာတဲ့ နေ့ရက်တွေမှာ အပြင်တွေထွက်ပြီး လည်ပတ်နေရတာထက်၊ သက်သောင့်သက်သာရှိတဲ့ အခန်းအအေးလေးထဲမှာ အိပ်ယာနွေးနွေးလေးပေါ်လှဲရင်း အနားယူရတာက တကယ့်ကို အေးချမ်းတဲ့ အရသာတစ်ခုပဲနော်…

အပြင်ဘက်မှာ မိုးစက်တွေ တဖွဲဖွဲကျနေတာကို ငေးကြည့်ရင်း ဇိမ်ကျကျ ဖြတ်သန်းဖို့ နန်းထိုက်သူက အသင့်တော်ဆုံးပါပဲ။

နန်းထိုက်သူရဲ့ အခန်းထဲမှာ အဲကွန်းအေးအေးလေးနဲ့ စောင်ခြုံပြီးဖြစ်ဖြစ်၊ အနွေးဓာတ်ပေးမယ့် ကော်ဖီပူပူလေးတစ်ခွက်ကို အရသာခံသောက်ရင်းဖြစ်ဖြစ် စိတ်ကြိုက် 𝐂𝐡𝐢𝐥𝐥 နိုင်ပါတယ်။ ☕

လူကြီးမင်းတို့ ဖတ်ချင်တဲ့ စာအုပ်လေးတစ်အုပ် ယူလာခဲ့ရုံနဲ့တင် ပြီးပြည့်စုံတဲ့ 𝐑𝐚𝐢𝐧𝐲 𝐃𝐚𝐲 အနားယူမှုလေးတစ်ခု ဖြစ်သွားမှာပါ။

၂၄ နာရီ မီးအပြည့်အဝ ရရှိတာကြောင့် ဘာအနှောင့်အယှက်မှမရှိဘဲ မိမိရဲ့ သီးသန့်အချိန်တွေကို ဇိမ်ရှိရှိ ကုန်ဆုံးနိုင်ပါတယ်။🥰

မိုးရာသီရဲ့ ပိတ်ရက်တွေကို အိမ်မှာပဲ ပျင်းပျင်းရိရိ ကုန်ဆုံးမယ့်အစား နန်းထိုက်သူရဲ့ သန့်ရှင်းသပ်ရပ်ပြီး ဝန်ဆောင်မှုကောင်းတဲ့ အခန်းလေးတွေထဲမှာ လာရောက်ပြီး အပန်းဖြေလိုက်ရအောင်လား။ 🛌

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀:
𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့

🇲🇲 ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ဟာ မြန်မာနိုင်ငံသားအားလုံးအတွက် ရင်ထဲမှာ အမြဲတမ်း သတိရအောက်မေ့နေရမယ့် နေ...
19/07/2026

🇲🇲 ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ဟာ မြန်မာနိုင်ငံသားအားလုံးအတွက် ရင်ထဲမှာ အမြဲတမ်း သတိရအောက်မေ့နေရမယ့် နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။

နိုင်ငံနှင့်လူမျိုးအတွက် မိမိတို့ရဲ့ အသက်၊ သွေး၊ ချွေးတွေကို ပေးဆပ်သွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားနှင့် စိတ်ဓာတ်များကို ဘယ်တော့မှ မေ့ပျောက်မည်မဟုတ်ပါ။

ယနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ကို "နန်းထိုက်သူဟိုတယ်" မိသားစုမှ အလေးအနက် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀:
𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့
#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်
#၇၉နှစ်မြောက်အာဇာနည်နေ့

မိုးရာသီရဲ့ ညနေခင်းတွေမှာ တိုက်ခတ်လာတဲ့ လေပြေအေးလေးတွေက တကယ့်ကို လန်းဆန်းစေပါတယ်။ အထူးသဖြင့် မိုးအုံ့ပြီး တိမ်တွေရွေ့နေတ...
08/07/2026

မိုးရာသီရဲ့ ညနေခင်းတွေမှာ တိုက်ခတ်လာတဲ့ လေပြေအေးလေးတွေက တကယ့်ကို လန်းဆန်းစေပါတယ်။

အထူးသဖြင့် မိုးအုံ့ပြီး တိမ်တွေရွေ့နေတဲ့ ကောင်းကင်ကြီးအောက် ဧရာဝတီမြစ်ပြင်ကျယ်ကြီးပေါ်ကို ညနေဆည်းဆာအလင်းတန်းတွေ ဖြာကျနေတဲ့ မြင်ကွင်းဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် ခက်ခဲလောက်အောင် လှပလွန်းလှပါတယ်။🌅

နန်းထိုက်သူဟိုတယ်ရဲ့ မြစ်ပြင်ဘက်မျက်နှာမူထားတဲ့ အခန်းတွေကနေပြီးတော့ ဒီလို ရင်သပ်ရှုမောစရာ အလှတရားတွေကို အခန်းထဲကနေ လှမ်းငေးကြည့်ရင်း ခံစားနိုင်မှာ ဖြစ်ပါတယ်။

ပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ ဝင်ရောက်လာမယ့် မိုးသက်လေညင်းအေးအေးလေးတွေက ခရီးသွားရလို့ ပင်ပန်းလာသမျှ၊ အလုပ်ထဲမှာ စိတ်ရှုပ်လာသမျှတွေကို ချက်ချင်းဆိုသလို အရည်ပျော်ကျသွားစေမှာပါ။🍃

ချစ်ရတဲ့သူနဲ့အတူ ဝရန်တာမှာ ထိုင်ရင်း မြစ်ပြင်ရဲ့ အလှကို ငေးမလား၊ ဒါမှမဟုတ် တစ်ကိုယ်တော် အေးအေးဆေးဆေး စိတ်ကို 𝐇𝐞𝐚𝐥𝐢𝐧𝐠 လုပ်မလား တကယ့်ကို ဆိတ်ငြိမ်ပြီး သဘာဝဆန်လှပါတယ်။ ✨

မိုးရာသီရဲ့ အလှဆုံးသော မကွေးမြို့ရဲ့ ဧရာဝတီဆည်းဆာကို နန်းထိုက်သူမှာ လာရောက်သိမ်းဆည်းလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 📸

"အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာ မကွေးမြို့ရဲ့ အမှတ်သညာ နန်းထိုက်သူဟိုတယ် ပါ"

☎️ 𝗙𝗼𝗿 𝗿𝗲𝘀𝗲𝗿𝘃𝗮𝘁𝗶𝗼𝗻𝘀 𝗮𝗻𝗱 𝗱𝗲𝘁𝗮𝗶𝗹𝘀:
𝐏𝐡𝐨𝐧𝐞: 09 780877719, 09 964228996, 09 965116684, 09 43044261
𝐄𝐦𝐚𝐢𝐥: [email protected]
𝐕𝐢𝐛𝐞𝐫: +959780877719
𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 : https://connect.viber.com/business/e1b0fc02-9ffa-11f0-82ba-0e33200240b0
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : https://t.ly/PlqlA

#နန်းထိုက်သူဟိုတယ် #မကွေးမြို့

Address

Strand Road
Magway
90101

Telephone

+959780877719

Website

Alerts

Be the first to know and let us send you an email when Nan Htike Thu Hotel - Magway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nan Htike Thu Hotel - Magway:

Shortcuts

Share