Bikes in Ygn

Bikes in Ygn Hello Yangonites! We have a few bicycles.
400+ people have learned to ride a bicycle with us. How about you?

ရန်ကုန်နည်းပညာတက္ကသိုလ်မှာလည်း စက်ဘီးတွေစတင်စီးလို့ရပါပြီ။ကျွန်တော်တို့ရဲ့ Bikes in Ygn Team ဟာ ရန်ကုန်နည်းပညာတက္ကသိုလ်က...
23/01/2020

ရန်ကုန်နည်းပညာတက္ကသိုလ်မှာလည်း စက်ဘီးတွေစတင်စီးလို့ရပါပြီ။

ကျွန်တော်တို့ရဲ့ Bikes in Ygn Team ဟာ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ EAB ( Electric Assit Bicycle) များ ငှားရမ်းခြင်း သဘောတူညီမှုကို ရေးထိုးခဲ့ပါတယ်။

စက်ဘီးစီးဖို့အတွက် စက်ဘီးငှားကဒ်တွေလုပ်ပေးလျက်ရှိပြီး စက်ဘီးမစီးတတ်သူတွေကိုလည်း ဗုဒ္ဓဟူးနေ့ နေ့လည်တွေမှာ စက်ဘီးစီးသင်ပေးလျက်ရှိပါတယ်။

စက်ဘီးများကိုတော့ Japan Myanmar Association နဲ့ LEAD GIKEN မှ ကူညီငှားရမ်းပေးခြင်းဖြစ်ပါတယ်။

Photo: YTUSU

09/01/2020

အားလုံး စောင့်နေကြမယ်ထင်တဲ့ Bikes in Ygn ရဲ့ Bike Training မှာ စက်ဘီးစီးသင်ချင်တဲ့ ကိုကိုမမ ညီ ညီမတွေအတွက် Participant Form များကို ပြောထားတဲ့အတိုင်း ယခုအချိန်မှစစတင်လက်ခံပါပြီ။

စက်ဘီးစီးသင်တန်း

သင်တန်းရက်

January 11,12,18,19

သင်တန်းချိန်

3:00pm to 5:00pm

ယခု Bike Training မှာ ခါတိုင်းတွေနဲ့ မတူဘဲ စက်ဘီးငှားရမ်းခအဖြစ် ကျပ်တစ်သောင်း ကောက်ခံမှာဖြစ်ပါတယ်။ Bike Training လုပ်တာ နှစ်နှစ်ကျော်လာတဲ့အခါမှာ စက်ဘီးတွေဟာ ယိုယွင်းပျက်စီးလာပါတယ်။ Bike Training တွေ နောက်ပိုင်းရေရှည်ဆက်လက်တည်တံ့ရေးအတွက် အခုလိုငွေကောက်ခံရခြင်းဖြစ်ပါတယ်ခင်ဗျ။ ရရှိလာတယ့် ငွေကြေးများကို စက်ဘီးများပြုပြင်ခြင်း၊ Bike Training အတွင်းလိုအပ်သည်များအတွက် သုံးစွဲခြင်း၊ စက်ဘီးအစီးရေတိုးချဲ့ခြင်းနဲ့ ရန်ကုန်မြို့မှာ စက်ဘီးယဉ်ကျေးမှုထွန်းကားစေဖို့အတွက် လုပ်ဆောင်တဲ့ Activity များမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။

Form ဖြည့်ရန် အောက်ပါ Link ကိုနှိပ်ပါ

https://forms.gle/xy9zMmu19R5pwcPaA

၁၅ယောက် ကန့်သတ်ထားတာမို့ အမြန်ဖြည့်ဖို့တော့ လိုအပ်မယ်ဗျ။ ဒီတစ်ခေါက်မရလည်း စိတ်မပူပါနဲ့။ နောက်နှစ်ပတ်နေရင် နောက်ထပ် Batch တွေလာဦးမှာမို့ ထပ်လျှောက်လို့ရပါသေးတယ်။

မနေ့က Youth/29 Resource Center မှာ  Asian Cities of Asian People အမည်ရှိတဲ့ Workshop ကို Bikes in Ygn၊ Jayde Reading Clu...
04/01/2020

မနေ့က Youth/29 Resource Center မှာ Asian Cities of Asian People အမည်ရှိတဲ့ Workshop ကို Bikes in Ygn၊ Jayde Reading Club နဲ့ Youth29 တို့ ပူးပေါင်းကာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။

လာရောက် ပြောကြားပေးတဲ့ Professor Nihal Perera နဲ့ ပွဲ‌လာရောက်နားထောင်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။




ပျော်ရွှင်စရာနှစ်သစ်ကူးကို ပွဲလေးတစ်ပွဲနဲ့စပါမယ်Asian Cities of Asian people -------------------------------------------...
01/01/2020

ပျော်ရွှင်စရာနှစ်သစ်ကူးကို ပွဲလေးတစ်ပွဲနဲ့စပါမယ်

Asian Cities of Asian people
---------------------------------------------
(အာရှမြို့ပြများ၏သမိုင်းနှင့် ဒေသခံတို့၏အခန်းကဏ္ဍ)

နောက်ခံဇာတ်ကြောင်း

အာရှမြို့များ၏ သမိုင်းသည် မရိုးရှင်းလှပါ။ ကွဲပြားသည့်နောက်ခံယဥ်ကျေးမှုအမျိုးမျိုးနှင့် ကိုလိုနီဖြစ်စဥ်ကဲ့သို့သော ပြင်ပသရောက်မှုများအကြောင်းတို့ ပါပါဝင်နေသည်။ ကိုလိုနီအလွန်အာရှ၏ ရှုပ်ထွေးသည့် ကမ္ဘာ့ဇာတ်စင်အခြေအနေများကို ချိန်ထိုးပြီး ‘မြို့ထွင်’ နေပုံကို စာအုပ်အဟောင်းထဲက အယူအဆတွေနဲ့ တိုက်ကြည့်ပြီး နားလည်ဖို့ မဖြစ်နိုင်တော့ပြီ။

ဧည့်ပေါက္ခ၏ ကိုယ်ရေးအကျဥ်း

ဘောစတိတ် တက္ကသိုလ်မှ ပါမောက္ခ နီဟေး (Nihal Perera) သည် အာရှမြို့များ ပြောင်းလဲလာပုံအကြောင်းကို လေ့လာနေသူတစ်ဦးဖြစ်သည်။
အာရှမြို့များအကြောင်းနှင့် ပတ်သက်ပြီး စာအုပ် (၄) အုပ်ရေးထားပြီး၊ ‘စာအုပ်အဟောင်းထဲက အယူအဆတွေက အာရှကိုနားလည်ဖို့အသုံးဝင်ပါ၏လား’ ဟူသည့် မေးခွန်းနဲ့ပတ်သက်ပြီး ဆောင်းပါးအမြောက်အများ ရေးထားသူဖြစ်သည်။ နီဟေး၏ သုတေသန ချည်းကပ်ပုံမှာ ဒေသနှင့်လိုက်လျောညီထွေသော စဥ်းစားချက်များအပေါ် အခြေခံသည်။ ၂၀၁၆ ခုနှစ်တွင် အမေရိကန် Fullbright အစီအစဥ်ဖြင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ်လာရောက်သင်ကြားခဲ့ဖူးသူ၊ ရန်ကုန်အကြောင်း ပညာရပ်ဆိုင်ရာ ဆောင်းပါးတစ်ခု ရေးဖူးသူ ဖြစ်သည်။
***
Jayde Reading Club၊ Bikes in Yangon နှင့် လူငယ်/၂၉ တို့မှ ပူးပေါင်း စီစဥ်ပါသည်။
Jayde Reading Club သည် မြို့ပြလေ့လာရေးပညာရပ်နှင့်သက်ဆိုင်သည့်စာအုပ်များကို တပိုင်တနိုင်စုဝေးဖတ်ရှုကြသည့် ပျောက်ကျားစာဖတ်အသင်းတစ်ခုဖြစ်သည်။

Keywords - Asian cities, Social Production of Space, Urban Planning, Urban Geography, Space, Post-colonial
(လက်ချာ ၄၅ မိနစ် + အမေးအဖြေ ၁၅ မိနစ်

စိတ်ဝင်စားတယ် လာမယ်ဆို ဒီဖောင်ကိုဖြည့်ပေးခဲ့ပါ။
https://forms.gle/tkFGrokpC6eXszJy9

နေ့ရက် - ဇန်နဝါရီလ ၃ရက်, ၂၀၂၀။ (သောကြာနေ့)
အချိန် - ညနေ (၃ နာရီ)ကနေ (၅ နာရီ)အထိ

နေရာ - Youth/29 Resource Center
လိပ်စာ - ခြံအမှတ် စ/၄၄၂၊ သန္တာ(၄လမ်း) အရှေ့ဘက်ခြမ်း၊ သန္တာမှတ်တိုင်၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္ကလာပမြို့နယ်။

Phone Number - 09778398400

ရောက်ရှိသောYBSများ - 36 ၊35 ၊32 ၊42 ၊93 ၊64 ၊16 ၊19

19/12/2019

Edited Form ပြည့်သွားပါပီ

အားလုံး စောင့်နေကြမယ်ထင်တဲ့ Bikes in Ygn ရဲ့ Bike Training မှာ စက်ဘီးစီးသင်ချင်တဲ့ ကိုကိုမမ ညီ ညီမတွေအတွက် Participant Form များကို ပြောထားတဲ့အတိုင်း ယခုအချိန်မှစစတင်လက်ခံပါပြီ။

စက်ဘီးစီးသင်တန်း

သင်တန်းရက်

ဒီဇင်ဘာ 21,22,28,29

သင်တန်းချိန်

3:00pm to 5:00pm

ယခု Bike Training မှာ ခါတိုင်းတွေနဲ့ မတူဘဲ စက်ဘီးငှားရမ်းခအဖြစ် ကျပ်တစ်သောင်း ကောက်ခံမှာဖြစ်ပါတယ်။ Bike Training လုပ်တာ နှစ်နှစ်ကျော်လာတဲ့အခါမှာ စက်ဘီးတွေဟာ ယိုယွင်းပျက်စီးလာပါတယ်။ Bike Training တွေ နောက်ပိုင်းရေရှည်ဆက်လက်တည်တံ့ရေးအတွက် အခုလိုငွေကောက်ခံရခြင်းဖြစ်ပါတယ်ခင်ဗျ။ ရရှိလာတယ့် ငွေကြေးများကို စက်ဘီးများပြုပြင်ခြင်း၊ Bike Training အတွင်းလိုအပ်သည်များအတွက် သုံးစွဲခြင်း၊ စက်ဘီးအစီးရေတိုးချဲ့ခြင်းနဲ့ ရန်ကုန်မြို့မှာ စက်ဘီးယဉ်ကျေးမှုထွန်းကားစေဖို့အတွက် လုပ်ဆောင်တဲ့ Activity များမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။

Form ဖြည့်ရန် အောက်ပါ Link ကိုနှိပ်ပါ

https://forms.gle/TMQ5CZhsirpRXYmX7

၁၅ယောက် ကန့်သတ်ထားတာမို့ အမြန်ဖြည့်ဖို့တော့ လိုအပ်မယ်ဗျ။ ဒီတစ်ခေါက်မရလည်း စိတ်မပူပါနဲ့။ နောက်နှစ်ပတ်နေရင် နောက်ထပ် Batch တွေလာဦးမှာမို့ ထပ်လျှောက်လို့ရပါသေးတယ်။

18/12/2019

ကဲ
Bikes in Ygn က December Bike Training (Batch 3) အတွက် Volunteer များစတင်ခေါ်ယူပါပြီ။

Volunteer လုပ်ဖို့ ဘာတွေလိုအပ်မလဲ?

ဘာတွေလိုအပ်မလဲဆိုတော့ စာရင်းသွင်းဖို့လိုအပ်ပါတယ်။
အဓိကကတော့ ကိုယ်စာရင်းသွင်းထားတဲ့ရက်တွေကို အချိန်မှန်လာနိုင်ရမယ်။ သင်ကြားတဲ့ အခါမှာ စိတ်နည်းနည်းရှည်ရမယ်။ (နည်းနည်းဆိုရပါပြီ) ပြီးတော့ အမောခံနိုင်ရမယ်။

အချိန်နဲ့နေရာက?
နေ့ရက်က

စနေ တနဂ်နွေ ( ဒီဇင်ဘာ 21,22,28,29) ဖြစ်ပြီး
အချိန်ကတော့ ညနေ၃နာရီကနေ ၅နာရီထိဖြစ်ပါတယ်။

သင်ကြားပေးရမယ့်နေရာကတော့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ ဖြစ်ပါတယ်။

လူဦးရေ ကန့်သတ်ထားလား။

၁၅ယောက်ထိ လက်ခံပါတယ်။

Volunteer တွေအတွက် ခံစားခွင့်တွေကရော?

Volunteer လိုပြောကတည်းကတော့ ခံစားခွင့်လိုချင်လို့လာတာမဟုတ်မှန်း သိပြီးသားပါ။ ဒါပေမယ့်လည်း BIY ကခံစားခွင့်တွေပေးသွားမှာပါ။ (အဲ့လယ့်)
Volunteer တွေကို ရေတိုက်ပါမယ်။ ပြီးတော့ Digital Certificate ပေးပါမယ်။ နောက်ဆုံးရနိုင်မယ့် အကောင်းဆုံး ခံစားခွင့်ကတော့ ပျော်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ပါပဲ။ စက်ဘီးစီးကို ပျော်ပျော်ပါးပါး သင်ကြမယ်။ နားတဲ့အချိန်မှာ စကားတွေ ပျော်ပျော်ပါးပါးပြောကြမယ်။ ပြီးရင် ပျော်ပျော်ပါးပါးဓာတ်ပုံတွေရိုက်ကြမယ်။

ဒီတစ်ခေါက် Bike Training က ပိုက်ဆံကောက်တယ် မဟုတ်လား။ ပိုက်ဆံကောက်တာကို ဘာလို့ Volunteer ခေါ်တာလဲ?

ဒီတစ်ခေါက် Bike Training မှာ လာသင်ကြားခံမယ့်သူတွေကို ပိုက်ဆံကောက်ထားပါတယ်။ တစ်ယောက် တစ်သောင်းနဲ့ပါ။ ပိုက်ဆံကို စက်ဘီးငှါးကြေးအနေနဲ့ ကောက်ထားတာပါ။ သင်ပေးတဲ့ကြေးက အခမဲ့ပါ။ ကိုယ့် စက်ဘီးနဲ့ကို လာသင်ရင်တော့ ပေးစရာမလိုပါဘူး။

ပိုက်ဆံဘာလို့ကောက်တာလဲဆိုတဲ့ အကြောင်းလေးလဲ နည်းနည်းရှင်းပြပါမယ်။ Bike Training တွေလုပ်တာ တစ်နှစ်ကျော်လောက်ကြာတဲ့ အချိန်မှာ စက်ဘီးတွေက တော်တေ်ာကို ပျက်စီးနေပါပြီ။ အဲ့အတွက်ကြောင့် နောက်ပိုင်း Bike Training တွေ ဆက်လက်တည်ရှိနေရေးအတွက် စက်ဘီးတွေ ပြုပြင်ထိန်းသိမ်းအသစ်ဝယ်တာတွေလုပ်ရမှာမို့အခုလို ငွေကောက်ခံရခြင်းဖြစ်ပါတယ်။ နောက်ပြီး စက်ဘီးနဲ့ပတ်သတ်တဲ့ Activity တွေလည်းထပ်လုပ်ဖို့ရှိတာမို့ပါ။ အဲ့ဒါကြောင့်မို့လည်း volunteer တွေကို Transport Charges ပြန်ပေးနိုင်မှာမဟုတ်လို့ ခွင့်လွှတ်ပေးပါလို့။

ဘယ်လိုသင်ပေးရမလဲတွေ ဘာစည်းကမ်းတွေရှိလဲတွေ ဘယ်နေရာမှာတွေ့ကြမှာလဲတွေ ဘာတွေကရော?

Volunteer Meeting တစ်ခုလုပ်ဖို့ကြိုးစားသွားမှာပါ။ မလုပ်ဖြစ်ရင်တောင် ဒီ group ထဲမှာ information တွေ sharing လုပ်သွားမှာပါ။

https://www.facebook.com/groups/whynotbikesinygn

Volunteer လုပ်ခွင့် ရမရ ဘယ်လိုသိနိုင်မလဲ?

ကြာသပတေးနေ့ညနေမှာ Volunteer တွေကို ဖုန်းဆက်ပြီး အကြောင်းကြားပေးသွားမှာပါ။

တခြား Bikes in Ygn ရဲ့ Activity တွေကို ဘယ်လိုသိနိုင်မလဲ?

page ကိုသာ Like and See First လုပ်ထားလိုက်။ အဲ့ဒါဆို သိရပြီ။ Facebook မသုံးဖြစ်ဘူးဆိုရင် www.bikesinygn.com မှာ ဝင်ရှိုးလို့လဲ ရပါတယ်။ ဆက်သွယ်ချင်ရင်တော့ [email protected] ကို ဆက်သွယ်ပါလို့။ 09954277780 ကိုလည်းဖုန်းဆက်ပြီး စုံစမ်းနိုင်ပါတယ်။

ကဲ Volunteer ကဘယ်မှာလျှောက်ရမှာ?

ဒီအောက်က link ထဲမှာသာ လျှောက်ထားလိုက်။ ကြာသပတေးညနေ ချက်ချင်းဖုန်းဆက်ပေးမယ်။ 😉

https://forms.gle/TCVnED3cdcq2zmqR6

Address

Kamayut

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 15:00 - 17:00
Sunday 15:00 - 17:00

Telephone

09979630391

Alerts

Be the first to know and let us send you an email when Bikes in Ygn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bikes in Ygn:

Share